Category: International

MMA ကစားသမားဘဝကို အပြီးတိုင်စွန့်လွှတ်တော့မယ့်အကြောင်းကို လေးကြိမ်မြောက် ကြေငြာလိုက်တဲ့ #မက်ဂရီဂေါ်

အိုင်ယာလန် MMA အကျော်အမော်တစ်ဦးဖြစ်သူ မက်ဂရီဂေါ်အနေနဲ့ ပြီးခဲ့တဲ့ ၄နှစ်တာကာလအတွင်း ၃ကြိမ်အ ထိအနားယူဖို့ ကြေညာခဲ့သူလည်းဖြစ်ပါတယ်။ UFC ရဲ့ MMA ကစားသမားတစ်ဦးဖြစ်သူ မက်ဂရီဂေါ်အနေနဲ့ လာမယ့်နှစ်များအတွင်း စိန်ခေါ်ပွဲများစွာရင်ဆိုင်ဖို့ ရှိနေခဲ့ပေမယ့် ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း စတုထ္ထအကြိမ်အဖြစ် အံအားသင့်ဖွယ်ထုတ်ပြန် ကြေညာခဲ့မှုကို dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။ လာမယ့်ဒီဇင်ဘာအတွင်း UFC ရဲ့မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ အန်ဒါဆန်ဆေးလ်ဗားကို ရင်ဆိုင်ဖို့ရှိ နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တဲ့ မက်ဂရီဂေါ်အနေနဲ့ ကစားသမားဘဝကနေအနားယူပြီဖြစ်ကြောင်း တရားဝင်တွစ်တာစာမျက်နှာကနေတဆင့် အတည်ပြုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ “ MMA ကစားသမားအဖြစ်ကနေ အနားယူပြီဖြစ်တာကို အသိပေးကြေညာချင်ပါတယ်။ ကစားသမားအဖြစ်ရှိ နေစဉ်ကာလတွေအတွင်း ကူညီပေးခဲ့သူများကို ကျေးဇူးစကားလည်းဆိုချင်ပါတယ်။ မိသားစုအတွက်အချိန်ပို ပေးဖြစ်ပါတော့မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။ ကစားသမားဘဝတစ်လျှောက် MMA ပွဲပေါင်း ၂၆ပွဲကစားခဲ့ရာမှာ ၂၂ပွဲနိုင် ၄ပွဲရှုံးရလဒ်ရရှိထားခဲ့တဲ့ မက်ဂရီဂေါ် အနေနဲ့ UFC လိုက်ဝိတ်ချန်ပီယံဆုအတွက် ရုရှား...

Official : ပရီးမီးယားလိဂ် ၊ လာလီဂါ နှင့် စီးရီးအေ ပွဲစဉ်များ လာမည့်ဇွန်လ အတွင်း ပြန်ကစားတော့မည်….

အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီးဟာ လာမည့် ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည်ကစားတော့မှာဖြစ်တယ်လို့ ယမန်နေ့ညက အတည်ပြုကြေငြာသွားခဲ့ပါတယ်။ အဆိုပါ ဇွန်လ ၁၇ ရက်နေ့မှာတော့ လက်ကျန်ကစားဖို့ ကျန်ရှိနေသည့် မန်ချက်စတာစီးတီး Vs အာဆင်နယ်၊ အက်စ်တွန်ဗီလာ Vs ရှက်ဖီးယူနိုက်တက်တို့ဟာ စတင်ကစားရမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့မှာတော့ ပုံမှန်အတိုင်း အသင်း (၂၀) စလုံး ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ကို ပြန်ကစားရတော့မှာပါ။ ပရိသတ်မပါပဲ ကွင်းပိတ်ကစားရမည်ဖြစ်သောကြောင့် ပွဲစဉ်တိုင်းနီးပါးကို Free to Air အစီအစဉ်ဖြင့် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားဖို့ စီစဉ်ထားပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီကို အပိတ်ကစားသွားဖို့ အချိန်ဇယားဆွဲထားပြီး သြဂုတ်လ ၁ ရက်နေ့မှာတော့ FA ဖလား ဖိုင်နယ်ကို ဝင်ဘာလေကွင်းကြီးထဲမှာ ကစားသွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နည်းတူ...

