ဒေးဗစ်လုဇ်ကို သက်တမ်းတိုးခဲ့တဲ့ အာဆင်နယ်ဒါရိုက်တာ အီဒူးရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့သည့် ဂျိုကိုးလ်

ချယ်လ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က အမှားများတဲ့ အာဆင်နယ်အသင်းနောက်ခံလူ ဒေးဗစ်လုဇ်နဲ့ တပွဲမှမကစားရသေးတဲ့ နောက်ခံလူ ဆီဒရစ် ဆောရက်စ်ကို သက်တမ်းတိုးခဲ့သည့် အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာ အီဒူး၏ လုပ်ရပ်ကို ဝေဖန်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့သည့်တပတ်က ဒေးဗစ်လုဇ် အပါအဝင် အသင်းမှာလက်ရှိကစားနေတဲ့ အဌားကစားသမားများဖြစ်သည့် စီဘယ်လော့စ်၊ ဆောရက်စ် နှင့် ပါဘလို မာရီတို့ကို အဌားသက်တမ်းတိုးသူတိုး၊ အပြီးသတ်ဝယ်သူကို ဝယ်ပြီး အပြောင်းအရွှေ့ကာလမရောက်ခင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် အာဆင်နယ်ပရိသတ်အများစု၏ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ဂျိုကိုးလ်ကိုယ်တိုင်လည်း အာဆင်နယ်နည်းပြ အာတီတာကို သနားမိကြောင်း ပြောခဲ့ပါတယ်။

Arsenal confirm four new contracts as David Luiz extends by year ...

ထို့အပြင် ဒါရိုက်တာအီဒူးရဲ့ လုပ်ရပ်တွေအပေါ်မှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး၊ ဘာကြောင့် ဒီလိုလုပ်လဲဆိုတာကို ဂျိုကိုးလ်က သိချင်နေပါတယ်။ “ဒါတွေအားလုံးလုပ်လိုက်တဲ့အချိန်မှာ ကျွန်တော် အသနားဆုံး လူတစ်ယောက်ပဲရှိတယ်။ သူကတော့ မီခေးလ်အာတီတာပါ။ သူ့ကိုကြည့်ရတာ ထိပ်တန်းနည်းပြတစ်ယောက် ပုံစံဖြစ်နေပေမယ့်၊ အခုလုပ်တဲ့ပုံစံက စနစ်တစ်ခုကို အသက်သွင်းပြောင်းလဲဖို့ ကြိုးစားနေပုံပဲ။ ဒေးဗစ်လုဇ်က ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီးတော့ အောင်မြင်မှုများစွာရခဲ့တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါပေမယ့် ဒီရာသီခြေစွမ်းကို ကြည့်လိုက်ပါအုံး၊ သူ့ကို ဘယ်သူကများ သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ချလိုက်လဲမသိဘူး ” လို့ ဂျိုကိုးလ်က စတင်ဝေဖန်ခဲ့ပါတယ်။

Edu set to become Arsenal technical director after Copa América ...

ဟုတ်ပါတယ်၊ဒေးဗစ်လုဇ်ဟာ ယခုရာသီမှာ မဖြစ်သင့်တဲ့အမှားကြီးတွေကို ကျူးလွန်းခဲ့ပြီး အာဆင်နယ်အသင်းအတွက် ရမှတ်တွေလျော့အောင် လုပ်နေသလိုဖြစ်နေပါတယ်။ အထူးသဖြင့် လီဗာပူးလ်နဲ့ ပထမအကျော့ကစားခဲ့တဲ့ ပွဲစဉ်မှာလည်းကောင်း၊ အခုနောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာဆိုရင် သူ့ရဲ့ ပေါ့ဆမှု ၊ အာရုံစူးစိုက်မှုမရှိတဲ့ ကစားပုံကြောင့် အာဆင်နယ်အသင်းဟာ အရှုံးဆိုတဲ့ ရလဒ်တစ်ခုကို ဦးတည်ခဲ့ပါတယ်။ ထို့အတူ အာဆင်နယ်ကို ဆောင်းရာသီကာလမှာ ရောက်ကတည်းက ဒဏ်ရာတွေနဲ့ လုံးပမ်းနေရပြီး တပွဲမှ မကစားရသေးတဲ့ ဆောရက်စ်ကို သက်တမ်းတိုးတဲ့ ကိစ္စကိုလည်း ဂျိုကိုးလ်က ဝေဖန်ခဲ့ပါတယ်။ ညာနောက်ခံလူ လိုအပ်ချက်ကြောင့် ဆောရက်စ်ကို ခေါ်ယူခဲ့ရတယ်ဆိုသော်ငြားလည်း အာဆင်နယ်အသင်းရဲ့ အနေအထားနဲ့ ဆောရက်စ်ဟာ ထင်သလောက်လုပ်ပြနိုင်မှာမဟုတ်ဘူးလို့ ဂျိုကိုးလ်က ပြောပါတယ်။

B/R Football on Twitter: "It's official: • Arsenal hand David Luiz ...

“ဆီးဒရစ်လား- ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အသက် ၂၉ နှစ်အရွယ် သူ့ကို ခေါ်လိုက်တာဟာ အဆင်မပြေဘူး။ သူဟာ ထိပ်တန်းအဆင့်မှာ ကစားခဲ့ရတာမျိုးမဟုတ်သလို၊ သေချာပေါက် ကစားနိုင်မှာမဟုတ်ဘူး။ သူ့ကို ထူးထူးခြားခြားလုပ်ပြဖို့ တောင်းဆိုပြီးတော့ ၄ နှစ်စာချုပ်ချုပ်ပစ်လိုက်တယ်။ ကျွန်တော်သာ အာဆင်နယ်ပရိသတ်တစ်ယောက်ဆိုရင်တော့ အီဒူးနဲ့ ဆုံးဖြတ်ချက်ချတဲ့ လူတွေရဲ့ လုပ်ရပ်တွေကို မေးခွန်းထုတ်မှာပါ။ အာတီတာအတွက်တော့ စိတ်မကောင်းဘူးဗျာ၊ သူက အသက်ငယ်တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမဲ့ ကတိတွေတပုံကြီးရထားတယ်” လို့ ဂျိုကိုးလ်က အဆုံးသတ်ပြောခဲ့ပါတယ်။

Unai said': Edu suggests one Arsenal player has surprised him – HITC

All Football

Sports Village

Sports Village