ဒီကလန်ရိုက်စ်ရဲ့ ချယ်လ်ဆီး အပြောင်းအရွှေ့သတင်းများအားလုံးကို ငြင်းပယ်ခဲ့သည့် ဝက်စ်ဟမ်း

ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ဒီကလန်ရိုက်စ်အတွက် ချယ်လ်ဆီးအသင်းရဲ့ ပေါင်သန်း ၅၀ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဆိုသည့် သတင်းများအားလုံးကို လုံးဝငြင်းဆန်သွားခဲ့ပါတယ်။ တခါထဲပင် ဒီကလန်ရိုက်စ်ဟာ ရောင်းကုန်မဟုတ်သလို၊ ပေါင်သန်း ၅၀ ကမ်းလှမ်းမှုဟာ ရီစရာအလွန်ကောင်းကြောင်း ပြောခဲ့ပါတယ်။ ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းမှာ နှစ်ပေါင်းများစွာ ကစားသွားဖို့ရှိနေပါတယ်။ အသက် ၂၁ နှစ်အရွယ် ရိုက်စ်ဟာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီမှာ ၇ နှစ်ကြာကစားခဲ့ပြီး ၂၁၀၄ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းနှင့် ၂၀၂၄ အထိ စာချုပ်သက်တမ်းရှိသေးသလို၊ နောက်ထပ် ၁ နှစ်သက်တမ်းထပ်တိုးဖို့လည်း အသင်းနှင့် သဘောတူညီမှုရယူထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ဒီကလန်ရိုက်စ်ကို မျက်စိကျနေပြီး ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူသွားဖို့ ပြင်ဆင်နေတာပါ။ ဒါပေမယ့် ဒီကလန်ရိုက်စ်ကတော့ သူ့ရဲ့ အသင်းဟောင်းကို ပြန်သွားဖို့ စိတ်ကူးမရှိပါဘူး။ ၂၀၁၈...

Breaking News: Covid-19 စစ်ဆေးမှုခံယူရမှာ တစ်ဦး Positive တွေ့ရှိခဲ့သည့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ကစားသမား (၉) ဦးကို Covid-19 ရောဂါ ဓာတ်ခွဲစစ်ဆေးခဲ့ရာ တစ်ဦး၌ Positive တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါကစားသမား (၉)ဦးကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူထားသည့် ထရင်ကာအို၊ ပတ်ဒရီ၊ မားသီးယပ်စ် ဖာနန်ဒက်စ်၊ ရှော်လ်ကေးမှ အဌားပြန်ရောက်လာသော တိုဒီဘို၊ ဆယ်တာဗီဂိုမှ အဌားပြန်ရောက်လာသည့် ရာဖင်ဟာ ၊ မူဆာဝါဂူး၊ ဂျူအန် မီရန်ဒါ နှင့် အိုရို ဘတ်စကွတ်စ်တို့ဖြစ်ပါတယ်။ အဆိုပါ ကစားသမား (၉) ဦးဟာ ချန်ပီယံလိဂ်ကစားမည့် ကစားသမားများနှင့် လုံးဝထိတွေ့ထားမှုမရှိကြောင်း ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ (၉) ဦးထဲမှ (၁) ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သော်လည်း ကစားသမားအမည်ကို ထုတ်ဖော်ပြောကြားချင်းမရှိပါဘူး။ လောလောဆယ်တော့ ပိုးတွေ့ ကစားသမားဟာ သီးသန့်ခွဲထားပြီး နေအိမ်၌သာ ကွာရန်တင်းဝင်ရမည်ဟု သိရပါတယ်။ ဘာစီလိုနာအသင်းဟာ...

