Category: La Liga

(၂) နှစ်ကြာ ဝေးကွာနေတဲ့ လာလီဂါချန်ပီယံဆုကို သိမ်းပိုက်ဖို့အတွက် (၃) မှတ်သာ လိုတော့တဲ့ #ရီးရဲလ်မက်ဒရစ်

နောက်ဆုံး (၈) ပွဲဆက်တိုက် လုံးဝရှုံးပွဲမရှိပဲ ဆက်တိုက် အနိုင်ရလာတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ ပွဲစဉ်မှာလည်း ဆက်လက်နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားကို အမှားအယွင်းမရှိ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်း ရမှတ်တွေ ဆုံးရှုံးနေချိန်မှာ ရလာတဲ့ အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး အသုံးချနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ရာသီသိမ်းဖို့ (၂) ပွဲအလိုမှာတော့ ဘာစီလိုနာအသင်းကို (၄) မှတ်ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် သောကြာနေနံနက် အစောပိုင်းမှာ ကစားမဲ့ ဗီလာရီးရဲလ်နဲ့ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက ရီးရဲလ်ဟာ (၂) နှစ်ကြာ ဝေးကွာနေတဲ့ လာလီဂါဖလားကိုသိမ်းပိုက်နိုင်တော့မှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကလပ် သမိုင်းတစ်လျှောက်မှာ လာလီဂါဖလားကို (၃၃) ကြိမ်အထိ သိမ်းပိုက်ခဲ့ဖူးပြီး နောက်ဆုံးရရှိခဲ့တာကတော့ ၂၀၁၆-၁၇ ရာသီမှာဖြစ်ပါတယ်။ ထိုစဉ်အချိန်က ရီးရဲလ်မက်ဒရစ်ဟာ ယခုအတိုင်းလိုပဲ ဘာစီလိုနာနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ပြီး ပွဲစဉ် (၃၇) အပြီးမှာ...

ရီးရဲလ်မက်ဒရစ် ဘာကြောင့် ဒီလောက်ပင်နယ်တီရနေလဲဆိုတာကို ပြောပြခဲ့သည့် ဆီမြွန်ီ

ရီးရဲလ်မက်ဒရစ်ဟာ ယခုလာလီဂါရာသီမှာ ပင်နယ်တီ (၉) လုံးအထိရရှိထားပြီး လာလီဂါရဲ့ တတိယမြောက် ပင်နယ်တီအများဆုံးရရှိထားတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ ၎င်းအထက်မှာတော့ ဘီလ်ဘာအို နှင့် မာယောကာ အသင်းတို့ဟာ ပင်နယ်တီ (၁၀) ကြိမ်စီဖြင့် ဦးဆောင်လျက်ရှိပါတယ်။ ယခုလို ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ပင်နယ်တီ အများအပြားရနေတဲ့ လျှို့ဝှက်ချက်ကို မြို့ခံပြိုင်ဘက် နည်းပြ ဆီမြွန်နီက ဖွင့်ဟခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တခြားအသင်းများထက် ပိုမိုတိုက်စစ်ဖွင့်ကစားသည့်အပြင် တိုက်စစ်ကစားသမားများဟာလည်း လိမ္မာပါးနပ်သည့်အတွက်ကြောင့် ယခုလိုပင်နယ်တီတွေ ရနေတာဖြစ်ကြောင်း ဆီမြွန်နီက ရှင်းပြခဲ့ပါတယ်။ ဘာစီလိုနာ နောက်ခံလူ ပီကေး နှင့် ဥက္ကဌ ဘာတိုမြူတို့က ရီးရဲလ်မက်ဒရစ်၏ ပင်နယ်တီကိစ္စအပေါ်မှာ စောဒကတက်ခဲ့ပြီး VAR ဟာ တသင်းထဲကိုသာ မျက်နှာသာပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ် (၂) သင်းသာလျှင် ယခုနှစ်လာလီဂါဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေကြပြီး ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်နောက်မှာ (၄) မှတ်ကွာဖြင့် ဒုတိယနေရာမှာရပ်တည်လျက်ရှိပါတယ်။...

