ဂျာဂျင်ကလော့ပ်ဟာ ကမ္ဘာအကောင်းဆုံး နည်းပြလို့ ချီးကျူးလိုက်တဲ့ မာနေး

လီဗာပူးလ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရူံးပွဲ‌မရှိသေးပဲ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယား ဒုတိယနေရာမှ လက်စတာစီးတီးအသင်းအား ရမှတ် ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ လီဗာပူးလ်အသင်းတွက် ထိပ်တန်းဂိုးသွင်းသူအဖြစ် ရပ်တည်နေလျက်ရှိပြီး ဂျာဂင်ကလော့ပ်ဟာ သွင်းဂိုးများ လိုအပ်နေချိန်တွင် လူစားလဲမှု မှန်ကန်ကာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ ဂျာဂျင်ကလော့ပ်ဟာ ပြီးခဲ့သောရာသီက လီဗာပူးလ်အသင်းအား ချန်ပီယံလိဂ် ဆုဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို FIFA မှ တစ်နှစ်တာ ကမ္ဘာ့အကောင်ဆုံး နည်းပြဆုရဖို့ ရေးပန်းစားနေသူတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဆာဒီယိုမာနေးဟာ သူ၏ ဂျာမနီသားနည်းပြဆရာအား ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။   ” လီဗာပူးလ်အသင်း အောင်မြင်ဖို့အတွက် ဘယ်လောက်ထိ ရုန်းကန်‌နေရတယ်ဆိုတာ ကျွန်တော်တို့ အသိဆုံးပါ။ ဒီမြို့အတွက်၊ လီဗာပူးလ်အသင်းအတွက်...

“လူတိုင်းက လီဗာပူးလ် ကျရှုံးခန်းကို မြင်ချင်နေကြတယ်” လို့ ဖွင့်ဟခဲသည့် လီဗာပူးလ်ကပ္ပတိန်ဟောင်း သွန်ဆင် 

လီဗာပူးလ်အသင်း၏ ပြိုင်ဘက်များဟာ ဂျာဂင်ကလော့ပ်ရဲ့အသင်းကို ခြေချော်ပြီး လဲကျတာကို မြင်ချင်နေသလို၊ ဒီပြိုင်ဘက်တွေအားလုံးဟာလည်း လီဗာပူးလ်အသင်းကို အမဲဖျက်ဖို့ စဉ်းစားနေကြသည်ဟု လီဗာပူးလ်အသင်း၏ အသင်းခေါင်းဆောင်ဟောင်း သွန်ဆင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ တစ်သင်းတည်းသော ရှုံးပွဲမရှိသော အသင်းဖြစ်သည့်အပြင် ဒုတိယနေရာမှ လက်စတာစီးတီးကို ၈ မှတ်ဖြတ်ဦးဆောင်ထားသလို၊ မဟာပြိုင်ဘက် မန်ချက်စတာစီးတီးကိုလည်း ၉ မှတ်ဖြတ်ပြီး ဇယားထိပ်မှာ ခန့်ခန့်ကြီးလုပ်နေပါတယ်။ ချန်ပီယံအဆုံးအဖြတ်အတွက် ပြောဖို့စောသေးသော်လည်း လီဗာပူးလ်ရဲ့ လက်ရှိအနေအထားအရ ချန်ပီယံဖြစ်ဖို့ တစ်လှမ်းချင်းနီးစပ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် သွန်ဆင်က အန်ဖီးလ်ပြင်ပရှိ ပြိုင်ဘက်အသင်းတွေဟာ လီဗာပူးလ်ကို ခေါင်းကိုက်အောင်လုပ်နေကြတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ “ဒီနှစ် ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်ရသွားလိမ့်မယ်လို့ လီဗာပူးလ်ပရိသတ်တိုင်းက မယုံကြလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီခရီးလမ်းကြီးဟာ အရှည်ကြီး ဆက်သွားရမယ်ဆိုတာကို ပရိသတ်တွေက သိထားကြတယ်။ လမ်းတစ်လျှောက်မှာလည်း လုပ်စရာတွေတပုံကြီး ကျန်ပါသေးတယ်။ ပြီးတော့ တခြားလူတွေက လီဗာပူးလိဂ်လို့တောင်...