ယူနိုက်တက်ကို အနိုင်ကစားပြီး ဖိုင်နယ်ကို တက်လှမ်းဖို့ ယုံကြည်နေတဲ့ ဆီးဗီးလ်နည်းပြ လိုပီတီဂွီ

စပိန်လာလီဂါကလပ် ဆီးဗီးလ်အသင်းဟာ ယမန်နေ့ညက ပရီးမီးယားလိဂ် ကလပ် ဝုဗ်ကို နောက်ကျသွင်းဂိုးဖြင့် အနိုင်ယူပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဆီးဗီးလ်ဟာ တဖက်က ကိုဘင်ဟေဂင်ကို အနိုင်ရပြီး တက်လာသည့် မန်ချက်စတာယူနိုက်တက် နှင့် ထိပ်တိုက်ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဆီးဗီးလ်ဟာ ဝုဗ်လ်ကို လွယ်လင့်တကူ အနိုင်ရသွားခဲ့တာမဟုတ်ပါဘူး။ ဝုဗ်လ်တိုက်စစ်မှူး ဂျီမီနက်ဇ်ရဲ့ ပင်နယ်တီလွဲချော်မှုက ကံကောင်းသွားခဲ့သလို၊ နောက်ဆုံးပွဲပြီးခါနီးရသည့်အခွင့်အရေးကို အိုကမ်ပို့စ်က အသုံးချနိုင်ခဲ့တာကြောင့် အခုလို နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဆီးဗီးလ်နည်းပြ လိုပီတီဂွီက နောက်တဆင့်မှာ ရင်ဆိုင်ရမည့် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နှင့် ပတ်သတ်ပြီး ချီးကျူးသွားခဲ့သလို၊ အနိုင်ရအောင် ကစားသွားမည်ဟု ယုံကြည်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ “နောက်တပွဲကတော့ မန်ချက်စတာယူနိုက်တက် နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့အင်အားကြီး ကလပ်တစ်ခုဖြစ်ပါတယ်။ သူတို့နဲ့ရင်ဆိုင်ဖို့အတွက် ကျွန်တော်ဖက်က ပြင်ဆင်စရာရှိတာကို ပြင်ဆင်ရပါလိမ့်မယ်။ နောက်တပွဲအတွက်ကို အပြည့်အဝအာရုံစိုက်ထားပါတယ်။ သူတို့ဆိုတာက...

လီဗာပူးလ်အသင်းကို ပြောင်းချင်ပေမယ့် လီဗာပူးလ်ဘက်က တုံ့ပြန်မှုတစုံတရာမရရှိသေးတဲ့  #သီယာဂို

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာ ဂျာမန်မြေကို စွန့်ခွာသွားဖို့ ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ အတွေ့အကြုံသစ်ရှာဖွေလိုသည့် ဆန္ဒကြောင့် သီယာဂိုဟာ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေပါတယ်။ သီယာဂိုဟာ ဂျာဂင်ကလော့ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လီဗာပူးလ်အသင်းကိုသာရွှေးချယ်ခဲ့တယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သည့် သီယာဂိုကို ဘိုင်ယန်မြူးနစ်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) သတ်မှတ်ထားပါတယ်။ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ သတ်မှတ်ထားတဲ့ ယူရိုသန်း (၃၀) ကို ပေးချေဖို့ စိတ်ကူးမရှိသည့်အတွက်ကြောင့် အခက်တေ့ွနေရပါတယ်။ နာမည်ကြီး သတင်းထောက် ရိုမာနိုကတော့ ကလော့ပ်ဟာ သီယာဂိုနှင့် ဆွေးနွေးခဲ့ပြီးနောက် သူ့ကိုခေါ်ယူဖို့ စိတ်ဆန္ဒရှိသော်လည်း အသင်းရဲ့အခြေအနေကြောင့် စိတ်ညစ်နေရတယ်လို့ ဖော်ပြထားပါတယ်။ “ဂျာဂင်ကလော့ပ်က ဒီကစားသမားကို လိုချင်ပါတယ်။ သီယာဂိုကလည်း လီဗာပူးလ်အတွက် ကစားချင်တယ်။ သီယာဂို နဲ့ ဂျာဂင်က လွန်ခဲ့တဲ့ အပတ်တွေကတည်းက စကားပြောပြီးပါပြီ။ သေချာတာက...

