Category: Premier Leauge

ထပ်ပြီး မမှားကြဖို့ အသင်းသားတွေကို တိုက်တွန်းသွားခဲ့သည့် မန်ချက်စတာစီးတီးနည်းပြ #ဂွာဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ဂွာဒီယိုလာက အသင်းသားများအနေဖြင့် တစ်ဦးချင်းအမှားတွေကို မပြင်ဆင်နိုင်ခဲ့ပါက ဖလားရည်မှန်းချက်များပျက်ပြယ်သွားမည်ဖြစ်ကြောင်း သတိပေးစကားဆိုခဲ့ပါတယ်။ စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်လိုက်ရပေမယ့် ကာရာဘောင်းဖလားကိုရယူထားပြီးဖြစ်သလို၊ ချန်ပီယံလိဂ် နှင့် FA ဖလားပြိုင်ပွဲတို့မှာလည်း ကျန်ရှိနေသေးသည့်အတွက်ကြောင့် ဖလား (၂) အိပ်မက်ကို မက်ထားဆဲဖြစ်ပါတယ်။ အကယ်၍ ချယ်လ်ဆီး နှင့် ဆောက်သမ်တန်ပွဲစဉ်တို့မှာ မှားခဲ့သလိုမျိုး အမှားတွေကိုသာ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် နောက်လမှာ ကစားမဲ့ အာဆင်နယ်နှင့် ရီးရဲလ်မက်ဒရစ်တို့ကို နိုင်ဖွယ်ရာမရှိဟု ဂွာဒီယိုလာက ဝန်ခံခဲ့ပါတယ်။ “ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သတ်ပြီးတော့ သံသယတစုံတရာမရှိပါဘူး။ ပြီးခဲ့တဲ့ ၂-၃ ရာသီလောက်က အောင်မြင်တွေကတော့ ကြောက်ခမန်းလိလိပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ တချို့ပွဲတွေမှာ မလုပ်သင့်တဲ့ အမှားတွေကို လုပ်နေတဲ့ အချက်တစ်ချက်ရှိနေတယ်။ ဒါကို ရှောင်ရှားရမယ်။ တချို့ကိစ္စတွေမှာဆိုရင် ဂိုးမသွင်းနိုင်လို့ ကျွန်တော်တို့ကို အပြစ်ပေးသလိုဖြစ်နေတယ်။ အာဆင်နယ်နဲ့ ကစားမဲ့ ဆီမီးဖိုင်နယ်၊...

စီဘယ်လော့စ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ စတင်ဆွေးနွေးနေပြီလို့ ဝန်ခံခဲ့သည့် #အာတီတာ

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကစားသမား ဒန်နီစီဘယ်လော့စ်ကို ခေါ်ယူဖို့အတွက် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း နည်းပြအာတီတာမှ ဝန်ခံပြောကြားခဲ့ပါတယ်။ စီဘယ်လော့စ်ဟာ ၂၀၁၉-၂၀ နွေရာသီမှာ အာဆင်နယ်အသင်းကို တစ်ရာသီအဌားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံစုစုပေါင်း (၃၀) ကစားပြီးချိန်မှာတော့ (၂) ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ အာတီတာရဲ့ ကစားကွက်မှာ တဖြည်းဖြည်းနဲ့ အသားကျလာပြီဖြစ်တဲ့ စီဘယ်လော့စ်ကို အာဆင်နယ်အသင်းက အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်းကိုတော့ အာတီတာက “ဟုတ်တယ်၊ သူ့အသင်းနဲ့ ကျွန်တော်တို့ စကားပြောနေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒန်နီက ကျွန်တော်တို့ရဲ့ အပိုင်ကစားသမားမဟုတ်သလို၊ ကျွန်တော်တို့လက်ထဲမှာလည်း မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စတွေ သေချာပြောဆိုပြီးတော့ လုပ်စရာရှိတာကို လုပ်ရမှာ။ သူရှိနေတဲ့အတွက်ကြောင့်လည်း ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူပါဝင်ပတ်သတ်နေတဲ့ အနေအထားကိုလည်း သဘောကျတယ်။ ဘောလုံးကို ခံစားချက်နဲ့ ကစားတဲ့ သူ့ရဲ့ ကစားဟန်ကိုလည်း ချစ်ပါတယ်” “ပွဲတိုင်း၊ ထရိန်နင်းတိုင်းမှာ သူဟာ အမြဲတမ်းဒီပုံစံအတိုင်း လုပ်နေကြပါ။...