လက်ရွှေးစင်ကစားသမားဘဝ နေဝင်ချိန် နီးကပ်လာပြီဖြစ်သည့် လီယွန်နယ်မက်ဆီ

၂၀၀၅ ခုနှစ်ကတည်းက အာဂျင်တီးနားအသင်းအတွက် ကိုယ်စားပြုကစားပေးခဲ့တဲ့ မက်ဆီဟာ တဖြည်းဖြည်းနဲ့ လက်ရွှေးစင်အသင်းကို ကျောခိုင်းနှုတ်ဆက်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာရရှိထားသော်လည်း အာဂျင်တီးနားအသင်းအတွက်တော့ ထူးထူးခြားခြားအောင်မြင်မှုမရရှိသေးပါဘူး။ နိုင်ငံအသင်းနှင့်အတူ အမြင့်ဆုံးအောင်မြင်မှုအနေဖြင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယဆုကိုရရှိခဲ့ပြီး ကိုပါအမေရိကဖလားမှာလည်း ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ တို့မှာ ဒုတိယဆုတွေကိုရရှိခဲ့ပါတယ်။ မက်ဆီကိုယ်တိုင်လည်း အာဂျင်တီးနားအသင်းနှင့်အတူ အောင်မြင်မှုကြီးကြီးမားမားကို ရယူပေးချင်ပါတယ်လို့ ဝန်ခံထားပေမယ့် လက်ရှိအချိန်ထိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။ မက်ဆီရဲ့အသက်ဟာ (၃၃) နှစ်ရောက်ရှိနေပြီဖြစ်ပြီး အချိန်အားဖြင့် သိပ်မကျန်တော့တာကြောင့် လာမည့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မက်ဆီရဲ့ နောက်ဆုံး လက်ရွှေးစင်ကစားသမားဘဝပြိုင်ပွဲတစ်ခုဖြစ်လာနိုင်တယ်လို့ မက်ဆီအသင်းဖော် ဘစ်ဂါလီယာက ပြောခဲ့ပါတယ်။ “မက်ဆီဟာ နိုင်ငံအသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်သူတစ်ဦးပါ။ လာမဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆက်ပြီး ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့အတွက်လည်း နောက်ဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မက်ဆီအတွက် နောက်ဆုံး...

အီဗရာမိုဗစ်ချ်နဲ့ အတူကြုံတွေ့ခဲ့ရတဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို ပြန်ပြောင်းပြောကြားလာခဲ့သည့် အဲဗာတန်ကစားသမားဟောင်း #ပီနာ

အဲဗာတန်အသင်းမှာ နှစ်အတော်ကြာ ကစားခဲ့ဖူးသော ကစားသမားဟောင်း စတီဗင်ပီနာဟာ အေဂျက်စ်မှာ ၂၀၀၁ မှ ၂၀၀၆ အထိ (၅) နှစ်ကစားခဲ့ဖူးပါတယ်။ ထိုစဉ်အချိန်က ပီနာဟာ ယခုနာမည်ကြီးနေသည့် ဝါရင့်တိုက်စစ်မှူး ဇလာတန် အီဗရာမိုဗစ်ချ်နှင့်အတူ အေဂျက်စ်အသင်းမှာ အတူတူတွဲကစားခဲ့ဖူးပါတယ်။ နှစ်ဦးစလုံးဟာ အေဂျက်စ်အကယ်ဒမီထွက်များဖြစ်ကြပြီး ပီနာက ၂၀၀၁ မှ ၂၀၀၆ အထိ ကစားခဲ့ဖူးသလို၊ အီဗရာမိုဗစ်ချ်ကတော့ ၂၀၀၁ မှ ၂၀၀၄ အထိ (၃) နှစ်ကြာ ကစားကာ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အီဗရာမိုဗစ်ချ်ဟာ ထိုမှတဆင့် အသင်းများစွာပြောင်းရွှေ့ပြီး အောင်မြင်မှုများစွာရရှိခဲ့သလို၊ ပြိုင်ဘက်ကစားသမားတွေကို သတ္တိရှိရှိရင်ဆိုင်လေ့ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ လူအများက အီဗရာမိုဗစ်ချ်နှင့် ပတ်သတ်လျှင် ဘယ်လိုတော်ကြောင်း၊ ဘယ်လောက်ထိ ပြသာနာရှာလေ့ရှိကြောင်း ပြောလေ့ရှိသော်လည်း ပီနာကတော့ သူနဲ့ လက်တွဲစဉ်ကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “များသောအားဖြင့် ကျွန်တော်က...

