အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားကို ကမ်းလှမ်းခဲ့သည့် တော့တင်ဟမ်

တော့တင်ဟမ်စပါးစ်အသင်းဟာ နောက်တန်းအင်အားကို ဖြည့်တင်းဖို့အတွက် အာဆင်နယ်အသင်းက ခေါ်ယူဖို့ပစ်မှတ်ထားနေသည့် လိုင်လီနောက်ခံလူ ဂါဘရီရယ်မာဂါဟေးလ်ကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ၎င်း ဗဟိုခံစစ်မှူးဟာ အလားအလာရှိသည့် ကစားသမားတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ဥရောပအင်အားကြီးကလပ်များအပါအဝင်၊ အာဆင်နယ် နှင့် အဲဗာတန်အသင်းတို့က မျက်စိကျလျက်ရှိပါတယ်။ တော့တင်ဟမ်အသင်းကလည်း ၎င်းတို့ဟာ စိတ်ဝင်စားသည့်အတွက်ကြောင့် ပေါင် ၂၇ သန်းနှင့်အတူ စတင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။

Soccer Football – Ligue 1 – Olympique Lyonnais v Lille – Groupama Stadium, Lyon, France – December 3, 2019 Lille’s Gabriel and Jose Fonte celebrate after the match REUTERS/Emmanuel Foudrot

စပါးစ်နည်းပြမော်ရင်ဟိုဟာ ၎င်းအသင်းရဲ့ ခံစစ်အင်အားကို လာမည့်အပြောင်းအရွှေ့ကာလမှာ ပြုပြင်ပြောင်းလဲသွားဖို့ ဦးစားပေးအလုပ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ယခုရာသီ လိုင်လီအသင်းရဲ့ အမှတ်ပေးဇယား အဆင့်(၄) ရပ်တည်မှုမှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ဂါဘရီရယ်လ်ဟာ လိုင်လီအသင်းနှင့် လမ်းခွဲဖွယ်ရှိနေပါတယ်။ စပါးစ်အသင်းဝါရင့်နောက်ခံလူ ဂျန်ဗာတွန်ဂန်ဟာ ရာသီကုန်လျှင် အသင်းနှင့် လမ်းခွဲတော့မှာဖြစ်သလို၊ အယ်ဒါဝီရာသည်လည်း လုပ်အားနှုန်းလျော့ဆင်းလာသည့်အတွက်ကြောင့် မော်ရင်ဟိုက သူရဲ့ခံစစ်ကို ယခုလိုပြင်ဆင်ဖို့ ကြိုးစားလာတာပါ။

Gabriel Magalhães Archives - PSG Talk

ဂါဘရီရယ်လ်ကိုယ်တိုင်လည်း အသင်းပြောင်းဖို့အတွက် စကားလမ်းကြောင်းထားပြီးဖြစ်သည့်အတွက်ကြောင့် လိုင်လီအသင်းတောင်းဆိုသည့် ဈေးတစ်ခုကို ပေးနိုင်ပါက ဂါဘရီရယ်လ်ကို ခေါ်ယူခွင့်ရရှိမှာပါ။ “ကျွန်တော့်အကြောင်းပြောတဲ့ အသင်းတွေအများကြီးရှိနေတာကို ကြားရတော့ ကျေနပ်စရာပါပဲ။ ကျွန်တေ်ာကိုယ်တိုင်လည်း အမြင့်ကို တက်နိုင်သလောက် တက်ချင်ပါတယ်။ ဒါကြောင့်လည်း ဥရောပကို ကျွန်တော်လာခဲ့တာပါ။ အင်္ဂလန်လား၊ အီတလီလား။ ၂ ခုစလုံးက ကောင်းမွန်တဲ့ ချန်ပီယံရှစ်ပါပဲ။ လူးဝစ်ကမ်းပို့စ် (လိုင်လီအားကစားဒါရိုက်တာ) နဲ့လည်း ဘယ်အသင်းက ကျွန်တော်နဲ့အသင့်တော်ဆုံးလဲဆိုတဲ့အကြောင်းကို စကားပြောပြီးပြီ။ ”

Arsenal transfer round up: Gabriel Magalhaes plea, Arteta coy on ...

“ကျွန်တော့်အေးဂျင့်၊ ပြီးတော့ ဂျရတ်လိုပက်ဇ် (လိုင်လီအသင်းပိုင်ရှင်) နဲ့ ဂျို့စ်ဖွန်တီ (လိုင်လီအသင်းခေါင်းဆောင်) အစရှိတဲ့သူတွေနဲ့လည်း ပြောထားပြီးပါပြီ။ ဂတ်တူဆို က ကျွန်တော့်ကို အတော်လေး သဘောကျတယ်ဟုတ်လား? မပြောတက်ဘူးဗျ၊ ကျွန်တော်တို့ ဒီအကြောင်းမပြောရသေးဘူး။ အင်တာနက် နဲ့ ဆိုရှယ်မီဒီယာပေါ်မှာတော့ အကြောင်းအရာတွေမှ တပုံကြီးပါပဲ။ ဘယ်ဟာက အမှန်လည်း ကျွန်တော်ကိုယ်တိုင်မသိဘူး။ နေ့တိုင်းကိုမြင်တွေ့နေရတယ်။ လက်တွေ့မှာလည်း ကျွန်တော် ဘယ်သွားရမလဲဆိုတာကို တကယ်မသိဘူး။ ဘယ်နေရာမှာပဲ ကစားခွင့်ရရ ကျွန်တော်ကတော့ အမြင့်ဆုံး၊ အကောင်းဆုံး ပုံစံနဲ့ ကစားသွားမှာပါ။ ဒီအထဲက အသင်းတစ်သင်းကတော့ ကျွန်တော့်ကို ဘရာဇီးလ်လက်ရွှေးစင်ဖြစ်လာအောင် ကူညီပေးမှာပါ” လို့ ဂါဘရီရယ်လ်က ပြောခဲ့ပါတယ်။

LDN on Twitter: "Gabriel Magalhães and Hakim Ziyech deals ...

All Football

Sports Village

Sports Village