VAR က ရီးရဲလ်မက်ဒရစ်ကို မျက်နှာသာပေးသည်ဟု ဘာစီလိုနာဥက္ကဌ ဘာတိုမြူ စွပ်စွဲ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယမန်နေ့ညက ဘီဘာလ်အိုအသင်းကို အဝေးကွင်းမှာ (၁-ဝ) ရလဒ်နဲ့အနိုင်ရရှိခဲပြီး နောက်ဆုံး (၇) ပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန်တစ်ခုကိုရယူသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ တလုံးတည်းသောသွင်းဂိုးကိုတော့ ပွဲချိန် (၇၃) မိနစ်မှာ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ရလာတဲ့ပင်နယ်တီကို အမှားအယွင်းမရှိကန်သွင်းပြီး နိုင်ပွဲရအောင်စွမ်းဆောင်ပေးခဲ့တာပါ။ ဘာစီလိုနာဥက္ကဌ ဘာတိုမြူကတော့ ရီးရဲလ်မက်ဒရစ်ပွဲကို ကြည့်ရှု့နေခဲ့ပြီး ရီးရဲလ်၏ ပင်နယ်တီနှင့်ပတ်သတ်၍ VAR ဟာ အသင်းတစ်သင်းအပေါ်မှာ မျက်နှာသာပေးမှုတွေရှိနေတယ်လို့ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။ VARကြောင့် ဘောလုံးလောကမှာ အငြင်းပွားမှုတွေ၊ ပြောစရာတွေ များခဲ့ရသလို၊ ဘာတိုမြူကတော့ VAR အပေါ်မှာ စိတ်ပျက်လျက်ရှိပြီး အသားပေးမှုတွေရှိနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် နှင့် ဘာစီလိုနာတို့ဟာ လာလီဂါရာသီသိမ်းဖို့ (၄) ပွဲသာ ကျန်တော့သော်လည်း ဘာစီလိုနာအသင်း ရမှတ်တွေဆုံးရှုံးနေချိန်မှာ ရီးရဲလ်မက်ဒရစ်က ပွဲဆက်အနိုင်ရခဲ့သည့်အတွက်ကြောင့် ရီးရဲလ်ဟာ ဘာစီလိုနာကို (၄) မှတ်ဖြတ်ကာ ဦးဆောင်ထားပါတယ်။ ရီးရဲလ်မက်ဒရစ် ရှုံးပွဲတွေကို...

မက်ဆီနှင့်ပတ်သတ်ပြီး ကောလဟလထွက်ပေါ်နေသည့် သတင်းများအားလုံးကို ငြင်းဆိုခဲ့သည့် #ဘာတိုမြူ

ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆပ်ဘာတိုမြူဟာ အသင်းတိုက်စစ်မှူး လီယွန်နယ်မက်ဆီ ထွက်ခွာတော့မည့် ကောလဟလသတင်းများနှင့် ပတ်သတ်၍ ငြင်းချက်ထုတ်သွားခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ကတ်တလန်ကလပ်မှာ ကစားသမားဘဝအနားယူသည်အထိ ကစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယခင်တပတ်အစောပိုင်းကာလ Candena SER ၏ ထုတ်ဖော်ချက်အရ မက်ဆီဟာ ဘာစီလိုနာအသင်းကို စိတ်ပျက်လျက်ရှိပြီး လာမည့် ၂၀၂၀-၂၁ ရာသီအကုန် အသင်းနှင့် စာချုပ်သက်တမ်း ပြည့်ချိန်မှာတော့ စွန့်ခွာတော့မယ်လို့ ကောလဟလသတင်းများ ထွက်လာခဲ့ပါတယ်။ မက်ဆီဟာ ယခင်ကတည်းက နူကမ့်ကို စွန့်ခွာဖို့ ဆန္ဒမရှိပေမဲ့ လက်ရှိကလပ်အနေဖြင့် သွားနေသည့် ပုံစံကြောင့် စိတ်ပျက်နေပြီး မကျေနပ်မှုများရှိသည့်အတွက်ကြောင့် စာချုပ်သက်တမ်းတိုးမည့်ကိစ္စကိုရပ်တန့်ခဲ့တယ်လို့ ယူဆရပါတယ်။ မက်ဆီဟာ အဆိုပါသတင်းများနှင့်ပတ်သတ်၍ ယခုအချိန်ထိ တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးသလို၊ အခုပြောကြားခဲ့တဲ့ ဘာတိုမြူကိုယ်တိုင်လည်း ဥက္ကဌရွှေးကောက်ပွဲမှာ အနိုင်ရလိုသည့်အတွက်ကြောင့်ဖြစ်သည်ဟု မီဒီယာများက သုံးသပ်ကြပါတယ်။ ဘာစီလိုနာ ဥက္ကဌ ရွှေးကောက်ပွဲကိုတော့ လာမည့်နှစ်မှာ ကျင်းပဖို့အတွက် လျာထားဖြစ်ပြီးပါတယ်။ “ကျွန်တော်ကတော့ ဒီသတင်းတွေနဲ့...

