လိဂ်အသီးသီးမှ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဟာကီမီဟာ လွန်ခဲ့သော (၃) နာရီက မီလန်မြို့ကို ရောက်ရှိလာပြီဖြစ်ပြီး အင်တာမီလန်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စအပြီးသတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း Sky Sport ဂျာနယ်လစ် ဒီမာဇီယိုက အတည်ပြုခဲ့ပါတယ်။

Hakimi transfer to Inter Milan from Real Madrid likely in €40 ...

ဟာကီမီကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးနောက် ကွန်တီဟာအသင်းအတွက် ဘယ်နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ကွန်တီရဲ့ ပစ်မှတ်ထဲမှာတော့ ချယ်လ်ဆီးနောက်ခံလူ မားကို့စ် အလွန်ဆို ၊ အီမာဆင် နှင့် ဘာစီလိုနာ နောက်ခံလူ ဂျူနီယာဖာပိုတို့ပါဝင်နေပါတယ်။ ကွန်တီဟာ ချယ်လ်ဆီးကစားသမားများနှင့် လက်တွဲခဲ့ဖူးတာကြောင့် ၎င်းတို့ကိုသာ ဦးစားပေးခေါ်ယူချင်ပါတယ်။

ဇီဒန်းရဲ့ ယုံကြည်မှုကိုရရှိထားတဲ့ တောင်ပံကစားသမား လူးကပ်စ်ဗက်ကွက်စ်ကို ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်စပါးစ်အသင်းက စိတ်ဝင်စားနေပါတယ်။ ၂၀၂၁ မှာ စာချုပ်သက်တမ်းပြည့်တော့မည့် ဗက်ကွက်စ်ကို စပါးစ်အသင်းက ယူရို ၁၆သန်းပေးချေပြီး ကမ်းလှမ်းဖို့ ပြင်နေပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ အနည်းဆုံး ယူရို ၂၅ သန်းဝန်းကျင်ရမှသာ လက်လွှတ်သွားဖွယ်ရှိတယ်လို့ The Sun သတင်းစာက ဖော်ပြထားပါတယ်။

Real Madrid's Lucas Vázquez facing time out with calf injury - AS.com

ရီးရဲလ်မက်ဒရစ်က တစ်ရာသီအဌားစာချုပ်နဲ့ ခေါ်ယူထားတဲ့ စပိန်ကွင်းလယ်လူ စီဘယ်လော့စ်ကို အာဆင်နယ်အသင်းဟာ အပြီးသတ်ခေါ်ယူလိမ့်မည်မဟုတ်ကြောင်း The Sun က ဖော်ပြထားပါတယ်။

ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရသော ဘာစီလိုနာအသင်းဟာ နည်းပြအပြောင်းအလဲပြုလုပ်ဖို့အတွက် စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးကြားရသည့်သတင်းများအရ ဘာစီလိုနာအသင်းဟာ ကာတာကလပ် အယ်ဆတ်မှာ နည်းပြနေသော ကစားသမားဟောင်း ဇာဗီကို ဆက်တိုက်ချိတ်ဆက်နေပြီဖြစ်ကြောင်း မာကာသတင်းစာက ရေးသားထားပါတယ်။

Barcelona icon Xavi hopes to coach Catalans in future | Daily Sabah

ဂျာမန်မြေမှ စပိန်မြေသို့ ပြောင်းရွှေ့ကစားခဲ့သော ဆားဘီယားတိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ခြေစွမ်းမပြနိုင်သည့်အတွက်ကြောင့် အသင်းပြောင်းရဖို့များနေပါတယ်။ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းဟာ လူကာဂျိုဗစ်ကို ၂ ရာသီအဌားဖြင့် ခေါ်ယူဖို့ အသည်းအသန်ကြိုးပမ်းနေပါတယ်။

Jovic sure of having a great career at Real Madrid - Custic | Goal.com

ယနေ့ ဇွန်လ ၃၀ ရက်နေ့ဟာ ပုံမှန်အားဖြင့် ဘောလုံးရာသီတစ်ခုရဲ့ အဆုံးသတ်ကာဖြစ်သော်လည်း ကိုဗစ်ကြောင့် နောက်ကျသွားတာကြောင့် နောက်လကုန်လောက်မှသာ အဆုံးသတ်မှာဖြစ်ပါတယ်။ အချိန်ဇယားတွေနောက်ရွှေ့သွားတာကြောင့် ကစားသမားများရဲ့ စာချုပ်ဟာလည်း ရှုပ်ထွေးကုန်ပါတယ်။ စပိန်လာလီဂါမှာ ဇွန်လ ၃၀ ရက်နေ့ရောက်သော်လည်း အဌားစာချုပ်သက်တမ်း မတိုးနိုင်တဲ့ ကစားသမား ၁၂ ယောက်အထိရှိနေပြီး မကြာခင်မှာ လက်လွှတ်ရတော့မယ်လို့ သိရပါတယ်။

PES 2020 PS4 La Liga Santander Kitpack Season 2019/2020 ...

Marca, The Sun

Sports Village

Sports Village