ဘာစီလိုနာ၏ အဝါကတ် အများဆုံး ပြသခံရသည့် ကစားသမားစာရင်းမှာ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည့် ပီကေး

ဘာစီလိုနာအသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဟာ ယခုရာသီမှာ အတော်လေးကြမ်းနေတာကို တွေ့ရပါတယ်။ ကြမ်းနေတယ်ဆိုတာက ပြစ်ဒဏ်ကျူ းလွန်တဲ့နေရာအတွက် ပြောတာပါ။ ဗဟိုခံစစ်မှူ း ၄ ယောက်ပေါင်းရင် စုစုပေါင်း အဝါကတ်ဟာ ၂၃ ကတ်အထိရှိခဲ့သလို၊ အနီကတ်ကလည်း ၂ ကတ်အထိ ပြသခံထားရပါတယ်။ ၂၃ ကတ်ထဲမှာတော့ အများဆုံးပြသခံထားရတဲ့ ကစားသမားဟာ ဂျရတ်ပီကေးဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပီကေးဟာ ပြိုင်ပွဲစုံ ကစားပြီးချိန်မှာတော့ စုစုပေါင်း ၁၃ ကတ်အထိ ပြသခံထားခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ ဒုတိယလိုက်နေတာက လန့်ဂလက်ချ်ပါ။ အဝါကတ် ၇ ကတ်နဲ့ အနီကတ် ၁ ကတ်ကို ပိုင်ဆိုင်ထားပါတယ်။

တတိယနေရာမှာတော့ အမ်တီတီဖြစ်ပြီးတော့ အဝါကတ် ၃ ကတ်ပြသထားခံထားရသလို၊ စတုတ္တနေရာမှာတော့ ဘာစီလိုနာ B အသင်းခေါင်းဆောင် ရော်နယ်လ် အာရူဂျိုက ဆီးဗီးလ်နဲ့ တပွဲဝင်ကန်ချိန်မှာ အနီကတ် ကို ရယူသွားခဲ့တာပါ။ ပီကေးရဲ့ လက်ရှိအဝါကတ် အနေအထားကတော့ စံချိန်တစ်ခုကို မရောက်သေးပါဘူး။ သူ့ရဲ့ ဘောလုံးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၅-၁၆ တစ်ရာသီလုံးမှာ စုစုပေါင်း ၁၇ ကတ်ထိ ပြသခံခဲ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဗလင်စီယာနဲ့ ပွဲမှာ ငါးကတ်မြောက် အဝါကတ်ထိခဲ့တာကြောင့် ပီကေးကတော့ လာမယ့် လီဗန်တေးနဲ့ ပွဲစဉ်ကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။

Image result for pique yellow cards

[ZG]

ဘာစီလုိနာ၏ အဝါကတ္ အမ်ားဆံုး ျပသခံရသည့္ ကစားသမားစာရင္းမွာ ထိပ္ဆံုးမွ ဦးေဆာင္လ်က္ရွိသည့္ ပီေကး

ဘာစီလုိနာအသင္းရဲ႕ ဗဟုိခံစစ္ကစားသမားေတြဟာ ယခုရာသီမွာ အေတာ္ေလးၾကမ္းေနတာကုိ ေတြ႕ရပါတယ္။ ၾကမ္းေနတယ္ဆုိတာက ျပစ္ဒဏ္က်ဴ းလြန္တဲ့ေနရာအတြက္ ေျပာတာပါ။ ဗဟုိခံစစ္မွဴ း ၄ ေယာက္ေပါင္းရင္ စုစုေပါင္း အဝါကတ္ဟာ ၂၃ ကတ္အထိရွိခဲ့သလုိ၊ အနီကတ္ကလည္း ၂ ကတ္အထိ ျပသခံထားရပါတယ္။ ၂၃ ကတ္ထဲမွာေတာ့ အမ်ားဆံုးျပသခံထားရတဲ့ ကစားသမားဟာ ဂ်ရတ္ပီေကးျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ ပီေကးဟာ ျပိဳင္ပြဲစံု ကစားျပီးခ်ိန္မွာေတာ့ စုစုေပါင္း ၁၃ ကတ္အထိ ျပသခံထားခဲ့ပါတယ္။ သူ႔ရဲ႕ေနာက္မွာေတာ့ ဒုတိယလုိက္ေနတာက လန္႔ဂလက္ခ်္ပါ။ အဝါကတ္ ၇ ကတ္နဲ႔ အနီကတ္ ၁ ကတ္ကုိ ပုိင္ဆုိင္ထားပါတယ္။

Image result for pique yellow cards

တတိယေနရာမွာေတာ့ အမ္တီတီျဖစ္ျပီးေတာ့ အဝါကတ္ ၃ ကတ္ျပသထားခံထားရသလုိ၊ စတုတၱေနရာမွာေတာ့ ဘာစီလုိနာ B အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ အာရူဂ်ိဳက ဆီးဗီးလ္နဲ႔ တပြဲဝင္ကန္ခ်ိန္မွာ အနီကတ္ ကုိ ရယူသြားခဲ့တာပါ။ ပီေကးရဲ႕ လက္ရွိအဝါကတ္ အေနအထားကေတာ့ စံခ်ိန္တစ္ခုကုိ မေရာက္ေသးပါဘူး။ သူ႔ရဲ႕ ေဘာလံဳးသမုိင္းကုိ ျပန္ၾကည့္မယ္ဆုိရင္ ၂၀၁၅-၁၆ တစ္ရာသီလံုးမွာ စုစုေပါင္း ၁၇ ကတ္ထိ ျပသခံခဲ့ရပါတယ္။ ေနာက္ဆံုးကစားခဲ့တဲ့ ဗလင္စီယာနဲ႔ ပြဲမွာ ငါးကတ္ေျမာက္ အဝါကတ္ထိခဲ့တာေၾကာင့္ ပီေကးကေတာ့ လာမယ့္ လီဗန္ေတးနဲ႔ ပြဲစဥ္ကုိ လြဲေခ်ာ္သြားေတာ့မွာျဖစ္ပါတယ္။

Image result for pique yellow cards

Source : All Football

Sports Village

Sports Village