ဂျေမီဗာဒီဟာ ပြိုင်ဘက်အသင်းတွေကို အိပ်မက်ဆိုးတွေ မက်စေမဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဘရန်ဒန်ရော်ဂျာ ချီးကျူး

လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာက အသင်းရဲ့ တိုက်စစ်မှူး ဂျေမီဗာဒီကို ချီးကျူးသွားခဲ့သလို၊ ၎င်းရဲ့ စွမ်းဆောင်ရည်ဖြင့် လက်စတာစီးတီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရအောင် လုပ်ယူသွားမည်ဖြစ်ကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။ ဗာဒီဟာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ (၂) ဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် သွင်းဂိုး (၁၀၁) ဂိုးအထိ ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဗာဒီဟာ သွင်းဂိုး (၁၀၀) ပြည့်သွားပြီဖြစ်သည့်အတွက် အလန်ရှီးယား၊ ရွန်နီ၊ အန်ဒီကိုးလ်၊ အွန်နရီ ၊ အဂူရိုအပါအဝင် နာမည်ကြီးတိုက်စစ်မှူးများရရှိခဲ့သည့် ရာစုနှစ်၏ အကောင်းဆုံးပရီးမီးယားလိဂ်သွင်းဂိုးများဆု (Century Of Premier League) ဆုကို ရရှိခဲ့ပါတယ်။ လက်ရှိအကောင်းဆုံးပုံစံကို ဆက်လက်ထိန်းထားပြီး ယနေ့ညကစားမည့် အာဆင်နယ်အသင်းနှင့် (၉) ကြိမ်မြောက်ထိပ်တိုက်တွေ့ဆုံပွဲမှာ ခြေစွမ်းပြကစားသွားဖို့ ဗာဒီက ရည်မှန်းထားပါတယ်။ ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့် လက်စတာစီးတီး လူစာရင်းမှာ အခရာကျခဲ့တဲ့ ဗာဒီဟာ...

(၆) နှစ်ကြာလက်တွဲလာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ အနီးစပ်ဆုံးဖြစ်နေသည့် ဂျူအန်မာတာ

၂၀၁၃-၁၄ ဆောင်းရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ကြေး ပေါင် ၃၇.၁ သန်းဖြင့် ရောက်ရှိလာခဲ့သည့် စပိန်ကွင်းလယ်လူ ဂျူအန်မာတာဟာ ယခုရာသီအကုန်မှာတော့ (၆) နှစ်ကြာဖြတ်သန်းလာခဲ့တဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးကို ကျောခိုင်းစွန့်ခွာသွားဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။ တူရကီကလပ် ဖီနာဘာချီအသင်းဟာ မာတာကို ခေါ်ယူဖို့အတွက် မျက်စိကျလျက်ရှိပြီး ခေါ်ယူဖို့ ကြိုးစားလာနိုင်သည်ဟု တူရကီအခြေစိုက် သတင်းများက ဖော်ပြထားပါတယ်။ Sansursuz Futbol ၏ ဖော်ပြချက်အရ မာတာ အိုးထရက်ဖို့ဒ် နှင့် ယခုနွေရာသီမှာ လမ်းခွဲဖို့ ဆန္ဒရှိနေပြီး ဖီနာဘာချီကလည်း ၎င်းကို ခေါ်ယူအင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ လာမည့်ရာသီမှာ သူ့ရဲ့ ကစားကွက်ကို အကောင်းဆုံးပုံစံဖြင့် ဆက်လက်တည်ဆောက်သွားမှာဖြစ်ပြီး မာတာအနေဖြင့် ဦးစားပေးခံရဖို့ အလားအလာနည်းပါးသွားခဲ့ပါပြီ။ အထူးသဖြင့် မာတာဟာ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရောက်လာကတည်းက ပွဲထွက်ခွင့်နည်းပါးသွားခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း (၂) ပွဲသာ...

