Category: Premier Leauge

ဆန်ချိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရယူခဲ့သည့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းများပေါ်ထွက်လာခဲ့ပါတယ်။ ထွက်ပေါ်လာသည့် သတင်းများအရ ယူနိုက်တက်ဟာ ဆန်ချိုကို (၅) နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ သူ့ရဲ့ ကစားကွက်ကို ပိုမိုထက်မြက်စေဖို့အတွက် ဆန်ချိုကို ခေါ်ယူဖို့ အရင်ကတည်းကပစ်မှတ်ထားနေတာပါ။ ဆန်ချိုကို အခြေခံစာ တပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ အပြင် အပိုဆုကြေးငွေ အပါအဝင် အများဆုံးပေါင် ၂ သိန်းနီးပါး ပေးချေသွားဖွယ်ရှိပါတယ်။ ကစားသမားနဲ့ အဆင်ပြေသွားပြီတဲ့အတွက်ကြောင့် အပြောင်းအရွှေ့အထမြောက်ဖို့အတွက် ယူနိုက်တက် နဲ့ ဒေါ့မွန်တို့ဟာ ခေါင်းချင်းဆိုင် ဆွေးနွေးရတော့မှာဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ဆန်ချိုအတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ ဝန်းကျင်မှာ အလိုရှိနေပြီး ယူနိုက်တက်ကတော့ အဆိုပါဈေးအတိုင်းပေးချေရဖို့ရှိပါတယ်။ ဆန်ချိုကိုယ်တိုင်လည်း မွေးရပ်မြေကို ပြန်လာပြီး ကစားချင်နေတာကြောင့် ယူနိုက်တက်ဘက်က ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ရဖို့ရှိပါတယ်။ ဒေ့ါမွန်ကြောင့် ထွန်းတောက်လာခဲ့ရတဲ့ ဆန်ချိုဟာ...

ဗလင်စီယာက စိတ်ဝင်စားနေတဲ့ နောက်ခံလူကို အဌားချသွားဖို့ စဉ်းစားနေသည့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းမှ ခေါ်ယူဖို့စိတ်ဝင်စားနေသည့် နောက်ခံလူ အဲရစ်ဘိုင်လေကို အဌားချသွားဖို့ စဉ်းစားလျက်ရှိကြောင်း သိရပါတယ်။ အိုင်ဗရီကို့စ်ကစားသမား ဘိုင်လေဟာ ရာသီကြိုခြေစမ်းပွဲမှာရရှိခဲ့သော ဒဏ်ရာကြောင့် ကာလကြာရှည်စွာ အနားယူခဲ့ရပြီးနောက် အသင်းအတွက် ဖေဖော်ဝါရီလမှ ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ လင်ဒီအော့ဖ် နှင့် မက်ဂွဲယားအတွဲကို ဗဟိုခံစစ်မှာ ဦးစားပေးသုံးစွဲနေတာကြောင့် ဘိုင်လေဟာ ပုံမှန်ပွဲထွက်ခွင့်မရပါဘူး။ ဘိုင်လေကို ပွဲထွက်ခွင့်ပေးဖို့ စဉ်းစားထားသော်လည်း ဆိုးလ်ရှားရဲ့ဦးစားပေးမဟုတ်သည့်အတွက်ကြောင့် အဌားဖြင့် စေလွှတ်ဖို့ ယူနိုက်တက်ကစဉ်းစားနေတာပါ။ ဗလင်စီယာအသင်းဟာ ဗီလာရီးရဲလ်မှာ ကစားခဲ့ဖူးတဲ့ ဘိုင်လေကို အဌားဖြင့်ခေါ်ယူဖို့ စိတ်ဝင်စားနေသလို၊ ယူနိုက်တက်ကလည်း အဌားချဖြစ်ခဲ့ပါက ဘိုင်လေရဲ့ လစာထက်ဝက်ခန့်ကို ဗလင်စီယာအသင်းမှ ပေးချေဖို့ တောင်းဆိုသွားနိုင်ပါတယ်။ နောက်တန်းအင်အားတောင့်တင်းစေဖို့အတွက် အပြီးသတ်ရောင်းထုတ်ဖို့ ဆန္ဒမရှိပဲ ဘိုင်လေကို အဌားသဘောသာ စေလွှတ်သွားဖို့ရှိပါတယ်။ ဆိုးလ်ရှားရဲ့ နောက်တန်းလူစာရင်းမှာ ဘိုင်လေအပြင် ဖီးဂျုံးစ် နှင့် တွန်ဇီဘီတို့ရှိနေသည့်အတွက်ကြောင့် ဘိုင်လေကို...