စာချုပ်သက်တမ်းထပ်တိုးဖို့ မျှော်လင့်လျက်ရှိသည့် လီဗာပူးလ်ကွင်းလယ်လူ #ဝိုင်နယ်ဒမ်

လီဗာပူးလ်အသင်းကွင်းလယ်လူ ဝိုင်နယ်ဒမ်ဟာ စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့သည့်အတွက်ကြောင့် နောက်ထပ်စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့အတွက် အသင်းဘက်မှ ကမ်းလှမ်းမှုကို စောင့်ဆိုင်းလျက်ရှိပါတယ်။ အသက် ၂၉ နှစ်အရွယ် ဝိုင်နယ်ဒမ်ဟာ အန်ဖီးလ်မှာသာ ဆက်နေဖို့ ဆန္ဒရှိနေပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ဖြတ်သန်းချင်ပါတယ်။ ဝိုင်နယ်ဒမ်ရဲ့ အေးဂျင့်အဖွဲ့ဟာ လီဗာပူးလ်အသင်းဘက်မှ ကမ်းလှမ်းလာသည့် စာချုပ်သက်တမ်းတိုးဖို့ကိစ္စအတွက် ဆွေးနွေးမှုကို စောင့်ဆိုင်းနေတယ်လို့ Sky Sports ကဖော်ပြထားပါတယ်။ ဝိုင်နယ်ဒမ်ဟာ ၂၀၁၆ ခုနှစ်မှာ နယူးကာဆယ်အသင်းမှ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကစားနေသည့် ၄ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်အပါအဝင် ဖလား (၄) လုံးအထိရရှိထားပြီးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ စုစုပေါင်း ၁၇၇ ပွဲအထိ ကစားခဲ့ပြီးနောက် ၁၈ ဂိုးသွင်းယူပြီး ၁၆ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။ မှတ်မှတ်ရရအနေဖြင့်...

ယနေ့ည ကစားမည့် PSG Vs အတ္တလန်တာအသင်းတို့ရဲ့ ပွဲစဉ်ကို ခန့်မှန်းကြည့်ခြင်း

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေ ကစားပြီးသွားပြီဆိုတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေ ကစားဖို့ အလှည့်ကျလို့လာပါပြီ။ ကွာတားဖိုင်နယ်အဆင့်က စလို့ ချန်ပီယံလိဂ်ပွဲစဉ်ကို တကျော့စနစ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီတပတ်အတွင်းမှာပဲ တစ်ရက်ကို တစ်ပွဲနှုန်းနဲ့ ကျင်းပသွားဖို့ရှိပါတယ်။ အရင်လို အိမ်ကွင်း-အဝေးကွင်း ယှဉ်ပြိုင်စရာမလိုပဲ တစ်ပွဲထဲမှာတင် အနိုင်အရှုံးပေါ်သည်အထိ ကစားရမှာဖြစ်တဲ့အတွက် ဥရောပဘောလုံးပွဲစဉ်တွေကတော့ အတော်လေးကြည့်လို့ကောင်းမှာပါ။ အခုဖော်ပြပေးသွားမှာကတော့ ယနေ့ညမှာ ကစားမဲ့ PSG Vs အတ္တလန်တာ ပွဲစဉ်ရဲ့ ခန့်မှန်းသုံးသပ်ချက်ဖြစ်ပါတယ်။ အတ္တလန်တာဟာ ယခုရာသီမှ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပါတယ်။ ၂၀၁၈-၁၉ ရာသီမှာ အတ္တလန်တာအသင်းဟာ အင်တာမီလန်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် (၃) နေရာကိုရရှိကာ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပါတယ်။ အတ္တလန်တာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်အားဖြင့် အနိမ့်ဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် လျော့တွက်လို့မရဘူး။ (၁၆) သင်းအဆင့်မှာ ဗလင်စီယာအသင်းကို နှစ်ကျော့ပေါင်း (၈-၄) ဂိုးနဲ့...

အတ္တလန်တာနဲ့ ကစားမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖို့ရှိသည့် အမ်ဘတ်ပီ

