Category: Premier Leauge

လာမည့်နွေရာသီမှာပင် အာဆင်နယ်အသင်းကနေ ထွက်သွားဖို့ စဉ်းစားနေပြီဖြစ်သည့် မီဆွတ်အိုဇေးလ်

ပွဲထွက်ခွင့်များပျောက်ဆုံးပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်လျက်ရှိသည့် အာဆင်နယ်အသင်းကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ်ဟာ အသင်းနှင့် စာချုပ်သက်တမ်းမပြည့်ခင်မှာပဲ အမ်းမရိတ်မြေကို ကျောခိုင်သွားဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လစာအကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်သော်လည်း အသင်း၏ ကစားဟန်နှင့် အံမဝင်သည့်အတွက်ကြောင့် မြက်ခင်းစိမ်းနှင့် ဝေးကွာနေတာ အတော်လေးကြာခဲ့ပြီဖြစ်ပါတယ်။ လာမည့် ၂၀၂၁ ဇွန်လ ၃၀ ရက်နေ့မှာ အာဆင်နယ်နှင့် စာချုပ်သက်တမ်းပြည့်တော့မည့် အိုဇေးလ်အနေဖြင့် စာချုပ်သက်တမ်းကုန်သည်အထိ ထိုင်စောင့်မနေပဲ အသင်းပြောင်းချင်နေပါပြီ။ အိုဇေးလ်က သူ့သာ အာဆင်နယ်အသင်းက ထွက်ခွာဖြစ်ခဲ့ပါက USA သို့မဟုတ် တူရကီကလပ်များသို့သာ သွားရောက်ကစားဖွယ်ရှိတယ်လို့ သူ၏ သူငယ်ချင်းများကိုဖွင့်ဟထားပါတယ်။ အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်ကလည်း အိုဇေးလ်ကို ဖြစ်နိုင်ရင် အမြန်ဆုံးရောင်းထုတ်သွားဖို့ အသင်းကို တိုက်တွန်းထားပါတယ်။ “အိုဇေးလ်ရဲ့ အနေအထားက အူနိုင်းအမ်မရီတုန်းကလိုမျိုးဖြစ်နေပါပြီ။ ကျွန်တော်သာ နည်းပြဖြစ်ခဲ့မယ်ဆိုရင်တော့ အရင်ဦးဆုံးအကောင်းဆုံးဖြစ်အောင်လုပ်မဲ့ကိစ္စကတော့ သူ့ကို ရောင်းထုတ်သွားမှာပါပဲ။ တချိန်ထဲမှာပဲ ကျွန်တော်က သူ့ကို...

မန်ချက်စတာစီးတီးရဲ့ လူငယ်ကစားသမားကို ပြောင်မြောက်စွာချီးကျူးသွားခဲ့သည့် ရီယိုဖာဒီနန်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရီယိုဖာဒီနန်က မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း၏ အသက် ၂၀ အရွယ် လူငယ်ကစားသမား ဖိုလ်ဒင်၏ ခြေစွမ်းကို ချီးကျူးသွားခဲ့သလို၊ အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုအတွက် လိုအပ်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်သည်ဟု ပြောခဲ့ပါတယ်။ ဖိုလ်ဒင်ဟာ စီးတီးမှာ ဂွာဒီယိုလာ နည်းပြစဖြစ်တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စီးတီးအသင်းကြီးမှာ စတင်ရွှေးချယ်ခံခဲ့ရသော်လည်း ကစားခွင့်မရခဲ့ပါဘူး။ သည်းခံမှုအပြည့်နဲ့ စောင့်ဆိုင်းလာခဲ့တဲ့ ဖိုလ်ဒင်အတွက် လက်ရှိအချိန်မှာတော့ ပုံမှန်ကစားခွင့်တစ်နေရာကို ပိုင်ဆိုင်ခွင့် နီးစပ်လာခဲ့ပါပြီ။ ဖိုလ်ဒင်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၇) ပွဲဆက်မှာ (၁၃) ဂိုးအထိသွင်းယူထားသည့်အပြင် သူ့ရဲ့ အကန့်အသတ်မဲ့ ခွန်အားတွေက စီးတီးအတွက် အားတစ်ခုဖြစ်စေပါတယ်။ တဖြည်းဖြည်းနဲ့ နည်းပြရဲ့ ယုံကြည်ကိုးစားမှုကိုရလာတဲ့ ဖိုလ်ဒင်ဟာ ကစားရတဲ့ပွဲတိုင်းကို ခွန်စိုက်အားစိုက်ဖြင့် မခိုမကပ်နဲ့ ကြိုးစားအားထုတ်ပါတယ်။ ဒါကြောင့် ဖိုလ်ဒင်ဟာ မန်စီးတီးအသင်းအတွက်သာမက အင်္ဂလန်လက်ရွှေးစင်အသင်းကြီးအတွက်လည်း အရေးပါသည့် ကစားသမားတစ်ယောက်ဖြစ်လာမည်ဖြစ်ကြောင်း ဖာဒီနန်က ဟောကိန်းထုတ်လိုက်ပါတယ်။...

