ကစားသမားဘဝအနားယူသည်အထိ လီဗာပူးလ်အသင်းမှာသာ ကစားသွားချင်ပါတယ် #ရော်ဘတ်ဆန်

လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒရူးရော်ဘတ်ဆန်က လီဗာပူးလ်အသင်းမှာသာ ကစားသမားဘဝအနားယူသည်အထိ ဖြတ်သန်းသွားဖို့ ရှိနေပြီး၊ အန်ဖီးလ်ရဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ဖြစ်ချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ တိုက်စစ်ကို ကောင်းကောင်းလိုက်ပါကစားနိုင်ပြီး ၊ ခံစစ်မှာလည်း ပြီးပြည့်စုံစွာကစားနိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ရော်ဘတ်ဆန်ဟာ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ လူစာရင်းမှာ အရေးပါသည့်နေရာကပါဝင်ခဲ့ပါတယ်။ ရော်ဘတ်ဆန်ဟာ လီဗာပူးလ်အသင်းကို (၂၀၁၇) ဇူလိုင်လမှာ ဟူးလ်စီးတီးမှ ပေါင် (၈) သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ကာလရှည်စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

ရော်ဘတ်ဆန်က ပရီးမီးယားလိဂ ်ချန်ပီယံဖြစ်ပြီး နောက်ပိုင်း “ဘယ်အသင်းကို ကျွန်တော်မပြောင်းချင်ပါဘူး။ အချိန်တိုတွင်းမှာပဲ ဒီကလပ်က ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်မိသားစုကလည်း ဒီကလပ်ကိုချစ်တယ်၊ ကျွန်တော်လည်း တူတူပါပဲ။ ဘယ်အသင်းကိုမှမပြောင်းချင်ပါဘူး။ အခုချိန်မှာတော့ လီဗာပူးလ်ထက်ပိုကောင်းတဲ့ အသင်းဆိုတာ ဒီကမ္ဘာပေါ်မှာမရှိလောက်သေးဘူး။ ဘာလို့များ ဒီအသင်းကိုစွန့်ခွာပြီးအသင်းပြောင်းမှာတုန်း? ကျွန်တော်တို့မှာ ငယ်ရွယ်တဲ့ လူစာရင်းတစ်ခုကိုပိုင်ဆိုင်ထားတယ်၊ နောက်ထပ် ၅ နှစ်လောက်ထပ်ပြီး ကြိုးစားရင် ဖလားတွေဒီထက်ပိုပြီး ပိုင်ဆိုင်လို့ရတယ်”

Jordan Henderson relishes "unique feeling" as Andy Robertson ...

“အသင်းကြီး (၂) သင်းအဖြစ် စတင်ယှဉ်ပြိုင်ခွင့်ရတာဟာ ကောင်းလွန်းပါတယ်။ အခုချိန်မှာ ကျွန်တော်တို့က လွတ်လွတ်လပ်လပ်ဖြစ်သွားပြီးတော့ ဖလားတွေဒီထက်ပိုပြီး ပြတိုက်ထဲကို ပေါင်းထည့်အုံးမှာပါ။ မနေ့ညက ကျွန်တော်တို့ ဘော်ဒါတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံရတဲ့ ဖီးလ်ကတော့ အလွန်ကိုကောင်းပါတယ်။ ဒါမျိုးက ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ တစ်ကြိမ်တစ်ခါ ခံစားရတာမျိုးလုံးဝမဖြစ်ချင်ပါဘူး။ ဒီလိုမျိုးအောင်ပွဲခံတဲ့ ပျော်ရွှင်မှုကို အချိန်တိုင်းခံစားချင်ပါတယ်။ ယခုပျော်ရွှင်မှုတွေက နောက်ရာသီအတွက် အကောင်းဆုံးဖြစ်အောင် မောင်းနှင်ပေးပြီးတော့ နောက်ရာသီတွေမှာလည်း ဒီတိုင်းဆက်သွားမှာပါ” လို့ သူ့ရဲ့ ပျော်ရွှင်မှုတွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Andy Robertson Hails Liverpool's Run of Premier League Clean ...

All Football

Sports Village

Sports Village