လွန်ခဲ့သည့် သုံးပတ်က ကစားခဲ့သည့် ပြင်သစ်ဖလားပွဲစဉ်မှာ စိန်အက်တီယန့် နောက်ခံလူ၏ ပြင်းပြင်းထန်ထန်ဖျက်ထုတ်ခြင်းကို ခံခဲ့ရသည့် တိုက်စစ်မှူး အမ်ဘတ်ပီဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်သည့်အတွက် အသင်းနှင့်အတူ ထရိန်နင်းဆင်းနေပြီဖြစ်ပါတယ်။ ယခင်က အမ်ဘတ်ပီဟာ အတ္တလန္တာ နှင့် ကစားမည့် ပွဲစဉ်ကို လွဲချော်မည်ဟု ခန့်မှန်းထားသော်လည်း အချိန်မှီ ပြန်လည်သက်သာလာပြီဖြစ်သည့်အတွက်ကြောင့် ဒီပွဲရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ရှိတယ်လို့ နည်းပြ သောမတ်စ် တူချယ်က ပြောခဲ့ပါတယ်။ အခုလို အရေးကြီးတဲ့ ကာလမှာ အမ်ဘတ်ပီ ပြန်လည်ပါဝင်လာနိုင်ခြင်းဟာ PSG အသင်းအတွက် အားတက်စရာတစ်ခုဖြစ်စေပါတယ်။ အမ်ဘတ်ပီဟာ ၂၀၁၉-၂၀ ရာသီမှာ PSG အသင်းနှင့်အတူ ပြိုင်ပွဲစုံ စုစုပေါင်း (၃၄) ပွဲကစားပြီး ဂိုးပေါင်း (၃၀) သွင်းယူထားပါတယ်။ အတ္တလန္တာ Vs PSG တို့၏ ကွာတားဖိုင်နယ်ပွဲစဉ်ကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းရှိ ဘင်ဖီကာကွင်းဖြစ်သည့် အက်စတာဒီယိုဒါလက်ဇ်၌...

ဆန်ချို အစား ယူနိုက်တက်မှ ခေါ်ယူဖွယ်ရှိနေသည့် တောင်ပံကစားသမားများ

မန်ချက်စတာယူနိုက်တက် နဲ့ ဂျေဒန်ဆန်ချိုတို့ရဲ့ အပြောင်းအရွှေ့ကဏ္ဍက တခန်းရပ်သွားခဲ့ပါပြီ။ သို့လော၊ သို့လော သတင်းတွေလည်း ထပ်ထွက်လာဖို့ ရှိနေပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ချေကတော့ လုံးဝမရှိသလောက်ဖြစ်သွားခဲ့ပါပြီ။ ဆန်ချိုကို လက်လျော့လိုက်ရပေမယ့်လည်း ဆိုးလ်ရှားကတော့ တောင်ပံတိုက်စစ်အတွက် မဖြစ်မနေအင်အားဖြည့်တင်းသွားဖို့ရှိပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ယူနိုက်တက်ရဲ့ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ချေရှိသည့် ဥရောပရဲ့ စွမ်းဆောင်ရည်မြင့် တောင်ပံကစားသမား (၅) ဦးဖြစ်ပါတယ်။ သူတို့တွေကတော့ ၁) ကင်စလေကိုးလ်မန်း ဆန်ချိုကို လိုက်နေတဲ့အချိန်အတွင်း ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ကိုးလ်မန်းနဲ့ သတင်းထွက်လာပါတယ်။ ကိုးလ်မန်းကို အပြီးသတ်ဝယ်ယူဖို့ထက် အဌားနဲ့ ခေါ်ယူဖို့သာ အလားအလာရှိပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုးလ်မန်းကို ၂၀၂၃ အထိ စာချုပ်ချုပ်ဆိုထားသလို၊ အလားအလာရှိသည့်အတွက်ကြောင့် အပြီးသတ်ရောင်းချဖို့ မဖြစ်လာနိုင်သေ်ာလည်း လောလောဆယ် မန်စီးတီးကနေ လီရွိုင်းဆာနေးကို ခေါ်ယူထားပြီးဖြစ်သည့်အတွက် ကိုးလ်မန်းကို အဌားသဘောနဲ့ ထုတ်လာနိုင်ပါတယ်။ ၂) ကိုင်းဟာဗက်စ် ချယ်လ်ဆီးက အသည်းအသန်အလိုရှိနေတဲ့ ကိုင်းဟာဗက်စ်ဟာ ယူနိုက်တက်ရဲ့...

