ကိုဗစ်-၁၉ ကြောင့် အပြောင်းအရွှေ့ဈေးကွက်ဟာ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာကို ရှင်းပြခဲ့သည့် #ကလော့ပ်

၂၀၁၉ ဒီဇင်ဘာလမှာ စတင်ပြီး တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ အခြေတည်ခဲ့တဲ့ ဝူဟန်ဗိုင်းရပ်စ် (ဝါ) ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၁၅ နိုင်ငံကို ကူးစက်ပျံနှံ့ခဲ့သည့်အပြင် သူ့ကြောင့်လည်း လူပေါင်း ၅၀၈၆၃၇ ယောက် ဇီဝိန်ကြွေခဲ့ရပါတယ်။ ဒီကပ်ဆိုးကနေ လွတ်မြောက်လာခဲ့သူ လူပေါင်း ၅.၆ သန်းကျော်ရှိပေမယ့်် လက်ရှိအချိန်ထိ ကုသမှုခံယူနေရသူ ၄.၂ သန်းကျော် ရှိပါသေးတယ်။ ယနေ့စာရင်းအရ ကိုဗစ်-၁၉ အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ၊ သူ့နောက်မှာတော့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ နှင့် UK တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးအများစု ရပ်တန့်သွားရသည့်အပြင် ဘဏ္ဍာရေးအကျပ်အတည်းကို အနည်းနှင့်အများကြုံတွေ့ရပါတယ်။ ပရိသတ်ကို အမှီသဟဲပြုပြီး ရပ်တည်နေရတဲ့ ဘောလုံးလောကသည်လည်း ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်ကုန်ပါတယ်။ ဘောလုံးပွဲတွေကို တံခါးပိတ်ကျင်းပရတာကြောင့် လက်မှတ်ဖိုးများဆုံးရှုံးခဲ့ရသလို၊ စီးပွားရေးမကောင်းတဲ့အတွက်ကြောင့် စပွန်ဆာကြေးတွေလည်း ကျဆင်းလာခဲ့ပါတယ်။ တနည်းအားဖြင့် ဘောလုံးကလပ်တွေရဲ့ဝင်ငွေကျဆင်းလာသည့်အတွက် တပတ်ကို စတာလင်ပေါင်သိန်းချီရနေတဲ့ အားကစားသမားများကို လစာဖြတ်တောက်ပြီးကလပ်မှ ဝန်ထမ်းများကို ပြန်လည်ထောက်ပံ့ရပါတယ်။ ဝင်ငွေမကောင်းတာကြောင့် ဘောလုံးသမားအပြောင်းအရွှေ့အားလုံးဟာ ဈေးကွက်ပျက်ခဲ့ရပြီး အခြေအနေမဟန်ပါဘူး။

Coronavirus: English Premier League could restart with mega event ...

၂၀၁၉-၂၀ ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးလ်အသင်းဟာ ယခုလာမည့် အပြောင်းအရွှေ့ကာလမှ ငြိမ်ငြိမ်နေဖို့ အစီအစဉ်ရှိကြောင်း နည်းပြဂျာဂင်ကလော့ပ်က ပြောပါတယ်။ မီဒီယာအများအကြားရေပန်းစားနေတဲ့ ဒေ့ါမွန်စတား ဂျေဒန်ဆန်ချို၊ လေဗာကူဆင်စတား ဟာဗက်ဇ် နဲ့ ဘိုင်ယန်ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာတို့ကို လီဗာပူးလ်အသင်းအနေဖြင့် ခေါ်ယူနိုင်ဖို့ လမ်းမမြင်တော့ပါဘူး။ ကလော့ပ်၏အဆိုအရ ကိုဗစ်-၁၉ကြောင့် လီဗာပူးလ်အသင်းဟာ ယခုရာသီအပြောင်းအရွှေ့ကို နှုတ်ဆိတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးက ကမ္ဘာဘဏ္ဍာရေးအကျပ်အတည်းက ဘောလုံးလောကအပေါ်မှာ မည်သို့ရိုက်ခတ်မှုရှိလဲဆိုသည့် အချက်ကို ထောက်ပြခဲ့ပါတယ်။

Coronavirus: the final twist in Liverpool's Premier League title ...

“ကျွန်တော်အခုပြောချင်တာကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးရဲ့ ဘဏ္ဍာရေးအစိတ်အပိုင်းအားလုံးအပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးချုပ်ကိုင်ထားသလဲဆိုတာပါ။ ဒါဟာ ဘောလုံးလောကတစ်ခုထဲမှာတင်ဖြစ်နေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့အားလုံးရဲ့ ရပိုင်ခွင့်တွေကို အဆုံးသတ်မှာ ပေးဆပ်ရလိမ့်မယ်ဗျ။ ဒီကပ်ရောဂါဆိုးက ဘယ်လောက်ထိ ကြီးထွားလာအုံးမလဲဆိုတာကို ဘယ်သူမှမသိနိုင်ဘူး။ မကြာခင်ပြီးပါစေလို့တော့ မျှော်လင့်ရတာပါပဲ။ ဒါပေမယ့် ပြီးသွားပြီဆိုရင်လည်း ဟုတ်ပြီဆိုတဲ့အတွေးနဲ့ ကန့်သတ်ချက်တွေအားလုံးကို စတင်မလုပ်စေချင်သေးဘူး”

When will the Premier League resume? UK football coronavirus ...

“ကျွန်တော်တို့ဟာ ငွေသန်းပေါင်းများစွာ ကိုင်ပြီး မသုံးနိုင်တော့ဘူး။ ဘာလို့ဆိုတော့ ဒီလိုမသုံးတာကျွန်တော်တို့အတွက် မှန်ကန်တဲ့၊ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုလို့ ခံယူထားလို့ပါ။ ဒီလိုမျိုး ဘယ်တော့မှ လွှတ်သုံးမှာမဟုတ်ပါဘူး။ ကိုဗစ်-၁၉ ဟာ ကစားသမား အဝင်၊အထွက် ၂ မျိုးစလုံးအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် အခုလာမယ့် အပြောင်း ဈေးကွက်ဟာ ကျွန်တော့်အတွက်တော့ သိပ်ပြီး အလုပ်များမဲ့ပုံမပေါ်ပါဘူး” လို့ ယတိပြတ် ပြောခဲ့ပါတယ်။ ချန်ပီယံဖြစ်သွားပြီဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ယခုတပတ်မှာတော့ ဒုတိယနေရာက မန်ချက်စတာစီးတီးအသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Liverpool's evolution under Jurgen Klopp into Premier League ...

All Football

Sports Village

Sports Village