နာသန်အာကီ ကိုခေါ်ယူမည့်သတင်းများအပေါ်မှာ မှတ်ချက်ပေးခဲ့သည့် #ဆိုးလ်ရှား

ဆိုးလ်ရှားဟာ နောက်ဆုံးကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်အပြီးမှာ ဘုန်းမောက် နောက်ခံလူ နာသန်အာကီ နှင့် နှုတ်ဆက်ခဲ့ပြီး စကားပြောခဲ့ပါတယ်။ ဒါကို မီဒီယာများက တခုတ်တရဖော်ပြခဲ့ကြပြီး ဆိုးလ်ရှားဟာ အာကီကို ခေါ်ယူဖို့ စည်းရုံးသိမ်းသွင်းနေသည်ဟု သတင်းများပေါ်ထွက်လာခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ အဆိုပါအခြေအမြစ်မရှိသည့် သတင်းများအားလုံးကို ပယ်ချခဲ့ပြီး အာကီကို ခေါ်ယူသွားဖို့ အစီအစဉ်မရှိကြောင်း သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဆိုးလ်ရှားက “ကျွန်တော့်မှာ ဗဟိုခံစစ်မှူး ၇ နှစ်ယောက်တောင်ရှိနေတယ်လေ။ ဒီသတင်းတွေ က ဘယ်ကနေထွက်လာလဲတော့မသိဘူး။ ကျွန်တော်တို့ နှစ်ယောက်စလုံးက အားလုံးအဆင်ပြေပါတယ်” လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) အပြီးမှာတော့ အမှတ်ပေးဇယား အဆင့် (၁၉) နေရာကိုရောက်ရှိနေပြီး တန်းဆင်းရမည့်အခြေအနေနှင့်ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅) ပွဲဆက်တိုက်စလုံး အရေးနိမ့်ထားသည့်အပြင် ရမှတ် (၂၇) မှတ်သာ ပိုင်ဆိုင်ထားပြီး အဆင့် (၁၈)...

ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မန်ချက်စတာယူနိုက်တက်ကို ရာဇသံပေးလိုက်ပြီဖြစ်သည့် #ဒေါ့မွန်

မန်ချက်စတာယူနိုက်တက်ဟာ ၎င်းတို့ရဲ့ တိုက်စစ်အင်အားကိုဖြည့်တင်းဖို့အတွက် ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး အပြောင်းအရွှေ့သတင်းအထွက်ဆုံး ကစားသမားတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဆန်ချိုဟာ ဒေါ့မွန်ကို ရောက်တဲ့ ၂၀၁၇ ကတည်းက ခြေစွမ်းပိုင်းတဖြည်းဖြည်းတိုးတက်လာခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အကောင်းဆုံးပုံစံနဲ့ ကစားလျက်ရှိပါတယ်။ ဂျာမနီမှလာသောသတင်းများအရ ဒေါ့မွန်အသင်းဟာ ဆန်ချိုအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ရာဇသံပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းဘက်မှ ဆန်ချိုကိုခေါ်ယူချင်ရင် သြဂုတ်လ ၁၀ ရက်နေ့နောက်ဆုံးထားဖို့ ယူနိုက်တက်ကို ရာဇသံပေးခဲ့သလို၊ ၎င်းနေ့မှာမခေါ်နိုင်ပါက ဆန်ချိုကို မေ့လိုက်ပါတော့လို့ ယူနိုက်တက်ကို အကြောင်းကြားခဲ့ပါတယ်။ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးဟာ အနည်းဆုံး ယူရိုသန်း ၁၀၀ ဝန်းကျင်ရှိနေပြီး ပြောင်းရွှေ့ကြေးဟာ ယူနိုက်တက်အတွက် အခက်အခဲရှိနေပါတယ်။ ဂျာမန်နာမည်ကြီးသတင်းစာ Bild ၏ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို သင့်တင့်သောဈေးတစ်ခုဖြင့်ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေသလို၊ ယူနိုက်တက်ကိုလည်း သြဂုတ်လ ၁၀ ရက်နေ့နောက်ဆုံးထားခေါ်ယူပေးဖို့...

