အာဆင်နယ်အသင်းရဲ့ အာရုံစူးစိုက်မှုလျော့ရဲတဲ့အပေါ်မှာ ပြစ်တင်ဝေဖန်သွားခဲ့သည့် #ဆိုးလ်ကမ်းဘဲ

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးစ်အသင်းကို ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့သော်လည်း ပေါ့ဆသည့်နောက်တန်းများကြောင့် ချေပဂိုးများ ပြန်လည်ခွင့်ပြုလိုက်ရကာ အဝေးကွင်းမှာ အရေးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲချိန် ၁၆ မိနစ်ကတည်းက လာကာဇတ်၏ လှပသော အဝေးကန်ချက်နှင့်အတူ ပွဲကို ခေတ္တ ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၁၉ မိနစ်မှာ နောက်ခံလူ ကိုလာစီနက် နှင့် ဒေးဗစ်လုဇ်တို့၏ အပေးအယူအမှားမှတဆင့် စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်က ပြန်လည်ချေပဂိုးသွင်းယူခဲ့ပါတယ်။ ထို့အတူ ပွဲပြီးဆုံးခါနီး ၉ မိနစ်အလိုမှာတော့ ဆွန်ဟောင်မင် ကန်တင်ပေးခဲ့တဲ့ ထောင်ကန်ဘောကို စပါးစ်နောက်ခံလူ အယ်ဒါဝီရာက အာဆင်နယ်နောက်ခံလူများအကြား ခေါင်းတိုက်သွင်းယူပြီး စပါးစ်အသင်းအတွက် အဖိုးတန် ၃ မှတ်ကိုရယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ လာရောက်ကစားရပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားခွင့်ရခဲ့သော်လည်း ကစားသမားများ၏ တိုက်ပွဲဝင်လိုစိတ် မရှိတာကြောင့် အနိုင်ရသင့်သော်လည်း အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပေးလိုက်ရတဲ့...

ဇလာတန်က ယူရိုပါလိဂ်မှာ ကစားမဲ့ လူမျိုးမဟုတ်ဘူး #အီဗရာမိုဗစ်ချ်

အေစီမီလန်အသင်းမှာ အဌားဖြင့် ကစားနေသည့် တိုက်စစ်မှူး အီဗရာမိုဗစ်ချ်က လက်ရှိအသင်းအနေအထားဖြင့် ချန်ပီယံလိဂ်မဝင်နိုင်ခဲ့လျှင် အသင်းမှ ထွက်သွားဖို့ အလားအလာရှိနေပါတယ်။ အသက် ၃၈ နှစ်အရွယ် ဇလာတန်အီဗရာမိုဗစ်ချ်ဟာ အေစီမီလန်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်း ၆ ဂိုးအထိသွင်းယူထားပြီးဖြစ်သလို၊ သူ့ကြောင့်လည်း အေစီမီလန်အသင်းဟာ နောက်ပိုင်းမှာ ရလဒ်တွေကောင်းမွန်လာခဲ့ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးကို တဖြည်းဖြည်းချဉ်းကပ်လာနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ရိုးမားနှင့် နာပိုလီတို့နောက် (၂) မှတ်အကွာဖြင့် အမှတ်ပေးဇယား အဆင့် (၇) နေရာမှာရပ်တည်လျက်ရှိပြီး ဥရောပဝင်ခွင့်တစ်နေရာအတွက် ဖိအားပေးနေပါတယ်။ ဇာလာတန်ကတော့ ယူရိုပါလိဂ်မှာ ကစားချင်ပဲ ချန်ပီယံလိဂ်မှာ ကစားချင်သည့်အတွက်ကြောင့် မီလန်အနေဖြင့် နောက်နှစ်မှာ ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့ပါက ထွက်သွားမဲ့အနေအထားမှာရှိပါတယ်။ “အီဗရာက အောင်မြင်မှုတစ်ခုခုလိုချင်လို့ ဘောလုံးကန်နေတာ။ မဟုတ်ရင် အိမ်မှာပဲ သာသာယာယာနေမှာပေါ့။ လူတွေက ကျွန်တော့်ကို ပြောကြတယ်။ အမေရိကန်မှာ ကစားပြီးရင် အနားယူလိုက်တော့တဲ့။ လွယ်လွယ်လေးပြောလိုက်တာနော်။ ဒါပေမယ့်...

