စပါးအသင်းအတွက် ဖြစ်မလာနိုင်တော့တဲ့ ထိပ်တန်းအပြောင်းအရွေ့တစ်ခု

လက်ရှိဇန်နဝါရီအပြောင်းအရွေ့ကာလအတွင်း တောင်ပံကစားသမားတစ်ဦးခေါ်ယူထားတဲ့ စပါးအသင်းဟာ နောက်ထပ်ထိပ်တန်းတိုက်စစ် ကစားသမားတစ်ဦးကိုလည်းခေါ်ယူနိုင်ဖို့ကြိုးပမ်း‌နေတာဖြစ်ပါတယ်။ စပါးအသင်းဟာ လက်ရှိအပြောင်းအရွေ့ဈေးကွက်အတွင်းမှာ PSV အသင်းမှ အသက်(၂၂)နှစ်အရွယ် တောင်ပံကစားသမား စတီဗင်ဘာ့ဂ်ဝင်းကိုခေါ်ယူထားပြီးဖြစ်ပေမယ့် နောက်ထပ်တိုက်စစ်ကစားသမားခေါ်ယူဖို့ကြိုးပမ်း‌နေပါတယ်။

LONDON, ENGLAND – AUGUST 27: Davinson Sanchez of Tottenham Hotspur and Toby Alderweireld of Tottenham Hotspur look dejected after the Premier League match between Tottenham Hotspur and Burnley at Wembley Stadium on August 27, 2017 in London, England. (Photo by Tottenham Hotspur FC/Tottenham Hotspur FC via Getty Images)

အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ရီးယဲမက်ဒရစ်မှာ အနာဂတ်လှုပ်ခတ်နေတဲ့ ကစားသမားဟောင်း ဘေးလ်ကို အပြောင်းအရွေ့မပိတ်သိမ်းမီမှာ ပြန်လည်ခေါ်ယူဖို့ကြိုးပမ်း‌နေတာပါ။ ဥရောပမီဒီယာတစ်ခုရဲ့ဖော်ပြမှုအရ စပါးအသင်းဟာအပြောင်းအရွေ့နောက်ဆုံးရက် နောက်ဆုံးအချိန်မှာခေါ်ယူနိုင်ဖို့ကြိုးစားနေပေမယ့် အောင်မြင်နိုင်ဖွယ်မရှိဘူးလို့သိရပါတယ်။

Image result for Bale"

စပါးနည်းပြမော်ရင်ဟိုကလည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကစားရမယ့် အသင်းလူစာရင်းအင်အားကို ပိုမိုတောင့်တင်းစေဖို့ဂါရတ်ဘေးလ်ကိုခေါ်ယူလိုပေမယ့် သူ့ရဲ့ မျှော်လင့်ချက်တွေဟာ စပါး ဥက္ကဌ လီဗိုင်းရဲ့ သဘောထားကြောင့် ပျက်ပြယ်သွားဖို့ရှိနေပါ တယ်။ လီဗိုင်းဟာအသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဝေးလ်လက်ရွေးစင်ကစားသမားအတွက် ငွေကြေး များစွာသုံးစွဲဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။ စပိန်မီဒီယာတွေရဲ့ဖော်ပြမှုအရ စပါးအသင်းနဲ့ဂါရတ်ဘေးလ်ရဲ့ အပြောင်းအရွေ့ဟာ ကာလတိုအငှားခေါ်ယူမှုတစ်ခုသာဖြစ်လာနိုင်ပေမယ့် မက်ဒရစ်အခြေစိုက်ကလပ်နဲ့ ကစားသမားဘက်က အဆိုပါအခြေအနေကို စိတ်ဝင်စားခြင်းမရှိဟုသိရပါတယ်။

Image result for levy tottenham"

[ZG]

စပါးအသင္းအတြက္ ျဖစ္မလာႏိုင္ေတာ့တဲ့ ထိပ္တန္းအေျပာင္းအေ႐ြ႕တစ္ခု
————–
လက္ရွိဇန္နဝါရီအေျပာင္းအေ႐ြ႕ကာလအတြင္း ေတာင္ပံကစားသမားတစ္ဦးေခၚယူထားတဲ့ စပါးအသင္းဟာ ေနာက္ထပ္ထိပ္တန္းတိုက္စစ္ ကစားသမားတစ္ဦးကိုလည္းေခၚယူႏိုင္ဖို႔ႀကိဳးပမ္း‌ေနတာျဖစ္ပါတယ္။ စပါးအသင္းဟာ လက္ရွိအေျပာင္းအေ႐ြ႕ေဈးကြက္အတြင္းမွာ PSV အသင္းမွ အသက္(၂၂)ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား စတီဗင္ဘာ့ဂ္ဝင္းကိုေခၚယူထားၿပီးျဖစ္ေပမယ့္ ေနာက္ထပ္တိုက္စစ္ကစားသမားေခၚယူဖို႔ႀကိဳးပမ္း‌ေနပါတယ္။

အဓိက တိုက္စစ္မႉး ဟယ္ရီကိန္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ ရီးယဲမက္ဒရစ္မွာ အနာဂတ္လႈပ္ခတ္ေနတဲ့ ကစားသမားေဟာင္း ေဘးလ္ကို အေျပာင္းအေ႐ြ႕မပိတ္သိမ္းမီမွာ ျပန္လည္ေခၚယူဖို႔ႀကိဳးပမ္း‌ေနတာပါ။ ဥေရာပမီဒီယာတစ္ခုရဲ႕ေဖာ္ျပမႈအရ စပါးအသင္းဟာအေျပာင္းအေ႐ြ႕ေနာက္ဆုံးရက္ ေနာက္ဆုံးအခ်ိန္မွာေခၚယူႏိုင္ဖို႔ႀကိဳးစားေနေပမယ့္ ေအာင္ျမင္ႏိုင္ဖြယ္မရွိဘူးလို႔သိရပါတယ္။

စပါးနည္းျပေမာ္ရင္ဟိုကလည္း ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကစားရမယ့္ အသင္းလူစာရင္းအင္အားကို ပိုမိုေတာင့္တင္းေစဖို႔ဂါရတ္ေဘးလ္ကိုေခၚယူလိုေပမယ့္ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြဟာ စပါး ဥကၠဌ လီဗိုင္းရဲ႕ သေဘာထားေၾကာင့္ ပ်က္ျပယ္သြားဖို႔ရွိေနပါ တယ္။

လီဗိုင္းဟာအသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဝးလ္လက္ေ႐ြးစင္ကစားသမားအတြက္ ေငြေၾကး မ်ားစြာသုံးစြဲဖို႔ ဆႏၵမရွိျဖစ္ေနပါတယ္။ စပိန္မီဒီယာေတြရဲ႕ေဖာ္ျပမႈအရ စပါးအသင္းနဲ႔ဂါရတ္ေဘးလ္ရဲ႕ အေျပာင္းအေ႐ြ႕ဟာ ကာလတိုအငွားေခၚယူမႈတစ္ခုသာျဖစ္လာႏိုင္ေပမယ့္ မက္ဒရစ္အေျခစိုက္ကလပ္နဲ႔ ကစားသမားဘက္က အဆိုပါအေျခအေနကို စိတ္ဝင္စားျခင္းမရွိဟုသိရပါတယ္။

Source : AS

Sports Village

Sports Village