ကျွန်တော်သာ မီလန်ကို စောစောစီးစီးရောက်ခဲ့မယ်ဆိုရင် စကူဒက်တိုဖလားတောင် သိမ်းပိုက်နိုင်တယ် #ဇလာတန်

ယမန်နေ့ညက ကစားခဲ့တဲ့ အေစီမီလန် Vs ဂျူဗင်တပ်စ်တို့ပွဲစဉ်မှာ အေစီမီလန်အသင်းဟာ နောက်ပိုင်းသွင်းဂိုးများနဲ့အတူ အိမ်ကွင်း ဆန်စီရိုမှာ (၄-၂) ရလဒ်ဖြင့် ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာတော့ ဦးဆောင်ဂိုးကို ဂျူဗင်တပ်စ်အသင်းက ပွဲချိန် ၄၇ မိနစ်မှာ ကွင်းလယ်လူ ရာဘီယော့စ်က စတင်သွင်းယူခဲ့တာဖြစ်ပြီး နောက်ထပ် ၆ မိနစ်အကြာမှာတော့ ဂျူဗင်ကြယ်ပွင့် ရော်နယ်လ်ဒိုက သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ရဲ့ ဦးဆောင်ဂိုးတွေဟာ ကြာရှည်မခံခဲ့ပဲ ရော်နယ်လ်ဒိုသွင်းဂိုးအပြီး ၉ မိနစ်အကြာမှာတော့ ဇလာတန်က ပင်နယ်တီက တဆင့် ပြန်လည်ချေပဂိုးရယူခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပင် အေစီမီလန်အသင်းဟာ ပွဲချိန် ၆၆ မိနစ် နှင့် ၆၇ မိနစ်တို့မှာ ဆက်တိုက် သွင်းဂိုးများကို ပြန်လည်ရယူခဲ့ပြီး ပွဲကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ မိနစ် ၈၀ ရောက်ချိန်မှာတော့ အေစီမီလန်အသင်းအတွက် တိုက်စစ်မှူး ရီဘစ်က နောက်ဆုံးသွင်းဂိုးကိုသွင်းယူပြီး အနိုင် (၃)...

အမှားတွေကနေ သင်ခန်းစာယူသွားမည်ဖြစ်ကြောင်း လက်စတာစီးတီးနှင့်ပွဲအပြီးမှာ ပြောကြားခဲ့သည့် #အာတီတာ

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက လက်စတာစီးတီးအသင်းကို အိမ်ကွင်းအမ်းမရိတ်မှာ (၁-၁) ဂိုးစီသရေကျပြီး နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ စတင်အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန် (၂၁) မိနစ်မှာ တောင်ပံကစားသမား ဆာကာရဲ့ ပေးပို့မှုမှတဆင့် အူဘာမီယန်းက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ ပွဲချိန် မိနစ် (၉၀) အထိ အနိုင်ရလဒ်ကိုတောင့်မခံနိုင်ခဲ့ပဲ ပွဲချိန် (၈၅)မိနစ်မှာ ဂိုးသွင်းဖို့ ဆာလောင်နေတဲ့ လက်စတာစီးတီး တိုက်စစ်မှူး ဗာဒီက သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ လူစားဝင်ကတိုက်စစ်မှူး အန်ကတ်တီးယား၏ မပါးနပ်သည့် လူချကစားမှုကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါအနီကတ်ကြောင့်ပင် အာဆင်နယ်အသင်းဟာ လက်ကျန် မိနစ် (၂၀) ကျော်ကို တစ်ယောက်လျော့အနေအထားဖြင့် ဖြတ်သန်းခဲ့ရပြီး လက်စတာစီးတီးက အဆိုပါအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက လက်ရှိပွဲရလဒ်ဟာ အိပ်မပျော်အောင ်ဖန်တီးလိုက်ပြီဖြစ်ကြောင်း...

