အလက်စန္ဒားအာနိုးလ်ဟာ နောက်တန်းသာမက ကွင်းလယ်မှာပါ ကစားနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ချီးကျူးခဲ့တဲ့ #ဂျိုကိုးလ်

အင်္ဂလန်ဝါရင့်ကစားသမား ဂျိုကိုးလ်က လီဗာပူးလ်အသင်း နောက်ခံလူ အလက်စန္ဒားအာနိုးလ်ဟာ နောက်ခံလူတစ်ယောက်အဖြစ်သာမက ကွင်းလယ်လူအဖြစ် ကစားနိုင်သည့် အရည်အချင်းများပိုင်ဆိုင်ထားသည်ဟု ချီးကျူးခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် အာနိုးလ်ဟာ လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုတွေမှာ မေ့ထားလို့မရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အာနိုးလ်ဟာ နဂိုက တောင်ပံကစားသမားတစ်ယောက်ဖြစ်သော်လည်း လီဗာပူးလ်အကယ်ဒမီရောက်ချိန်မှာတော့ ညာနောက်ခံလူအဖြစ် ပြောင်းလဲကစားခဲ့ပါတယ်။

ဂျိုကိုးလ်ကတော့ အာနိုးလ်ဟာ အင်္ဂလန် နှင့် လီဗာပူးလ်အတွက် တချိန်ချိန်မှာ တိုက်စစ်ကို ကစားဖို့ မဖြစ်နိုင်စရာမရှိကြောင်း ပြောခဲ့ပါတယ်။ “ထရန်ဟာ ပွဲတစ်ပွဲမှာဆိုရင် အရာအားလုံးကို သူစွမ်းဆောင်နိုင်တယ်။ သူဟာ အသက် ၂၁ နှစ်လောက်ပဲရှိသေးတယ်ဆိုပေမယ့်လည်း ဒါမျိုးတွေလုပ်နိုင်လိမ့်မယ်လို့ တွေးမိမှာတောင်မဟုတ်ဘူး။ ကွင်းထဲရောက်ရင် လွတ်လွတ်လပ်လပ် အေးဆေးပဲ။ ကျွန်တော်သာ ဂျာဂန်ကလော့ပ်ဖြစ်ခဲ့မယ်ဆိုရင် သူ့မှာရှိတဲ့ အရည်အချင်းကို အသုံးချပြီးတော့ ကွင်းလယ်ကို တက်ကစားခိုင်းမှာပဲ။ ဒီနိုင်ငံရဲ့ အကောင်းဆုံး ဘောလုံးပေးပို့သူဆိုရင်လည်း မမှားပါဘူး။ အင်္ဂလန်မှာဆိုရင်တော့ သူ့ကို ကွင်းလယ် ကစားခိုင်းကြည့်ရမယ်။ ပေးပို့တဲ့အနေအထား၊ set-piece ပိုင်နိုင်မှုတွေနဲ့ အတူ ချီးကျူးဖို့ကောင်းတဲ့ ပင်ကိုယ်ပါရမီရှင်လေးပါ။ သူ့မှာအချိန်ရှိသေးတယ်၊ ဒီလိုမျိုးကြိုးစားသင့်တယ်” လို့ ပြောခဲ့ပါတယ်။

Reece James can push Trent Alexander-Arnold for England role says ...

All Football

Sports Village

Sports Village