ပရိသတ်တွေမပါတဲ့ ဘောလုံးပွဲတွေကို ဘယ်လိုမှ စိတ်ကူးယဉ်ကြည့်လို့ကို မရဘူး #အာဆင်ဝင်းဂါး

၂ လကျော်ကျော် ရပ်နားခဲ့ရတဲ့ ဥရောပဘောလုံးလောကအနက် ဂျာမန်ဘောလုံးပြိုင်ပွဲဟာ ပြီးခဲ့သည့် စနေနေ့က ပြန်လည်ကစားခဲ့ပါတယ်။ ဂျာမန်လိဂ်ဟာ စံပြလိဂ်တစ်ခုလိုဖြစ်ခဲ့ရပြီး သူ့နောက်မှာတော့ အင်္ဂလန်၊ အီတလီ နှင့် စပိန်တို့က ပြန်ကစားဖို့ ကြိုးစားနေပါတယ်။ တဖက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်က ရှိနေသည့်အတွက်ကြောင့် ဘောလုံးပွဲများကို ပရိသတ်မပါပဲ ကစားခဲ့ရပါတယ်။ ထို့နည်းတူစွာ ကွင်းအတွင်းမှာ ကစားနေတဲ့ ဘောလုံးသမားများအားလုံးသည်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာပြီး စည်းစနစ်တကျကစားခဲ့ပါတယ်။ ဒီလို ပရိသတ်တွေမပါပဲ ဘောလုံးပွဲတွေကို အားပေးရတာဟာ အတော်လေး ဂွကျပြီး လိုအပ်ချက်တစ်ခုခုရှိနေတယ်လို့ ခံစားနေရပါတယ်။ အာဆင်နယ်အသင်း၏ ဂန္ဓဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးက ဒီလိုမျိုး ပရိသတ်မပါပဲ ဘောလုံးပွဲတွေကို ကစားတာဟာ “ရေတို” အတွက်အဆင်ပြေသော်လည်း ရေရှည်မှာ မဖြစ်နိုင်ဟု မှတ်ချက်ပြုခဲ့ပါတယ်။ ဖီဖာမှကြီးမှူးကျင်းပသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ဘောလုံးလောကတိုးတက်ရေး အစီအစဉ်တစ်ခုမှာတော့ အာဆင်ဝင်းဂါးက လက်ရှိပြသာနာကို ထောက်ပြခဲ့ပါတယ်။ “အားပေးသူ...

ကဲ ဂျာမနီ နှင့် အင်္ဂလန် နည်းတူ ပေါ်တူဂီ ဘောလုံးပွဲများကိုလည်း လာမည့် ဇွန်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည်

ပေါ်တူဂီ ပရီးမီးယားလီဂါဟာ လာမည့် ဇွန်လ ၄ ရက်နေ့မှာ ပြန်လည်ကျင်းပမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါပြီ။ အဆိုပါလိဂ်ဟာ မတ်လ ၁၂ ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခေတ္တရပ်နားခဲ့တာပါ။ ယခင်က ပေါ်တူဂီ ဝန်ကြီးချုပ် အန်တိုနီယိုကော်စတာက မေလ ၃၀ ရက်နေ့ကတည်းက ဘောလုံးပွဲများကို တံခါးပိတ်ကျင်းပဖို့ အဆိုပြုခဲ့သော်လည်း ညှိ့နှိုင်းဆွေးနွေးမှုများကြောင့် ဇွန်လ ၄ ရက်နေ့ကို အတည်ပြုရွှေးချယ်ခဲ့တာဖြစ်ပါတ်။ ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ဇွန်လ ၄ ရက်နေ့တွင် ကစားမည့်အကြောင်းကို ယခုလို တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ “ပြီးခဲသည့် ရက်ပိုင်းအနည်းငယ်ကတည်းက ပြိုင်ပွဲကြီးတစ်ခုလုံးကု ိအဆင်ပြေချောမွေ့စွာ ကစားနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံးဟာ ခေါင်းစဉ်များစွာနဲ့ အစည်းအဝေးပေါင်းမြောက်မြားစွာကို ပြုလုပ်ခဲ့ပါတယ်။ ပြန်လည်ကစားတဲ့အချိန်မှာတော့ လုံခြုံစိတ်ချရဖို့အတွက် လိုအပ်တဲ့ စစ်ဆေးတိုင်းတာမှုတွေ လုပ်ဆောင်သွားမှာပါ” “ဒီပြိုင်ပွဲမှာတော့ DGS(ပေါ်တူဂီ ပြည်သူ့ကျန်းမာရေးဌာနမှ ညွှန်ချုပ်)၊ FPF(ပေါ်တူဂီ ဘောလုံးဖက်ဒရေးရှင်း) ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ပရီးမီးယားလီဂါဟာ စီးပွားရေးလှုပ်ရှားမှုအားလုံး၏...