ရီးရဲလ်မက်ဒရစ် ဘာကြောင့် ဒီလောက်ပင်နယ်တီရနေလဲဆိုတာကို ပြောပြခဲ့သည့် ဆီမြွန်ီ

ရီးရဲလ်မက်ဒရစ်ဟာ ယခုလာလီဂါရာသီမှာ ပင်နယ်တီ (၉) လုံးအထိရရှိထားပြီး လာလီဂါရဲ့ တတိယမြောက် ပင်နယ်တီအများဆုံးရရှိထားတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ ၎င်းအထက်မှာတော့ ဘီလ်ဘာအို နှင့် မာယောကာ အသင်းတို့ဟာ ပင်နယ်တီ (၁၀) ကြိမ်စီဖြင့် ဦးဆောင်လျက်ရှိပါတယ်။ ယခုလို ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ပင်နယ်တီ အများအပြားရနေတဲ့ လျှို့ဝှက်ချက်ကို မြို့ခံပြိုင်ဘက် နည်းပြ ဆီမြွန်နီက ဖွင့်ဟခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တခြားအသင်းများထက် ပိုမိုတိုက်စစ်ဖွင့်ကစားသည့်အပြင် တိုက်စစ်ကစားသမားများဟာလည်း လိမ္မာပါးနပ်သည့်အတွက်ကြောင့် ယခုလိုပင်နယ်တီတွေ ရနေတာဖြစ်ကြောင်း ဆီမြွန်နီက ရှင်းပြခဲ့ပါတယ်။ ဘာစီလိုနာ နောက်ခံလူ ပီကေး နှင့် ဥက္ကဌ ဘာတိုမြူတို့က ရီးရဲလ်မက်ဒရစ်၏ ပင်နယ်တီကိစ္စအပေါ်မှာ စောဒကတက်ခဲ့ပြီး VAR ဟာ တသင်းထဲကိုသာ မျက်နှာသာပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ် (၂) သင်းသာလျှင် ယခုနှစ်လာလီဂါဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေကြပြီး ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်နောက်မှာ (၄) မှတ်ကွာဖြင့် ဒုတိယနေရာမှာရပ်တည်လျက်ရှိပါတယ်။...

အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်မှူးတစ်ဦးကို သက်တမ်းတိုးသွားဖို့ ကြိုးစားနေသည့် #အာဆင်နယ်

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ အသင်းရဲ့ အထောင်တိုက်စစ်မှူးဖြစ်သည့် အလက်စန္ဒားလာကာဇတ်ကို သက်တမ်းတိုးဖို့အတွက် လိုလားလျက်ရှိပြီး ရာသီအကုန်မှာတော့ ဒီကိစ္စကို အကောင်အထည်ဖော်သွားဖွယ်ရှိနေပါတယ်။ ၂၀၁၇ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်း၏ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ပြောင်းရွှေ့လာခဲ့သည့် လာကာဇတ်ဟာ ထိုစဉ်က (၅) နှစ်စာချုပ်ချုပ်ဆိုထားသည့်အတွက်ကြောင့် လာမည့် ၂၀၂၂ ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် သက်တမ်းတိုးနေတဲ့ အာဆင်နယ်အသင်းဟာ လာကာဇတ်ကို ရာသီအကုန်မှာ သက်တမ်းတိုးဖို့ ပြင်ဆင်လာနိုင်ပါတယ်။ အခုချိန်မှာတော့ အသင်းရဲ့ အဓိကဂိုးသွင်းစက်ဖြစ်သူ အူဘာမီယန်းကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး သဘောတူညီမှုရဖို့လည်း အတော်လေးနီးစပ်လျက်ရှိပါတယ်။ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့မဖွင့်ခင်ကတည်းက ဒေးဗစ်လုဇ်ကို (၁) နှစ်သက်တမ်းတိုးခဲ့သလို၊ ပါဘလိုမာရီ နှင့် ဆီးဒရစ်ဆိုးရက်စ် တို့ကိုလည်း အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ထို့အတူ လူငယ်ကစားသမားများဖြစ်သည့် ဘူကာယိုဆာကာ နှင့် မာတီနယ်လီတို့ကို လစာများတိုးပေးကာ...

ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွှေးစင်အသင်းအတွက် ကစားပေးဖို့အသင့်ဖြစ်နေပြီလို့ ကြွေးကြော်ခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြကစားပြီး ဂိုးတွေသွင်းယူပေးနေတဲ့ လူငယ်လေး မာဆွန်ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွှေးစင်အသင်းမှာ ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူနိုက်တက် နည်းပြဆိုးလ်ရှားကပြောခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ နောက်ဆုံးကစားခဲ့တဲ့ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုးသွင်းယူပေးခဲ့ပါတယ်။ အရည်အသွေးမြင့်ပြီး ဗန်ပါစီလက်သစ်လို့ တင်စားကြတဲ့ ဂရင်းဝုဒ်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၈) အပါအဝင် ပြိုင်ပွဲစုံစုစုပေါင်း (၁၅) ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ သူ့ရဲ့ တပည့်ကျော် ဂရင်းဝုဒ်ကို ဂရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွှေးစင်အသင်းမှာ ရွှေးချယ်ခံရဖို့အတွက် ထောက်ခံအားပေးခဲ့ပါတယ်။ “ခင်ဗျားက မန်ယူနိုက်တက်မှာ ကစားခွင့်ရခဲ့ပြီဆိုရင် ဒါဟာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ မန်ယူနိုက်တက်မှာသာ ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ပြီဆိုရင်တော့ ခင်ဗျားဟာ ဘယ်အသင်းမှာမဆို ကစားဖို့ အဆင်သင့်ဖြစ်သွားပြီ။ မာဆွန်မှာက အများမှာရှိတဲ့ အရည်အချင်းကောင်းတွေ သူ့မှာတပုံကြီးရှိနေတယ်။ သူက အင်္ဂလန်အသင်းကြီးအတွက် ဒါမှမဟုတ်...

VAR က ရီးရဲလ်မက်ဒရစ်ကို မျက်နှာသာပေးသည်ဟု ဘာစီလိုနာဥက္ကဌ ဘာတိုမြူ စွပ်စွဲ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယမန်နေ့ညက ဘီဘာလ်အိုအသင်းကို အဝေးကွင်းမှာ (၁-ဝ) ရလဒ်နဲ့အနိုင်ရရှိခဲပြီး နောက်ဆုံး (၇) ပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန်တစ်ခုကိုရယူသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ တလုံးတည်းသောသွင်းဂိုးကိုတော့ ပွဲချိန် (၇၃) မိနစ်မှာ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ရလာတဲ့ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းပြီး နိုင်ပွဲရအောင်စွမ်းဆောင်ပေးခဲ့တာပါ။ ဘာစီလိုနာဥက္ကဌ ဘာတိုမြူကတော့ ရီးရဲလ်မက်ဒရစ်ပွဲကို ကြည့်ရှု့နေခဲ့ပြီး ရီးရဲလ်၏ ပင်နယ်တီနှင့်ပတ်သတ်၍ VAR ဟာ အသင်းတစ်သင်းအပေါ်မှာ မျက်နှာသာပေးမှုတွေရှိနေတယ်လို့ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။ VARကြောင့် ဘောလုံးလောကမှာ အငြင်းပွားမှုတွေ၊ ပြောစရာတွေ များခဲ့ရသလို၊ ဘာတိုမြူကတော့ VAR အပေါ်မှာ စိတ်ပျက်လျက်ရှိပြီး အသားပေးမှုတွေရှိနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် နှင့် ဘာစီလိုနာတို့ဟာ လာလီဂါရာသီသိမ်းဖို့ (၄) ပွဲသာ ကျန်တော့သော်လည်း ဘာစီလိုနာအသင်း ရမှတ်တွေဆုံးရှုံးနေချိန်မှာ ရီးရဲလ်မက်ဒရစ်က ပွဲဆက်အနိုင်ရခဲ့သည့်အတွက်ကြောင့် ရီးရဲလ်ဟာ ဘာစီလိုနာကို (၄) မှတ်ဖြတ်ကာ ဦးဆောင်ထားပါတယ်။ ရီးရဲလ်မက်ဒရစ် ရှုံးပွဲတွေကို...

ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့တာဟာ ကစားသမားသစ်လိုအပ်နေလို့ မဟုတ်ပါလို့ ဆိုလိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီးအသင်းဟာ ယမန်နေ့ညက ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ (၁-ဝ) ဂိုးဖြင့်အရေးနိမ့်ခဲ့ပါတယ်။ ယခုရှုံးပွဲဟာ မန်စီးတီးရဲ့ ၂၀၁၉-၂၀ ရာသီအတွက် (၉) ပွဲမြောက်ရှုံးပွဲဖြစ်ခဲ့ရသလို၊ နောက်ဆုံး (၃) ရာသီအတွင်း ရှုံးပွဲအများဆုံး ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ကို ရှုံးနိမ်ခဲ့ရခြင်းအတွက် ကစားသမား လိုအပ်ချက်တစ်ခုကြောင့် အရေးနိမ့်ခဲ့ရခြင်းမဟုတ်ကြောင်း ပွဲအပြီးမှာ ဂွာဒီယိုလာက ကာကွယ်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ကတော့ ကစားသမားလိုအပ်ချက်ကြောင့် ရှုံးခဲ့ရတယ်လို့ မမြင်မိဘူး။ ရိုးရိုးသားသားပြောရရင် ဒီပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ပုံစံ၊ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒနဲ့ အဆုံးထိကစားခဲ့တယ်။ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတာက ပင်နယ်တီဧရိယာထဲမှာ (၁၀) ယောက်အထိ ပိတ်ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းပါ။ ကျွန်တော်တို့ တကယ်ကောင်းကောင်းကစားနိုင်ခဲ့တယ်။ ဒီပွဲရဲ့ အခြေအနေကို ပြန်လည်သုံးသပ်သွားမယ်။ ပြီးတော့ ရခဲ့တဲ့အခွင့်အရေးတွေကိုလည်း ပြန်သုံးသပ်မယ်။ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ ၊ ကစားနိုင်ခဲ့တဲ့ အနေအထားထက် တကယ့်ကို ခက်ခဲလွန်းတယ်။...

မက်ဆီနှင့်ပတ်သတ်ပြီး ကောလဟလထွက်ပေါ်နေသည့် သတင်းများအားလုံးကို ငြင်းဆိုခဲ့သည့် #ဘာတိုမြူ

ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆပ်ဘာတိုမြူဟာ အသင်းတိုက်စစ်မှူး လီယွန်နယ်မက်ဆီ ထွက်ခွာတော့မည့် ကောလဟလသတင်းများနှင့် ပတ်သတ်၍ ငြင်းချက်ထုတ်သွားခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ကတ်တလန်ကလပ်မှာ ကစားသမားဘဝအနားယူသည်အထိ ကစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယခင်တပတ်အစောပိုင်းကာလ Candena SER ၏ ထုတ်ဖော်ချက်အရ မက်ဆီဟာ ဘာစီလိုနာအသင်းကို စိတ်ပျက်လျက်ရှိပြီး လာမည့် ၂၀၂၀-၂၁ ရာသီအကုန် အသင်းနှင့် စာချုပ်သက်တမ်း ပြည့်ချိန်မှာတော့ စွန့်ခွာတော့မယ်လို့ ကောလဟလသတင်းများ ထွက်လာခဲ့ပါတယ်။ မက်ဆီဟာ ယခင်ကတည်းက နူကမ့်ကို စွန့်ခွာဖို့ ဆန္ဒမရှိပေမဲ့ လက်ရှိကလပ်အနေဖြင့် သွားနေသည့် ပုံစံကြောင့် စိတ်ပျက်နေပြီး မကျေနပ်မှုများရှိသည့်အတွက်ကြောင့် စာချုပ်သက်တမ်းတိုးမည့်ကိစ္စကိုရပ်တန့်ခဲ့တယ်လို့ ယူဆရပါတယ်။ မက်ဆီဟာ အဆိုပါသတင်းများနှင့်ပတ်သတ်၍ ယခုအချိန်ထိ တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးသလို၊ အခုပြောကြားခဲ့တဲ့ ဘာတိုမြူကိုယ်တိုင်လည်း ဥက္ကဌရွှေးကောက်ပွဲမှာ အနိုင်ရလိုသည့်အတွက်ကြောင့်ဖြစ်သည်ဟု မီဒီယာများက သုံးသပ်ကြပါတယ်။ ဘာစီလိုနာ ဥက္ကဌ ရွှေးကောက်ပွဲကိုတော့ လာမည့်နှစ်မှာ ကျင်းပဖို့အတွက် လျာထားဖြစ်ပြီးပါတယ်။ “ကျွန်တော်ကတော့ ဒီသတင်းတွေနဲ့...

