ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ ဘယ်လောက်ခက်ခဲကြောင်း ရင်ဖွင့်လာခဲ့သည့် ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောင်းရာသီစကတည်းက ကစားသမားပေါင်းများစွာကို ခေါ်ယူဖို့ သတင်းတွေထွက်ခဲ့ပေမယ့် လက်တွေ့မှာတော့ တစ်ယောက်မှ ရောက်လာခဲ့ခြင်းမရှိပါဘူး။ ဟာလန်းကို ခေါ်ယူဖို့ ဦးဆုံးချိတ်ဆက်ပေမယ့် ဒေါ့မွန်အသင်းက လက်ဦးသွားခဲ့သလို၊ ဖာနန်ဒက်စ်ကိစ္စမှာလည်း ပြောင်းရွှေ့ကြေး ညှိ့နှိုင်းမရတာကြောင့် ပျက်လုဆဲဆဲ အခြေအနေကို ဆိုက်ရောက်နေပါတယ်။

ယူနိုက်တက်ရဲ့ အနေအထားဟာ ဒီအပြောင်းအရွှေ့မှာ လူသစ်ထပ်ဝယ်ဖို့ လုပ်ဆောင်သင့်တာဖြစ်ပြီး မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ရာသီမကုန်ခင် ဖြတ်သန်းရမယ့် ၄ လတာကာလဟာ အတော်လေးခက်ခဲမယ်လို့ ယူဆလို့ရပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်လည်း ကစားသမားသစ်ခေါ်ယူချင်ပေမယ့် ဘုတ်အဖွဲ့ရဲ့ လှုပ်ရှားမှုအားနည်းပုံနှင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၏ သဘောသဘာဝကြောင့် လိုချင်ပေမယ့် ငေးကြည့်ရတဲ့ အဖြစ်ကို ရောက်နေပါတယ်။ ဆောင်းရာသီအပြောင်းရွှေ့ကာလဟာ ပုံမှန်အားဖြင့် အပြောင်းအရွှေ့လုပ်ဖို့ ခက်ခဲတက်တာဖြစ်ပြီး ငွေကြေးနိုင်နိုင်နင်းနင်းသုံးစွဲနိုင်မှသာ ကစားသမားကို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ယူနိုက်တက်က အပြောင်းအရွှေ့သတင်းနှင့် ပတ်သတ်ပြီး ထွေထွေထူးထူးပြောစရာမရှိသလို၊ ဆောင်းရာသီဈေးကွက်ရဲ့ အခက်အခဲတွေကို ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

Image result for solskjaer

“ကျွန်တော့်မှာတော့ အပြောင်းအရွှေ့သတင်းနဲ့ ပတ်သတ်ပြီး ခင်ဗျားတို့ကို ထွေထွေထူးထူး ပြောစရာမပါလာခဲ့ဘူး။ တကယ်လည်း အခုထိ ဘာမှ ပြောစရာမရှိပါဘူး။ တစ်စုံတစ်ယောက်ကို ခေါ်ယူမယ်ဆိုရင် ကလပ်အသင်းက လှုပ်ရှားမှာပါ။ အဲ့ဒီအချိန်ကြရင် စောင့်ကြည့်နေလိုက်ပေါ့။ ဒီအပြောင်းအရွှေ့ကာလဟာ အတော်လေး ခက်ခဲပါတယ်။ ဒါဟာ အမြဲတမ်းဖြစ်နေတာပါ။ ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ ကျွန်တော်တို့အသင်းက ဘယ်လောက်ထိ ကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်ဖြင့် မှတ်တောင် မမှတ်မိဘူး။ လာဆင်….. ဗီဒစ် နဲ့ ပက်ထရစ် အီဗရာတို့ကို ခေါ်ခဲ့တယ်။ သူတို့နှစ်ယောက်ကတော့ အကောင်းဆုံးပါပဲ။ ခက်ခဲတယ်၊ ခက်ခဲတယ်ဆိုတာထက်ကို ပိုခက်ခဲတယ်။ ဘာလို့ဆိုတော့ ကလပ်အသင်းတွေက သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို လက်မလွှတ်ချင်ဘူးလေ” လို့ ပြောခဲ့ပါတယ်။

Image result for solskjaer

[ZG]

ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေခၚယူဖုိ႔ ဘယ္ေလာက္ခက္ခဲေၾကာင္း ရင္ဖြင့္လာခဲ့သည့္ ဆုိးလ္ရွား

