အန်ဖီးလ်ကနေ စွန့်ခွာမယ့်နေ့ကို သတ်မှတ်လိုက်ပြီဖြစ်သည့် ပါပူးနည်းပြ ဂျာဂင်ကလော့ပ်

Last modified date

ဂျိုးကြာနီတို့ရဲ့ ပဲ့ကိုင်ရှင် ဂျာဂင်ကလော့ပ်ဟာ ၂၀၂၄ အပြီးမှာတော့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အဆိုပါစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ ဂျာဂင်ကလော့ပ်ဟာ အမိမြေ ဂျာမနီကို ပြန်ဖို့ လောလောဆယ်ဆုံးဖြတ်ချက်ချထားပါတယ်။ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို နှစ်ပေါင်း (၃၀) ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့်အပြင် ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့တိုက်ကြီးများဖလားကိုပါသိမ်းပိုက်ပေးခဲ့ပါတယ်။ လီဗာပူးလ်ကို ဥရောပဘောလုံးမျက်နှာစာမှာ နေရာတစ်ခုရအောင် ပြန်လည်ဆွဲတင်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။

ဒီလိုမျိုးအောင်မြင်မှုတွေ စွမ်းဆောင်ထားနိုင်ပေမယ့် ၊ ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့ရင် ဂျာမန်မြေမှာ ပြန်ပြီး နည်းပြလုပ်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ အင်္ဂလန်မှာ ဘယ်လောက်ထိဆက်နေဖို့စဉ်းစားထားလဲလို့ SWR Sport က မေးမြန်းခဲ့ရာမှာတော့ ကလော့ပ်က “လီဗာပူးလ်မှာ ၄ နှစ်လောက် ဆက်နေဖို့ စဉ်းစားထားတယ်” လို့ ဖြေပါတယ်။ “ဒီမှာ လုပ်ပြီးခဲ့ရင်တော့ ကျိန်းသေ မိန်ဇ့်ကို ပြန်သွားဖို့ အလားအလာများပါတယ်” လို့ ဖြေကြားထားပါတယ်။ အန်ဖီးလ်ကို ၂၀၁၅ ကတည်းက ရောက်လာတဲ့ ဂျာဂင်ကလော့ပ်ဟာ သူ့ဘဝအတွက် ရေရှည်အတွက် ကြိုတင်စီမံထားခြင်းမရှိပါဘူး။

“နောက် ၅ နှစ်အတွင်းမှာ ကမ္ဘာကြီးက အများကြီးပြောင်းလဲသွားနိုင်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့က ဖလားတွေ ထပ်ရတယ်။ ဖလားအောင်ပွဲကို နောက်ထပ်တစ်ကြိမ် ကျင်းပချင်တယ်။ ဒါက နည်းနည်းလေးထူးဆန်းတယ်လို့ ထင်ရပေမယ့် ဖလားတစ်လုံးအတွက် နောက်ထပ် လပေါင်းများစွာ အတွင်းမှာ အောင်ပွဲခံနိုင်ပါတယ်။ လီဗာပူးလ်ဆိုတာ ခြွင်းချက်မရှိတဲ့ ကလပ်တစ်ခုပါ။ တစုံတခုကို အောင်မြင်အောင် သေချာပေါက်လုပ်ရလိမ့်မယ်။ ဖလားအောင်ပွဲကိုလည်း ရူးသွပ်စွာနဲ့ ကျင်းပသွားချင်တယ်။ ဘဝရဲ့ အောင်မြင်မှုတွေကို အောင်ပွဲခံချင်တယ်။ လူတွေက သူတို့ရဲ့ ရေရှည်အတွက် စီမံဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအသင်းမှာတော့ မရသေးတဲ့အောင်မြင်မှုတွေကို ဆက်လက်ရရှိအောင် ကြိုးစားသွားဖို့ ဖြစ်နိုင်ပါတယ်” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

Goal.com

Sports Village