နောဝစ်ချ်စီးတီးနှင့်ပွဲမှာ ဒေးဗစ်လုဇ် ပြန်ပါလာဖို့ မျှော်လင့်နေသည့် #အာဆင်နယ်

အာဆင်နယ် နောက်ခံလူ ဒေးဗစ်လုဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဒူးထိခိုက်မိတဲ့အတွက်ကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။ ဒီကာလဟာ အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသက်တမျှအရေးကြီးနေပြီဖြစ်တာကြောင့် ဒေးဗစ်လုဇ် ဒဏ်ရာရတာဟာ အသင်းအတွက် အတော်လေး ထိခိုက်နစ်နာစေပါတယ်။ အမှားများစွာ ကျူးလွန်ထားပေမဲ့ ဒေးဗစ်လုဇ်ဟာ အာဆင်နယ်အသင်းရဲ့ ကစားကွက်အတွက် အလွန်အရေးပါတဲ့ ဝါရင့်ကစားသမားတစ်ဦးအဖြစ် အာတီတာက ယုံကြည်ထားဆဲဖြစ်ပါတယ်။

နောက်ဆုံးအချိန်ထိ ဒေးဗစ်လုဇ်ရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးသလို၊ နက်ဖန် ကစားမဲ့ နောဝစ်ချ်စီးတီးနှင့် ပွဲစဉ်ကိုလည်း လွဲချော်ဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဒဏ်ရာက မနေ့ကအထိ နာကျင်နေဆဲဖြစ်သည့်အတွက်ကြောင့် ယနေ့နံနက်မှာတော့ ဒူးကို scan ဖတ်ကာ စစ်ဆေးမှုခံယူထားဆဲဖြစ်ပါတယ်။ စစ်ဆေးချက်အဖြေကိုတော့ လက်ရှိအချိန်ထိ မသိရသေးတာကြောင့် အာတီတာကိုယ်တိုင်လည်း တိတိကျကျ အဖြေတစ်ခုကို မပေးနိုင်သေးပါဘူး။ “သူ့ဒဏ်ရာဘယ်လောက်ထိပြင်းထန်သွားလဲ ကျွန်တော်တို့လည်း မသိဘူး။ ရှက်ဖီးပွဲနောက်နေ့အထိ သူ့ဒဏ်ရာက နာကျင်နေဆဲပါ။ သူက သာမာန်ကစားသမားတစ်ယောက်မဟုတ်ပါဘူး။ သက်တောင့်သက်သာမဖြစ်တာတော့ အမှန်ပါပဲ”

David Luiz set for scans on ankle as Arsenal boss Arteta gives ...

“သူ့ကို မနေ့ကတော့ တွေ့ခဲ့သေးတယ်။ ဒီနေ့မနက်တော့ scan ဖတ်ပြီးစစ်ဆေးဖြစ်တယ်။ ဘာဖြစ်လာမလဲ ကျွန်တော်မသိသေးဘူး။ သူက အရမ်းကြိုးစားသလို၊ အမြဲတမ်းကစားချင်နေသူတစ်ယောက်ပါ။ အမြဲတမ်း ဒီလိုတက်ကြွနေတာဖြစ်ပြီးတော့ သူ့ကို ပြန်ကစားတာကျွန်တော်တို့ မြင်ချင်ပါတယ်” လို့ အာတီတာကပြောခဲ့ပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၄ လကြာ အနားယူနေရသည့် ကွင်းလယ်လူ တော်ရိုင်းယားဟာ အသင်းနှင့် ပြန်လည်ပူးပေါင်းပြီး ထရိန်နင်းဆင်းနေပြီဖြစ်သော်လည်း နောက်ကျောဒဏ်ရာရထားတဲ့ မီဆွတ်အိုဇေးလ်ကတော့ နောဝစ်ချ်ပွဲကို လွဲချော်ဖို့ ရာခိုင်နှုန်းများပါတယ်။

Lucas Torreira's latest Instagram post should excite Arsenal fans ...

All Football

Sports Village

Sports Village