ဘာစီလိုနာ နှင့် အာဆင်နယ်တို့ထက် ငွေကြေးပိုမိုသုံးစွဲကာ ဘရာဇီးလ်လူငယ်ကြယ်ပွင့်ကို ကမ်းလှမ်းခဲ့သည့် မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်နှင့် ဘာစီလိုနာတို့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိသည့် အသက် ၁၇ နှစ်အရွယ် ဘရာဇီးလ် လူငယ်ကြယ်ပွင့် ယန်းကူတိုအား ငွေကြေး အမြောက်အမြားသုံးစွဲကာ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူငယ်ကစားသမားရဲ့ တန်ကြေးဟာ ပေါင် ၄ သန်းမှ ၅ သန်းပတ်ဝန်းကျင်ရှိပေမယ့် မန်ချက်စတာစီးတီးကတော့ ကူတိုကို အနည်းဆုံး ပေါင် ၇.၅ သန်း မှ ၁၂ သန်းထိတိုးမြှင့်ကာ ကမ်းလှမ်းထားပါတယ်။

Image result for yan couto"

ကူတိုဟာ နောက်ခံညာအစွန်မှာ ကစားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘရာဇီးကလပ် ကိုရီတီဘာ ကလပ်မှာ ကစားနေတာဖြစ်ပါတယ်။ ဘရာဇီးလ်ရဲ့ လူငယ်မျိုးဆက်ထဲမှာတော့ ကူတိုဟာ အရည်အသွေးမြင့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး အာဆင်နယ်အသင်းကလည်း ဟက်တာဘယ်လာရင်၏နေရာကို အစားထိုးရန်အတွက် ရေရှည်တွက်ပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ထို့နည်းတူစွာ ဘာစီလိုနာအသင်းသည်လည်း ကူတိုကို ခေါ်ယူဖို့ ဆောင်းရာသီအပြောင်းအရွှေ့ကတည်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Image result for yan couto"

[ZG]





Source : All Football

Sports Village

Sports Village