လာမဲ့နွေရာသီမှာ ငွေဘယ်လောက်ထိ သုံးစွဲမယ်ဆိုတာကို မသတ်မှတ်ရသေးတဲ့ #မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီဂန်နားဆိုးလ်ရှားက မကြာခင်ရောက်လာတော့မည့် အပြောင်းအရွှေ့ကာလမှာ ကလပ်အနေဖြင့် မည်ရွှေ့မည်မျှ ငွေကြေးသုံးစွဲသွားမည်ဆိုတာကို ယခုချိန်ထိ ရှင်းရှင်းလင်းရှင်းမသိသေးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ယခင်က ဆိုးလ်ရှားဟာ ၂၀၂၀-၂၁ နွေရာသီအပြောင်းအရွှေ့မှာ ခပ်ကြမ်းကြမ်းလှုပ်ရှားသွားမယ်လို့ ပြောခဲ့ဖူးသလို၊ ပေါင် သန်း ၁၀၀ ကျော်တဲ့ ဒေါ့မွန်စတား ဂျေဒန်ဆန်ချိုကိုတောင် ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ဂိုဏ်းချုပ် အက်ဝုဒ်ဝက်ဒ်က ကိုဗစ် -၁၉ ကြောင့် ယခုနွေရာသီဟာ ခါတိုင်းအချိန်တွေလိုမျိုး ဖြစ်နိုင်စရာအကြောင်းမရှိကြောင်း အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းအများစု ယိမ်းယိုင်ခဲ့သလို၊ ဘောလုံးလောကမှာလည်း တံခါးပိတ်ပြီး ကစားရသည့်အတွက်ကြောင့် ကလပ်တော်တော်များများ အရှုံးနှင့်ရင်ဆိုင်နေရပါတယ်။ အဘက်ဘက်က အရှုံးနှင့်ရင်ဆိုင်နေရသည့်အတွက်ကြောင့် ဝက်ဒ်ဝုဒ်ပြောသလိုမျိုး အသင်းတိုင်းဟာ ယခင်ပုံစံအတိုင်း လွယ်လွယ်ကူကူသုံးစွဲဖို့ အကြောင်းမရှိပဲ အားလုံးက သတိထားပြီး လုပ်ကိုင်ဆောင်ရွက်သွားဖို့သာရှိပါတယ်။ ဒီတော့ ဆိုးလ်ရှားကိုယ်တိုင်လည်း မကြာခင်ရောက်လာမည့် နွေရာသီကာလအတွင်း ငွေဘယ်လောက်ထိ သုံးစွဲမယ်ဆိုတာကို သူကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိသေးကြောင်း ပြောခဲ့ပါတယ်။

Manchester United condemns 'unwarranted attack' on Woodward's home ...

“ကပ်ရောဂါဆိုးကြီးက လူတိုင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ဟာ စောင့်ဆိုင်းပြီးတော့ ကပ်ရောဂါကြောင့် ဘယ်လိုတွေထိခိုက်နစ်နာသွားတယ်ဆိုတဲ့ အမှန်တရားတစ်ခုကို တွေးသင့်တယ်လို့ ထင်တယ်။ အခု ကိုယ့်ဆီမှာရော ဘယ်လိုမျိုး ဘဏ္ဍာရေးအခြေအနေရှိလဲဆိုတာ သိရမယ်။ တချို့အသင်းတွေက ရင်းနှီးမြုပ်နှံပေမယ့်၊ တချို့အသင်းတွေကတော့ မလုပ်ကြဘူး။ ခင်ဗျားတို့လည်း မြင်နေတာပဲ။ ကျွန်တော်တို့အပေါ်မှာ ဘယ်လောက်ထိပြင်းပြင်းထန်ထန် ထိခိုက်သွားလဲဆိုတာကို ကျွန်တော့်ဘက်က သေသေချာချာပြန်လည် လှည့်ကြည့်ရမယ်”

Ole Gunnar Solskjaer Says Manchester United Still Working to Add 1 ...

“ကလပ်က ဒီမတိုင်ခင်မှာ ဘယ်လောက်ထိ အမြတ်စွန်းရတယ်ဆိုတဲ့ ကိန်းဂဏန်းကို ထုတ်ပြီးကြေငြာခဲ့တယ်။ ဒါကို ကျွန်တော်သိပါတယ်။ ပြောရရင် ရတဲ့ပိုက်ဆံတွေက ကျွန်တော့်အတွက်မဟုတ်ဘူးလေ။ အခုဗျာ ကျွန်တော်တို့မှာ ငွေပမာဏ ဘယ်လောက်ကြီးရှိတယ်လို့ ပြောပေမယ့် ဒါဟာ ကျွန်တော်တို့အတွက်မဟုတ်ဘူး၊ ကျွန်တော်တို့ အဲ့ထဲက ဘယ်လောက်သုံးစွဲခွင့်ရမလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ဟာ ဘဏ္ဍာရေးအရ အင်အားတောင့်တင်းတဲ့ ကလပ်တစ်ခုဖြစ်သော်လည်း၊ ထိခိုက်တဲ့နေရာမှာလည်း သူများထက်ပိုပြီး အထိနာတယ်”

“ဘယ်တော့များမှ ပရိသတ်တွေဟာ ဘောလုံးကွင်းကြီးထဲကို လျှင်လျှင်မြန်မြန်နဲ့ ပြန်ရောက်လာမလဲဆိုတာကို သိချင်လှပြီ။ အမှတ်ပေးဇယား ရပ်တည်မှုဟာ ကျွန်တော်တို့အတွက်တော့ ဒီရာသီမှာ အတော်လေး အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ တကယ်လို့များ ကျွန်တော်တို့သာ FA , ယူရိုပါလိဂ်ဖလားတစ်လုံးလောက်ရလိုက်မယ်ဆိုရင်။ ယူရိုပါလိဂ်ကြောင့် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရလိမ့်မယ်။ ဒီ ၃-၄ လကတော့ မသေချာမှု၊ မရေရာမှုတွေနဲ့ လည်ပတ်နေအုံးမှာပဲ။ ကိုဗစ်ကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေးသမားတိုင်း၊ ဘောလုံးသမားတိုင်း၊ လူတိုင်းလူတိုင်းက ဘယ်လိုတွေဖြစ်လာအုံးမလဲဆိုတာကို ကောင်းကောင်းနားမလည်ကြဘူး” လို့ Goal.com သို့ ဆိုးလ်ရှားက ပြောပါတယ်။

Goal.com

Sports Village

Sports Village