အသင်းနဲ့ ဟန်ချက်ညီစွာ လိုက်ပါကစားနိုင်ပေမယ့် စီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိသည့် အာတီတာ

ရီးရဲလ်မက်ဒရစ်မှ အာဆင်နယ်အသင်းမှာ အဌားဖြင့် လာရောက်ကစားလျက်ရှိသည့် စပိန်ကွင်းလယ်လူ စီဘယ်လော့စ်ဟာ လန်ဒန်မြေမှာ ခြေစွမ်းကောင်းတချို့ပြသထားနိုင်သော်လည်း အပြီးသတ်ခေါ်ယူသွားဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ စီဘယ်လော့စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နောက်ကျသွင်းဂိုးကို သွင်းယူပြီးခဲ့ပြီး အာဆင်နယ်အသင်းကို နောက်တဆင့်တက်လှမ်းနိုင်အောင်ကူညီပေးခဲ့ပါတယ်။ စီဘယ်လော့စ်ဟာ ယခင်နည်းပြဟောင်း အူနိုင်းအမ်မရီရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိ နည်းပြ အာတီတာကတော့ သူ့ကို သိပ်ပြီး သဘောတွေ့ပုံမရပါဘူး။

သူကိုယ်တိုင်လည်း ရာသီကုန်ရင် ဘယ်လိုဆက်လုပ်ရမှန်းမသိသေးတဲ့ စီဘယ်လော့စ်ဟာ အာဆင်နယ်အသင်းအတွက် ယခုရာသီမှာ ပြိုင်ပွဲစုံ စုစုပေါင်း (၂၅) ပွဲကစားပေးခဲ့ပြီး (၁) ဂိုးသွင်းယူကာ (၂) ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းဟာ စီဘယ်လော့စ်ကို ဌားရမ်းဖို့အတွက် ပေါင် ၃.၅သန်း အသုံးပြုခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကိုပေးချေခဲ့ပါတယ်။ ယခင်နည်းပြအူနိုင်းအမ်မရီလက်ထက်မှာတော့ စီဘယ်လော့စ်ဟာ ကစားချိန် များများစားစားရရှိခဲ့သော်လည်း အာတီတာကိုင်တွယ်စဉ်ကစလို့ ပွဲထွက်ချိန်နည်းပါးလာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်သို့ အလွတ်ကြေးဖြင့် ပြောင်းရွှေ့သွားခဲ့သည့် ကွင်းလယ်လူ အာရွန်ရမ်ဆေးရဲ့ နေရာကို အစားထိုးဖို့အတွက် ရမ်ဆေးနဲ့ ကစားဟန်တူတဲ့ စီဘယ်လော့စ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Arteta will not let Ceballos leave Arsenal and expects Real Madrid ...

စီဘယ်လော့စ်ရဲ့ ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့ရတာကတော့ ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဗစ်တိုးရီးယားဂွီမားရေစ့်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး (၃) လနီးပါး အနားယူခဲ့ရပါတယ်။ ထိုနောက်ပိုင်းမှာတော့ အာတီတာဟာ စီဘယ်လော့စ်ကို ရံဖန်ရံခါ ပွဲဦးထွက်သာ အသုံးပြုခဲ့ပါတယ်။ အာဆင်နယ်နှင့် ချုပ်ဆိုထားသော စာချုပ်အရ စီဘယ်လော့စ်ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ အဌားစာချုပ်သက်တမ်းပြည့်မှာဖြစ်သော်လည်း လိုအပ်ချက်ရှိနေသည့်အတွက် ရာသီကုန်သည်အထိ အမ်းမရိတ်မှာ ကစားပေးဖို့ ကာလတိုစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ရာသီကုန်ရင်တော့ စီဘယ်လော့စ်ဟာ အမိမြေ ရီးရဲလ်မက်ဒရစ်ကို ပြန်ဖို့ သေချာသလောက်ရှိနေပါပြီ။ အာတီတာဟာ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ဆာကာ၊ ဂျိုးဝီလော့ခ် နှင့် အိန်စလေ မိတ်လန်နိုင်းစ် စသည့် လူငယ်လေးတွေကို နေရာပေးချင်သည့်အတွက်ကြောင့် စီဘယ်လော့စ်ကို မခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။

Arteta's young guns show transfers aren't the only answer to ...

The Sun

Sports Village

Sports Village