အီမာဆင်ထက် ဘိုင်ယန်မြူးနစ် ကစားသမားကိုသာ ခေါ်ယူဖို့ စိတ်အားထက်သန်သည့် #အင်တာမီလန်

အင်တာမီလန်အသင်းဟာ ညာနောက်ခံလူနေရာအတွက် ရီးရဲလ်မက်ဒရစ် ကစားသမား ဟာကီမီကို ခေါ်ယူခဲ့ပြီးနောက် လိုအပ်နေတဲ့ ဘယ်နောက်ခံလူအတွက် ဈေးကွက်အတွင်းရှာဖွေလျက်ရှိပါတယ်။ ကြားရသည့်သတင်းများအရ ကွန်တီဟာ ၎င်း နှင့်လက်တွဲခဲ့ဖူးသည့် ချယ်လ်ဆီးအသင်းမှ အီမာဆင်၊ အလွန်ဆို ကို စိတ်ဝင်စားနေပါတယ်။ ထို့အတူ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘားကလည်း ကွန်တီရဲ့ အပြောင်းအရွှေ့ရေဒါထဲမှာပါဝင်နေပြီး ၎င်း နဲ့ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သတင်းများပေါ်ထွက်လာခဲ့ပါတယ်။ အီတလီ အားကစားမီဒီယာတစ်ခုဖြစ်သည့် SportMediaset မှ အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးကစားသမား အီမာဆင်ထက် အလာဘားကိုသာ ခေါ်ယူဖို့ ဦးစားပေးထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။ အင်တာမီလန်အသင်း၏ အကြီးအကဲများဖြစ်သည့် ဘတ်ပီမာရော့တာ နှင့် ပိုင်ရိုအော်ဆီလီယိုတို့က သြစတြီးယားသား အလာဘား နှင့်အတူ အလာဘားဖခင်၊ အေးဂျင့်တို့နှင့် ကိုရိုနာဗိုင်းရပ်စ် Lockdown ကာလအတွင်း (၂) ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၈) နှစ်အရွယ် အလာဘားဟာ...

“ပေါ့ဂ်ဘာ + ဘရူနို” အတွဲ ဘုန်းမောက်နှင့်ပွဲစဉ်ကို လွဲချော်ဖို့ ရာခိုင်နှုန်းများ

မန်ချက်စတာယူနိုက်တက်၏ ကွင်းလယ်ကစားသမားများဖြစ်ကြသည့် ပေါ့ဂ်ဘာနှင့် ဘရူနိုတို့ဟာ ယခုတပတ်စနေနေ့မှာ ကစားမည့် ဘုန်းမောက်နှင့်ပွဲစဉ်ကို လွဲချော်ဖို့ ရာခိုင်နှုန်းများနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြကြပါတယ်။ Mirror ၏ ဖော်ပြချက်အရ သူတို့ (၂) ဦးစလုံးဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းရင်း ထိခိုက်မိတဲ့အတွက်ကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးအနက် ဘရူနိုဟာ ပေါ့ဂ်ဘာထက်ပိုပြီး ထိခိုက်မှုပြင်းထန်ခဲ့တယ်လို့ သိရပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ တကယ်သာ လွဲချော်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အသည်းအသန်ဖြစ်နေတဲ့ ဆိုးလ်ရှားအတွက်တော့ အိပ်မက်ဆိုးဖြစ်လာပါလိမ့်မယ်။ ဆိုးလ်ရှားရဲ့ ကစားကွက်မှာ ဘရူနိုဟာ အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်လာခဲ့သလို၊ ပေါ့ဂ်ဘာ+ဘရူနို ဖာနန်ဒက်စ်အတွဲဟာ ယူနိုက်တက်အတွက်တော့ အခရာကျသည့် ကွင်းလယ်တိုက်စစ် ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာတော့ ပေါ့ဂ်ဘာရော ၊ ဘရူနိုပါ အချိတ်ဆက်မိမိ ကစားနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ည...