ကျွန်တော်ကိုယ်တိုင် ဂရင်းဝုဒ်ကို အထွတ်အထိပ်ရောက်အောင် တွန်းအားပေးသွားမှာပါ #ပေါ့ဂ်ဘာ

မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမား မေဆွန်ဂရင်းဝုဒ်ဟာ ယမန်နေ့ညက ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မှာ အဝေးကန်ချက်မှတဆင့် အပြင်းကန်သွင်းပြီး သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ အက်စ်တွန်ဗီလာအသင်းကို ဂရင်းဝုဒ်၊ ဖာနန်ဒက်စ် နှင့် ပေါ့ဂ်ဘာတို့၏ သွင်းဂိုးများနှင့်အတူ အဝေးကွင်းမှာ (၃) ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။ ဂရင်းဝုဒ်ကို ဂိုးဖန်တီးပေးခဲ့တဲ့ ပေါ့ဂ်ဘာက သူ့အနေဖြင့် အလားအလာရှိတဲ့ လူငယ်ကစားသမား ဂရင်းဝုဒ်ကို အထွတ်အထိပ်သို့ရောက်အောင် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ (၃) ဂိုးအထိသွင်းယူပေးထားခဲ့ပြီး ယူနိုက်တက်ရဲ့ အသက်ငယ်ဆုံး ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ၁၅ လကြာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ ပေါဂ်ဘာကိုယ်တိုင်လည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ ထောင်ကန်ဘော ပေးပို့မှုမှတဆင့် လှလှပပ သွင်းဂိုးတစ်သွင်းဂိုးသွင်းယူခဲ့ပါတယ်။ ဂရင်းဝုဒ် တွဲဖက်ကစားရသည်နှင့် ပတ်သတ်ပြီး ပေါ့ဂ်ဘာက “အရမ်းကောင်းပါတယ်။ သူတို့တွေ...

ချယ်လ်ဆီးကိုဦးတည်နေတဲ့ ဟာဗက်ဇ်အတွက် အသင့်တော်ဆုံးအသင်းကို ပြောပြခဲ့သည့် ဂျာမနီလက်ရွှေးစင်အားကစားဒါရိုက်တာ အိုလီဗာဘီရာဟော့ဖ်

လေဗာကူဆင် အသင်းရဲ့ ဂျာမန်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ဟာ ချယ်လ်ဆီးအသင်းနဲ့ အသံထွက်နေတာဖြစ်ပြီး မကြာခင်ရောက်လာတော့မည့် အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့စိတ်အားထက်သန်နေပါတယ်။ ဂျာမနီလက်ရွှေးစင်အသင်း၏ အားကစားဒါရိုက်တာ အိုလီဗာ ဘီရာဟော့ဖ်က ဟာဗက်ကိ ချယ်လ်ဆီးအသင်းကို မပြောင်းရွှေ့ပဲ ရီးရဲလ်မက်ဒရစ်ကိုသာ ရွှေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဟာဗက်ဇ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင့်တော်ဆံးဖြစ်ပြီး အကောင်းဆုံး နေရာတစ်ခုဖြစ်လာလိမ့်မည်ဟု ဘီရာဟော့ဖ်က ယုံကြည်ထားပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ဟာဗက်ဇ်ကို အသည်းအသန်ချိတ်ဆက်နေပြီး အသင်းမှ ကစားသမားကို ရောင်းထုတ်ကာ ဟာဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ လေဗာကူဆင်အသင်းဟာ ဟာဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ သတ်မှတ်ထားပြီး အဆိုပါပြောင်းရွှေ့ကြေးအတိုင်း ရရှိခဲ့ပါက ဟာဗက်ဇ်ကို ချက်ချင်းလက်လွှတ်သွားဖို့ အသင့်ဖြစ်နေပါပြီ။ ဂျာမန်ကစားသမားတွေကို မျက်စိကျနေတဲ့ ချယ်လ်ဆီးအသင်းဟာ RB လပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူခဲ့ပြီးနောက် ကွင်းလယ်အတွက် ဟာဗက်ဇ်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ Daily...

