Category: Premier Leauge

ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်ကို တို‌မီနေး၏ ခြေစွမ်းကို သတိ‌ရနေမယ် ပြောခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီတွင် ဒဏ်ရာရ ကစားသမား များစွာနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုတစ်ပတ်တွင် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်နဲ့ ပက်သက်ပြီး မနေ့က ပြုလုပ်ခဲ့သော မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်း၏ ဒဏ်ရာရ ကစားသမားများအကြောင်း ပြောပြခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဒဏ်ရာရ ကစားသမားစာရင်းတွင် လုရှော၊ ဘိုင်လေ၊ တွန်ဇီဘီ တိုဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပေမယ့် ကွင်းလယ်လူများ ဖြစ်ကြသော မာတစ်၊ ပေါ့ဘာ တို့ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဘရိုက်တန်အား ၃-၁ ဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ကွင်းလယ်လူ တိုမီနေးဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါ ဒဏ်ရာဟာ ပွဲပြီးကာနီး နာကျင်အချိန်ပိုတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တိုမီနေးဟာ...

နိုင်ငံတကာ ပွဲစဉ်များမတိုင်မှီ ပရီးမီးယားလိဂ်မှာ VAR ဟာ ၄ ကြိမ်တိုင်တိုင် မှားယွင်းမှုများရှိခဲ့ကြောင်း ဝန်ခံသွားခဲ့သည့် ဒိုင်လူကြီး မိုက်ခ်ရီလေး

ပရီးမီးယားလိဂ်ဒိုင်လူကြီး အကြီးအကဲတစ်ဦးဖြစ်သည့် မိုက်ခ်ရီလေးက အင်္ဂလန်ပရီးမီးယားလိဂ်တွင် လက်ရှိအသုံးပြုနေသည့် VAR (Video Assistant Referee) စနစ်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မှီ ၄ ကြိမ်တိုင်တိုင် မှားယွင်သည့်ဆုံးဖြတ်ချက်များချမှတ်ခဲ့ပြီး ရလဒ်များပြောင်းလဲစေခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အသင်း ၂၀ မှ တာဝန်ရှိသူများနှင့် VAR အကြောင်း အစည်းအဝေးပြုလုပ်ခဲ့ရာမှာတော့ မိုက်ခ်ရီလေးဟာ VAR စနစ်သည် မြက်ခင်းစိမ်းပေါ်တွင် ပြီးပြည့်စုံဖို့အတွက် လိုအပ်ချက်တွေရှိတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ဟာ အလုံးစုံပြီးပြည့်စုံခြင်းမရှိသေးပါဘူး။ ဒီထက်ပိုပြီးကောင်းလာအောင် လုပ်ရပါအုံးမယ်” လို့ မိုက်ခ်ရီလေးကပြောခဲ့ပါတယ်။ မိုက်ခ်ရီလေး၏ လက်ထောက်ဖြစ်သူ နေးလ်ဆွာဘရစ်ကတော့ VAR စနစ်ကို ထောက်ခံသွားခဲ့ပြီး ၁၀ မှတ်ပေးခဲ့ပါက ၇ မှတ်ထိရရှိကြောင်းပြောပါတယ်။ ဆက်လက်ပြီး ရီလေးက “‘တိကျ ပြတ်သားမှု’ ဆိုတဲ့ နားလည်မှုတွေရဖို့အတွက် အချိန်လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဒီကိစ္စတွေကြားထဲမှာ ဝင်မပါချင်ပေမယ့်၊ လူတိုင်းကတော့ ဒီကိစ္စအတွက် ကျွန်တော်တို့ပါသင်တယ်လို့...