ဆာလတ်ချ်ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးဖို့အတွက် စိတ်အားထက်သန်နေပါတယ် #ကလော့ပ်

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလတ်ချ်ဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ (၂) ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁) ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ ယခုရာသီ ဆာလတ်ချ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ (၁၉) ဂိုးအထိရှိလာခဲ့ပြီဖြစ်ပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ တတိယနေရာမှာရပ်တည်လျက်ရှိပါတယ်။ ပြီးခဲ့သည့် ၂ ရာသီဆက်တိုက ်ရွှေဖိနပ်ဆုကို ဆွတ်ခူးထားတဲ့ ဆာလတ်ချ်ဟာ လက်ရှိပုံစံကောင်းကိုသာ ထိန်းထားပြီး ဂိုးတွေဆက်တိုက်သွင်းယူထားနိုင်မယ်ဆိုရင်တော့ ရာသီအကုန်မှာ (၃) နှစ်ဆက် ရွှေဖိနပ်ဆုကို ရရှိဖို့ အလားအလာများနေပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ (၃) နှစ်ဆက်တိုက် ရွှေဖိနပ်ဆု ရယူခဲ့ဖူးသူ (၂) ဦးသာ ရှိပြီး နယူးကာဆယ်တိုက်စစ်မှူး အလန်ရှီးယား နှင့် အာဆင်နယ်တိုက်စစ်မှူး အွန်နရီတို့ဖြစ်ပါတယ်။ ဘရိုက်တန် နှင့် ပွဲအပြီးမှာတော့ ကလော့ပ်က ဆာလတ်ချ်ကို ချီးကျူးသွားခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုဟာ သူ့အတွက ်ဂိုးတွေဆက်တိုက်သွင်းဖို့အတွက် လှုံ့ဆော်မှုတစ်ရပ်ဖြစ်စေသည်ဟု ပြောခဲ့ပါတယ်။ “သူဟာ...

ရာသီအကုန်မှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးဖု့ိ စတင်ဆွေးနွေးသွားမည့် ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာ

စာချုပ်သက်တမ်း (၁၁) လသာ ကျန်တော့သည့် မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ နောက်ထပ်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့အတွက် ရာသီအကုန်မှာ စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဘက်က စာချုပ်သစ်ကိစ္စကို ယခုချိန်ထိ ကစားသမားနှင့်ဆွေးနွေးထားတာမျိုးမရှိသေးသော်လည်း ရာသီအကုန်မှာတော့ ပေါဂ်ဘာ၏ အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးမှုများစတင်သွားဖို့ အလားအလာရှိနေပါတယ်။ အသက် ၂၇ နှစ်အရွယ် ကမ္ဘာ့ဖလားဆုရှင် ပေါ့ဂ်ဘာဟာ ပြီးခဲ့သည့်အတိတ်ကာလတုန်းက အိုးထရက်ဖို့ဒ်ကနေ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသည်ဟု ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ယူနိုက်တက်မှာ ပျော်ရွှင်နေသည့်အတွက်ကြောင့် သူ့ရဲ့ အနာဂတ်ကို ယူနိုက်တက်မှာသာ မြုပ်နှံသွားဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာဟာ အသစ်ခေါ်ယူထားသည့် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နှင့် အတွဲမိနေပြီး ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြကစားပေးနေပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို စာချုပ်သက်တမ်းတိုးဖြစ်ခဲ့ပါက အသင်းရဲ့ လစာအများဆုံး ကစားသမားဖြစ်သည့် အလက်ဆစ်ဆန်းချက်ဇ်၊ ဒေးဗစ်ဒီဂီယာတို့နဲ့ တန်းတူ လစာငွေတစ်ရပ်ကို ပေးချေသွားဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။...