အထနှေးခဲ့ပေမယ့် အဆုံးသတ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ထားသည့် အာဆင်နယ်နောက်ခံလူ #ဘယ်လာရင်

အာဆင်နယ်အသင်းဟာ ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ရာသီအကုန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရသွားလိမ့်မည်ဟု နောက်ခံလူ ဘယ်လာရင်က ယုံကြည်ထားပါတယ်။ ဂန်းနားတွေဟာ ဘောလုံးပွဲပြန်လည်စတင်ပြီး နောက်ပိုင်း မန်ချက်စတာစီးတီး နှင့် ဘရိုက်တန် စသည့် အဝေးကွင်း (၂) ပွဲစလုံး အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်တွေဟာ ဝေးဝါးလာခဲ့ပါတယ်။ (၃) ပွဲမြောက်ဖြစ်သည့် နောဝစ်ချ်စီးတီးနှင့်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ (၄) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ယခင်ရလဒ်ဆိုးတွေကို ပြန်လည်အဖတ်ဆယ်ခဲ့ပါတယ်။ ချယ်လ်ဆီးနှင့် လက်စတာစီးတီးတို့ရဲ့ ရှုံးပွဲများကြောင့် အဆင့် (၃) မှ အဆင့် (၉) အထိ ရမှတ်ကွာဟမှုဟာ (၁၀) မှတ်သာ ကျန်တော့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲများ ပိုမိုပြင်းထန်လာဖို့ရှိပါတယ်။ အာဆင်နယ်ဟာ အဆိုပါမျှော်လင့်ချက်တစ်ခုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့််ရသွားလိမ့်မည်ဟု စပိန်သား ဘယ်လာရင်က ပြောခဲ့ပါတယ်။ “ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ကျွန်တေ်ာတို့ရဲ့ ရာသီအစကတည်းက မူလရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ Lockdown ကာလကနေ ပြန်လာပြီးနောက်ပိုင်း...

နောက်ရာသီမှာ စီးတီးအနေနဲ့ လီဗာပူးလ်ကို ကျော်တက်ချင်ရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြောပြခဲ့သည့် #ကာရေဂါ

မန်ချက်စတာစီးတီးအသင်းဟာ လာမည့်နွေရာသီကာလအတွင်း ကစားသမားအင်အားဖြည့်တင်းမှုကောင်းမွန်စွာပြုလုပ်ခဲ့ပါက လီဗာပူးလ်အသင်းကို ၂၀၂၀-၂၁ရာသီမှာ ယခုထက်ပိုပြီး စိန်ခေါ်လာနိုင်မည်ဖြစ်ကြောင်း လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက သုံးသပ်ခဲ့ပါတယ်။ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့သည့်တပတ်က ချယ်လ်ဆီး (၂-၁) မန်ချက်စတာစီးတီး ပွဲစဉ်အပြီးမှာတော့ ချန်ပီယံအဖြစ်ပေါ်ထွက်လာခဲ့ပြီး နှစ်ပေါင်း (၃၀) ကြာစောင့်ဆိုင်းခဲ့ရတဲ့ သမိုင်းတစ်ခုကို ချေဖျက်နိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်သွားပြီဖြစ်တာကြောင့် ယခုတပတ်ကစားမည့် မန်ချက်စတာစီးတီး Vs လီဗာပူးလ် ပွဲစဉ်မှာတော့ စီးတီးအသင်းသားများဟာ လီဗာပူးလ်ကစားသမားများကို လက်ခုပ်တီးပြီး ကြိုဆိုဂုဏ်ပြုသွားရမှာပါ။ လီဗာပူးလ်နှင့် မန်ချက်စတာစီးတီးတို့ရဲ့ လတ်တလောရမှတ်ကွာဟချက်ဟာ (၂၃) မှတ်အထိရှိနေတာဖြစ်ပြီး ကြီးမားတဲ့ ရမှတ်ကွာဟမှုဖြစ်ပါတယ်။ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီး ဟာ ဒုတိယနေရာက လီဗာပူးလ်အသင်းနှင့် (၁) မှတ်သာ ကွာခြားချက်ရှိခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ ယခုရာသီကျဆုံးရခြင်းအကြောင်းအရင်းတစ်ရပ်ကတော့ ကစားသမားအင်အားကို ကောင်းစွာဖြည့်တင်းနိုင်ခြင်းမရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာထွက်ခွာသွားခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီရဲ့နေရာကို...