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေဆာင္းရာသီစကတည္းက ကစားသမားေပါင္းမ်ားစြာကုိ ေခၚယူဖုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ တစ္ေယာက္မွ ေရာက္လာခဲ့ျခင္းမရွိပါဘူး။ ဟာလန္းကုိ ေခၚယူဖုိ႔ ဦးဆံုးခ်ိတ္ဆက္ေပမယ့္ ေဒါ့မြန္အသင္းက လက္ဦးသြားခဲ့သလုိ၊ ဖာနန္ဒက္စ္ကိစၥမွာလည္း ေျပာင္းေရႊ႕ေၾကး ညိွ႕ႏႈိင္းမရတာေၾကာင့္ ပ်က္လုဆဲဆဲ အေျခအေနကုိ ဆုိက္ေရာက္ေနပါတယ္။

Image result for bruno fernandes

ယူႏုိက္တက္ရဲ႕ အေနအထားဟာ ဒီအေျပာင္းအေရႊ႕မွာ လူသစ္ထပ္ဝယ္ဖုိ႔ လုပ္ေဆာင္သင့္တာျဖစ္ျပီး မလုပ္ႏုိင္ခဲ့ဘူးဆုိရင္ေတာ့ ရာသီမကုန္ခင္ ျဖတ္သန္းရမယ့္ ၄ လတာကာလဟာ အေတာ္ေလးခက္ခဲမယ္လုိ႔ ယူဆလုိ႔ရပါတယ္။ ဆုိးလ္ရွားကုိယ္တုိင္လည္း ကစားသမားသစ္ေခၚယူခ်င္ေပမယ့္ ဘုတ္အဖြဲ႕ရဲ႕ လႈပ္ရွားမႈအားနည္းပံုႏွင့္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလ၏ သေဘာသဘာဝေၾကာင့္ လုိခ်င္ေပမယ့္ ေငးၾကည့္ရတဲ့ အျဖစ္ကုိ ေရာက္ေနပါတယ္။ ေဆာင္းရာသီအေျပာင္းေရႊ႕ကာလဟာ ပံုမွန္အားျဖင့္ အေျပာင္းအေရႊ႕လုပ္ဖုိ႔ ခက္ခဲတက္တာျဖစ္ျပီး ေငြေၾကးႏုိင္ႏုိင္နင္းနင္းသံုးစြဲႏုိင္မွသာ ကစားသမားကုိ ေခၚယူႏုိင္မွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ယူႏုိက္တက္က အေျပာင္းအေရႊ႕သတင္းႏွင့္ ပတ္သတ္ျပီး ေထြေထြထူးထူးေျပာစရာမရွိသလုိ၊ ေဆာင္းရာသီေစ်းကြက္ရဲ႕ အခက္အခဲေတြကုိ ဆုိးလ္ရွားက ေျပာသြားခဲ့ပါတယ္။

Image result for solskjaer

“ကၽြန္ေတာ့္မွာေတာ့ အေျပာင္းအေရႊ႕သတင္းနဲ႔ ပတ္သတ္ျပီး ခင္ဗ်ားတုိ႔ကို ေထြေထြထူးထူး ေျပာစရာမပါလာခဲ့ဘူး။ တကယ္လည္း အခုထိ ဘာမွ ေျပာစရာမရွိပါဘူး။ တစ္စံုတစ္ေယာက္ကုိ ေခၚယူမယ္ဆုိရင္ ကလပ္အသင္းက လႈပ္ရွားမွာပါ။ အဲ့ဒီအခ်ိန္ၾကရင္ ေစာင့္ၾကည့္ေနလုိက္ေပါ့။ ဒီအေျပာင္းအေရႊ႕ကာလဟာ အေတာ္ေလး ခက္ခဲပါတယ္။ ဒါဟာ အျမဲတမ္းျဖစ္ေနတာပါ။ ဒီဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကၽြန္ေတာ္တုိ႔အသင္းက ဘယ္ေလာက္ထိ ေကာင္းမြန္တဲ့ အေျပာင္းအေရႊ႕ေတြလုပ္ခဲ့တယ္ဆုိတာကုိ ကၽြန္ေတာ္ျဖင့္ မွတ္ေတာင္ မမွတ္မိဘူး။ လာဆင္….. ဗီဒစ္ နဲ႔ ပက္ထရစ္ အီဗရာတုိ႔ကုိ ေခၚခဲ့တယ္။ သူတုိ႔ႏွစ္ေယာက္ကေတာ့ အေကာင္းဆံုးပါပဲ။ ခက္ခဲတယ္၊ ခက္ခဲတယ္ဆုိတာထက္ကုိ ပုိခက္ခဲတယ္။ ဘာလုိ႔ဆုိေတာ့ ကလပ္အသင္းေတြက သူတုိ႔ရဲ႕ အေကာင္းဆံုး ကစားသမားေတြကုိ လက္မလႊတ္ခ်င္ဘူးေလ” လုိ႔ ေျပာခဲ့ပါတယ္။

Image result for solskjaer

Source : Sky Sport

Sports Village

Sports Village