ဂျူဗင်တပ်စ်ထက် မန်ချက်စတာယူနိုက်တက်ကိုသာ ရွှေးချယ်ဖို့ ဂျီမီနက်ဇ်ကို အကြံပြုခဲ့သည့် မက္ကဆီကိုနည်းပြ

မက္ကဆီကိုနည်းပြ တာတာ မာတီနိုက တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်အနေဖြင့် ဂျူဗင်တပ်စ်အသင်းသို့ မပြောင်းပဲ မန်ချက်စတာယူနိုက်တက်ကိုသာ ရွှေးချယ်ပြောင်းရွှေ့ဖို့ အကြံပေးခဲ့ပါတယ်။ ဘာစီလိုနာနည်းပြဟောင်း မာတီနိုက ဝုဗ်အသင်းတိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ဂျူဗင်တပ်စ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိနေသည့်အတွက်ကြောင့် ပုံမှန်ကစားခွင့်ရဖို့ မသေချာပဲ ယူနိုက်တက်မှာ သေချာပေါက်နေရာရလိမ့်မယ်လို့ တွက်ဆထားပါတယ်။ “ယနေ့ဘောလုံးလောကကို အပြင်ဘက်က ကြည့်မယ်ဆိုရင် ရာအူးလ် (ဂျီမီနက်ဇ်)လို နံပတ် ၉ တိုက်စစ်မှူးမျိုး ယူနိုက်တက်မှာ မရှိပါဘူး။ သူတို့ဆီမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ် နဲ့ ဂရင်းဝုဒ်တို့ရှိတယ်ဆိုပေမယ့်လည်း လူကာကူထွက်သွားကတည်းက အထောင်တိုက်စစ်မှူးစစ်စစ်မရှိတာကြာပြီ။ ဂျူဗင်တပ်စ်မှာဆိုရင်တော့ နေရာတစ်နေရာရဖို့ ခက်ခဲပါလိမ့်မယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက တိုက်စစ်ပိုင်းကို နေရာယူထားသလို ဒိုင်ဘာလာ သို့မဟုတ် ဟီဂူအင်နဲ့ရှိနေတာကြောင့်ပါ။ ဒါကြောင့် အဲ့ကိုသွားမယ်ဆိုရင် နေရာတစ်နေရာရဖို့အတွက် ပိုမိုခက်ခဲပြီး ပြိုင်ဆိုင်ရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်...

နာသန်အာကီ ကိုခေါ်ယူမည့်သတင်းများအပေါ်မှာ မှတ်ချက်ပေးခဲ့သည့် #ဆိုးလ်ရှား

ဆိုးလ်ရှားဟာ နောက်ဆုံးကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်အပြီးမှာ ဘုန်းမောက် နောက်ခံလူ နာသန်အာကီ နှင့် နှုတ်ဆက်ခဲ့ပြီး စကားပြောခဲ့ပါတယ်။ ဒါကို မီဒီယာများက တခုတ်တရဖော်ပြခဲ့ကြပြီး ဆိုးလ်ရှားဟာ အာကီကို ခေါ်ယူဖို့ စည်းရုံးသိမ်းသွင်းနေသည်ဟု သတင်းများပေါ်ထွက်လာခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ အဆိုပါအခြေအမြစ်မရှိသည့် သတင်းများအားလုံးကို ပယ်ချခဲ့ပြီး အာကီကို ခေါ်ယူသွားဖို့ အစီအစဉ်မရှိကြောင်း သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဆိုးလ်ရှားက “ကျွန်တော့်မှာ ဗဟိုခံစစ်မှူး ၇ နှစ်ယောက်တောင်ရှိနေတယ်လေ။ ဒီသတင်းတွေ က ဘယ်ကနေထွက်လာလဲတော့မသိဘူး။ ကျွန်တော်တို့ နှစ်ယောက်စလုံးက အားလုံးအဆင်ပြေပါတယ်” လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) အပြီးမှာတော့ အမှတ်ပေးဇယား အဆင့် (၁၉) နေရာကိုရောက်ရှိနေပြီး တန်းဆင်းရမည့်အခြေအနေနှင့်ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅) ပွဲဆက်တိုက်စလုံး အရေးနိမ့်ထားသည့်အပြင် ရမှတ် (၂၇) မှတ်သာ ပိုင်ဆိုင်ထားပြီး အဆင့် (၁၈)...

ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မန်ချက်စတာယူနိုက်တက်ကို ရာဇသံပေးလိုက်ပြီဖြစ်သည့် #ဒေါ့မွန်

မန်ချက်စတာယူနိုက်တက်ဟာ ၎င်းတို့ရဲ့ တိုက်စစ်အင်အားကိုဖြည့်တင်းဖို့အတွက် ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး အပြောင်းအရွှေ့သတင်းအထွက်ဆုံး ကစားသမားတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဆန်ချိုဟာ ဒေါ့မွန်ကို ရောက်တဲ့ ၂၀၁၇ ကတည်းက ခြေစွမ်းပိုင်းတဖြည်းဖြည်းတိုးတက်လာခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အကောင်းဆုံးပုံစံနဲ့ ကစားလျက်ရှိပါတယ်။ ဂျာမနီမှလာသောသတင်းများအရ ဒေါ့မွန်အသင်းဟာ ဆန်ချိုအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ရာဇသံပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းဘက်မှ ဆန်ချိုကိုခေါ်ယူချင်ရင် သြဂုတ်လ ၁၀ ရက်နေ့နောက်ဆုံးထားဖို့ ယူနိုက်တက်ကို ရာဇသံပေးခဲ့သလို၊ ၎င်းနေ့မှာမခေါ်နိုင်ပါက ဆန်ချိုကို မေ့လိုက်ပါတော့လို့ ယူနိုက်တက်ကို အကြောင်းကြားခဲ့ပါတယ်။ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးဟာ အနည်းဆုံး ယူရိုသန်း ၁၀၀ ဝန်းကျင်ရှိနေပြီး ပြောင်းရွှေ့ကြေးဟာ ယူနိုက်တက်အတွက် အခက်အခဲရှိနေပါတယ်။ ဂျာမန်နာမည်ကြီးသတင်းစာ Bild ၏ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို သင့်တင့်သောဈေးတစ်ခုဖြင့်ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေသလို၊ ယူနိုက်တက်ကိုလည်း သြဂုတ်လ ၁၀ ရက်နေ့နောက်ဆုံးထားခေါ်ယူပေးဖို့...

အမှားတွေကနေ သင်ခန်းစာယူသွားမည်ဖြစ်ကြောင်း လက်စတာစီးတီးနှင့်ပွဲအပြီးမှာ ပြောကြားခဲ့သည့် #အာတီတာ

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက လက်စတာစီးတီးအသင်းကို အိမ်ကွင်းအမ်းမရိတ်မှာ (၁-၁) ဂိုးစီသရေကျပြီး နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ စတင်အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန် (၂၁) မိနစ်မှာ တောင်ပံကစားသမား ဆာကာရဲ့ ပေးပို့မှုမှတဆင့် အူဘာမီယန်းက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ ပွဲချိန် မိနစ် (၉၀) အထိ အနိုင်ရလဒ်ကိုတောင့်မခံနိုင်ခဲ့ပဲ ပွဲချိန် (၈၅)မိနစ်မှာ ဂိုးသွင်းဖို့ ဆာလောင်နေတဲ့ လက်စတာစီးတီး တိုက်စစ်မှူး ဗာဒီက သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ လူစားဝင်ကတိုက်စစ်မှူး အန်ကတ်တီးယား၏ မပါးနပ်သည့် လူချကစားမှုကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါအနီကတ်ကြောင့်ပင် အာဆင်နယ်အသင်းဟာ လက်ကျန် မိနစ် (၂၀) ကျော်ကို တစ်ယောက်လျော့အနေအထားဖြင့် ဖြတ်သန်းခဲ့ရပြီး လက်စတာစီးတီးက အဆိုပါအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက လက်ရှိပွဲရလဒ်ဟာ အိပ်မပျော်အောင ်ဖန်တီးလိုက်ပြီဖြစ်ကြောင်း...