ယူနိုက်တက် နည်းပြရာထူးဟာ ဆိုးလ်ရှားထက် သင့်တော်သူ မရှိဘူး ဆိုလိုက်တဲ့ ရက်စ်ဖို့ဒ်

တော်တင်ဟမ်ဟော့စပါး အသင်းဟာ ယခုနှစ်တွင် ရလဒ်‌တွေ ဆက်တိုက်ဆိုးရွားခဲ့သည့် အာဂျင်တီးနားသားနည်းပြ ပိုချက်တီနိုအား ထုတ်ပယ်ခဲ့ပါတယ်။ ပိုချက်တီနိုဟာ တော်တင်ဟမ်အသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ပြီး အသင်းကို အဆင်မြင့်အောင် ကြိုးစားပေးခဲ့သော နည်းပြတစ်ဦး ဖြစ်နေပါတယ်။ ပိုချက်တီနိုဟာ လန်ဒန်ကလပ်နဲ့ လမ်းခွဲအပြီးတွင် မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုးလ်ရှားအား ထုတ်ပယ်ကာ ပိုချက်တီနိုအား ခန့်အပ်တော့မည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး မားကပ်ရက်စ်ဖို့ဒ်ဟာ ဆိုးရှားကို‌သာ နည်းပြအဖြစ် ဆက်လက်ရှိစေလိုကြောင်း ပြောပြခဲ့ပြီး ဆိုးလ်ရှားထက် သင့်တော်သူ မရှိဘူးလို့ ဆိုပါတယ်။ ရက်စ်ဖို့ဒ်က ” ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးဖို့အတွက် ဘာကိုမှ တုံ့ဆိုင်းနေခြင်း မရှိခဲ့ပါဘူး။ နောက်ပြီး အိုလီ(ဆိုးလ်ရှား)ရဲ့အမြင်နဲ့ ကျွန်တော်ရဲ့ အမြင်က တူညီခဲ့တာတွေ ရှိခဲ့ပါတယ်။ အသင်းမှာ သူဟာ ဘာကိုလိုအပ်တယ်။ သူလုပ်နေတဲ့...

ဟာလန်းကို ခေါ်ယူဖို့အတွက် အသင်းကြီးတွေ အပြိုင်စစ်ခင်းရဖွယ်ရှိသည်ဟု လပ်ဇစ်ဒါရိုက်တာ ဟောကိန်းထုတ်

ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ၁၉ နှစ်အရွယ် ဟာလန်း ဆိုတဲ့ ချာတိတ်လေးဟာ တဖြည်းဖြည်းနဲ့ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီး ဟိုအသင်းကလည်း လိုချင်၊ ဒီအသင်းကလည်း လိုချင်ဖြစ်နေပါတယ်။ ဒီလို နာမည်ကြီးနေတဲ့ ချာတိတ်လေးကို အသင်းကြီးတွေအနေနဲ့ အပြိုင်ခေါ်ယူရဖို့ရှိနေတယ်လို့ RB လပ်ဇစ်ဒါရိုက်တာက ဟောကိန်းထုတ်လိုက်ပါတယ်။ ဟာလန်းကလည်း ဆိုလောက်အောင်ကို ကောင်းနေတာဖြစ်ပြီး ဆဲလ်ဘတ်အသင်းတွက် ချန်ပီယံလိဂ်တွင် ၄ပွဲကစား ၇ဂိုးထိ သွင်းယူထားသလို ဂျာမန်ဘွန်ဒက်လီဂါတွင် ၁၂ ပွဲကစား ၁၅ ဂိုးအထိ သွင်းယူထားပါတယ်။ ဒါတင်မကသေးပါဘူး၊ ဆဲလ်ဘတ်စ်အသင်းနဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားရာမှာ ၂၆ ဂိုးအထိသွင်းယူထားတာဖြစ်တဲ့အတွက် ရေခံမြေခံကောင်းကောင်းသာ ရောက်သွားမယ်ဆိုရင် ဒီထက်ပိုပြီးတော့ ခြေစွမ်းပြနိုင်မှာသေချာပါတယ်။ လက်ရှိ ဟာလန်းရဲ့ ဈေးကွက်အတွင်း ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၃၀ ဖြစ်ပြီး လက်ရှိပုံစံအတိုင်းသာ ဂိုးတွေဆက်သွင်းပြီး ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင် တန်ကြေးဟာ ဒီထက်ပိုပြီး များလာမှာပါ။...