မူစတာဖီ၊ ဒေးဗစ်လုဇ်တို့ရဲ့ နောက်မှာ ကစားရတဲ့ ခံစားချက်ကို ဖွင့်ဟခဲ့သည့် အာဆင်နယ် ဂိုးသမား မာတီနက်ဇ်

အာဆင်နယ်ဂိုးသမား မာတီနက်ဇ်က အသင်းရဲ့ ဝါရင့်နောက်ခံလူများဖြစ်သည့် မူစတာဖီနှင့် ဒေးဗစ်လုဇ် တို့နောက်မှာ ကစားရတာဟာ လုံခြုံစိတ်ချရမှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒေးဗစ်လုဇ် နဲ့ မူစတာဖီတို့ဟာ မကြာခဏ အမှားများကျူးလွန်သည့်အတွက်ကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို မကြာခံဏဆိုသလို ခံခဲ့ရပါတယ်။ နည်းပြသစ်အာတီတာလက်ထက်မှာတော့ (၂) ယောက်စလုံးရဲ့ စွမ်းဆောင်ရည်ဟာ တိုးတက်လာသလို၊ အထူးသဖြင့် နောက်ခံလူ မူစတာဖီဟာ ယခင်နဲ့ယှဉ်မယ်ဆိုရင် အမှားနည်းလာပြီး ကစားပုံတိုးတက်လာတာကို အတိုင်းသာမြင်တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့သည့် ဝုဗ်နဲ့ ပွဲစဉ်မှာတော့ နည်းပြအာတီတာဟာ ကိုလာစီနက်၊ ဒေးဗစ်လုဇ် နှင့် မူစတာဖီတို့ကို အထိုင်ချကာ (၃-၄-၃) ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ လုံးဝပေးဂိုးမရှိပဲ အနိုင်ရရှိခဲ့သည့်အပြင် ဝုဗ်လ်အသင်းရဲ့ ဂိုးပေါက် ကန်သွင်းမှု (၈) ကြိမ်မှာ (၁) ကြိမ်သာ ဂိုးပေါက်တည်မှုရှိခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ လီနိုအစား ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ အာဂျင်တီးနား...

ဂျေမီဗာဒီဟာ ပြိုင်ဘက်အသင်းတွေကို အိပ်မက်ဆိုးတွေ မက်စေမဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ဘရန်ဒန်ရော်ဂျာ ချီးကျူး

လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာက အသင်းရဲ့ တိုက်စစ်မှူး ဂျေမီဗာဒီကို ချီးကျူးသွားခဲ့သလို၊ ၎င်းရဲ့ စွမ်းဆောင်ရည်ဖြင့် လက်စတာစီးတီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရအောင် လုပ်ယူသွားမည်ဖြစ်ကြောင်း ကြုံးဝါးသွားခဲ့ပါတယ်။ ဗာဒီဟာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ (၂) ဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် သွင်းဂိုး (၁၀၁) ဂိုးအထိ ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဗာဒီဟာ သွင်းဂိုး (၁၀၀) ပြည့်သွားပြီဖြစ်သည့်အတွက် အလန်ရှီးယား၊ ရွန်နီ၊ အန်ဒီကိုးလ်၊ အွန်နရီ ၊ အဂူရိုအပါအဝင် နာမည်ကြီးတိုက်စစ်မှူးများရရှိခဲ့သည့် ရာစုနှစ်၏ အကောင်းဆုံးပရီးမီးယားလိဂ်သွင်းဂိုးများဆု (Century Of Premier League) ဆုကို ရရှိခဲ့ပါတယ်။ လက်ရှိအကောင်းဆုံးပုံစံကို ဆက်လက်ထိန်းထားပြီး ယနေ့ညကစားမည့် အာဆင်နယ်အသင်းနှင့် (၉) ကြိမ်မြောက်ထိပ်တိုက်တွေ့ဆုံပွဲမှာ ခြေစွမ်းပြကစားသွားဖို့ ဗာဒီက ရည်မှန်းထားပါတယ်။ ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့် လက်စတာစီးတီး လူစာရင်းမှာ အခရာကျခဲ့တဲ့ ဗာဒီဟာ...