လာမည့်နွေရာသီမှာပင် အာဆင်နယ်အသင်းကနေ ထွက်သွားဖို့ စဉ်းစားနေပြီဖြစ်သည့် မီဆွတ်အိုဇေးလ်

ပွဲထွက်ခွင့်များပျောက်ဆုံးပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်လျက်ရှိသည့် အာဆင်နယ်အသင်းကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ်ဟာ အသင်းနှင့် စာချုပ်သက်တမ်းမပြည့်ခင်မှာပဲ အမ်းမရိတ်မြေကို ကျောခိုင်သွားဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လစာအကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်သော်လည်း အသင်း၏ ကစားဟန်နှင့် အံမဝင်သည့်အတွက်ကြောင့် မြက်ခင်းစိမ်းနှင့် ဝေးကွာနေတာ အတော်လေးကြာခဲ့ပြီဖြစ်ပါတယ်။ လာမည့် ၂၀၂၁ ဇွန်လ ၃၀ ရက်နေ့မှာ အာဆင်နယ်နှင့် စာချုပ်သက်တမ်းပြည့်တော့မည့် အိုဇေးလ်အနေဖြင့် စာချုပ်သက်တမ်းကုန်သည်အထိ ထိုင်စောင့်မနေပဲ အသင်းပြောင်းချင်နေပါပြီ။ အိုဇေးလ်က သူ့သာ အာဆင်နယ်အသင်းက ထွက်ခွာဖြစ်ခဲ့ပါက USA သို့မဟုတ် တူရကီကလပ်များသို့သာ သွားရောက်ကစားဖွယ်ရှိတယ်လို့ သူ၏ သူငယ်ချင်းများကိုဖွင့်ဟထားပါတယ်။ အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်ကလည်း အိုဇေးလ်ကို ဖြစ်နိုင်ရင် အမြန်ဆုံးရောင်းထုတ်သွားဖို့ အသင်းကို တိုက်တွန်းထားပါတယ်။ “အိုဇေးလ်ရဲ့ အနေအထားက အူနိုင်းအမ်မရီတုန်းကလိုမျိုးဖြစ်နေပါပြီ။ ကျွန်တော်သာ နည်းပြဖြစ်ခဲ့မယ်ဆိုရင်တော့ အရင်ဦးဆုံးအကောင်းဆုံးဖြစ်အောင်လုပ်မဲ့ကိစ္စကတော့ သူ့ကို ရောင်းထုတ်သွားမှာပါပဲ။ တချိန်ထဲမှာပဲ ကျွန်တော်က သူ့ကို...

ဆန်ချိုရဲ့ နေရာကို အစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည့် #ဒေါ့မွန်

ဒေါ့မွန်အသင်းကြယ်ပွင့် ကစားသမား ဂျေဒန်ဆန်ချိုဟာ လာမည့်နွေရာသီမှာ အသင်းမှထွက်ခွာနိုင်ချေရှိသည့်အတွက်ကြောင့် ဒေါ့မွန်အသင်းဘက်မှ ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၀ အရွယ် ဆန်ချိုကို ခေါ်ယူဖို့ အသည်းအသန်ချိတ်ဆက်နေသော်လည်း ပြောင်းရွှေ့ကြေးကိုတော့ ဒေါ့မွန်အသင်းဘက်မှ တောင်းဆိုထားသည့် ဈေးတစ်ဝက်ကိုသာ ပေးချေနိုင်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ သတ်မှတ်ထားပေမယ့် ယူနိုက်တက်ကတော့ ပေါင်သန်း ၅၀ ထက် ပိုမပေးနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒီလိုပေးချေရခြင်းအကြောင်းအရင်းကတော့ ယူနိုက်တက်ဟာ ဒေါ့မွန်ရဲ့ သဘောထားပျော့ပျောင်းလာပြီး ဈေးချပေးအောင် ကြံစည်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ မည်သို့ပင်ဖြစ်စေ၊ ဆန်ချိုဟာ ဒေါ့မွန်အသင်းကနေထွက်သွားဖို့ အလားအလာရှိသည့်အတွက်ကြောင့် ၎င်းနေရာအစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေတယ်လို့ ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့စ်က ပြောပါတယ်။ “တကယ်လို့များ ဂျေဒန်ထွက်သွားခဲ့မယ်ဆိုရင် တိုက်စစ်ပိုင်းအတွက် ကျွန်တော်တို့ဘက်က လုပ်စရာရှိတာတွေကို ဆက်လုပ်ရမှာပါ။ ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက်ကိုတော့...