၂၀၂၀-၂၁ ရာသီအကုန်မှာ မက်ဆီတစ်ယောက် ဘာစီလိုနာကို စွန့်ခွာတော့မည်ဟု သတင်းများထွက်ပေါ်လာ

စပိန်မှလာသော သတင်းများအရ လီယွန်နယ်မက်ဆီဟာ နောက်ရာသီအကုန် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ ဘာစီလိုနာကို စွန့်ခွာတော့မည်ဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဟာ ဇန်နဝါရီလအတွင်းက ယခင်နည်းပြဟောင်း ဗာဗယ်လ်ဒီကို ထုတ်ပစ်တဲ့နေရာမှာ သူ့ပယောဂမကင်းကြောင်းကို မီဒီယာများအကြားပေါက်ကြားခဲ့သည့်အတွက် စိတ်ပျက်နေပြီး စာချုပ်သစ်ထပ်မံချုပ်ဆိုမည့်ကိစ္စကို ရပ်တန့်ထားပါတယ်။ စပိန်ရေဒီယို စတေရှင် Cadena Ser ၏ ဖော်ပြချက်အရ အသက် (၃၃) နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအသင်းကို အကောင်းဆုံးဖြစ်စေချင်ပြီး လက်ရှိအခြေအနေကြောင့် အသင်းကိုစွန့်ခွာသွားချင်တယ်လို့ သတင်းများပေါ်ထွက်လာခဲ့ပါတယ်။ အကယ်၍ မက်ဆီသာ ဘာစီလိုနာကို ကျောခိုင်းစွန့်ခွာခဲ့ပါက သူငယ်စဉ်ကကစားခဲ့ဖူးသည့် အာဂျင်တီးနားကလပ် နယူးအိုဘွိုင်းလ်ကို ပြန်သွားနိုင်သလို၊ ဆရာဟောင်း ဂွာဒီယိုလာရှိတဲ့ အင်္ဂလန်မြေကို ပြောင်းရွှေ့လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဂွာဒီယိုလာဟာ သိပ်မကြာခင်အချိန်အတွင်း မန်စီးတီးနှင့် စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပေမယ့် နောက်ထပ် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုသွားဖို့ အလားအလာရှိပါတယ်။ မက်ဆီဟာ ဂွာဒီယိုလာနှင့် ဘာစီလိုနာအသင်းမှာ ၂၀၀၈ မှ...

ဘာစီလိုနာကို (၄) မှတ်ဖြတ်ထားပေမယ့် ပေါ့ဆလို့မရသေးကြောင်း သတိပေးစကားဆိုခဲ့သည့် ရီးရဲလ်မက်ဒရစ်နည်းပြ #ဇီဒန်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဂီတာဖေးနဲ့ အိမ်ကွင်းပွဲစဉ်မှာ အသင်းခေါင်းဆောင် ရာမို့စ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အတူ နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ရီးရဲလ်ဟာ ဒုတိယနေရာက ဘာစီလိုနာအသင်းကို (၄) မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ချန်ပီယံဆုတိုက်ပွဲတွေဟာ ဇာတ်သိမ်းပိုင်းရောက်လေ ပိုမိုပြင်းထန်လေ ဖြစ်လာတော့မှာပါ။ ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီး နောက်ပိုင်း ကစားခဲ့တဲ့ (၆) ပွဲဆက် လုံးဝရှုံးပွဲမရှိတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာအသင်းရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်သည့်အပြင် (၄) မှတ်ပါဖြတ်ထားနိုင်ခဲ့ပါတယ်။ ဂီတာဖေးနှင့် ပွဲအပြီးမှာတော့ ရီးရဲလ်နည်းပြဇီဒန်းက ယခုဖြတ်ထားသည့် (၄) မှတ်ဟာ ဘာမှမဟုတ်သေးသလို၊ ရာသီမကုန်မချင်း သတိထားပြီး ဖြတ်သန်းရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ရာသီသိမ်းဖို့အတွက် (၅) ပွဲဆက်လက်ကစားရအုံးမှာဖြစ်ပြီး အဆိုပါ (၅) ပွဲစလုံးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံအိပ်မက်အတွက် အလွန်အရေးပါတယ်လို့ ဇီဒန်းက ပြောခဲ့ပါတယ်။ “အခုတော့ ကျွန်တော်တို့က...

