Category: Premier Leauge

အန်ဖီးလ်ကနေ စွန့်ခွာမယ့်နေ့ကို သတ်မှတ်လိုက်ပြီဖြစ်သည့် ပါပူးနည်းပြ ဂျာဂင်ကလော့ပ်

ဂျိုးကြာနီတို့ရဲ့ ပဲ့ကိုင်ရှင် ဂျာဂင်ကလော့ပ်ဟာ ၂၀၂၄ အပြီးမှာတော့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အဆိုပါစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ ဂျာဂင်ကလော့ပ်ဟာ အမိမြေ ဂျာမနီကို ပြန်ဖို့ လောလောဆယ်ဆုံးဖြတ်ချက်ချထားပါတယ်။ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို နှစ်ပေါင်း (၃၀) ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့်အပြင် ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့တိုက်ကြီးများဖလားကိုပါသိမ်းပိုက်ပေးခဲ့ပါတယ်။ လီဗာပူးလ်ကို ဥရောပဘောလုံးမျက်နှာစာမှာ နေရာတစ်ခုရအောင် ပြန်လည်ဆွဲတင်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဒီလိုမျိုးအောင်မြင်မှုတွေ စွမ်းဆောင်ထားနိုင်ပေမယ့် ၊ ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့ရင် ဂျာမန်မြေမှာ ပြန်ပြီး နည်းပြလုပ်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ အင်္ဂလန်မှာ ဘယ်လောက်ထိဆက်နေဖို့စဉ်းစားထားလဲလို့ SWR Sport က မေးမြန်းခဲ့ရာမှာတော့ ကလော့ပ်က “လီဗာပူးလ်မှာ ၄ နှစ်လောက် ဆက်နေဖို့ စဉ်းစားထားတယ်” လို့ ဖြေပါတယ်။ “ဒီမှာ လုပ်ပြီးခဲ့ရင်တော့ ကျိန်းသေ မိန်ဇ့်ကို ပြန်သွားဖို့ အလားအလာများပါတယ်” လို့ ဖြေကြားထားပါတယ်။ အန်ဖီးလ်ကို...

အန်ဖီးလ်ကနေ စွန့်ခွာမယ့်နေ့ကို သတ်မှတ်လိုက်ပြီဖြစ်သည့် ပါပူးနည်းပြ ဂျာဂင်ကလော့ပ်

ဂျိုးကြာနီတို့ရဲ့ ပဲ့ကိုင်ရှင် ဂျာဂင်ကလော့ပ်ဟာ ၂၀၂၄ အပြီးမှာတော့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အဆိုပါစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ ဂျာဂင်ကလော့ပ်ဟာ အမိမြေ ဂျာမနီကို ပြန်ဖို့ လောလောဆယ်ဆုံးဖြတ်ချက်ချထားပါတယ်။ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို နှစ်ပေါင်း (၃၀) ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့်အပြင် ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့တိုက်ကြီးများဖလားကိုပါသိမ်းပိုက်ပေးခဲ့ပါတယ်။ လီဗာပူးလ်ကို ဥရောပဘောလုံးမျက်နှာစာမှာ နေရာတစ်ခုရအောင် ပြန်လည်ဆွဲတင်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဒီလိုမျိုးအောင်မြင်မှုတွေ စွမ်းဆောင်ထားနိုင်ပေမယ့် ၊ ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့ရင် ဂျာမန်မြေမှာ ပြန်ပြီး နည်းပြလုပ်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ အင်္ဂလန်မှာ ဘယ်လောက်ထိဆက်နေဖို့စဉ်းစားထားလဲလို့ SWR Sport က မေးမြန်းခဲ့ရာမှာတော့ ကလော့ပ်က “လီဗာပူးလ်မှာ ၄ နှစ်လောက် ဆက်နေဖို့ စဉ်းစားထားတယ်” လို့ ဖြေပါတယ်။ “ဒီမှာ လုပ်ပြီးခဲ့ရင်တော့ ကျိန်းသေ မိန်ဇ့်ကို ပြန်သွားဖို့ အလားအလာများပါတယ်” လို့ ဖြေကြားထားပါတယ်။ အန်ဖီးလ်ကို...