နောက်ရာသီမှာ လီဗာပူးလ်ကို ကောင်းစွာစိန်ခေါ်နိုင်ဖို့အတွက် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမည့် #မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ယခုနှစ်မှာတော့ ခြေစွမ်းတည်ငြိမ်မှုပျက်ပြားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းထံ လွှဲပြောင်းပေးခဲ့ရပါတယ်။ ကစားသမားများ ဒဏ်ရာပြသာနာကြုံတွေမှု ၊ နောက်တန်းအင်အားမလုံလောက်မှုအစရှိသည့် ပြသာနာများကြောင့် မန်စီးတီးရဲ့ ယခုနှစ်ရလဒ်ဟာ အတော်လေးကို အားရကျေနပ်စရာမကောင်းခဲ့ပါဘူး။ အထူးသဖြင့် လာပေါ့တေး ဒဏ်ရာရသွားချိန်၊ ဗင်ဆင့်ကွန်ပနီနေရာကို ပြန်လည်အစားမထိုးနိုင်တဲ့ အနေအထားတွေဟာ မန်စီးတီးရဲ့ ချန်ပီယံတိုက်ပွဲမှာ အဆုံးအဖြတ်ဖြစ်ခဲ့ရပြီး လီဗာပူးလ်အသင်းရဲ့ နောက်ကောက်ကျခြင်းကို ခံခဲ့ရပါတယ်။ ဒီအမှားတွေကို ပြန်လည်ပြုပြင်ဖို့အတွက် မန်ချက်စတာစီးတီးအသင်းဟာ မကြာခင်ရောက်လာတော့မည့် အပြောင်းအရွှေ့ကာလမှာ ကစားသမားအင်အားဖြည့်တင်းသွားမည်ဖြစ်ကြောင်း ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ လက်ရှိလူစာရင်းထဲမှာဆိုရင် ဖာနန်ဒင်ဟို နဲ့ အဂူရိုတို့ဟာ စာချုပ်သက်တမ်းပြည့်ဖို့ (၁) ရာသီသာကျန်တော့သည့်အပြင် ကွင်းလယ်ဗိုလ်ချုပ် ဒေးဗစ်ဆေးလ်ဗားက စပိန်မြေကို ပြန်တော့မည်ဖြစ်သလို၊ ဂျာမန်သား ဆာနေးကလည်း အသင်းပြောင်းမည်ဖြစ်သည့်အတွက်ကြောင့် ဂွာဒီယိုလာပြောသလိုမျိုး အပြောင်းအလဲဖြစ်လာဖို့ အလားအလာရှိနေပါတယ်။ ဂွာဒီယိုလာဟာ အသင်းပိုင်ရှင် မူဘာရက် နှင့် ထိပ်တိုက်တွေ့ဆုံပြီး သူ့ရဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေကို...

ချယ်လ်ဆီး နှင့် လက်စတာစီးတီးတို့၏ ရှုံးပွဲများကြောင့် ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက် အခြေအနေကောင်းလာခဲ့ပြီဖြစ်သည့် #မန်ယူနိုက်တက်

ချယ်လ်ဆီးရော၊ လက်စတာစီးတီးပါ ယနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) မှာ အသီးသီးရှုံးနိမ့်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ (၃-၂) ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီး လက်စတာစီးတီးကတော့ အဲဗာတန်အသင်းကို (၂-၁) ဂိုးဖြင့်အရေးနိမ့်ခဲ့သည့်အတွက်ကြောင့် နှစ်သင်းစလုံးဟာ (၃) မှတ်ဆုံးရှုံးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) အပြီးမှာတော့ လက်စတာစီးတီးဟာ ရမှတ် (၅၅) မှတ်၊ ချယ်လ်ဆီးအသင်းက (၅၄) မှတ် နှင့် မန်ချက်စတာယူနိုက်တက်ဟာ ရမှတ် (၅၃) နှင့် အဆင့် (၃ မှ ၅) အထိ အသီးသီးအစဉ်လိုက်ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲဟာတဖြည်းဖြည်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါပြီ။ လက်စတာစီးတီးဟာ ဘောလုံးပွဲတွေပြန်လည်ကစားခဲ့ပြီးနောက်ပိုင်းဆက်တိုက်ခြေစွမ်းတွေကျဆင်းလာခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၄) ပွဲဆက်တိုက် ရမှတ် (၂) မှတ်သာ စုဆောင်းနိုင်ခဲ့ပါတယ်။ လက်စတာစီးတီး ရမှတ်တွေဆုံးရှုံးနေချိန်မှာတော့ နိုင်ပွဲတွေ ပုံမှန်ဆက်လာခဲ့တဲ့...