ခြေစွမ်းမပြနိုင်တဲ့ ဟာဇတ်အပေါ်မှာ ကာကွယ်ပြောဆိုမှုပြုလုပ်ခဲ့သည့် ရီးရဲလ်နည်းပြ ဇီဒန်း

ချယ်လ်ဆီးအသင်းမှ ရီးရဲလ်မက်ဒရစ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘယ်လ်ဂျီယမ်ကစားသမား အီဒင်ဟာဇတ်ဟာ ဘာနေဗျူးမှာ ထင်သလောက်ခြေစွမ်းမပြနိုင်သေးပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဟာဇတ်ရဲ့ အဓိကခြေစွမ်းမပြနိုင်ရခြင်းအကြောင်းအရင်းတစ်ရပ်ကတော့ ဒဏ်ရာပြသာတွေကြောင့်ပဲဖြစ်ပါတယ်။ ၂၀၁၉-၂၀ ရာသီအတွင်းမှာ ဟာဇတ်ဟာ စုစုပေါင်း (၄) ကြိမ်တိတိ ဒဏ်ရာရရှိခဲ့ပြီး ရက်ပေါင်း (၁၇၆) ရက် အနားယူခဲ့ရပါတယ်။ ဟာဇတ်ဟာ လာလီဂါပြိုင်ဘက်ကစားသမားများရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံရပြီး ကြမ်းကြမ်းတမ်းတမ်းကစားရသည့်အတွက်ကြောင့် မကြာခဏဒဏ်ရာပြသာနာများနဲ့ ကြုံတွေ့ရပါတယ်။ ဟာဇတ်ကို မလိုလားအပ်တဲ့ ဒဏ်ရာတွေထပ်ကြုံရမှာစိုးရိမ်နေတဲ့ ဇီဒန်းဟာ သောကြာနေ့နံနက်အစောပိုင်းမှာ ကစားမဲ့ ဂီတာဖေးနှင့် ပွဲစဉ် လူစာရင်းမှချန်လှပ်ထားခဲ့ပါတယ်။ ဒီလို ချန်လှပ်ထားခဲ့ရခြင်းဟာ ဟာဇတ်အပေါ်မှာစိုးရိမ်သည့်အတွက်ကြောင့်ဖြစ်သလို၊ အနားပေးလိုက်သည့်အတွက်လည်း ဒီထက်ပိုပြီးကောင်းလာမည်ဟု ယုံကြည်ထားကြောင်း ဇီဒန်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ “အီဒင်က အရမ်းကောင်းတယ်။ ဒါကို ပြိုင်ဘက်တွေကလည်း သိနေတယ်။ ဒါပေမယ့် ဘယ်ကစားသမားကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ နာပါစေတော့ သဘောနဲ့ လုပ်တာမဟုတ်ပါဘူး။ အီဒင်နဲ့...

ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ဘာစီလိုနာနှင့် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ယမန်နေ့ညက ကစားခဲ့တဲ့ အေတီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ ပင်နယ်တီတစ်ဂိုးသွင်းယူခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ခွဲပြီးပြောရမယ်ဆိုရင် အဆိုပါသွင်းဂိုးဟာ ဘာစီလိုနာအသင်းနှင့်အတူ ဂိုးပေါင်း ၆၃၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီးတော့ နိုင်ငံလက်ရွှေးစင်အသင်းအတွက် စုစုပေါင်း ဂိုး ၇၀ သွင်းယူထားပါတယ်။ မက်ဆီကတော့ သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကတော့ နောက်ထပ်သရေတပွဲထပ်မံကြုံတွေ့ခဲ့ရပြီး လာလီဂါဖလားကို ထိန်းထားဖို့ တဖြည်းဖြည်းခက်ခဲလာပါပြီ။ ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ (၄) ပွဲဆက်မှာ (၃) အထိ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး စိတ်ပျက်စရာကောင်းခဲ့ပါပြီ။ ယခင်တပတ်က ဆယ်လ်တာဗီဂိုအသင်းကို အဝေးကွင်းမှာ သရေကျခဲ့တာကြောင့် ရမှတ်ဆုံးရှုံးခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ဒီတပတ်မှာလည်း အေတီကိုမက်ဒရစ်ကို ထပ်မံသရေကျခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်သာ ဂီတာဖေးကို အနိုင်ကစားခဲ့မယ်ဆိုရင် နှစ်သင်းကြား ရမှတ်ကွာဟမှုဟာ (၄) မှတ်အထိ ရှိသွားမှာသေချာပါတယ်။ ဗာဗယ်လ်ဒီမကောင်းလို့ ဆက်တီယန်နဲ့ လူစားလဲခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ...