(၆) နှစ်ကြာလက်တွဲလာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ အနီးစပ်ဆုံးဖြစ်နေသည့် ဂျူအန်မာတာ

၂၀၁၃-၁၄ ဆောင်းရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ကြေး ပေါင် ၃၇.၁ သန်းဖြင့် ရောက်ရှိလာခဲ့သည့် စပိန်ကွင်းလယ်လူ ဂျူအန်မာတာဟာ ယခုရာသီအကုန်မှာတော့ (၆) နှစ်ကြာဖြတ်သန်းလာခဲ့တဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးကို ကျောခိုင်းစွန့်ခွာသွားဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။ တူရကီကလပ် ဖီနာဘာချီအသင်းဟာ မာတာကို ခေါ်ယူဖို့အတွက် မျက်စိကျလျက်ရှိပြီး ခေါ်ယူဖို့ ကြိုးစားလာနိုင်သည်ဟု တူရကီအခြေစိုက် သတင်းများက ဖော်ပြထားပါတယ်။ Sansursuz Futbol ၏ ဖော်ပြချက်အရ မာတာ အိုးထရက်ဖို့ဒ် နှင့် ယခုနွေရာသီမှာ လမ်းခွဲဖို့ ဆန္ဒရှိနေပြီး ဖီနာဘာချီကလည်း ၎င်းကို ခေါ်ယူအင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ လာမည့်ရာသီမှာ သူ့ရဲ့ ကစားကွက်ကို အကောင်းဆုံးပုံစံဖြင့် ဆက်လက်တည်ဆောက်သွားမှာဖြစ်ပြီး မာတာအနေဖြင့် ဦးစားပေးခံရဖို့ အလားအလာနည်းပါးသွားခဲ့ပါပြီ။ အထူးသဖြင့် မာတာဟာ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရောက်လာကတည်းက ပွဲထွက်ခွင့်နည်းပါးသွားခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း (၂) ပွဲသာ...

အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်မှူးတစ်ဦးကို သက်တမ်းတိုးသွားဖို့ ကြိုးစားနေသည့် #အာဆင်နယ်

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ အသင်းရဲ့ အထောင်တိုက်စစ်မှူးဖြစ်သည့် အလက်စန္ဒားလာကာဇတ်ကို သက်တမ်းတိုးဖို့အတွက် လိုလားလျက်ရှိပြီး ရာသီအကုန်မှာတော့ ဒီကိစ္စကို အကောင်အထည်ဖော်သွားဖွယ်ရှိနေပါတယ်။ ၂၀၁၇ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်း၏ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ပြောင်းရွှေ့လာခဲ့သည့် လာကာဇတ်ဟာ ထိုစဉ်က (၅) နှစ်စာချုပ်ချုပ်ဆိုထားသည့်အတွက်ကြောင့် လာမည့် ၂၀၂၂ ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် သက်တမ်းတိုးနေတဲ့ အာဆင်နယ်အသင်းဟာ လာကာဇတ်ကို ရာသီအကုန်မှာ သက်တမ်းတိုးဖို့ ပြင်ဆင်လာနိုင်ပါတယ်။ အခုချိန်မှာတော့ အသင်းရဲ့ အဓိကဂိုးသွင်းစက်ဖြစ်သူ အူဘာမီယန်းကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး သဘောတူညီမှုရဖို့လည်း အတော်လေးနီးစပ်လျက်ရှိပါတယ်။ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့မဖွင့်ခင်ကတည်းက ဒေးဗစ်လုဇ်ကို (၁) နှစ်သက်တမ်းတိုးခဲ့သလို၊ ပါဘလိုမာရီ နှင့် ဆီးဒရစ်ဆိုးရက်စ် တို့ကိုလည်း အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ထို့အတူ လူငယ်ကစားသမားများဖြစ်သည့် ဘူကာယိုဆာကာ နှင့် မာတီနယ်လီတို့ကို လစာများတိုးပေးကာ...

ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွှေးစင်အသင်းအတွက် ကစားပေးဖို့အသင့်ဖြစ်နေပြီလို့ ကြွေးကြော်ခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြကစားပြီး ဂိုးတွေသွင်းယူပေးနေတဲ့ လူငယ်လေး မာဆွန်ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွှေးစင်အသင်းမှာ ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူနိုက်တက် နည်းပြဆိုးလ်ရှားကပြောခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ နောက်ဆုံးကစားခဲ့တဲ့ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုးသွင်းယူပေးခဲ့ပါတယ်။ အရည်အသွေးမြင့်ပြီး ဗန်ပါစီလက်သစ်လို့ တင်စားကြတဲ့ ဂရင်းဝုဒ်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၈) အပါအဝင် ပြိုင်ပွဲစုံစုစုပေါင်း (၁၅) ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ သူ့ရဲ့ တပည့်ကျော် ဂရင်းဝုဒ်ကို ဂရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွှေးစင်အသင်းမှာ ရွှေးချယ်ခံရဖို့အတွက် ထောက်ခံအားပေးခဲ့ပါတယ်။ “ခင်ဗျားက မန်ယူနိုက်တက်မှာ ကစားခွင့်ရခဲ့ပြီဆိုရင် ဒါဟာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ မန်ယူနိုက်တက်မှာသာ ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ပြီဆိုရင်တော့ ခင်ဗျားဟာ ဘယ်အသင်းမှာမဆို ကစားဖို့ အဆင်သင့်ဖြစ်သွားပြီ။ မာဆွန်မှာက အများမှာရှိတဲ့ အရည်အချင်းကောင်းတွေ သူ့မှာတပုံကြီးရှိနေတယ်။ သူက အင်္ဂလန်အသင်းကြီးအတွက် ဒါမှမဟုတ်...

ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့တာဟာ ကစားသမားသစ်လိုအပ်နေလို့ မဟုတ်ပါလို့ ဆိုလိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီးအသင်းဟာ ယမန်နေ့ညက ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ (၁-ဝ) ဂိုးဖြင့်အရေးနိမ့်ခဲ့ပါတယ်။ ယခုရှုံးပွဲဟာ မန်စီးတီးရဲ့ ၂၀၁၉-၂၀ ရာသီအတွက် (၉) ပွဲမြောက်ရှုံးပွဲဖြစ်ခဲ့ရသလို၊ နောက်ဆုံး (၃) ရာသီအတွင်း ရှုံးပွဲအများဆုံး ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ကို ရှုံးနိမ်ခဲ့ရခြင်းအတွက် ကစားသမား လိုအပ်ချက်တစ်ခုကြောင့် အရေးနိမ့်ခဲ့ရခြင်းမဟုတ်ကြောင်း ပွဲအပြီးမှာ ဂွာဒီယိုလာက ကာကွယ်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ကတော့ ကစားသမားလိုအပ်ချက်ကြောင့် ရှုံးခဲ့ရတယ်လို့ မမြင်မိဘူး။ ရိုးရိုးသားသားပြောရရင် ဒီပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ပုံစံ၊ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒနဲ့ အဆုံးထိကစားခဲ့တယ်။ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတာက ပင်နယ်တီဧရိယာထဲမှာ (၁၀) ယောက်အထိ ပိတ်ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းပါ။ ကျွန်တော်တို့ တကယ်ကောင်းကောင်းကစားနိုင်ခဲ့တယ်။ ဒီပွဲရဲ့ အခြေအနေကို ပြန်လည်သုံးသပ်သွားမယ်။ ပြီးတော့ ရခဲ့တဲ့အခွင့်အရေးတွေကိုလည်း ပြန်သုံးသပ်မယ်။ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ ၊ ကစားနိုင်ခဲ့တဲ့ အနေအထားထက် တကယ့်ကို ခက်ခဲလွန်းတယ်။...