အူဘာမီယန်း၏ စာချုပ်သက်တမ်းတိုးကိစ္စနှင့်ပတ်သတ်ပြီး ဖွင့်ဟလာခဲ့သည့် #အာတီတာ

အာဆင်နယ်အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ နောဝစ်ချ်စီးတီးနှင့်ပွဲစဉ်မှာ အူဘာမီယန်း၊ ရှာခါ၊ ဆီးဒရစ်တို့၏ သွင်းဂိုးများနှင့်အတူ အိမ်ကွင်း အမ်းမရိတ်မှာ (၄-ဝ) ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ အသင်းခေါင်းဆောင် အူဘာမီယန်းဟာ (၂) ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၅၀) အမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူခဲ့တဲ့ အူဘာမီယန်းအတွက် အာတီတာဟာ ကျေနပ်လျက်ရှိပြီး နောက်ထပ် သွင်းဂိုး (၁၀၀) လောက်ထိသွင်းယူနိုင်လိမ့်မည်ဟု အူဘာမီယန်းအပေါ်မှာ အာတီတာက မျှော်လင့်ထားပါတယ်။ ပွဲအပြီးမှာတော့ အာတီတာဟာ အူဘာမီယန်း၏ ခြေစွမ်းကို ချီးကျူးသွားခဲ့ပြီး လက်ရှိပုံစံကောင်းတွေကို ဆက်လက်ထိန်းထားပြီး ဂိုးတွေထပ်မံသွင်းယူပေးနိုင်ဖို့ အူဘာမီယန်းကို စိန်ခေါ်ခဲ့ပါတယ်။ “အချိန်တိုတွင်းမှာပဲ ဂိုးတွေကို မြန်မြန်နဲ့ များများသွင်းယူနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက်ဟာ အသင်းအတွက် အလွန်အရေးကြီးပါတယ်။ ဒီလိုမျိုး ၃ ရက်ခြား တပွဲကစားနေရတဲ့ အချိန်အခါမျိုးမှာ ကစားသမားတွေအားလုံးက မည်သည့်အချိန်မဆို ကွဲပြားခြားနားမှုတွေ...

ဂျာမန်မြေမှာ အောင်မြင်မှုတွေရပါစေလို့ တပည့်ကျော် ဆာနေးကို ဆုတောင်းပေးခဲ့တဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာဟာ မကြာခင်မှာ အီတီဟတ်ကို ကျောခိုင်းစွန့်ခွာတော့မည့် ဂျာမန်သာ လီရွိုင်းဆာနေး၏ အိမ်ပြန်ခရီးစဉ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ဆာနေးဟာ လွန်ခဲ့သည့် ၂ရက်က ဘွန်ဒက်လီဂါထိပ်သီး ကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၅၅ သန်း၊ ၅နှစ်စာချုပ်နှင့်အတူ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ စီးတီးနှင့် စာချုပ်သက်တမ်း သိပ်မကျန်တော့တဲ့ ဆာနေးဟာ စာချုပ်သက်တမ်းထပ်တိုးဖို့အတွက် ကမ်းလှမ်းမှု အကြိမ်ကြိမ်ရရှိခဲ့သော်လည်း ပယ်ချခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကို အလိုရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဆာနေးဟာ မန်ချက်စတာစီးတီးအသင်းကို ၂၀၁၆ ခုနှစ်မှာ ပေါင် ၃၇ သန်းဖြင့်ရောက်ရှိလာခဲ့တာဖြစ်ပြီး စီးတီးအတွက် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ဆာနေးကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းခဲ့သော်လည်း ဂျာမန်သားကိုယ်တိုင်က ဘိုင်ယန်မြူးနစ်အသင်းကို စိတ်ယိုင်နေတာကြောင့် ဂွာဒီယိုလာရဲ့ မျှော်လင့်ချက်ဟာ အချည်းနှီးဖြစ်ခဲ့ရပါတယ်။ မန်စီးတီးဟာ ဆာနေးကို ဘိုင်ယန်မြူးနစ်ကို ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော်လည်း စာချုပ်ကိစ္စ...

