ငွေပမာဏများစွာ သုံးစွဲပြီး အရာမထင်တဲ့ ကွန်တီကို ဝေဖန်ခဲ့သည့် ကာပယ်လို

အင်္ဂလန် အသင်းနည်းပြဟောင်း ကာပယ်လိုဟာ ကစားသမားသစ်တွေခေါ်ယူတဲ့နေရာမှာ ပေါင်သန်း ၁၅၀ ကျော်သုံးစွဲပြီး စီးရီးအေ ဖလားကို စိန်မခေါ်နိုင်တဲ့ အင်တာမီလန်နည်းပြ ကွန်တီကို ဝေဖန်သွားခဲ့ပါတယ်။ ကာပယ်လိုဟာ အီတလီရဲ့ ပုံရိပ်ကြီးမားတဲ့ နည်းပြဖြစ်ခဲ့ဖူးသလို၊ လက်ရှိအချိန်မှာလည်း ဘောလုံးဝေဖန်သုံးသပ်ရေးအလုပ်ကို အီတလီမှာပင်လုပ်ကိုင်လျက်ရှိပါတယ်။ “အကယ်၍များ ကွန်တီသာ ဒီအသင်းမှာ ဆက်ရှိနေအုံးမယ်ဆိုရင် အင်တာမီလန်ကိုတော့ မေးစရာလေးတွေရှိလာပြီ။ အခုသူတို့ အသင်းက ယူရိုပါလိဂ်မှာရောက်နေတယ်။ ဒီဖလားသာ ရခဲ့မယ်ဆိုရင်တော့ ခံသာပါလိမ့်မယ်။ ပေါင်သန်း ၁၅၀ ကျော်သုံးစွဲလိုက်တော့ သူ့အပေါ်မှာ အများကြီးမျှော်လင့်ခဲ့တာ” လို့ ကာပယ်လိုက Radio Rai သို့ ပြောခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ဗီရိုနာ အသင်းကို သရေကျခဲ့ပြီးနောက် ထိပ်ဆုံးမှ ဂျူဗင်တပ်စ်နှင့် ၁၁ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပြီး ဖလားမျှော်လင့်ချက်တွေလည်း မှေးမှိန်သွားခဲ့ပါတယ်။ ဒီလောက် ငွေများစွာသုံးစွဲခဲ့သော်လည်း ကွန်တီဟာ ယခင်နည်းပြဟောင်း စပယ်လက်တီလက်ထက်က ရလဒ်နှင့် ထူးခြားအောင် မစွမ်းဆောင်နေသေးကြောင်း ကာပယ်လိုက သုံးသပ်ထားပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာလည်း တခြားအသင်းကြီးများနည်းတူ ရလဒ်ဆိုးများကြုံတွေ့ခဲ့ရပေမယ့် လာဇီယို နှင့် အင်တာမီလန်တို့ ဆက်တိုက်ခြေချော်နေတဲ့အတွက်ကြောင့် ဖလားကို ဆက်လက်ထိန်းထားနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

Capello: "Inter Could Be Better For Conte Than Roma"

“ဂျူဗင်တပ်စ်က အရမ်းကံကောင်းတယ်။ အင်တာမီလန် နဲ့ လာဇီယိုတို့က အစပိုင်းကောင်းပေမယ့် နောက်ပိုင်းမှာ အခက်တွေ ကြုံနေရလို့။ အခုချိန်မှာ အကောင်းဆုံးအသင်းကို ပြပါဆိုရင် အတ္တလတာပဲ။ ဘောလုံးပွဲတွေပြန်စချိန်မှာတော့ ဂျူဗင်တပ်စ်က အကောင်းဆုံးဖြစ်အောင်ကစားနိုင်ခဲ့တယ်။ ကစားသမားတွေ ပြန်ကစားဖို့လည်း စောင့်ဆိုင်းခဲ့ရတယ်” လို့ ကာပယ်လိုက သုံးသပ်ခဲ့ပါတယ်။

Juventus: A Football Team With Long-Term Potential (OTCMKTS:JVTSF ...

Daily mail

Sports Village

Sports Village