မာတစ်ဟာ မော်ရင်ဟိုနဲ့ ပူးပေါင်းမယ်ဆိုတာ ရယ်စရာလို့ ပြောခဲ့တဲ့ ဆိုးလ်ရှား

ဆားဘီးယား အသင်းခေါင်းဆောင် ကွင်းလယ်လူ နီမန်ဂျာမာတစ်ဟာ နည်းပြဆိုးလ်ရှားလက်ထက် မန်ချက်စတာ ယူနိုက်တက်အသင်းတွင် ယခုနှစ်ရာသီအတွင်း ပွဲထွက်ခွင့်များလည်း ပျောက်ဆုံးနေခဲသလို အသက် လက်ရှိအချိန်တွင် ဒဏ်ရာရရှိနေပြီး မည်သည့်ဒဏ်ရာ ရရှိထားသည်ကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဘက်မှ တိတိကျကျ ကြေငြာချက် ထုတ်ပြန်ထားခြင်း မရှိပါဘူး။ မာတစ်ဟာ ယခုနှစ်ဘောလုံးရာသီတွင် မန်ချကစတာ ယူနိုက်တက်အတွက် ၅ပွဲခန့်သာ ကစားထားပါတယ်။ ပရီးမီးယးလိဂ် ပြိုင်ပွဲတွင် ၂ ပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး လူစားဝင် ကစားသမားအဖြစ် ၁ ပွဲသာ ရရှိထားသလို ယူရိုပါလိဂ် ပြိုင်ပွဲတွင် ၂ ပွဲထိ ပွဲကစားခွင့် ရရှိထားပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကွင်းလယ်တွင် လူငယ်ကြယ်ပွင့် တိုမီနေး၊ ဖရက် တို့ ပွဲထွက်ခွင့် ရရှိနေသလို အတွဲအဖက်မိမိ ကစားနေကြပါတယ်။ ပြင်သစ်သားကွင်းလယ်လူ ပေါလ်ပေါ့ဘာ ပြန်လည်ပါဝင်လာပါက မာတစ်အတွက်...

စာချုပ်သစ်ကြောင့် လုပ်ခလစာ ဒုတိယအများဆုံး ဖြစ်လာတဲ့ မော်ရင်ဟို

တော်တင်ဟမ်အသင်းဟာ အာဂျင်တီးနားသား နည်းပြ ပိုချက်တီနိုအား အံအားသင့်စရာကောင်းအောင် ထုတ်ပယ်လိုက်ပြီးနောက် နည်းပြလောကနဲ့ ၁၁ လကြာ ဝေးကွာနေတဲ့ ပေါ်တူဂီသား ဟိုဆေးမော်ရင်ညိုအား ခန့်အပ်ခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ်ရှိ ပေါ်တူဂီသား နည်းပြဟာ မြောက်လန်ဒန်ကလပ် တော်တင်ဟမ်အသင်းနဲ့ ၃ နှစ်ခွစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မော်ရင်ညိုဟာ တော့တင်ဟမ်အသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် လုပ်ခလစာ အများဆုံး နည်းပြ စာရင်းတွင် ဒုတိယနေရာမှ ပါဝင်လာခဲ့ပါတယ်။ Daily Mail သတင်းစာ၏ ဖော်ပြချက်ရ ဟိုဆေးမော်ရင်ညို၏ လုပ်ခလစာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ရရှိခဲ့သော လုပ်ခလစာအတိုင်း တော့တင်ဟမ်အသင်းဘက်မှ ပေးချေမယ်လို့ သိရပါတယ်။ မော်ရင်ညိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းတွင် တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းအထိ ရှိနေခဲ့ပါတယ်။ တော်တင်ဟမ်နည်းပြဟောင်း ပိုချက်တီဟာ ပေါင် ၇.၅ သန်းသာ...

