ရာထူးထိုင်ခုံ ခပ်လှုပ်လှုပ်ဖြစ်လာပြီဖြစ်သည့် ဘာစီလိုနာနည်းပြ #ဆက်တီယန်

စပိန်လာလီဂါဟာ ယခုနှစ်မှာ ချန်ပီယံဆုအတွက် အတော်လေး ပြိုင်ဆိုင်မှုပြင်းထန်တာကို တွေ့ရပါတယ်။ ပွဲပြီးဖို့ (၆) ပွဲလောက်အလိုမှာတင် ထိပ်ဆုံး (၂) သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အမှတ်ကွာဟချက်ဟာ (၂) မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ (၂) မှတ်တိတိကွာဟသွားခဲ့ပြီး ချန်ပီယံဆုကို ထိန်းထားဖို့ ခက်ခဲလာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း ပွဲကျပ်တွေဆက်တိုက်ကစားထားရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ယနေ့ညမှာလည်း အေတီကိုမက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အေတီကိုနဲ့ပွဲသာ မတော်တဆ အရေးနိမ့်ခဲ့မယ်ဆိုပါက နည်းပြဆက်တီယန်ဟာ ရာထူးမှ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီပွဲရလဒ်ဟာ ဆက်တီယန်အတွက်တော့ အတော်လေး အရေးပါတယ်လို့ ဆိုရမှာဖြစ်ပြီး ဖိအားတွေလည်း များနေလောက်ပါပြီ။ ဆက်တီယန်ဟာ ဘာကာကစားသမားတွေနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာမှာ ကွဲလွဲချက်များရှိနေပြီး အချေအတင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဘာကာကြယ်ပွင့် မက်ဆီ နဲ့ ဆက်တီယန်တို့အကြားမှာ ပြသာနာတစုံတရာရှိနေတယ်လို့ AS သတင်းစာကဖော်ပြထားပါတယ်။ ဘာကာဥက္ကဌ ဘာတိုမြူကိုယ်တိုင်လည်း ဆက်တီယန်ရဲ့နေအိမ်သို့ သွားရောက်ပြီး စကားဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ယခင်နည်းပြဟောင်း ဗာဗယ်လ်ဒီလက်ထက်မှာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာကြောင့် အစားထိုးခန့်အပ်ခံရတဲ့ ဆက်တီယန်ဟာ ဘာကာအသင်းကို ကိုင်တွယ်ပြီး ၁၂ လမပြည့်ခင်မှာတင် နူကမ့်ကို စွန့်ခွာရဖို့ နီးစပ်နေပါပြီ….

Quique Setién is the new coach of FC Barcelona

AS

Sports Village

Sports Village