မန်ယူကတော့ လီဗာပူးလ်နဲ့ တွေ့ရင် ဆက်ပြီးရုန်းကန်နေရအုံးမှာပဲ #ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းက သူ၏အသင်းဟောင်းဟာ နောက်ရာသီမှာ လီဗာပူးလ် သို့မဟုတ် မန်ချက်စတာစီးတီးနှင့် ထိပ်တိုက်တွေ့ဆုံတိုင်း ဆက်ပြီး ရုန်းကန်နေရအုံးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယမန်နေ့ညက ကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နောဝစ်ချ်အသင်းကို အဝေးကွင်း၌ ခက်ခက်ခဲခဲ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခဲ့ပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၃) ပွဲဆက်တိုက် လုံးဝရှုံးပွဲမရှိဆိုသည့် စံချိန်တစ်ခုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

Ranking every Manchester United player's Premier League season

ရာသီအစက ရလဒ်ဆိုးများကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့်(၆) နေရာမှာ ရပ်တည်နေပြီး၊ အဆင့် (၄) နေရာက ချယ်လ်ဆီးအသင်းနှင့် (၅) မှတ်ကွာမှာရောက်နေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ အတော်လေးသိသာပြောင်းလဲလာခဲ့ပြီး နောက်ပိုင်းကာလတစ်ခုမှာ ယူနိုက်တက်ရဲ့ ရလဒ်ပိုင်းဟာ တိုးတက်လာခဲ့ပါတယ်။ ဟယ်ရီမက်ဂွဲယားကြောင့် နောက်တန်းဟာ အတိုင်းအတာတခုအထိ ကျစ်လစ်ခိုင်မာသွားပြီလို့ ဆိုရပေမယ့်လည်း သူနဲ့တွဲဖက်ကစားဖို့အတွက် ကစားဖော်တစ်ယောက်တော့ မဖြစ်မနေလိုအပ်နေပါတယ်။ ” ဒီပုံစံအတိုင်းဆိုရင် နောက်ထပ် (၁) နှစ်လည်း ယူနိုက်တက်ကတော့ လီဗာပူးလ် ဒါမှမဟုတ် မန်စီးတီးကို ကျော်ဖြတ်ဖို့ တော်တော်လေးခက်ခဲအုံးမှာပဲ” လို့ ရွိုင်ကိန်းက နောဝစ်ချ်စီးတီးနှင့် ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

Not Good Enough | Norwich 1-2 Man United | United Review - YouTube

Daily Mail

Sports Village

Sports Village