နောက် ၃-၄ ရာသီအတွင်းမှာပင် ချယ်လ်ဆီးဟာ လီဗာပူးလ်ကို ယှဉ်နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့သည့် #ပေါလ်မာဆင်

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းဟာ လာမည့်ရာသီအနည်းငယ်အတွင်း လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို ကောင်းကောင်းယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။ ခြင်္သေ့ပြာတွေဟာ ဘောလုံးပွဲတွေ ပြန်လည်စတင်ကတည်းက ကစားခဲ့တဲ့ (၄) ပွဲစလုံးကို အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်သေချာဖို့ ကြိုးပမ်းနေပါတယ်။ ထို့အတူ ရာသီမကုန်ခင်မှာပင် ဂျာမန်ထိပ်သီးကြယ်ပွင့်ကစားသမား တီမိုဝါနာကို ပေါင် ၅၃ သန်းဖြင့် ခေါ်ယူပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်။

Sky Sports ရုပ်သံတင်ဆက်သူ ပေါလ်မာဆင်က ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းနှင့်တကွ လုပ်ဆောင်ချက်များကို အားရကျေနပ်ပြီး လာမည့်ရာသီတွေမှာ နာမည်ကြီးကစားသမားတွေကြောင့် ဒီထက်ပိုပြီးတိုးတက်လာလိမ့်မည်ဟု ယုံကြည်ထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၂-၁ ဖြင့်အနိုင်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ရမှတ်ကွာဟမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ “ဒီနိုင်ပွဲဟာ ကြီးမားလွန်းတယ်ဗျ၊ ဘာလို့ဆိုတော့ လူတိုင်းက ရမှတ်ကွာဟမှုကို ချောင်းနေကြတာ။ ချယ်လ်ဆီးက အခုကစပြီး ရာသီသိမ်းသည်အထိ ကန်လို့ကောင်းတဲ့ပွဲတွေကြီးပဲကျန်တော့တယ်။ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့တော့ သေချာသွားပြီ” လို့ ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နှင့်ပတ်သတ်ပြီး မာဆင်က ပြောပါတယ်။

Paul Merson Says: My big Chelsea Premier League prediction ...

ဆက်လက်ပြီး မာဆင်က ချယ်လ်ဆီးအသင်းဟာ နောက်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မမြင်သော်လည်း ဒီပုံစံအတိုင်းဆက်လက်တိုးတက်ခဲ့လျှင် နောက် ၃-၄ ရာသီမှာ ချန်ပီယံဆုကို ရရှိမှာဖြစ်ကြောင်း ပြောပါတယ်။ “ချယ်လ်ဆီးကတော့ ဘယ်နောက်ခံလူတစ်ယောက်နဲ့ နောက်ထပ် ဗဟိုခံစစ်မှူးတစ်ယောက်လောက် လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ နောက်ရာသီမှာ သူတို့တွေဟာ တွန်းအားတစ်ခုဖြစ်လာပါလိမ့်မယ်။ နောက်ရာသီတော့ ချန်ပီယံဖြစ်မယ်မထင်ဘူး။ ဒါပေမယ့် ထိပ်ဆုံးအသင်းနဲ့တော့ အရမ်းကြီးကွာဟချက်ရှိလိမ့်မယ်လို့ မမြင်မိဘူး”

Ex Arsenal star makes exciting Chelsea prediction and gives his ...

“သူတို့က စီးပွားရေးလုပ်တာတော်တယ်။ ပိုင်ရှင်ကလည်း ဉာဏ်ကောင်းသလို၊ သူ့ကြောင့်ပဲ အသင်းကပြောင်းလဲခဲ့တာ။ သူလည်း အသင်းရဲ့ အနေအထားကို ကြည့်နေမှာပါ။ ‘တော့တင်ဟမ်ဟာ ရုန်းကန်နေရတယ်၊ ဂွာဒီယိုလာက စီးတီးမှာ ထာဝရရှိနေမှာမဟုတ်ဘူး’ ဒါကြောင့် ထိပ်ဆုံးလေးသင်းဝင်အောင်ကြိုးစားတာပေါ့။ ကွာဟချက်တွေကို လျော့ချတယ်၊ သူတို့မှာ အခွင့်အရေးရလာပြီဆို စိန်ခေါ်တယ်” လို့ ချယ်လ်ဆီးပိုင်ရှင် အေဗရာမိုဗစ်ချ် နှင့် အသင်း၏ လုပ်ဆောင်ချက်များကို မာဆင်က ပြောင်မြောက်စွာချီးကျူးခဲ့ပါတယ်။

All Football

Sports Village

Sports Village