တော့တင်ဟမ်နည်းပြဖြစ်လာခဲ့ပြီးနောက် ယူနိုက်တက်အကြီးအကဲထံမှ ဂုဏ်ပြု မက်ဆေ့ချ်လက်ခံရရှိခဲ့သည့် မော်ရင်ဟို

စပါးစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့သူ ဟိုဆေးမော်ရင်ဟိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အောင်မြင်မှုကြီးမားတဲ့နည်းပြတစ်ယောက်ဖြစ်တဲ့အပြင် ပုံရိပ်ကောင်းတွေရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ကိုင်တွယ်ဖူးတဲ့အသင်းတိုင်းကို အနည်းဆုံး ဖလား ၁ လုံးရအောင် ရယူပေးနိုင်သည့်အရည်အချင်းများပိုင်ဆိုင်ထားတာကြောင့် စပါယ်ရှယ်ဝမ်းလို့ နာမည်ကြီးနေတာဖြစ်ပါတယ်။ စပါးစ်အသင်းနည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကြီးအကဲ ဝုဒ်ဝက်ဒ်က “Congratulations” ဆိုတဲ့ ဂုဏ်ပြုမက်ဆေ့ချ်ပို့ပြီး ဂုဏ်ပြုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို မော်ရင်ဟိုနည်းပြခဲ့စဉ်က ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်ခဲ့သော်လည်း ယူရိုပါလိဂ်ဖလား ၊ EFL ဖလား နှင့် ကွန်မြူ နတီဒိုင်းတို့ကိုဆွတ်ခူးပေးခဲ့ပါတယ်။ သို့ သော် ၂၀၁၈ ဒီဇင်ဘာလအတွင်း မန်ချက်စတာယူနိုက်တက်ဟာ ရလဒ်များဆိုးရွားနေပြီး လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် သိပ်မကြာခင်မှာပဲ အိုးထရက်ဖို့ဒ်နဲ့ လမ်းခွဲခဲ့ရပါတယ်။ ယူနိုက်တက် နဲ့ လမ်းခွဲခဲ့ရပေမယ့် မော်ရင်ဟိုဟာ အသင်းဟောင်းအပေါ်မှာ သံယောဇဉ်ရှိပြီး သူလိုသမျှ ဖြည့်ဆည်းပေးခဲ့တဲ့ ဝုဒ်ဝက်ဒ်ကို ကောင်းကောင်းချီးကျူ းသွားခဲ့ပါတယ်။ “ကျွန်တော့်ဆီကို အရင်အသင်းဟောင်းက...

ဆာလတ်ချ် နဲ့ ဒီဘရိုင်းတို့ ချယ်လ်ဆီးမှာ ဘာကြောင့် အောင်မြင်မှုမရခဲ့လဲဆိုတာကိုရှင်းပြခဲ့သည့် ဂျွန်တယ်ရီ

လီဗာပူးလ် နှင့် မန်စီးတီးအသင်းတို့တွင် ခြေစွမ်းပြပြီး ကမ္ဘာ့အဆင်မှီကစားသမားများဖြစ်လာခဲ့ကြသည့် မိုဟာမက်ဆာလတ်ချ် နှင့် ကီဗင်ဒီဘရိုင်းတို့ဟာ တချိန်က ချယ်လ်ဆီးကစားသမားဖြစ်ခဲ့ဖူးပြီး လောက်လောက်လားလားအောင်မြင်မှုမရရှိပဲ စတမ်းဖို့ဒ်ဘရစ်ချ်ကို ကျောခိုင်းစွန့်ခွာခဲ့ရတာဖြစ်ပါတယ်။ ဆာလတ်ချ်ဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ပေမယ့် ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် ဖီအိုရင်တီးနား နှင့် ရိုးမားအသင်းတို့တွင် အဌားသွားရောက်ကစားခဲ့ပြီး ၂၀၁၇ မှာတော့ ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။ ထို့နည်းတူစွာ ကီဗင်ဒီဘရိုင်းဟာလည်း ချယ်လ်ဆီးအသင်းမှ ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အထိ အမည်ခံကစားခဲပေမယ့် အဆိုပါ နှစ်နှစ် အတွင်းမှာ ဂျာမန်ကလပ်များဆီ အဌားဖြင့်သွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကစားသမား (၂) ဦးစလုံးဟာ သက်ဆိုင်ရာကလပ်အသီးသီးမှာ ဆရာကြီးတွေဖြစ်နေပါပြီ။ ချယ်လ်ဆီးအသင်းကို ၂၀၁၃ ခုနှစ်မှာ တကျော့ပြန်ရောက်ရှိလာခဲ့သည့် မော်ရင်ဟို ဆာလတ်ချ် နှင့် ဒီဘရိုင်းတို့ရဲ့ ခြေစွမ်းကို...

