(၂) နှစ်ကြာ ဝေးကွာနေတဲ့ လာလီဂါချန်ပီယံဆုကို သိမ်းပိုက်ဖို့အတွက် (၃) မှတ်သာ လိုတော့တဲ့ #ရီးရဲလ်မက်ဒရစ်

နောက်ဆုံး (၈) ပွဲဆက်တိုက် လုံးဝရှုံးပွဲမရှိပဲ ဆက်တိုက် အနိုင်ရလာတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ ပွဲစဉ်မှာလည်း ဆက်လက်နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားကို အမှားအယွင်းမရှိ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်း ရမှတ်တွေ ဆုံးရှုံးနေချိန်မှာ ရလာတဲ့ အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး အသုံးချနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ရာသီသိမ်းဖို့ (၂) ပွဲအလိုမှာတော့ ဘာစီလိုနာအသင်းကို (၄) မှတ်ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် သောကြာနေနံနက် အစောပိုင်းမှာ ကစားမဲ့ ဗီလာရီးရဲလ်နဲ့ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက ရီးရဲလ်ဟာ (၂) နှစ်ကြာ ဝေးကွာနေတဲ့ လာလီဂါဖလားကိုသိမ်းပိုက်နိုင်တော့မှာဖြစ်ပါတယ်။

Zidane crosses 500 Real Madrid goals as Manager - Managing Madrid

ရီးရဲလ်မက်ဒရစ် ကလပ် သမိုင်းတစ်လျှောက်မှာ လာလီဂါဖလားကို (၃၃) ကြိမ်အထိ သိမ်းပိုက်ခဲ့ဖူးပြီး နောက်ဆုံးရရှိခဲ့တာကတော့ ၂၀၁၆-၁၇ ရာသီမှာဖြစ်ပါတယ်။ ထိုစဉ်အချိန်က ရီးရဲလ်မက်ဒရစ်ဟာ ယခုအတိုင်းလိုပဲ ဘာစီလိုနာနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ပြီး ပွဲစဉ် (၃၇) အပြီးမှာ ဇယားထိပ်ကို ပြန်လည်တက်လှမ်းကာ ရာသီသိမ်းချိန်မှာတော့ ဖလားကိုဆွတ်ခူးခဲ့ပါတယ်။ ဖလားရဖို့ သိပ်မကျန်တော့တဲ့ ရီးရဲလ်အနေနဲ့ နောက်ဆုံးကစားရမဲ့ ဗီလာရီးရဲလ်နဲ့ လီဂါနက်စ်ပွဲစဉ်တွေကို ဖိဖိစီးစီးကစားနိုင်ခဲ့ပါက သေချာပေါက် ဖလားရမှာဖြစ်ပါတယ်။

Real Madrid's 'RBV', Zidane's alternative to the 'BBC' - AS.com

တဖက်မှာလည်း ဘာစီလိုနာအသင်းဟာ အိုဆာဆူနာ နှင့် အလာဗက်စ်တို့နှင့် ကစားရမှာဖြစ်သော်လည်း ချန်ပီယံဖြစ်ဖု့ိအခွင့်အရေးဟာ အတော်လေးနည်းပါးသွားခဲ့ပါပြီ။ ကံမကောင်း အကြောင်းမလှလို့ နှစ်သင်းစလုံး ရမှတ်တူနေခဲ့ရင်တောင် Head to Head စည်းမျဉ်းအရ ရီးရဲလ်မက်ဒရစ်က အသားစီးရနေသည့်အတွက် လာလီဂါဖလားဟာ ရီးရဲလ်မှာသာ နားခိုသွားမှာပါ။

Sports Village

Sports Village