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မက်ဆီဘက်က ကာကွယ်ပြောဆိုပေးခဲ့တဲ့ စီးတီးတိုက်စစ်မှူး အဂူရို

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါ၊ UEFA စူပါဖလား၊ ကမ္ဘာ့တိုက်ကြီးများဖလား၊ ကိုပါဒယ်ရေး နှင့် စူပါကိုပါ အက်ပန်ညှောအစရှိသည့် ဖလားပေါင်းများစွာကို ဆွတ်ခူးထားပါတယ်။ တစ်ဦးချင်းအောင်မြင်မှုအနေဖြင့်လည်း ဘောလုံးသမားတစ်ယောက်အတွက် ဂုဏ်သိက္ခာအမြင့်ဆုံး ဆုတစ်ဆုဖြစ်တဲ့ ဘလွန်ဒီအော့ဖ်ဆုကိုလည်း (၆) ကြိမ်တိတိဆွတ်ခူးထားပြီး သမိုင်းတစ်လျှောက်အောင်မြင်မှုအများဆုံး ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီအတွက် ကလပ်အသင်း နဲ့ နိုင်ငံအသင်းအောင်မြင်မှုတွေဟာ ပြောင်းပြန်အချိုးကျနေတယ်လို့ ဆိုရမှာပါ။ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေ အလီလီတွေဆွတ်ခူးထားပေမယ့် အာဂျင်တီးနားအသင်းနဲ့တော့ တခုပ်တရအောင်မြင်မှုဆိုတာ မရှိသေးပါဘူး။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက် ကစားသမား ဂေ့ါဇီ၏ နောက်ကျသွင်းဂိုးကြောင့် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသလို၊ ၂၀၁၅၊၁၆ (၂) နှစ်ဆက်တိုက် ကိုပါအမေရိကပြိုင်ပွဲမှာလည်း မက်ဆီကိုယ်တိုင် ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ဆုဖလားတွေကို ဆက်တိုက်လွဲချော်ခဲ့ရပါတယ်။ ကလပ်နဲ့အတူ အောင်မြင်မှုတွေရထားပေမယ့် နိုင်ငံအသင်းနဲ့ကျအောင်မြင်မှုလောက်လောက်လားလားမရှိတဲ့ မက်ဆီကို ဘောလုံးအသိုင်းအဝိုင်းက ဝိုင်းဝန်းဝေဖန်ကြပါတယ်။ “ဘာစီလိုနာအသင်းအတွက်သာ အာရုံစိုက်ပြီး၊ အာဂျင်တီးနားအတွက်...

အင်တာမီလန်မှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့သည့် ရော်ဘတ်တိုကားလို့စ်

ဘောလုံးသမိုင်းမှာ အကောင်းဆုံး ဘယ်နောက်ခံလူအဖြစ် အမည်တွင်ခဲ့သည့် ဘရာဇီးလ်ကစားသမားဟောင်း ရော်ဘတ်တိုကားလို့စ်ဟာ ၁၉၉၆ ခုနှစ်မှာ အင်တာမီလန်မှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကားလို့စ်ဟာ အင်တာမီလန်အသင်းမှာ ကစားစဉ်က ပုံမှန်ကစားခွင့်ရရှိခဲ့သော်လည်း ထိုစဉ်က အင်တာမီလန်နည်းပြ ရွိုင်းဟော့ဆန်နှင့် ဆက်ဆံရေးအဆင်မပြေတာကြောင့် အီတလီမြေ၌တစ်ရာသီသာ ကျင်လည်ပြီး ဘာနေဗျူးကို ပြောင်းရွှေ့သွားခဲ့တာပါ။ ကားလို့စ်ဟာ ပုံမှန်အတိုင်း ဘယ်နောက်ခံလူအဖြစ်သာ ကစားချင်သော်လည်း ရွိုင်းဟော့ဆန်ဒ်က ဘယ်တောင်ပံကစားသမားအဖြစ် အသုံးပြုနေတာကြောင့် အသင်းကနေထွက်ဖို့အကြောင်းဖန်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကို အင်တာမီလန်ဥက္ကဌ မိုရက်တီထံ အသိပေးပြောကြားခဲ့သော်လည်း မထူးခြားတာကြောင့် ရာသီအကုန်မှာ ဆန်စီယိုကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကားလို့စ်ဟာ ရီးရဲလ်မက်ဒရစ်ဥက္ကဌ လော်ရန်ဇိုဆန့်ဇ် နှင့် ဘရာဇီး၌ တွေ့ဆုံခဲ့ပြီးနောက် တခဏအတွင်းမှာ အသင်းပြောင်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကားလို့စ်က “အင်တာမီလန်မှာတုန်းက ကျွန်တော့်ကို တောင်ပံကစားသမားအဖြစ် အသုံးပြုခဲ့တယ်။ ပြသာနာက ပထမကစားခဲ့တဲ့ ၇ ပွဲစလုံးကို ၇...