ပြိုင်ဘက်ခံစစ်ကစားသမားတွေကို သတိပေးစကားဆိုသွားခဲ့သည့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူ း ရက်ရှ်ဖို့ဒ်

လတ်တလောမှ ဂိုးပေါက်တွေ့နေပြီး ခြေမှန်နေသည့် မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူ း မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အကောင်းဆုံးပုံစံတစ်ခုကို ရရှိနေပြီဖြစ်သောကြောင့် ပြိုင်ဘက်ခံစစ်ကစားသမားများအနေဖြင့် သတိထားရမည်ဖြစ်ကြောင်း ကြုံ းဝါးပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲများတွင်လည်း ဂိုးများသွင်းယူခဲ့သလို၊ နောက်ဆုံးကစားခဲ့သည့် ကလပ်အသင်းနှင့် နိုင်ငံအသင်း (၁၀) ပွဲမှာ (၉) ဂိုးလောက်ထိသွင်းယူထားပြီးဖြစ်ပါတယ်။ ဒီလိုမျိုးဂိုးတွေသွင်းယူနိုင်သည့်အတွက် ပျော်ရွှင်နေသည့်အပြင် ဒီထက်ပိုပြီအသက်ကြီးလာခဲ့ပါက ပိုကောင်းလာမည်ဟု ယုံကြည်ကြောင်း ရက်ရှ်ဖို့ဒ်က ဖွင်ဟခဲ့ပါတယ်။ “အခုလက်ရှိ အတွေ့အကြုံတွေကို အသုံးချပြီးတော့ အနာဂတ်မှာ ဒီထက်ပိုကောင်းလာအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်အသက် ၂၅၊ ၂၆၊ ၂၇ လောက်ရောက်သွားပြီဆိုရင် ကျွန်တော်ဟာ အကောင်းဆုံးပုံစံနဲ့ ဘောလုံးကို ကစားနေမယ်ဆိုတာကို ကျွန်တော်သိနေပါတယ်။ ကျွန်တော့်လည်း အဲ့ဒီအချိန်လေးတွေကို စောင့်ဆိုင်းနေပါတယ်။ ကျွန်တော်လည်း အတက်နိုင်ဆုံး တိုးတက်လာအောင်ကြိုးစားနေပါတယ်” လို့ ESPN...

ပိုချက်တီနို ထုတ်ခံရတဲ့အတွက်အတော်လေး အံ့အားသင့်သွားခဲ့တဲ့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီ

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ စပါးစ်အသင်းနည်းပြဖြစ်သူ ပိုချက်တီနို အထုတ်ခံရသည့်အတွက် အတော်လေးအံ့အားသင့်သွားကြောင်း ပြောခဲ့ပါတယ်။ လန်ဒန်မြို့ခံနှစ်သင်းစလုံးဟာ ယခုနှစ်မှာ ရလဒ်အတော်လေးဆိုးရွားနေတာဖြစ်ပြီး ပိုချက်တီနိုက ကံဆိုးသူမောင်ရှင်ဖြစ်သွားခဲ့တာပါ။ အူနိုင်းအမ်မရီကိုတော့ အာဆင်နယ်ဘုတ်အဖွဲ့က ဆက်လက်ထောက်ခံပေးထားသည့်အတွက် ရာသီကုန်လောက်ထိ အာဆင်နယ်နည်းပြထိုင်ခုံမှာ ဆက်လက်မြင်တွေ့ရဖို့ရှိနေပါတယ်။ တကယ်တမ်း မီဒီယာတွေ ပါးစပ်ဖျားမှာ အထုတ်ပယ်ခံရဖို့ နာမည်ကြီးနေတာက အူနိုင်းအမ်မရီဖြစ်ပြီး ပိုချက်တီနိုက ဆိုင်းမဆင့် ဗုံမဆင့်ပဲ လျှင်မြန်စွာ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ အူနိုင်းအမ်မရီ နဲ့ ပိုချက်တီနိုတို့ဟာ စပိန်လာလီဂါမှာကတည်းက ပြိုင်ဘက်များဖြစ်ခဲ့ကြပြီး ပရီးမီးယားလိဂ်မှာ ပြန်လည်ဆုံတွေ့တာဖြစ်ပါတယ်။ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့သည့် စပါးစ်အသင်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း အူနိုင်းအမ်မရီက အံ့သြနေပြီး ဘယ်လိုဖြစ်သွားလဲဆိုတာကို မသိလောက်အောင်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ပိုချက်တီနိုနဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်တဲ့ စပါးစ်အသင်းရဲ့ လုပ်ရပ်ကိုတော့ ကျွန်တော် အံ့အားသင့်မိပါတယ်။ သူတို့အသင်းမှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာကို ကျွန်တော်တိတိကျကျ မသိလိုက်ပါဘူး။ ပြီးတော့ သူ့ရဲ့ ခြေစွမ်းပိုင်းရလဒ်တွေကလည်း...

ဘင်ချီဝဲလ်အတွက် ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကို လက်စတာပယ်ချ

ချယ်လ်ဆီးအသင်းရဲ့ ဇန်နဝါရီဈေးကွက်အတွင်း ခေါ်ယူဖို့ ပစ်မှတ်ထား‌ေနတဲ့ နောက်ခံကစားသမား ဘင်ချီဝဲလ်အား ကမ်းလှမ်းခဲ့ပေမယ့် လက်စတာစီးတီး အသင်းဘက်မှ ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီမှာ အပြောင်းအရွှေ့ကာလတွင် ကစားသမားဝယ်ယူခွင့် ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာဖွယ် ရှိနေပြီး လက်စတာစီးတီးအသင်းဘက်မှ သူတို့ရဲ့ ကစားသမားကို အသင်းမှ ထွက်ခွာမသွားဖို့ အစွမ်းကုန် တားဆီးသွားမယ်လို့ Evening Standard သတင်းမှ ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်သား နောက်ခံကစားသမားအတွက် မြေခွေးအသင်းဟာ ပြောင်းရွေ့ကြေး ပေါင်သန်း(၆၀)အထိ သတ်မှတ်ထားပြီး ထိုပမာဏအောက် လျော့နည်းသည့် မည်သည့်ကမ်းလှမ်းမှု မျိုးကိုမဆို လက်ခံစဉ်းစား ပေးသွားဖွယ် မရှိဘူးလို့ ဖော်ပြထားပါ‌ေသးတယ်။ ဘင်ချီဝဲလ်ဟာ လက်စတာစီးတီးနှင့် စာချုပ်သက်တမ်း (၂၀၂၄)ခုနှစ်အထိ ချုပ်ဆိုထားတာဖြစ်ပြီး ဘင်ချီဝဲလ်ရဲ့ ကျန်ရှိနေသေးတဲ့ စာချုပ်အပေါ်မှာလည်း တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းကျော်အထိ တိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လက်စတာအသင်းထံ ချဉ်းကပ်လာမှုကို ကြားဖြတ်ခေါ်ယူဖို့...

ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်နေတယ်လို့ ယခုချိန်ထိ မခံစားမိသေးဘူးဆိုတဲ့ ဟန်ဒါဆန်

ယခုနှစ် ပရီးမီးယားလိဂ်တွင် ထင်မှတ်မထားလောက်အောင် လက်စွမ်းပြနေသော ဂိုးသမားတစ်ယောက် ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းမှ ရှက်ဖီးယူနိုက်တက်အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေတဲ့ ဒန်းဟန်ဒါဆင် ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အထိ ကစားပြီးချိန်တွင် ဂိုးမပေးရသည့်ပွဲ Clean sheets ၅ပွဲထိ ရရှိထားပြီး ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဂိုးသမားဒေးဗစ်ဒီဂီယာ ကတော့ Clean Sheets ၂ ပွဲသာ ရရှိထားပါတယ်။ ဒန်းဟန်ဒါဆန်၏ လက်စွမ်းပြန်ုင်မှုတွေကြောင်း ပြီးခဲ့သော အောက်တိုဘာလက ဂျရတ်ဆောက်ဂိတ်၏ အင်္ဂလန် လက်ရွှေးစင်အသင်းတွင် ရွှေးချယ်ခြင်း ခံခဲ့ပါတယ်။ ဒါ့ကြောင့် လူငယ်ဂိုးသမားလေးဟာ ဒီဂီယာ၏ နေရာအား မကြာခင်အတွင်း အဓိကခြိမ်းခြောက်မည့်သူအဖြစ် ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် လူငယ်ဂိုးသမား ကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်တွင် ပထမဂိုးသမားနေရာ ရရှိဖို့ ပစ်မှတ်ထားနေကြောင်း ပြောပြခဲ့ပါတယ်။ ” ကျွန်တော်ဟာ...

အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပြတ်ပြတ်သားသား ပြောသွားခဲ့သည့် မော်ရင်ဟို

စပါးစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာသူ ဟိုဆေးမော်ရင်ဟိုဟာ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပါးစ်အသင်းအတွက် ကစားသမားသစ်ခေါ်ယူဖို့ လုပ်ဆောင်သွားမှာမဟုတ်ကြောင်း ယနေ့ညသတင်းစာရှင်းလင်းပွဲမှာ ပြတ်ပြတ်သားသားပြောကြားသွားခဲ့ပါတယ်။ လက်ရှိအသင်းမှာ ရှိနေတဲ့ကစားသမားတွေဟာ အကောင်းဆုံး လက်ဆောင်မွန်ဖြစ်သည့်အတွက် မည်သည့် ကစားသမားသစ်တစ်ယောက်ကိုမှ ထပ်မံခေါ်ယူဖို့ စီစဉ်မှာ မဟုတ်ပါဘူး။ စပါးစ်အသင်းဟာ လက်တွေ့မှာလည်း ကစားသမားအင်အား လိုအပ်ချက်မရှိသည့်အသင်းတစ်သင်းဖြစ်ပြီး လိုအပ်နေသည့် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုသာ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါက အကောင်းဆုံး ရလဒ်တွေထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ဒီအကြောင်းနှင့် ပတ်သတ်ပြီး မော်ရင်ဟိုက “ကျွန်တော့်အတွက် အကောင်းဆုံးဆုဆိုတာ ဘာလည်းသိလား၊ လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေပဲ။ ဘာကစားသစ်မှ ကျွန်တော့်အတွက် မလိုအပ်ဘူး။ လက်ရှိအသင်းမှာ ရှိတဲ့သူတွေကိုပဲ ပိုကောင်းလာအောင် လုပ်ပေးဖို့ရှိတယ်။ သူတို့အကြောင်းကို ကောင်းကောင်းသိတယ်ဆိုပေမယ့်လည်း သူတို့နဲ့ မျက်နှာချင်းမဆိုင်သရွှေ့တော့ အလုံးစုံသိအုံးမှာမဟုတ်ပါဘူး။ ကစားသမားတွေကိုလည်း ‘ငါဒီကိုလာခဲ့တာ မင်းတို့ကြောင့်ပါ’ လို့ ကျွန်တော်ပြောခဲ့ပါတယ်” ” ကစားသမားသစ်ဝယ်တယ်ဆိုတာက တခြားကလပ်တွေမှာဆို လိုအပ်လို့ပါ၊ မလိုအပ်တဲ့...