အာတီတာအတွက် ခက်ခဲအုံးမယ့် ပုစ္ဆာတစ်ပုဒ် (သို့မဟုတ်) ရှက်ဖီးယူနိုက်တက် Vs အာဆင်နယ် ပွဲကြို သုံးသပ်ချက်

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ညမှာတော့ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ နောက်ဆုံးကစားခဲတဲ့ ပရီးမီးယားလိဂ် (၃) ပွဲဆက်မှာ အခြေအနေသိပ်ကောင်းလှတာမဟုတ်ပဲ ရမှတ်တွေဆုံးရှုံးထားပါတယ်။ ဒါကြောင့် အခြေအနေမကောင်းတဲ့ အသင်း (၂) သင်းထိပ်တိုက်တွေ့ဆုံမှု၊ အားပြိုင်မှု ပွဲတစ်ပွဲဟာ အတော်လေး ကြည့်ကောင်းမှာဖြစ်ပါတယ်။

Team News

ရှက်ဖီးယူနိုက်တက်ရဲ့ အရေးပါသော နောက်တန်းကစားသမား ဂျက်အိုကော်နယ်လ်ဟာ ဒီပွဲမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ရှိပါတယ်။ အိုကော်နယ်လ်ဟာ ခရစ်ဝိုက်ဒါရဲ့ အားကိုးရတဲ့ နောက်တန်းကစားသမားတစ်ဦးဖြစ်ပြီး တိုက်စစ် overlap လုပ်ပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်ရဲ့ နောက်ဆုံး (၃) ပွဲဆက် ရလဒ်မကောင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်ကတော့ အိုကော်နယ်လ် မပါဝင်နိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ထို့အပြင် ယူနိုက်တက်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ခြင်းမရှိတဲ့ ဂိုးသမား ဒင်းဟန်ဒါဆင်ကတော့ ဒီပွဲမှာသေချာပေါက် ပြန်လည်ပွဲထွက်လာဖို့ရှိပါတယ်။ ထို့အတူ ဗဟိုနောက်ခံလူ ဂျွန်အီဂန်သည်လည်း အနီကတ်ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်တာကြောင့် ရှက်ဖီးယူနိုက်တက် အနေနဲ့ ဧည့်သည် အာဆင်နယ်အသင်းကို လူစုံတက်စုံနဲ့ ရင်ဆိုင်လာနိုင်ပြီး အားကုန်ထုတ်ကစားသွားမှာပါ။

Sheffield United's Jack O'Connell can't wait to face boyhood club ...

အာဆင်နယ်အသင်းနဲ့ ပတ်သတ်လို့ ပြောရမယ်ဆိုရင် ဒဏ်ရာရ ကစားသမားအများအပြားရှိနေတာကို တွေ့ရပါတယ်။ ဂိုးသမား လီနို၊ နောက်ခံလူ မာရီ၊ ချိန်ဘာစ်၊ ကွင်းလယ်လူ တော်ရိုင်းယား နဲ့ တိုက်စစ်မှာဆိုရင် မာတီနယ်လီတို့ ဒဏ်ရာပြသာနာအသီးသီး ကြုံတွေ့ထားရပါတယ်။ ဒီပွဲမှာ မန်ချက်စတာစီးတီးနဲ့ပွဲက အနီကတ် ပြသခံခဲ့ရတဲ့ ဝါရင့်နောက်ခံလူ ဒေးဗစ်လုဇ်တစ်ယောက် ပြစ်ဒဏ်စေ့ပြီ ဖြစ်သည့်အတွက်ကြောင့် ပါဝင်ကစားလာနိုင်ပါတယ်။ ထို့အတူ ဆောက်သမ်တန် နဲ့ပွဲမှာ အခေါက်ခံထားရတဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီလည်း ပါဝင်လာနိုင်သလို၊ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်တို့ဟာ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရနိုင်ပါတယ်။

Gabriel Martinelli adds to Arsenal's injury woes

Match Facts

ရှက်ဖီးယူနိုက်တက် နဲ့ အာဆင်နယ်တို့ဟာ ၂၀၀၅ ခုနှစ်က ပဉ္စမအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး မိနစ် (၉၀) အထိသရေရလဒ်ထွက်ပေါ်ခဲ့သည့်အတွက်ကြောင့် ပင်နယ်တီဆက်လက်ကန်သွင်းရာမှာ ဂန်းနားတို့က (၄-၂) ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရှက်ဖီးယူနိုက်တက် အိမ်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ နောက်ဆုံး (၈) ပွဲဆက်မှာ (၁) ပွဲသာ အနိုင်ရပြီး (၄ ပွဲသရေ၊ ၃ ပွဲရှုံး) ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

Stuart MacFarlane on Twitter: "Pictures from 13 years ago today as ...

ရှက်ဖီးယူနိုက်တက်ဟာ ပြီးခဲ့သည့်ရာသီက FA ဖလား ကွာတားဖိုင်နယ်အဆင့်မှာ လိဂ်ဝမ်းကလပ် ချာလ်တန်အသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့သော်လည်း အဆိုပါအဆင့်မှာ ဟူးလ်စီးတီးကို (၅-၃) ရလဒ်နဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

FA ဖလားမှာ အစဉ်အလာကောင်းရှိတဲ့ အာဆင်နယ်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ကွာတားဖိုင်နယ် (၁၅) ပွဲဆက်မှာ (၂၀၁၀-၁၁ မှာ မန်ချက်စတာယူနိုက်တက်၊ ၂၀၁၅-၁၆မှာ ဝက်ဖို့ဒ် အသင်းတို့ကိုသာ အရေးနိမ့်ဖူးပြီး) (၁၃) ပွဲတိတိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်းတွေရှိပါတယ်။

Sheffield United vs Arsenal: Match details, team news and probable ...

Prediction

ဘောလုံးတွေ ပြန်စပြီး နောက်ပိုင်းမှာတော့ ရှက်ဖီးယူနိုက်တက်ဟာ (၃) ပွဲကစားခဲ့ပြီး အက်စ်တွန်ဗီလာတစ်သင်းထဲကိုသာ သရေကျကာ၊ နယူးကာဆယ်နှင့် မန်ယူတို့ကို အရေးနိမ့်ထားတာကြောင့် (၁) မှတ်သ ာပိုင်ဆိုင်ထားပါတယ်။ ဒီပွဲစဉ်ဟာ ရှက်ဖီးယူနိုက်တက်အတွက်တော့ အိမ်ကွင်းကစားရမှာဖြစ်သလို၊ ယခင်ရှုံးပွဲတွေကို အဖတ်ဆယ်ဖို့အတွက် အလွန်အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။  တဖက်က အာဆင်နယ်အသင်းကလည်း သူတို့အပေါ်မှာ ကျရောက်နေတဲ့ ရလဒ်ဆိုးတွေကို ဖယ်ရှားပစ်ဖို့အတွက် လူစုံတက်စုံနဲ့ ကြိုးပမ်းအားထုတ်လာနိုင်ပါတယ်။ FA ဖလားအစဉ်အလာကောင်းတွေရှိတဲ့အတွက်ကြောင့် အာတီတာအနေနဲ့ ဒီပွဲကို လုံးဝအလျော့ပေးဖို့ လမ်းမမြင်ပါဘူး။

Blade stunner: Lys Mousset goal heaps more pressure on Unai Emery ...

ခန့်မှန်းရလဒ် ရှက်ဖီးယူနိုက်တက် ဝ-၁ အာဆင်နယ်

Ref: Sky Sports

Sports Village

Sports Village