အခွင့်အရေးကောင်းကို လွဲချော်သွားခဲ့ပေမယ့် စိတ်ပျက်အားလျော့ခြင်း မရှိတဲ့ #ဆိုးလ်ရှား

ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ယမန်နေ့ညက ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် အနိုင်ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိပဲ ဆောက်သမ်တန်ရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ယခုတပတ်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးရော ၊ လက်စတာစီးတီး (၂) သင်းစလုံးဟာ ရှုံးပွဲအသီးသီး ကြုံတွေ့ခဲ့ရသည့်အတွက် ယူနိုက်တက်အတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင်က အမှတ်ပေးဇယားမှာ လက်စတာ၊ ချယ်လ်ဆီး တို့ရဲ့ အောက် အဆင့် (၅) နေရာမှာ ရမှတ် (၅၈) မှတ်ဖြင့် ရပ်တည်လျက်ရှိပြီး ဆောက်သမ်တန်ကိုသာ အနိုင်ရခဲ့ပါက သေချာပေါက် အဆင့် (၃) နေရာကို ရမှတ် (၆၁) မှတ်ဖြင့် ရောက်ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ (၅) ပွဲဆက်တိုက်မှာ အာဆင်နယ်အသင်းကလွဲလို့ ရှုံးပွဲလုံးဝမရှိတဲ့ ဆောက်သမ်တန်ကို ယူနိုက်တက်တို့ အနိုင်မကစားနိုင်ခဲ့ပါဘူး။ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပေမယ့် ဆိုးလ်ရှားဟာ...

ကီပါရဲ့ နေရာကိုအစားထိုးဖို့အတွက် လူငယ်ခြေတက်ဂိုးသမားတစ်ဦးကို ချိန်ရွယ်ထားသည့် #ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းဖြင့် ခေါ်ယူထားသည့် စပိန်ဂိုးသမား ကီပါကို စိတ်တိုင်းမကျသည့်အတွက်ကြောင့် အစားထိုးဖို့ပြင်ဆင်နေပါတယ်။ ကီပါဟာ ပြီးခဲ့တဲ့ ရာသီကတည်းက အမှားများစွာကျူးလွန်ခဲ့ပြီး လက်စွမ်းကျဆင်းနေသည့်အတွက်ကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ရှက်ဖီးယူနိုက်တက်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ ကီပါဟာ ဆက်လက်ဝေဖန်တိုက်ခိုက်ခံရပြီး ၎င်းကို ရောင်းထုတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ဂိုးသမားပြသာနာကို ဖြေရှင်းဖို့အတွက် အေဂျက်စ်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ အိုနာနာရဲ့ ကိုယ်စားလှယ်နဲ့ ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေဟာ တွေ့ဆုံခဲ့ပြီးပြီလို့ The Athletic က ဖော်ပြထားပါတယ်။ အိုနာနာဟာ ၂၀၁၆ ကတည်းက အေဂျက်စ်အသင်းကြီးမှာ စတင် ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပြီး လက်စွမ်းပြကာကွယ်ထားနိုင်ပါတယ်။ အထူးသဖြင့် အိုနာနာရဲ့...

အာဆင်နယ်နဲ့ ပွဲမှာ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့သည့် စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်