ယူနိုက်တက် ယာယီနည်းပြအဖြစ် တာဝန်ယူဖို့ လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တဲ့ ရိုင်ယန်ဂစ်

ရိုင်ယန်ဂစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း၏ ယာယီနည်းပြအဖြစ် ၂၀၁၃-၂၀၁၄ ဘောလုံးရာသီအတွင်း နောက်ဆုံး ၄ပွဲကို တာဝန်ယူခဲ့ရပါတယ်။ ထိုအချိန်က မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရလဒ်များ ဆက်တိုက်ဆိုးရွားနေပြီး ဝေးလ်နည်းပြ ရိုင်ယန်ဂစ်အား ဒေးဗစ်မိုရက်၏ နေရာတွင် အစားထိုးခဲ့ပြီး အေးအေးဆေးဆေး သာသာယာယာဖြင့်သာ ပြီးဆုံးခဲ့ကြောင်း The Coaches’ Voice နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ ” အဲ့ဒီတုန်းက နည်းပြရာထူးကို လက်ခံခဲ့တာ တော်တော်လေး လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေးချယ်စရာတွေ သိပ်မရှိဘူး‌လေ” ဟု ရီနေရင်း ဂစ်မှ ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ဂစ်က ” ဒါက အင်မတန်လွယ်ကူပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးပြီးဆုံးဖို့ ၄ ပွသာ လိုတော့လို ဖြစ်ပါတယ်။ ကျွန်တော်နည်းပြအဖြစ် တင်လုပ်တာကို ပတ်ဝန်းကျင်ကနေ လက်ထောက်နည်းပြအဖြစ် ကူညီပေးမယ့် သူတွေ ရှိနေပါတယ်”...

ဘာစီလိုနာမှာပဲ ကစားသမားဘဝ အနားယူမယ်ဆိုတဲ့ လာမာစီယာ ကြယ်ပွင့်တစ်ယောက်

ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲမှ တစ်ယောက်အပါအဝင်ဖြစ်သော ဂျရတ်ပီကေးဟာ ဘာစီလိုနာအသင်း၏ လာမာစီယာ အကယ်ဒမီမှ ထွက်လာခဲ့ပြီး အသက် ၁၇ နှစ်အရွယ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ ၄နှစ်ကြာ ပညာသင်ယူပြီးနောက် သူဟာ မိခင်ကလပ်ရှိရာ လာလီဂါကလပ် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၃၂နှစ် အရွယ်ရှိ ဂျရတ်ပီကေးဟာ ဘာစီလိုနာ အသင်းနဲ့ အောင်မြင်မှူများစွာ ရရှိခဲ့သလို ဘာစီလိုနာအသင်းနဲ့ ကစားသမားဘဝ ကုန်ဆုံးသည်အထိ နေသွားဖွယ် ရှိနေပါတယ်။ စပိန်သတင်းဌာန တစ်ခုဖြစ်သော Mundo Deportivo နှင့် တွေ့ဆုံကာတွင် ဘာစီလိုနာ ပရိတ်သတ်တွေအတွက် ပိကေးဟာ ကစားသမားဘဝမှ အနားယူမည့် အစီအစဉ်နဲ့ ပက်သက်ပြီး ပြောပြခဲ့ပါတယ်။ ” ကျွန်တော်ဟာ ဘာဆာမှာပဲနေပြီး ကစားသမားဘဝကို အနားယူသွားမှာပါ။ ကျွန်တော်ဟာ ဒီအသင်းမှာ ၂၀၂၂ ခုနှစ်အထိ အကောင်းဆုံး...

ဝေးလ်အသင်းနဲ့အတူ အောင်ပွဲခံခဲ့သည့် ဘေးလ်ရဲ့ လုပ်ရပ်အပေါ်မှာ ရှုပ်ချသွားခဲ့သည့် ဘာဘာတော့ဗ်