မန်ချက်စတာစီးတီးရဲ့ လူငယ်ကစားသမားကို ပြောင်မြောက်စွာချီးကျူးသွားခဲ့သည့် ရီယိုဖာဒီနန်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရီယိုဖာဒီနန်က မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း၏ အသက် ၂၀ အရွယ် လူငယ်ကစားသမား ဖိုလ်ဒင်၏ ခြေစွမ်းကို ချီးကျူးသွားခဲ့သလို၊ အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုအတွက် လိုအပ်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်သည်ဟု ပြောခဲ့ပါတယ်။ ဖိုလ်ဒင်ဟာ စီးတီးမှာ ဂွာဒီယိုလာ နည်းပြစဖြစ်တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စီးတီးအသင်းကြီးမှာ စတင်ရွှေးချယ်ခံခဲ့ရသော်လည်း ကစားခွင့်မရခဲ့ပါဘူး။ သည်းခံမှုအပြည့်နဲ့ စောင့်ဆိုင်းလာခဲ့တဲ့ ဖိုလ်ဒင်အတွက် လက်ရှိအချိန်မှာတော့ ပုံမှန်ကစားခွင့်တစ်နေရာကို ပိုင်ဆိုင်ခွင့် နီးစပ်လာခဲ့ပါပြီ။ ဖိုလ်ဒင်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၇) ပွဲဆက်မှာ (၁၃) ဂိုးအထိသွင်းယူထားသည့်အပြင် သူ့ရဲ့ အကန့်အသတ်မဲ့ ခွန်အားတွေက စီးတီးအတွက် အားတစ်ခုဖြစ်စေပါတယ်။ တဖြည်းဖြည်းနဲ့ နည်းပြရဲ့ ယုံကြည်ကိုးစားမှုကိုရလာတဲ့ ဖိုလ်ဒင်ဟာ ကစားရတဲ့ပွဲတိုင်းကို ခွန်စိုက်အားစိုက်ဖြင့် မခိုမကပ်နဲ့ ကြိုးစားအားထုတ်ပါတယ်။ ဒါကြောင့် ဖိုလ်ဒင်ဟာ မန်စီးတီးအသင်းအတွက်သာမက အင်္ဂလန်လက်ရွှေးစင်အသင်းကြီးအတွက်လည်း အရေးပါသည့် ကစားသမားတစ်ယောက်ဖြစ်လာမည်ဖြစ်ကြောင်း ဖာဒီနန်က ဟောကိန်းထုတ်လိုက်ပါတယ်။...

ဆာလတ်ချ်ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးဖို့အတွက် စိတ်အားထက်သန်နေပါတယ် #ကလော့ပ်

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလတ်ချ်ဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ (၂) ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁) ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ ယခုရာသီ ဆာလတ်ချ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ (၁၉) ဂိုးအထိရှိလာခဲ့ပြီဖြစ်ပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ တတိယနေရာမှာရပ်တည်လျက်ရှိပါတယ်။ ပြီးခဲ့သည့် ၂ ရာသီဆက်တိုက ်ရွှေဖိနပ်ဆုကို ဆွတ်ခူးထားတဲ့ ဆာလတ်ချ်ဟာ လက်ရှိပုံစံကောင်းကိုသာ ထိန်းထားပြီး ဂိုးတွေဆက်တိုက်သွင်းယူထားနိုင်မယ်ဆိုရင်တော့ ရာသီအကုန်မှာ (၃) နှစ်ဆက် ရွှေဖိနပ်ဆုကို ရရှိဖို့ အလားအလာများနေပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ (၃) နှစ်ဆက်တိုက် ရွှေဖိနပ်ဆု ရယူခဲ့ဖူးသူ (၂) ဦးသာ ရှိပြီး နယူးကာဆယ်တိုက်စစ်မှူး အလန်ရှီးယား နှင့် အာဆင်နယ်တိုက်စစ်မှူး အွန်နရီတို့ဖြစ်ပါတယ်။ ဘရိုက်တန် နှင့် ပွဲအပြီးမှာတော့ ကလော့ပ်က ဆာလတ်ချ်ကို ချီးကျူးသွားခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုဟာ သူ့အတွက ်ဂိုးတွေဆက်တိုက်သွင်းဖို့အတွက် လှုံ့ဆော်မှုတစ်ရပ်ဖြစ်စေသည်ဟု ပြောခဲ့ပါတယ်။ “သူဟာ...

