အခွင့်အရေးကောင်းကို လွဲချော်သွားခဲ့ပေမယ့် စိတ်ပျက်အားလျော့ခြင်း မရှိတဲ့ #ဆိုးလ်ရှား

ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ယမန်နေ့ညက ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် အနိုင်ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိပဲ ဆောက်သမ်တန်ရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ယခုတပတ်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးရော ၊ လက်စတာစီးတီး (၂) သင်းစလုံးဟာ ရှုံးပွဲအသီးသီး ကြုံတွေ့ခဲ့ရသည့်အတွက် ယူနိုက်တက်အတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင်က အမှတ်ပေးဇယားမှာ လက်စတာ၊ ချယ်လ်ဆီး တို့ရဲ့ အောက် အဆင့် (၅) နေရာမှာ ရမှတ် (၅၈) မှတ်ဖြင့် ရပ်တည်လျက်ရှိပြီး ဆောက်သမ်တန်ကိုသာ အနိုင်ရခဲ့ပါက သေချာပေါက် အဆင့် (၃) နေရာကို ရမှတ် (၆၁) မှတ်ဖြင့် ရောက်ရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ (၅) ပွဲဆက်တိုက်မှာ အာဆင်နယ်အသင်းကလွဲလို့ ရှုံးပွဲလုံးဝမရှိတဲ့ ဆောက်သမ်တန်ကို ယူနိုက်တက်တို့ အနိုင်မကစားနိုင်ခဲ့ပါဘူး။ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပေမယ့် ဆိုးလ်ရှားဟာ စိတ်ပျက်အားလျော့ခြင်း မရှိပဲ အသင်းသားများ၏ ကြိုးစားအားထုတ်မှုကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံး မျှော်လင့်ချက်တစ်ခုကတော့ ပွဲစဉ် (၃၈) မှာ လက်စတာစီးတီးနှင့် ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်ပြီး ထိုပွဲသာ အနိုင်ကစားနိုင်ခဲ့ပါက ယူနိုက်တက်ဟာ သေချာပေါက် ချန်ပီယံလိဂ်ကို ဝင်ခွင့်ရရှိမှာပါ။ အခုချိန်မှာတော့ ယူနိုက်တက်ဟာ အဆင့် (၄) နေရာက ချယ်လ်ဆီးနဲ့ ရမှတ်တူ ကွာခြားနဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး အဆင့် (၃) နေရာက လက်စတာစီးတီး နှင့် (၁) မှတ်ကွာဟနေပါတယ်။

Anthony Martials goal but missed the podium for MU against ...

ချယ်လ်ဆီးအသင်းရဲ့ ခြေချော်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့သည့်အတွက် ယူနိုက်တက်ဟာ ဖိအားတွေများနေပြီလားဆိုတဲ့ မေးခွန်းကို ဆိုးလ်ရှားက “လုံးဝမဟုတ်ပါဘူး။ ‘ချယ်လ်ဆီးကတော့ ဒီတပတ် အနိုင်ရသွားပြီကွ’ဆိုပြီးတွေးတဲ့ ကစားသမားလည်း မရှိလောက်ဘူး။ ပွဲတိုင်းကို ဒီလိုပဲ ကစားလာခဲ့တာပဲ။ အသင်းတိုင်းကို ဒီလိုပဲ ရင်ဆိုင်လာခဲ့ကြတာ။ ပြောရရင် ၃၈ ပွဲစလုံးကို ကျွန်တော်တို့ပုံစံအတိုင်းပဲ ကစားလာတာ။ ဒီလိုနဲပဲ ရာသီတွေကုန်လွန်လာခဲ့တာ။ အဆုံးသတ်ကျရင် ကိုယ်နဲ့ ထိုက်တဲ့နေရာကို ကိုယ်ရမှာပဲ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Player ratings: Manchester United 2-2 Southampton – Red Devils ...

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၈) ပွဲဆက်တိုက်မှာ လုံးဝရှုံးပွဲမရှိသေးအတွက်လည်း ဆိုးလ်ရှားက “ကျွန်တော့်ကောင်လေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အရမ်းကောင်းပါတယ်။ တစ်ရာသီလုံးကို ခြုံကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ တိုးတက်မှုတွေရှိပါတယ်။ ဒါအမှန်ပါပဲ။ အခုဟာက ကျွန်တော်တို့အတွက် တခြားစိန်ခေါ်မှုတစ်ခုပါပဲ။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကျွန်တော်ဟာ အရမ်းကို ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီနေ့ရလဒ်ကတော့ အလွန်စိတ်ပျက်မိတယ်။ ဒီစိတ်ပျက်မှုကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ဘက်က အပေါင်းလက္ခဏာအသွင်ဆောင်ပြီးပွဲတွေကို အနိုင်ရအောင် ကြိုးစားရမယ်။ နောက်ဆုံး ဂိုးကို ခွင့်ပြုလိုက်ရတဲ့အတွက်ကြောင့် ၂ မှတ်လျော့သွားတယ်၊ စိတ်ပျက်စရာပဲ ”

Manchester United 2-2 Southampton: Last-gasp Obafemi leveller ...

“ဒါဟာ ဘောလုံးလောကရဲ့ သင်ခန်းစာတစ်ခုဖြစ်သလို၊ ဒီနေ့ရတဲ့ သင်ခန်းစာကနေ သင်ယူသွားလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ကျွန်တော်တို့သာ အမှန်အကန်ကြိုးစားရင် အမှန်အကန်လုပ်ပြနိုင်မှာပါ။ ဒီကောင်လေးတွေကို လေးစားသလို၊ ယုံလည်း ယုံပါတယ်” လို့ ပြောခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာ ခြေကျင်းဝတ်ဒဏ်ရာရပြီး လူစားလဲလိုက်ရတဲ့ လုခ်ရှောနှင့်ပတ်သတ်ပြီး အကောင်းဆုံး မျှော်လင့်ထားပါတယ်လို့ ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

Man United 2-2 Southampton LIVE! Premier League result reaction ...

Livescore

Sports Village

Sports Village