အသင်း မပြောင်းခင် နောက်ဆုံးအချိန်ထိ ဘာစီလိုနာအသင်းအတွက် အရာအားလုံးပေးဆပ်သွားမည်ဟု ကတိပြုခဲ့သည့် #အာသာ

ယမန်နေ့ညက ဂျူဗင်တပ်စ် အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အာသာမယ်လိုကို ယူရိုသန်း ၇၂ + အပိုကြေး ယူရို ၁၀ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ဂျူဗင်တပ်စ်ကွင်းလယ်လူ ပီဂျာနစ်ကို ဘာစီလိုနာအသင်းက ယူရိုသန်း ၆၀ + အပိုကြေး ယူရို ၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ တနည်းအားဖြင့် ဒီကစားသမားအလဲအထပ်ဟာ အောင်မြင်သွားခဲ့ပြီလို့ ဆိုရမှာပါ။ နှစ်ယောက်စလုံးဟာ ယခုအချိန်မှာ လက်ရှိကလပ်တွေနဲ့ ရာသီကုန်သည်အထိ ခရီးဆက်ဖို့ရှိကာ ရာသီသိမ်းမှသာ သက်ဆိုင်ရာကလပ်တွေကို ပြောင်းမှာဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူ အာသာမယ်လိုဟာ ဘာစီလိုနာအသင်းမှာ ရေရှည်ဆက်ကစားဖို့ ရည်ရွယ်ထားသော်လည်း ငွေကြေးလိုအပ်ချက်အရ ဘာစီလိုနာရဲ့ အသုံးတော်ခံဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၁၉-၂၀ ရာသီမှာ အစကတည်းက ကစားသမားဒဏ်ရာပြသာနာများနဲ့အတူ ရလဒ်များကမောက်ကမဖြစ်ခဲ့ရသလို၊ ယခုအချိန်မှာလည်း ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နှင့် ၂ မှတ်ကွာအနေအထားဖြင့် နောက်မှလိုက်ပြီး ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေရပါတယ်။ အသင်းမပြောင်းချင်တဲ့...

ရာထူးထိုင်ခုံ ခပ်လှုပ်လှုပ်ဖြစ်လာပြီဖြစ်သည့် ဘာစီလိုနာနည်းပြ #ဆက်တီယန်

စပိန်လာလီဂါဟာ ယခုနှစ်မှာ ချန်ပီယံဆုအတွက် အတော်လေး ပြိုင်ဆိုင်မှုပြင်းထန်တာကို တွေ့ရပါတယ်။ ပွဲပြီးဖို့ (၆) ပွဲလောက်အလိုမှာတင် ထိပ်ဆုံး (၂) သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အမှတ်ကွာဟချက်ဟာ (၂) မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ (၂) မှတ်တိတိကွာဟသွားခဲ့ပြီး ချန်ပီယံဆုကို ထိန်းထားဖို့ ခက်ခဲလာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း ပွဲကျပ်တွေဆက်တိုက်ကစားထားရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ယနေ့ညမှာလည်း အေတီကိုမက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အေတီကိုနဲ့ပွဲသာ မတော်တဆ အရေးနိမ့်ခဲ့မယ်ဆိုပါက နည်းပြဆက်တီယန်ဟာ ရာထူးမှ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီပွဲရလဒ်ဟာ ဆက်တီယန်အတွက်တော့ အတော်လေး အရေးပါတယ်လို့ ဆိုရမှာဖြစ်ပြီး ဖိအားတွေလည်း များနေလောက်ပါပြီ။ ဆက်တီယန်ဟာ ဘာကာကစားသမားတွေနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာမှာ ကွဲလွဲချက်များရှိနေပြီး အချေအတင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဘာကာကြယ်ပွင့် မက်ဆီ နဲ့...