ရာသီအကုန်မှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးဖု့ိ စတင်ဆွေးနွေးသွားမည့် ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာ

စာချုပ်သက်တမ်း (၁၁) လသာ ကျန်တော့သည့် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ နောက်ထပ်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့အတွက် ရာသီအကုန်မှာ စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဘက်က စာချုပ်သစ်ကိစ္စကို ယခုချိန်ထိ ကစားသမားနှင့်ဆွေးနွေးထားတာမျိုးမရှိသေးသော်လည်း ရာသီအကုန်မှာတော့ ပေါဂ်ဘာ၏ အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးမှုများစတင်သွားဖို့ အလားအလာရှိနေပါတယ်။ အသက် ၂၇ နှစ်အရွယ် ကမ္ဘာ့ဖလားဆုရှင် ပေါ့ဂ်ဘာဟာ ပြီးခဲ့သည့်အတိတ်ကာလတုန်းက အိုးထရက်ဖို့ဒ်ကနေ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသည်ဟု ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ယူနိုက်တက်မှာ ပျော်ရွှင်နေသည့်အတွက်ကြောင့် သူ့ရဲ့ အနာဂတ်ကို ယူနိုက်တက်မှာသာ မြုပ်နှံသွားဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာဟာ အသစ်ခေါ်ယူထားသည့် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နှင့် အတွဲမိနေပြီး ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြကစားပေးနေပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ပါက အသင်းရဲ့ လစာအများဆုံး ကစားသမားဖြစ်သည့် အလက်ဆစ်ဆန်းချက်ဇ်၊ ဒေးဗစ်ဒီဂီယာတို့နဲ့ တန်းတူ လစာငွေတစ်ရပ်ကို ပေးချေသွားဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။...

ဂျူဗင်တပ်စ်ထက် မန်ချက်စတာယူနိုက်တက်ကိုသာ ရွှေးချယ်ဖို့ ဂျီမီနက်ဇ်ကို အကြံပြုခဲ့သည့် မက္ကဆီကိုနည်းပြ

မက္ကဆီကိုနည်းပြ တာတာ မာတီနိုက တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်အနေဖြင့် ဂျူဗင်တပ်စ်အသင်းသို့ မပြောင်းပဲ မန်ချက်စတာယူနိုက်တက်ကိုသာ ရွှေးချယ်ပြောင်းရွှေ့ဖို့ အကြံပေးခဲ့ပါတယ်။ ဘာစီလိုနာနည်းပြဟောင်း မာတီနိုက ဝုဗ်အသင်းတိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ဂျူဗင်တပ်စ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိနေသည့်အတွက်ကြောင့် ပုံမှန်ကစားခွင့်ရဖို့ မသေချာပဲ ယူနိုက်တက်မှာ သေချာပေါက်နေရာရလိမ့်မယ်လို့ တွက်ဆထားပါတယ်။ “ယနေ့ဘောလုံးလောကကို အပြင်ဘက်က ကြည့်မယ်ဆိုရင် ရာအူးလ် (ဂျီမီနက်ဇ်)လို နံပတ် ၉ တိုက်စစ်မှူးမျိုး ယူနိုက်တက်မှာ မရှိပါဘူး။ သူတို့ဆီမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ် နဲ့ ဂရင်းဝုဒ်တို့ရှိတယ်ဆိုပေမယ့်လည်း လူကာကူထွက်သွားကတည်းက အထောင်တိုက်စစ်မှူးစစ်စစ်မရှိတာကြာပြီ။ ဂျူဗင်တပ်စ်မှာဆိုရင်တော့ နေရာတစ်နေရာရဖို့ ခက်ခဲပါလိမ့်မယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက တိုက်စစ်ပိုင်းကို နေရာယူထားသလို ဒိုင်ဘာလာ သို့မဟုတ် ဟီဂူအင်နဲ့ရှိနေတာကြောင့်ပါ။ ဒါကြောင့် အဲ့ကိုသွားမယ်ဆိုရင် နေရာတစ်နေရာရဖို့အတွက် ပိုမိုခက်ခဲပြီး ပြိုင်ဆိုင်ရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်...