၂၀၁၉-၂၀ ရာသီလက်ကျန်ပွဲစဉ်များကို အဂူရိုတစ်ယောက် ကစားဖို့မဖြစ်နိုင်တော့ဟု ၎င်း၏အေးဂျင့်ဖြစ်သူ ပြောကြား

မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုဟာ ပြီးခဲ့သည့်ဇွန်လကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ အဂူရိုဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာ စာရင်းသွင်းထားသော်လည်း လက်ရှိဒူးဒဏ်ရာကြောင့် လက်ကျန်ချန်ပီယံလိဂ်ပွဲစဉ်များကို ကစားဖို့ မဖြစ်နိုင်တော့ကြောင်း အဂူရို၏ အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ လာမည့်ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပြင်သစ်လီဂူး ကလပ် လိုင်ယွန်အသင်းနှင့် ပေါ်တူဂီနိုင်ငံ လစ္စဘွန်း၌ ကစားရမှာဖြစ်ပါတယ်။ အဂူရိုဟာ ဘာစီလိုနာမြို့၌ အနားယူလျက်ရှိပြီး ဒဏ်ရာမှ ပြန်လည်သက်သာလာဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အဂူရိုဟာ ဘန်လေအသင်းကို (၅) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပွဲချိန် ၄၈ မိနစ်မှာ ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ အဂူရိုဟာ ၂၀၁၉-၂၀ နိုဝင်ဘာလအတွင်း ကြွက်သားဒဏ်ရာကြောင့် ၁ လနီးပါး အနားယူခဲ့ရပြီး စီးတီးပွဲစဉ်တော်တော်များများကို လွဲချော်ထားပါတယ်။ နောက်ရာသီရောက်မှသာ အဂူရိုကို ပြန်လည်မြင်တွေ့ရဖို့သာရှိပါတော့တယ်။ အဂူရိုမပါဝင်နိုင်တာဟာ စီးတီးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်သော်လည်း တိုက်စစ်မှူး ဂါဘရီရယ်ဂျေးဆူးမှ အသင်းအတွက် လိုအပ်သည့်...

ပေါင် ၂၇ သန်းပေးမှ ပေါ်တိုကွင်းလယ်လူကို ခေါ်ယူလို့ရမဲ့ အာဆင်နယ်

အာဆင်နယ်နည်းပြ အာတီတာဟာ ကွင်းလယ်အဖျက်တစ်နေရာအတွက် ပေါ်တိုကွင်းလယ်လူ ဒန်နီလိုပါရဲရားကို မျက်စိကျနေပါတယ်။ အသက် ၂၈ နှစ်အရွယ် ပါရဲရားဟာ ယခုနှစ်ပေါ်တူဂီ အမှတ်ပေးလိဂ်ဖလားကို ဆွတ်ခူးခဲ့သည့် ပေါ်တိုအသင်းရဲ့ လူစာရင်းမှာ အဓိကျသော နေရာက ပါဝင်ခဲ့သလို၊ ပြိုင်ပွဲစုံ စုစုပေါင်း (၄၀) ကစားထားခဲ့ပါတယ်။ ပေါ်တူဂီထုတ်သတင်းစာတစ်ခုဖြစ်သည့် O Jogo ရဲ့ ဖော်ပြချက်အရ ပါရဲရားဟာ ယခုနှစ်နွေရာသီမှာ အသင်းကနေထွက်ဖို့ ဆန္ဒရှိသလို၊ ပြောင်းရွှေ့ကိုလည်း ပေါင် ၂၇ သန်းသတ်မှတ်ထားပါတယ်။ ပြီးခဲ့သည့် နွေရာသီက ပါရဲရားကို ပေါင် ၂၇ သန်းဖြင့် ကမ်းလှမ်းခဲ့သည့် အသင်းများရှိသော်လည်း ပယ်ချခဲ့ပါတယ်။ အခုချိန်မှာတော့ ပါရဲရားရဲ့ စာချုပ်သက်တမ်းဟာ ပေါ်တိုအသင်းနှင့် တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက်ကြောင့် ပေါင် ၂၇ သန်းလောက်ရခဲ့လျှင် ရောင်းထုတ်သွားဖို့ရှိပါတယ်။ အာဆင်နယ်အသင်းကတော့ ပါရဲရားအတွက် ပေါင် ၂၇ သန်းလောက် သုံးဖို့စိတ်ကူးမရှိပဲ...