ရှေ့အနာဂတ်နဲ့ ပတ်သတ်ပြီး အရိပ်အမြွက် ဖွင့်ဟလာခဲ့သည့် ချယ်လ်ဆီးကစားသမား #ဝီလီယံ

ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်ကစားသမား ဝီလီယံဟာ ယခုရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနှင့်စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပြီး အပြောင်းအရွှေ့ကောလဟလသတင်းများစွာထွက်ပေါ်နေပါတယ်။ ဝီလီယံကို ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်ကြသည့် အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် နှင့် စပါးစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီလိုစိတ်ဝင်စားမှုတွေရှိသော်လည်း ဝီလီယံအနေဖြင့် ချယ်လ်ဆီးအသင်းမှာ သာဆက်လက်ကစားသွားဖို့ အစီအစဉ်ရှိနေကြောင်းဖွင့်ဟခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနှင့် ရာသီအကုန်ထိ ဆက်လက်ကစားဖို့ ကာလတိုစာချုပ်ချုပ်ဆိုပြီးနောက်မှာတော့ နောက်ရာသီမှာလည်း စတမ်းဖို့ဘရစ်ချ်၌ ဆက်လက်ကစားဖို့ ရှိနေတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

“ရာသီကုန်လို့ အသင်းပဲပြောင်းရ ပြောင်းရ၊ ဒီမှာပဲ ဆက်ကစားကစား ဘယ်လိုဖြစ်ဖြစ် ဒီရာသီကို အကောင်းဆုံးပုံစံတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို ကျွန်တော်မသိသေးဘူး။ ဒါပေမယ့် ဒီရာသီကို ကောင်းကောင်းမွန်မွန်ကစားပြီးတော့ ချယ်လ်ဆီးအသင်းကို အဆင့် (၄) အတွင်းမှာ ရပ်တည်စေချင်ပါတယ်။ ကျွန်တော်တို့နောက်က အသင်းတွေကလည်း ဒီထက်ပိုပြီး နီးကပ်လာပြီးတော့ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ဖို့ လိုအပ်ပါတယ်” လို့ မန်ချက်စတာစီးတီးနှင့် ပွဲအပြီးမှာ ဝီလီယံက ပြောခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီးနောက် ပဉ္စမနေရာမှ မန်ချက်စတာယူနိုက်တက်ကို (၅) မှတ်ဖြတ်ပြီး အဆင့် (၄) နေရာမှ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အခြေနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

Metro

Sports Village

Sports Village