အရည်အသွေးမြင့် ဂျူဗင်တပ်စ် လူငယ်တိုက်စစ်မှူးကို ပေါင် ၉ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည့် မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းဟာ အသက် ၁၈ နှစ်အရွယ် ဂျူဗင်တပ်စ် အကယ်ဒမီ တိုက်စစ်မှူး ပါဘလို မိုရီနိုကို ပေါင် ၉ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်း၏ ဝက်ဆိုက်ဒ်မှ တရားဝင်ဖော်ပြခဲ့ပါတယ်။ မိုရီနိုဟာ ဘောလုံးသမားဘဝကို ဘာစီလိုနာအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ကတ်တလန်ကလပ်မှာ ၂၀၁၃ မှ ၂၀၁၈ အထိ ကစားခဲ့ပါတယ်။ ထို့နောက် ၂၀၁၈ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့ပြီး ဂျူဗင်တပ်စ်လူငယ်အသင်းမှာ ဆက်လက်ကစားခဲ့ပါတယ်။ မိုရီနိုရောက်လာပြီဖြစ်သည့်အတွက်ကြောင့် မန်စီးတီးအသင်းဟာ တောင်ပံကစားသမား ဖီးလစ်ကော်ရီယာကို ဂျူဗင်တပ်စ်သို့ တစ်ရာသီအဌားပြန်လည် ချထားပေးခဲ့ရပါတယ်။ မိုရီနိုဟာ ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက မန်စီးတီးအသင်းနှင့် ဆေးစစ်မှုခံယူခဲ့တာကဖစ်ပြီး အင်္ဂါနေ့မှာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။ မန်စီးတီး ဂျာစီနှင့် ဓာတ်ပုံကိုတော့ အင်္ဂါနေ့ညမှာ ၎င်းတို့၏ ဝက်ဆိုက်ဒ်မှတဆင့် ဖော်ပြခဲ့ပါတယ်။ မိုရီနိုဟာ စပိန်ယူ-၁၈ အသင်းရဲ့ လက်ရွှေးစင်ဖြစ်ပြီး၊ ဘာစီလိုနာအသင်းမှာ ကစားစဉ်က...

မီခီတာရမ်ကို လက်လွှတ်လိုက်ရပေမယ့် ကလွိုက်ဗက်ကို ပြန်မရခဲ့တဲ့ #အာဆင်နယ်

ရိုးမားမှာ အဌားဖြင့် သွားရောက်ကစားနေတဲ့ အာဆင်နယ်ကစားသမား မီခီတာရမ်ဟာ ရိုးမားအသင်းနှင့် ရာသီကုန်သည်အထိ သက်တမ်းတိုစာချုပ်ထပ်မံချုပ်ဆိုခဲ့သော်လည်း ရာသီကုန်ခဲ့ပါက အီတလီမြေကိုသာ အပြီးသတ်ပြောင်းရွှေ့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပြီးခဲ့သည့်တပတ်က ရိုးမားအသင်းဟာ မီခီတာရမ်ကို ၂၀၁၉-၂၀ ရာသီကုန်အထိ စာချုပ်သက်တမ်းထပ်တိုးနိုင်ခဲ့ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ အာဆင်နယ်ကို ပြန်သွားဖို့ စိတ်ကူးမရှိတဲ့ မီခီတာရမ်ဟာ အီတလီမြေမှာ အောင်မြင်မှုများရှာဖွေသွားဖို့ဆန္ဒရှိနေပြီး အပြီးသတ်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ရိုးမားအသင်းမှာ ကစားရတဲ့အတွက် အဆင်ပြေသည်ဆိုတဲ့အကြောင်းကို ယခုလို မီခီတာရမ်က ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်ကတော့ အရမ်းပျော်နေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ ရာသီကုန်သည်အထိ အဌားသက်တမ်းထပ်တိုးဖို့ သဘောတူညီမှုရခဲ့သလို၊ နောက်ရာသီမှာ ဆက်နေဖို့အတွက် ယာယီသဘောတူညီမှုရယူခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကျေနပ်အားရမိပါတယ်။ ဒီမှာနေရတာ ဘာကြောင့်ပျော်လဲဆိုတော့ ကျွန်တော့်အတွက် မရသေးတဲ့ အောင်မြင်မှုတွေကို ရယူသွားချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရှေ့ဆက်လျှောက်ဖို့ ကြိုးစားနေပါတယ်။ ဘောလုံးပွဲတွေ ပြန်စချိန်မှာ အမြင့်ဆုံးပုံစံနဲ့အတူ ပြန်လည်နိုးထပြီးတော့ နောက်ထပ်ဘာတွေ လုပ်နိုင်မလဲဆိုတာကို...