ယူနိုက်တက်မှာ ကာလရှည်ဖြတ်သန်းဖို့ ဒီဂီယာကို တောင်းဆိုသွားခဲ့သည့် ဂန္ဓဝင်ကစားသမားကြီး ပီတာရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက်၏ ဂန္ဓဝင်ကစားသမားကြီး ပီတာရှမိုက်ကယ်က လက်ရှိဂိုးသမား ဒေးဗစ်ဒီဂီယာဟာ အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ယောက်ဖြစ်သလို၊ ယူနိုက်တက်မှာ နောက်ထပ် (၁၀) နှစ်လောက် ဆက်လက်ကစားပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သော်လည်း မကြာခဏအမှားများကျူးလွန်လေ့ရှိသည့်အတွက် ဝေဖန်ခံရပါတယ်။ အထူးသဖြင့် စပါးစ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘတ်ချ်ဝင်းရဲ့ သွင်းဂိုးကို သေသပ်စွာ မဖမ်းနိုင်ခဲ့တဲ့အတွက်ကြောင့် ဘောလုံးဝေဖန်သူများက ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်ကြပြီး ဒီဂီယာကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီဂီယာသာ နောက်ထပ် ၁၀ နှစ်လောက် ဆက်လက်ကစားဖြစ်ခဲ့ပါက ယူနိုက်တက်ရဲ့ ပွဲထွက်အများဆုံး နိုင်ငံရပ်ခြား ကစားသမားအဖြစ် အမှတ်ရနေမှာဖြစ်ကြောင်း ရှမိုက်ကယ်က ဆိုပါတယ်။ “သူကတော့ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါနဲ့ ပတ်သတ်ပြီးတော့ ငြင်းခုံနေစရာအကြောင်းမရှိပါဘူး။ အခုခေတ် မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းမှာတော သူဟာ အခက်ခဲဆုံးအပိုင်းကို တာဝန်ယူဖြတ်သန်းနေရတာပါ။ ယူနိုက်တက်ဟာ အတက်အကျ များခဲ့ပါတယ်။...

ဘဏ္ဍာရေးအကျပ်အတည်းဆိုက်ကပ်နေတဲ့ ဝီဂန်ဘောလုံးအသင်းကို ဝီဂန်စစ်သည်တော်များကယ်တင်မည်

တချိန်က ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသည့် ဝီဂန်အသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်ကြောင့် ဒုက္ခရောက်နေပြီး အမှတ်လျော့ပြစ်ဒဏ်ခံရတော့မည့် အနေအထားကို ဆိုက်ရောက်နေပါတယ်။ ဝီဂန်အသင်းဟာ အင်္ဂလန် ပရော်ဖက်ရှင်နယ်အသင်းတွေထဲမှာ သက်တမ်းရင့်စာရင်းထဲ ပါဝင်နေသလို၊ ကလပ်ရဲ့ သက်တမ်းဟာလည်း (၈၈) နှစ်အထိရှိလာခဲ့ပါပြီ။ ၂၀၁၃ ခုနှစ်ကစလို့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားကတည်းက ပြန်မတက်လာနိုင်တော့တဲ့ ဝီဂန်ဟာ အင်္ဂလန် ချန်ပီယံရှစ်မှာ တဝဲလည်လည်ဖြစ်နေပြီး ဘဏ္ဍာရေးအကျပ်အတည်းများ ကြုံတွေ့နေရပါတယ်။ ဒီလို အကျပ်အတည်းကြုံတွေ့နေရတဲ့ ဝီဂန်အသင်းကို ဝီဂန်စစ်သည်တော်များ (wigan warriors) လို့ ခေါ်တဲ့ ရက်ဘ်ဘီအသင်းက ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ တပတ်က ဝီဂန်အသင်းဟာ ဘဏ္ဍာရေးပြသာနာကြောင့် စစ်ဆေးခံခဲ့ရပြီး၊ ၁၂ မှတ်လျော့ပစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီပြစ်ဒဏ်အတွက် အယူခံဝင်ထားခဲ့ပြီးဖြစ်ကြောင်း ပူးတွဲအုပ်ချုပ်ရေးမှူး ဂျဲရတ်ကတ်စနာက ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ဝီဂန်အသင်းဟာ ချန်ပီရှစ်ရဲ့ အဆင့် (၁၆) နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့်...