ယမန်နေ့ညက ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဟီးရိုးဖြစ်ခဲ့သူကတော့ စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်ပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ကိုယ်တိုင်ကိုယ်ကျ တစ်ဂိုးသွင်းယူခဲ့သည့်အပြင် အသင်းဖော် အယ်ဒါဝီရယ်လ်သွင်းယူဖို့အတွက် တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ပေးခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးစ်အသင်းအတွက် နောက်ဆုံး ၈ နှစ်အတွင်း ပထမဦးဆုံးလုပ်ပြနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ စပါးစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ လာကာဇတ်သွင်းဂိုးနဲ့ ဦးဆောင်ခံခဲ့ရပေမယ့် ချက်ချင်းဆိုသလို၊ ဆွန်ဟောင်မင်က အာဆင်နယ်အသင်းနောက်တန်း အမှားကို အခွင့်ကောင်းယူပြီး ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ အိမ်ကွင်းအားသာချက်ရှိသည့်အပြင် နည်းပြသမ္ဘာရှိတဲ့ မော်ရင်ဟိုရဲ့ စပါးစ်အသင်းဟာ ဒုတိယပိုင်းမှာ အယ်ဒါဝီရယ်လ်ရဲ့ ခေါင်းတိုက်ဘောနဲ့အတူ အိမ်ကွင်းမှာ နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။ အယ်ဒါဝီရယ်လ်ရဲ့ သွင်းဂိုးကိုတော့ ဆွန်ဟောင်မင်ကပဲ ထောင်ကန်ဘောကတဆင့် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်ဘက်ကို တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီး ပြုလုပ်ပေးခဲ့တဲ့ ကစားသမားကတော့ စပါးစ်တိုက်စစ်မှူး အဒီဘာယောဖြစ်ပြီး ၂၀၁၂ ခုနှစ်က လုပ်ပြခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်ကိုတော့ ဆွန်ဟောင်မင်က ပိုင်ဆိုင်သွားပြီဖြစ်ပြီး ဒီပွဲရဲ့...

လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာ ပြိုင်ဘက်အသင်းကို မသိမသာ ထိုးနှက်သွားခဲ့သည့် စပါးစ်နည်းပြ #မော်ရင်ဟို

ပရီးမီးယားလိဂ် ပထမအကျော့က အမ်းမရိတ်မြေမှာ အနိုင်မရရှိခဲ့တဲ့ စပါးစ်အသင်းဟာ ယခုတကြိမ်မှာတော့ ရတဲ့အခွင့်အရေးကို အပိုင်အသုံးချပြီး အိမ်ကွင်းမှာ (၃) မှတ်ရယူကာ အဆင့် (၈) နေရာသို့ တက်လှမ်းခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးစ်အသင်းဟာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို (၂) မှတ်ဖြတ်ထားနိုင်ခဲ့ပြီး အာဆင်နယ်အထက်မှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အစဉ်အလာ ပြိုင်ဆိုင်မှုပြင်းထန်သည့် မြို့ခံပြိုင်ဘက်များဖြစ်သည့်အလျောက် စပါးစ်အသင်းရဲ့ အဓိကရည်ရွယ်ချက်မှာ အာဆင်နယ်အသင်း၏ အထက်မှာ ရပ်တည်နေနိုင်ဖို့ မဟုတ်ကြောင်း စပါးစ်နည်းပြ မော်ရင်ဟိုက ဖွင့်ဟခဲ့ပါတယ်။ လွန်လေပြီးသော အတိတ်မှာတုန်းက အာဆင်နယ်အသင်းဟာ စပါးစ်အသင်းအပေါ်မှာ ဆယ်စုနှစ်ခုကြာ လွှမ်းမိုးထားနိုင်ခဲ့သော်လည်း မျက်မှောက်ကာလမှာတော့ စပါးစ်အသင်းရဲ့ ပြန်လည်လွှမ်းမိုးမှုကို အမြှောက်တပ်သားကို ခံစားနေရပြီဖြစ်ပါတယ်။ နောက်ဆုံး (၃) နှစ်ဆက်တိုက် စပါးစ်အသင်းဟာ အာဆင်နယ်အသင်းအထက်မှာ ရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ထားပါတယ်။ မော်ရင်ဟိုကတော့ အာဆင်နယ်အသင်းအထက်မှာ ရပ်တည်နိုင်ရုံဖြင့် အောင်မြင်မှုရမှာမဟုတ်သလို၊ သူတို့ရဲ့ အဓိက...