ဥရောပပြိုင်ပွဲ(၂)ခုရဲ့ ဗိုလ်လုပွဲတွေကိုရွေ့ဆိုင်းကျင်းပဖို့ စီစဉ်နေတဲ့ UEFA

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ပျံ့နှံ့နေမှုကြောင့် ရပ်နားထားခဲ့ရတဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ရဲ့ ဗိုလ်လုပွဲ ပွဲစဉ်(၂)ပွဲကို ရွေ့ဆိုင်းကျင်းပသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ (2019-20) ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ဟာ လက်ရှိမှာကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲမက်ဒရစ်နဲ့ မန်စီးတီး၊ ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်၊ လိုင်ယွန်နဲ့ ဂျူဗင်တပ်၊ နာပိုလီနဲ့ ဘာစီလိုနာအသင်းတို့ယှဉ်ပြိုင်ကစားရမယ့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့ကျန်ရှိနေတာပါ။ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုနှုန်းမြင့်မားနေတဲ့ အီတလီနဲ့ စပိန်နိုင်ငံအခြေစိုက်အသင်းတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂီတာဖေး၊ ဆီဗီလာနဲ့ ရိုးမားအသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေယှဉ်ပြိုင်ကစားရခြင်းမရှိသေးပဲ အင်တာမီလန်အသင်းကလည်း ဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲအရပ်ရပ်မှနုတ်ထွက်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ UEFA ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ(၂)ရပ်ရဲ့ ဗိုလ်လုပွဲ ပွဲစဉ်(၂)ပွဲကို ဘောလုံးရာသီသစ်စတင်ချိန်ဖြစ်တဲ့ သြဂုတ်လအတွင်းပြောင်းရွေ့ကျင်းပသွားဖို့ စီစဉ်နေပြီး (၃)လနောက်ဆုတ်ကာ ကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်။ မူလကချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှ Ataturk အိုလံပစ်အားကစားကွင်းမှာ...

ဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်မှုဒဏ်ကိုခံနိုင်ဖို့အတွက် တောင့်တင်းခိုင်မာတဲ့ငွေကြေးတစ်ရပ်လိုအပ်သည်ဟု ဟော့ဖန်ဟိမ် ဥက္ကဌ ပြော

တကမ္ဘာလုံးကို တပ်လှန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံအသီးသီးမှ ပညာရှင်များဟာ ကာကွယ်ဆေးကို ဖော်ဆောင်လျက်ရှိပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် အလွှာမျိုးစုံက လူတန်းစားအသီးသီးဟာ အလုပ်ပျက်အကိုင်ပျက်၊ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြပြီး အားလုံးဟာ ကျီလန့်စာစားဖြစ်နေကြပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းအများစုဟာ ရပ်ဆိုင်းခဲ့ရပြီး ဘဏ္ဍာရေးပိုင်းအကျပ်အတည်းတွေကို မကြာခင်မှာ ရင်ဆိုင်လာရဖို့ရှိနေပါတယ်။ ဗိုင်းရပ်စ်တိုက်ခိုက်ခံထားရတဲ့ နိုင်ငံကြီးတွေမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအများစုဟာ ရပ်တန့်သွားကြပြီဖြစ်သလို၊ စက်ရုံအလုပ်ရုံတွေကိုလည်း ပိတ်ထားရပါတယ်။ ဗိုင်းရပ်စ်ရဲ့ ဂယက်ရိုက်ခတ်မှုဟာ စီးပွားရေလောကကိုသာမက ဘောလုံးလောကကို အတော်လေး ကမောက်ကမဖြစ်စေပြီး ဘောလုံးပွဲတွေ ရပ်နားရတဲ့အထိကို ဆိုးရွားစေခဲ့ပါတယ်။ ဘောလုံးသမားတွေကိုယ်တိုင်လည်း ဗိုင်းရပ်စ်ကူးစက်မှုကို ခံထားရပြီး အသက်မသေအောင် မနည်းကုသမှုခံယူနေရပါတယ်။ ဂျာမန်ကလပ် ဟော့ဖန်ဟိမ်၏ ဥက္ကဌ ဟော့ပ်က ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖော်ဆောင်ဖို့ ကြိုးစားလျက်ရှိပြီး လက်ရှိအချိန်မှာ ဆေးအတွက် လိုအပ်တဲ့ စမ်းသပ်မှုတွေကို လုပ်နေပါတယ်။ ဒီလိုလုပ်ဖို့အတွက် ငွေကြေးလိုအပ်ချက်ရှိသလို၊ နောက်ကနေထောက်ပံ့ပေးဖို့...