ထပ်ပြီး မမှားကြဖို့ အသင်းသားတွေကို တိုက်တွန်းသွားခဲ့သည့် မန်ချက်စတာစီးတီးနည်းပြ #ဂွာဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ဂွာဒီယိုလာက အသင်းသားများအနေဖြင့် တစ်ဦးချင်းအမှားတွေကို မပြင်ဆင်နိုင်ခဲ့ပါက ဖလားရည်မှန်းချက်များပျက်ပြယ်သွားမည်ဖြစ်ကြောင်း သတိပေးစကားဆိုခဲ့ပါတယ်။ စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်လိုက်ရပေမယ့် ကာရာဘောင်းဖလားကိုရယူထားပြီးဖြစ်သလို၊ ချန်ပီယံလိဂ် နှင့် FA ဖလားပြိုင်ပွဲတို့မှာလည်း ကျန်ရှိနေသေးသည့်အတွက်ကြောင့် ဖလား (၂) အိပ်မက်ကို မက်ထားဆဲဖြစ်ပါတယ်။ အကယ်၍ ချယ်လ်ဆီး နှင့် ဆောက်သမ်တန်ပွဲစဉ်တို့မှာ မှားခဲ့သလိုမျိုး အမှားတွေကိုသာ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် နောက်လမှာ ကစားမဲ့ အာဆင်နယ်နှင့် ရီးရဲလ်မက်ဒရစ်တို့ကို နိုင်ဖွယ်ရာမရှိဟု ဂွာဒီယိုလာက ဝန်ခံခဲ့ပါတယ်။ “ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သတ်ပြီးတော့ သံသယတစုံတရာမရှိပါဘူး။ ပြီးခဲ့တဲ့ ၂-၃ ရာသီလောက်က အောင်မြင်တွေကတော့ ကြောက်ခမန်းလိလိပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ တချို့ပွဲတွေမှာ မလုပ်သင့်တဲ့ အမှားတွေကို လုပ်နေတဲ့ အချက်တစ်ချက်ရှိနေတယ်။ ဒါကို ရှောင်ရှားရမယ်။ တချို့ကိစ္စတွေမှာဆိုရင် ဂိုးမသွင်းနိုင်လို့ ကျွန်တော်တို့ကို အပြစ်ပေးသလိုဖြစ်နေတယ်။ အာဆင်နယ်နဲ့ ကစားမဲ့ ဆီမီးဖိုင်နယ်၊...

စီဘယ်လော့စ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ စတင်ဆွေးနွေးနေပြီလို့ ဝန်ခံခဲ့သည့် #အာတီတာ

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကစားသမား ဒန်နီစီဘယ်လော့စ်ကို ခေါ်ယူဖို့အတွက် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း နည်းပြအာတီတာမှ ဝန်ခံပြောကြားခဲ့ပါတယ်။ စီဘယ်လော့စ်ဟာ ၂၀၁၉-၂၀ နွေရာသီမှာ အာဆင်နယ်အသင်းကို တစ်ရာသီအဌားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံစုစုပေါင်း (၃၀) ကစားပြီးချိန်မှာတော့ (၂) ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ အာတီတာရဲ့ ကစားကွက်မှာ တဖြည်းဖြည်းနဲ့ အသားကျလာပြီဖြစ်တဲ့ စီဘယ်လော့စ်ကို အာဆင်နယ်အသင်းက အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်းကိုတော့ အာတီတာက “ဟုတ်တယ်၊ သူ့အသင်းနဲ့ ကျွန်တော်တို့ စကားပြောနေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒန်နီက ကျွန်တော်တို့ရဲ့ အပိုင်ကစားသမားမဟုတ်သလို၊ ကျွန်တော်တို့လက်ထဲမှာလည်း မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စတွေ သေချာပြောဆိုပြီးတော့ လုပ်စရာရှိတာကို လုပ်ရမှာ။ သူရှိနေတဲ့အတွက်ကြောင့်လည်း ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူပါဝင်ပတ်သတ်နေတဲ့ အနေအထားကိုလည်း သဘောကျတယ်။ ဘောလုံးကို ခံစားချက်နဲ့ ကစားတဲ့ သူ့ရဲ့ ကစားဟန်ကိုလည်း ချစ်ပါတယ်” “ပွဲတိုင်း၊ ထရိန်နင်းတိုင်းမှာ သူဟာ အမြဲတမ်းဒီပုံစံအတိုင်း လုပ်နေကြပါ။...