“ပေါ့ဂ်ဘာ + ဘရူနို” အတွဲ ဘုန်းမောက်နှင့်ပွဲစဉ်ကို လွဲချော်ဖို့ ရာခိုင်နှုန်းများ

မန်ချက်စတာယူနိုက်တက်၏ ကွင်းလယ်ကစားသမားများဖြစ်ကြသည့် ပေါ့ဂ်ဘာနှင့် ဘရူနိုတို့ဟာ ယခုတပတ်စနေနေ့မှာ ကစားမည့် ဘုန်းမောက်နှင့်ပွဲစဉ်ကို လွဲချော်ဖို့ ရာခိုင်နှုန်းများနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြကြပါတယ်။ Mirror ၏ ဖော်ပြချက်အရ သူတို့ (၂) ဦးစလုံးဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းရင်း ထိခိုက်မိတဲ့အတွက်ကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးအနက် ဘရူနိုဟာ ပေါ့ဂ်ဘာထက်ပိုပြီး ထိခိုက်မှုပြင်းထန်ခဲ့တယ်လို့ သိရပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ တကယ်သာ လွဲချော်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အသည်းအသန်ဖြစ်နေတဲ့ ဆိုးလ်ရှားအတွက်တော့ အိပ်မက်ဆိုးဖြစ်လာပါလိမ့်မယ်။ ဆိုးလ်ရှားရဲ့ ကစားကွက်မှာ ဘရူနိုဟာ အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်လာခဲ့သလို၊ ပေါ့ဂ်ဘာ+ဘရူနို ဖာနန်ဒက်စ်အတွဲဟာ ယူနိုက်တက်အတွက်တော့ အခရာကျသည့် ကွင်းလယ်တိုက်စစ် ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာတော့ ပေါ့ဂ်ဘာရော ၊ ဘရူနိုပါ အချိတ်ဆက်မိမိ ကစားနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ည...

ဝီလီယံကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးစားနေဆဲဖြစ်သည့် #ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ဝီလီယံဟာ လက်ရှိရာသီအကုန်မှာ အသင်းနှင့် စာချုပ်သက်တမ်းပြည့်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဝီလီယံကို လက်မလွှတ်လိုသည့်အတွက်ကြောင့် စာချုပ်သက်တမ်းတိုးဖို့ကို ကြိုးစားလျက်ရှိပါတယ်။ ဇွန်လကုန်ခါနီးက အသင်းနှင့် ရာသီအကုန်ထိ ကာလတိုသက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သော်လည်း နောက်ရာသီအတွက်တော့ စိုးရိမ်ရဆဲအနေအထားဖြစ်ပါတယ်။ ဝီလီယံကိုယ်တိုင်လည်း သူ့ရဲ့အနာဂတ်ကို လုံးဝမဆုံးဖြတ်ရသေးကြောင်း ဝန်ခံထားတဲ့အတွက် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေက ကြိုးစားနေပါတယ်။ ဝီလီယံဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၆) ပွဲမှာ မန်ချက်စတာစီးတီးပွဲစဉ်အပါအဝင် (၅) ဂိုးအထိသွင်းယူထားပြီး ချယ်လ်ဆီးအသင်းအတွက် အရေးပါသည့် ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ လမ်းပတ်ကိုယ်တိုင်လည်း ဝီလီယံကို အသင်းမှာ ဆက်လက်ထိန်းထားနိုင်ဖု့ိအတွက် လိုလိုလားလားရှိနေပြီး သက်တမ်းတိုးအောင်မြင်ဖို့ မျှော်လင့်ထားပါတယ်။ “သူ့အပေါ်မှာ ထားတဲ့မျှော်လင့်ချက်တွေကိုတော့ လက်မလျော့နိုင်သေးပါဘူး။ ကလပ်ကလည်း သူနဲ့ လက်ရှိအချိန်ထိ စာချုပ်ကိစ္စဆွေးနွေးနေဆဲပါပဲ။ ကျွန်တော်တို့ကတော့ သူ့ကို ဒီမှာပဲ ဆက်နေစေချင်တယ်။ ဒီအသက်အရွယ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့မယ်ဆိုရင်လည်း တော်တော်လေး လေးစားဖို့ ကောင်းပါပြီ”...