ဂါရတ်ဘေးလ်ရဲ့ ဝေးလ်အသင်းဟာ ဟန်ဂေရီအသင်းကို အိမ်ကွင်းမှာ အာရွန်ရမ်ဆေးရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အနိုင်ယူပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲအပြီးမှာတော့ ဘေးလ်ဟာ ဝေးလ်နိုင်ငံတော်အလံကို လွှင့်ထူပြီးအောင်ပွဲခံခဲ့ပါတယ်။ အဆိုပါ နိုင်ငံတော်အလံမှာ ဝေးလ်၊ ဂေါက်ဖ်၊ မက်ဒရစ်ဆိုသည့် စာသားကိုထည့်သွင်းထားခဲ့ပါတယ်။ ဆိုလိုသည့်အဓိပါယ်က ဂါရတ်ဘေးလ်ရဲ့ စိတ်ထဲမှာ ဝေးလ်အသင်းဟာ ပထမဦးစားပေးဖြစ်ပြီး ဒုတိယဦးစားပေးကတော့ ဂေါက်ဖ်ရိုက်တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူ့ရဲ့ နောက်ဆုံးဦးစားပေးဖြစ်ပြီး သိပ်ပြီး အရေးမကြီးသည့် ပုံစံကို ညွှန်းဆိုထားတာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် သိပ်ပြီး အာရုံမရှိပဲ ကြံ့ခိုင်မှုမပြည့်ဝသည့်ကြားထဲက ဝေးလ်အသင်းအတွက် လာရောက်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘေးလ်ကိုယ်တိုင်လည်း ရီးရဲလ်မက်ဒရစ်မှာ ကစားတာထက် ဝေးလ်မှာ ကစားတာက သူ့အတွက်ပိုပြီး စိတ်ကျေနပ်မှုရှိစေကြောင်းကို အင်တာဗျူ းတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဇီဒန်းရောက်လာပြီးနောက်ပိုင်း မက်ဒရစ်နဲ့ အစေးမကပ်တော့တဲ့ ဘေးလ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့...

အာဆင်နယ်အသင်းဟာ အကျပ်အတည်းတွေကြားထဲကိုရောက်နေတာမဟုတ်ကြောင်း ရှင်းပြလိုက်သည့် ဟိုလ်ဒင်း

နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအင်အားဖြည့်တင်းပြီး ရာသီသစ်ကို စတင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ တဖြည်းဖြည်းနဲ့ ရလဒ်ပိုင်းတွေဆိုးရွားလာခဲ့ပြီး နောက်ဆုံး ၅ ပွဲဆက်ကို နိုင်ပွဲတွေပျောက်ဆုံးနေပါတယ်။ အာဆင်နယ်အသင်းရဲ့ အဆိုးရွားဆုံးအနေအထားဟာ တန်းတက်ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး ပရိသတ်တွေတော်တော်ပေါက်ကွဲနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ယခုနှစ်ရည်မှန်းချက်ဟာ ချန်ပီယံလိဂ်ပြန်လည်ဝင်ခွင့်ရရှိဖို့အတွက်ဖြစ်ပြီး ဒီပုံစံအတိုင်းဆက်သွားပါက ယူရိုပါလိဂ်တောင် ဝင်ခွင့်ရဖို့မသေချာပါဘူး။ ရလဒ်တွေဆိုးရွားနေပေမယ့် နောက်ခံလူ ဟိုလ်ဒင်းကတော့ စိတ်ပျက်ခြင်းမရှိပဲ အာဆင်နယ်အသင်းဟာ အကျပ်အတည်းထဲကျရောက်နေတာမဟုတ်ကြောင်း ပြန်လည်ချေပသွားခဲ့ပါတယ်။ အားလုံးရဲ့ စုပေါင်းအားနဲ့ ရလဒ်ဆိုးများကို တွန်းလှန်ပြီး ပြန်လည်ရလဒ်ကောင်းအောင် စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။ “ကျွန်တေ်ာတို့အားလုံး စုပေါင်းပြီးတော့ နိုင်ပွဲတွေရဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ပြန်လည်ဆွဲတင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီအခြေအနေပေါ်မှာ သက်တောင့်သက်သာနေပြီးတော့ အပြုသဘောဆောင်နေဖို့ လိုအပ်ပါတယ်။ အခုဆို အဆင့် ၆ ကိုရောက်နေတာ၊ ထိပ်ဆုံးနဲ့ အရမ်းကြီး ကွာဟနေတာမဟုတ်ပါဘူး။ ခရစ္စမတ်ကာလဟာ ကျွန်တော်တို့အတွက်...

ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေသုံးစရာမရှိဘူးလို့ မော်ရင်ဟိုကို အသိပေးထားသည့် စပါးစ်

တော့တင်ဟမ်စပါးစ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ငွေသုံးစရာမရှိဘူးလို့ နည်းပြသစ်မော်ရင်ဟိုကို အသိပေးထားပြီး လက်ရှိလူစာရင်းဖြင့်သာ ခရီးဆက်ရတော့မှာဖြစ်ကြောင်း သိရပါတယ်။ ယမန်နေ့ကမှ တော့တင်ဟမ်နည်းပြသစ်ဖြစ်လာသူ မော်ရင်ဟိုဟာ ကလပ်အသင်းရဲ့ ဘဏ္ဍာရေးအနေအထားကို ကောင်းကောင်းနားလည်သဘောပေါက်ထားပြီး လက်ရှိအသင်းမှ ကစားသမားများနှင့် ဆွေးနွေးမှုများပြုလုပ်ထားပြီးဖြစ်သည်။ ဒါ့အပြင် လူသစ်ခေါ်ယူခြင်းထက် အကယ်ဒမီထွက် လူငယ်ကစားသမားမျာဖြင့်သာ ကစားသွားဖို့ မော်ရင်ဟိုက ရှေးရှုထားပါတယ်။ ရောက်တဲ့အသင်းတိုင်း ငွေကို ရေလိုသုံးတက်တဲ့ မော်ရင်ဟိုအနေနဲ့ စပါးစ်အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီနဲ့ ပတ်သတ်ပြီး ကြည့်ကောင်းမယ့်ပွဲတစ်ပွဲပါပဲ။ စပါးစ်အသင်းဟာ ကွင်းသစ်ကြီးတည်ဆောက်ထားသည့်အတွက် အဆိုပါအကြွေးများကို ပြန်ဆပ်ရအုံးမှာပါ။ ဒါကြောင့် အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးဟာ အသက်တမျှအရေးကြီးနေပြီး ဒီရာသီမှာ မဖြစ်မနေဝင်အောင် မော်ရင်ဟိုအနေနဲ့ စွမ်းဆောင်ရမယ့် အနေအထားတစ်ခုပါပဲ။ လက်ရှိစပါးစ်အသင်းရဲ့ ပရီးမီးယားလိဂ် ရပ်တည်မှုဟာ အဆင့် ၁၄ နေရာမှာရှိနေပြီး အဆင့် ၄ နေရာက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၁ မှတ်ကွာ အနေအထားကို ရောက်ရှိနေပါတယ်။ ဒီသတင်းကိုတော့...

မော်ရင်ဟို စပါးနည်းပြဖြစ်သွားလို့ Shock ရသွားခဲ့တဲ့ အက်ရှ်လေကိုး

နာမည်ကျော် ဘယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးဟာ အာဆင်နယ်အသင်းတွင် ရှိနေစဉ်က အပြင်းထန်ဆုံး လန်ဒန်ဒါဘီ ပြိုင်ဘက်အဖြစ် တော်တင်ဟမ်အသင်းကို ယှဉ်ပြိုင်ခဲ့ဖူးသလို နည်းပြမော်ရင်ဟို၏ လက်အောက်တွင် ချယ်လ်ဆီးအသင်းသားအဖြစ် တော်တင်ဟမ်အသင်းကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုး ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် လက်ရှိအချိန်တွင် ချယ်လ်ဆီးလူငယ်အသင်း၏ နည်းပြအဖြစ် တာဝန်ယူနေပါတယ်။ တော်တင်ဟမ်အသင်းဟာ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့တာကြောင့် အံအားသင့်ခဲ့သလို မော်ရင်ဟိုဟာ စပါးအသင်းကို နည်းပြအဖြစ် တာဝန်ယူလိုက်တာကြောင့် နည်းနည်း ရှော့ ရသွားခဲ့ပါတယ်။ ဒါပေမယ် မော်ရင်ဟိုဟာ တော်တင်ဟမ်အသင်းမှာ အောင်မြင်မှုတွေရအောင် လုပ်ဆောင်ပေးမယ်လို့ ယုံကြည်ကြောင်း Talk Sports သို့ ပြောပြခဲ့ပါတယ်။ ” မော်ရင်ဟိုဟာ တော်တင်ဟမ်အသင်းကို နည်းပြအဖြစ် တာဝန်ယူလိုက်ပြီ ဆိုတဲ့အချိန်မှာ အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင် နည်းနည်းတော့ ကျွန်တော်ဟာ Shock(ရှော့) ရသွားခဲ့တယ်။ သူကို Chelsea Man...