မူစတာဖီ၊ ဒေးဗစ်လုဇ်တို့ရဲ့ နောက်မှာ ကစားရတဲ့ ခံစားချက်ကို ဖွင့်ဟခဲ့သည့် အာဆင်နယ် ဂိုးသမား မာတီနက်ဇ်

အာဆင်နယ်ဂိုးသမား မာတီနက်ဇ်က အသင်းရဲ့ ဝါရင့်နောက်ခံလူများဖြစ်သည့် မူစတာဖီနှင့် ဒေးဗစ်လုဇ် တို့နောက်မှာ ကစားရတာဟာ လုံခြုံစိတ်ချရမှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒေးဗစ်လုဇ် နဲ့ မူစတာဖီတို့ဟာ မကြာခဏ အမှားများကျူးလွန်သည့်အတွက်ကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို မကြာခံဏဆိုသလို ခံခဲ့ရပါတယ်။ နည်းပြသစ်အာတီတာလက်ထက်မှာတော့ (၂) ယောက်စလုံးရဲ့ စွမ်းဆောင်ရည်ဟာ တိုးတက်လာသလို၊ အထူးသဖြင့် နောက်ခံလူ မူစတာဖီဟာ ယခင်နဲ့ယှဉ်မယ်ဆိုရင် အမှားနည်းလာပြီး ကစားပုံတိုးတက်လာတာကို အတိုင်းသာမြင်တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့သည့် ဝုဗ်နဲ့ ပွဲစဉ်မှာတော့ နည်းပြအာတီတာဟာ ကိုလာစီနက်၊ ဒေးဗစ်လုဇ် နှင့် မူစတာဖီတို့ကို အထိုင်ချကာ (၃-၄-၃) ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ လုံးဝပေးဂိုးမရှိပဲ အနိုင်ရရှိခဲ့သည့်အပြင် ဝုဗ်လ်အသင်းရဲ့ ဂိုးပေါက် ကန်သွင်းမှု (၈) ကြိမ်မှာ (၁) ကြိမ်သာ ဂိုးပေါက်တည်မှုရှိခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ လီနိုအစား ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ အာဂျင်တီးနား...

ဂျာမနီ ဘွန်ဒက်လီဂါ (၂၀၁၉-၂၀) ရာသီအကျဉ်းချုပ်

၂၀၁၉-၂၀ ရာသီဟာ ဂျာမန်ဘွန်ဒက်လီဂါလိဂ်ရဲ့ (၅၉) နှစ်မြောက်ဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၁၆ ရက် ၂၀၁၉ ခုနှစ်မှာစတင်ခဲ့ပြီး ၊ ဇွန်လ ၂၇ ရက် ၂၀၂၀ မှာ ပြီးဆုံးခဲ့ပါတယ်။ အင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းကပဲ (၈) နှစ်ဆက်တိုက် ဘွန်ဒက်လီဂါဖလားကို သိမ်းပိုက်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါ သွင်းဂိုးပေါင်း (၁၀၀) တိတိသွင်းယူခဲ့ပြီး၊ ၎င်းနောက်မှာ ဒုတိယအများဆုံးသွင်းယူခဲ့တာကတော့ ဒုတိယနေရာက ဒေါ့မွန်အသင်းဖြစ်ပါတယ်။ ဒုတိယရခဲ့တဲ့ ဒေါ့မွန်ဟာ သွင်းဂိုးပေါင်း (၈၄) ဂိုးအထိသွင်းယူခဲ့ပြီး ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ (၁၆) ဂိုးကွာဟခဲ့ပါတယ်။ ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ဝင်ရောက်နှောက်ယှက်ခဲ့သည့်အတွက်ကြောင့် ဘွန်ဒက်လီဂါရော၊ ဘွန်ဒက်လီဂါ (၂) ပါ မတ်လ (၁၆) ရက်နေ့စတင်ပြီး (၂)လတိတိခေတ္တရပ်နားခဲ့ရကာ မေလ (၁၆) ရက်နေ့မှာ ဘောလုံးပွဲတွေကို ပြန်လည် ကစားခွင့်ရရှိခဲ့ပါတယ်။ ရာသီသိမ်းသွားချိန်မှာတော့ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့တဲ့...