ယူနိုက်တက်မှာ ကာလရှည်ဖြတ်သန်းဖို့ ဒီဂီယာကို တောင်းဆိုသွားခဲ့သည့် ဂန္ဓဝင်ကစားသမားကြီး ပီတာရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက်၏ ဂန္ဓဝင်ကစားသမားကြီး ပီတာရှမိုက်ကယ်က လက်ရှိဂိုးသမား ဒေးဗစ်ဒီဂီယာဟာ အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ယောက်ဖြစ်သလို၊ ယူနိုက်တက်မှာ နောက်ထပ် (၁၀) နှစ်လောက် ဆက်လက်ကစားပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သော်လည်း မကြာခဏအမှားများကျူးလွန်လေ့ရှိသည့်အတွက် ဝေဖန်ခံရပါတယ်။ အထူးသဖြင့် စပါးစ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘတ်ချ်ဝင်းရဲ့ သွင်းဂိုးကို သေသပ်စွာ မဖမ်းနိုင်ခဲ့တဲ့အတွက်ကြောင့် ဘောလုံးဝေဖန်သူများက ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်ကြပြီး ဒီဂီယာကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီဂီယာသာ နောက်ထပ် ၁၀ နှစ်လောက် ဆက်လက်ကစားဖြစ်ခဲ့ပါက ယူနိုက်တက်ရဲ့ ပွဲထွက်အများဆုံး နိုင်ငံရပ်ခြား ကစားသမားအဖြစ် အမှတ်ရနေမှာဖြစ်ကြောင်း ရှမိုက်ကယ်က ဆိုပါတယ်။ “သူကတော့ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါနဲ့ ပတ်သတ်ပြီးတော့ ငြင်းခုံနေစရာအကြောင်းမရှိပါဘူး။ အခုခေတ် မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းမှာတော သူဟာ အခက်ခဲဆုံးအပိုင်းကို တာဝန်ယူဖြတ်သန်းနေရတာပါ။ ယူနိုက်တက်ဟာ အတက်အကျ များခဲ့ပါတယ်။...

ဘဏ္ဍာရေးအကျပ်အတည်းဆိုက်ကပ်နေတဲ့ ဝီဂန်ဘောလုံးအသင်းကို ဝီဂန်စစ်သည်တော်များကယ်တင်မည်

တချိန်က ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသည့် ဝီဂန်အသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်ကြောင့် ဒုက္ခရောက်နေပြီး အမှတ်လျော့ပြစ်ဒဏ်ခံရတော့မည့် အနေအထားကို ဆိုက်ရောက်နေပါတယ်။ ဝီဂန်အသင်းဟာ အင်္ဂလန် ပရော်ဖက်ရှင်နယ်အသင်းတွေထဲမှာ သက်တမ်းရင့်စာရင်းထဲ ပါဝင်နေသလို၊ ကလပ်ရဲ့ သက်တမ်းဟာလည်း (၈၈) နှစ်အထိရှိလာခဲ့ပါပြီ။ ၂၀၁၃ ခုနှစ်ကစလို့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားကတည်းက ပြန်မတက်လာနိုင်တော့တဲ့ ဝီဂန်ဟာ အင်္ဂလန် ချန်ပီယံရှစ်မှာ တဝဲလည်လည်ဖြစ်နေပြီး ဘဏ္ဍာရေးအကျပ်အတည်းများ ကြုံတွေ့နေရပါတယ်။ ဒီလို အကျပ်အတည်းကြုံတွေ့နေရတဲ့ ဝီဂန်အသင်းကို ဝီဂန်စစ်သည်တော်များ (wigan warriors) လို့ ခေါ်တဲ့ ရက်ဘ်ဘီအသင်းက ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ တပတ်က ဝီဂန်အသင်းဟာ ဘဏ္ဍာရေးပြသာနာကြောင့် စစ်ဆေးခံခဲ့ရပြီး၊ ၁၂ မှတ်လျော့ပစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီပြစ်ဒဏ်အတွက် အယူခံဝင်ထားခဲ့ပြီးဖြစ်ကြောင်း ပူးတွဲအုပ်ချုပ်ရေးမှူး ဂျဲရတ်ကတ်စနာက ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ဝီဂန်အသင်းဟာ ချန်ပီရှစ်ရဲ့ အဆင့် (၁၆) နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့်...