ဒေးဗစ်ဘက်ခမ်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည့် ချယ်လ်ဆီးကစားသမား #ဝီလီယမ်

ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် တောင်ပံကစားသမား ဝီလီယမ်ဟာ ရာသီအကုန်မှာ လန်ဒန်ကလပ် နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ စာချုပ်သက်တမ်းထပ်တိုးဖို့ကိစ္စကို ချယ်လ်ဆီးအသင်းဘက်မှ ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာထူးခြားလာခြင်းမရှိသေးပါဘူး။ သက်တမ်းတိုးဖို့ နှောင့်နှေးနေတဲ့ ဝီလီယမ်ကို နာမည်ကျော်ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်သည့် မေဂျာလိဂ်ကလပ် အင်တာမီယာမီမှ ကမ်းလှမ်းခဲ့ပါတယ်။ အင်တာမီယာမီဟာ ဝီလီယမ်ကို မက်မောလောက်သည့် ကမ်းလှမ်းမှုတစ်ခုနှင့်အတူ ကမ်းလှမ်းခဲ့သော်လည်း ဝီလီယမ်က ချက်ချင်းပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ဝီလီယမ်ရဲ့ အခြေအနေကို မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ် နှင့် စပါးစ်တို့က စောင့်ကြည့်လျက်ရှိပါတယ်။ ဝီလီယမ်ဟာ ကိုရိုနာဗိုင်းရပ်စ်အပြီး ပြန်စတဲ့ ဘောလုံးပွဲစဉ်တွေမှာ ပွဲထွက်ခွင့်အများဆုံးရရှိခဲ့သလို၊ အသင်းအတွက်လည်း အဖိုးတန်သည့် သွင်းဂိုးများ သွင်းယူပေးလျက်ရှိပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ (၄) ဂိုးအထိသွင်းယူခဲ့ပြီးနောက် ဝီလီယမ်ရဲ့ လက်ရှိရာသီစုစုပေါင်း သွင်းဂိုး (၁၁) ဂိုးအထိ ရှိလာခဲ့ပြီးနောက် တိုက်စစ်မှူး အေဗရာဟမ်ရဲ့ နောက်မှာ ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ရပ်တည်လျက်ရှိပါတယ်။ ချယ်လ်ဆီးအသင်းဟာ...

အာဆင်နယ်အသင်းရဲ့ အာရုံစူးစိုက်မှုလျော့ရဲတဲ့အပေါ်မှာ ပြစ်တင်ဝေဖန်သွားခဲ့သည့် #ဆိုးလ်ကမ်းဘဲ

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးစ်အသင်းကို ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့သော်လည်း ပေါ့ဆသည့်နောက်တန်းများကြောင့် ချေပဂိုးများ ပြန်လည်ခွင့်ပြုလိုက်ရကာ အဝေးကွင်းမှာ အရေးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲချိန် ၁၆ မိနစ်ကတည်းက လာကာဇတ်၏ လှပသော အဝေးကန်ချက်နှင့်အတူ ပွဲကို ခေတ္တ ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၁၉ မိနစ်မှာ နောက်ခံလူ ကိုလာစီနက် နှင့် ဒေးဗစ်လုဇ်တို့၏ အပေးအယူအမှားမှတဆင့် စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်က ပြန်လည်ချေပဂိုးသွင်းယူခဲ့ပါတယ်။ ထို့အတူ ပွဲပြီးဆုံးခါနီး ၉ မိနစ်အလိုမှာတော့ ဆွန်ဟောင်မင် ကန်တင်ပေးခဲ့တဲ့ ထောင်ကန်ဘောကို စပါးစ်နောက်ခံလူ အယ်ဒါဝီရာက အာဆင်နယ်နောက်ခံလူများအကြား ခေါင်းတိုက်သွင်းယူပြီး စပါးစ်အသင်းအတွက် အဖိုးတန် ၃ မှတ်ကိုရယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ လာရောက်ကစားရပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားခွင့်ရခဲ့သော်လည်း ကစားသမားများ၏ တိုက်ပွဲဝင်လိုစိတ် မရှိတာကြောင့် အနိုင်ရသင့်သော်လည်း အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပေးလိုက်ရတဲ့...

ကျွန်တော်ကိုယ်တိုင် ဂရင်းဝုဒ်ကို အထွတ်အထိပ်ရောက်အောင် တွန်းအားပေးသွားမှာပါ #ပေါ့ဂ်ဘာ

မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမား မေဆွန်ဂရင်းဝုဒ်ဟာ ယမန်နေ့ညက ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မှာ အဝေးကန်ချက်မှတဆင့် အပြင်းကန်သွင်းပြီး သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ အက်စ်တွန်ဗီလာအသင်းကို ဂရင်းဝုဒ်၊ ဖာနန်ဒက်စ် နှင့် ပေါ့ဂ်ဘာတို့၏ သွင်းဂိုးများနှင့်အတူ အဝေးကွင်းမှာ (၃) ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။ ဂရင်းဝုဒ်ကို ဂိုးဖန်တီးပေးခဲ့တဲ့ ပေါ့ဂ်ဘာက သူ့အနေဖြင့် အလားအလာရှိတဲ့ လူငယ်ကစားသမား ဂရင်းဝုဒ်ကို အထွတ်အထိပ်သို့ရောက်အောင် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ (၃) ဂိုးအထိသွင်းယူပေးထားခဲ့ပြီး ယူနိုက်တက်ရဲ့ အသက်ငယ်ဆုံး ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ၁၅ လကြာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ ပေါဂ်ဘာကိုယ်တိုင်လည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ ထောင်ကန်ဘော ပေးပို့မှုမှတဆင့် လှလှပပ သွင်းဂိုးတစ်သွင်းဂိုးသွင်းယူခဲ့ပါတယ်။ ဂရင်းဝုဒ် တွဲဖက်ကစားရသည်နှင့် ပတ်သတ်ပြီး ပေါ့ဂ်ဘာက “အရမ်းကောင်းပါတယ်။ သူတို့တွေ...

ချယ်လ်ဆီးကိုဦးတည်နေတဲ့ ဟာဗက်ဇ်အတွက် အသင့်တော်ဆုံးအသင်းကို ပြောပြခဲ့သည့် ဂျာမနီလက်ရွှေးစင်အားကစားဒါရိုက်တာ အိုလီဗာဘီရာဟော့ဖ်

လေဗာကူဆင် အသင်းရဲ့ ဂျာမန်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ဟာ ချယ်လ်ဆီးအသင်းနဲ့ အသံထွက်နေတာဖြစ်ပြီး မကြာခင်ရောက်လာတော့မည့် အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့စိတ်အားထက်သန်နေပါတယ်။ ဂျာမနီလက်ရွှေးစင်အသင်း၏ အားကစားဒါရိုက်တာ အိုလီဗာ ဘီရာဟော့ဖ်က ဟာဗက်ကိ ချယ်လ်ဆီးအသင်းကို မပြောင်းရွှေ့ပဲ ရီးရဲလ်မက်ဒရစ်ကိုသာ ရွှေးချယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဟာဗက်ဇ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင့်တော်ဆံးဖြစ်ပြီး အကောင်းဆုံး နေရာတစ်ခုဖြစ်လာလိမ့်မည်ဟု ဘီရာဟော့ဖ်က ယုံကြည်ထားပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ဟာဗက်ဇ်ကို အသည်းအသန်ချိတ်ဆက်နေပြီး အသင်းမှ ကစားသမားကို ရောင်းထုတ်ကာ ဟာဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ လေဗာကူဆင်အသင်းဟာ ဟာဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ သတ်မှတ်ထားပြီး အဆိုပါပြောင်းရွှေ့ကြေးအတိုင်း ရရှိခဲ့ပါက ဟာဗက်ဇ်ကို ချက်ချင်းလက်လွှတ်သွားဖို့ အသင့်ဖြစ်နေပါပြီ။ ဂျာမန်ကစားသမားတွေကို မျက်စိကျနေတဲ့ ချယ်လ်ဆီးအသင်းဟာ RB လပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူခဲ့ပြီးနောက် ကွင်းလယ်အတွက် ဟာဗက်ဇ်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ Daily...