အဓိက ကစားသမားတစ်ယောက် ချယ်လ်ဆီးနဲ့ပွဲမှာ ပြန်လည်ပါဝင်မယ်လို့ ပြောပြခဲ့တဲ့ ဂွါဒီယိုလာ

ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)ရဲ့ စနေနေ့ည နောက်ဆုံးပွဲစဉ်အဖြစ် အီတီဟတ်ကွင်းကြီးထဲမှာ မန်ချက်စတာစီးတီးတို့ဟာ ချယ်လ်ဆီးအသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်များကြောင့် ကလပ်ပွဲတွေ ငတ်နေတဲ့ ပရိတ်သတ်တွေကို စိတ်ကျေနပ်စရာ ပွဲကောင်းတစ်ပွဲနဲ့ စောင့်ကြိုနေပါတယ်။ ဒီပွဲစဉ်ဟာ ချန်ပီယံပြေးလမ်းမှာ အမှတ်လိုနေတဲ့ ၂သင်း ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်သလို သရေကြခဲ့ရင် အမှတ်ပေးဇယားထိပ်က လီဗာပူးလ်ကို အသာရစေမယ့် အနေအထားမှာ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်း၏ လူငယ်ကြယ်ပွင့် ဟက်ဆန်အိုဒွိုင်းဟာ လွဲချော်သွားမှာ ဖြစ်ကြောင်း နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ဟာ ဒီပွဲစဉ်အတွက် အချက်အလက်များ၊ သတင်းများကို ပြောပြလေ့ရှိသည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့သလို မန်ချက်စတာစီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာဟာ သူ၏အသင်းမှ ဒဏ်ရာရ ကစားသမား၏ အခြေအနေများကို ရှင်းပြခဲ့ပါတယ်။ ” အီဒါဆင်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပါပြီ၊ သူဟာ ဂျိုင်းထောက်မပါပဲ ပြီးခဲ့သည့် ရက်အနည်းငယ်ကစ လေ့ကျက်ခန်း ဆင်းနေခဲ့ပါတယ်” ပတ်ဂွာဒီယိုလာမှ...

ပူလီဆစ်၊ ဟက်ဆန်အိုဒွိုင်း၏ ဒဏ်ရာအခြေအနေကို ရှင်းပြခဲ့တဲ့ လမ်းပတ်

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်း ဖြစ်‌ေနတဲ့ မန်ချက်စတာစီးတီးနဲ့ ချယ်လ်ဆီးတို့၏ ပွဲစဉ်က နိုင်ငံတကာပွဲစဉ်များကြောင့် ကလပ်ပွဲတွေ ငတ်နေတဲ့ ပရိတ်သတ်တွေကို စိတ်ကျေနပ်စရာ ပွဲကောင်းတစ်ပွဲနဲ့ စောင့်ကြိုနေပါတယ်။ ဒီပွဲစဉ်ဟာ တိုက်စစ်ကို ဖွင့်ကစားတတ်သော ၂သင်း ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် ဖြေဖျော်မှုရသ အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ မနေ့ည အစောပိုင်းတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ချယ်လ်ဆီးအသင်း နည်းပြ ဖရန့်လမ်းပတ်ဟာ သူ၏အသင်းမှ ဒဏ်ရာရ ကစားသမားများအကြောင်းကို ပြောပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း၏ ဒဏ်ရာရ လူစာရင်းတွင် ကစားသမားများစွာ ရှိနေပြီး လမ်းပတ်ဟာ အသင်း၏ လူငယ်တိုက်စစ်မှူး၂ယောက်ဖြစ်သော ခရစ်တိယန် ပူလီဆစ်နဲ့ ကော်လမ်ဟက်ဆန်အိုဒွိုင်းတို့၏ အခြေအနေကို ပြောပြခဲ့ပါတယ်။ အမေရိကန် ကြယ်ပွင့် ပူလီဆစ်ဟာ ပဲလေ့စ်နဲ့ပွဲစဉ်မှ ဒဏ်ရာကြောင့် အမေရိကန်အသင်း၏ နိုင်ငံတကာ ပွဲစဉ်များကို လွဲချော်ခဲ့သလို အိုဒွိုင်းဟာ အင်္ဂလန်အသင်းတွက် ကစားရင်း ဒဏ်ရာရခဲ့ပါတယ်။...

လူငယ်တွေနဲ့ ပက်သက်ပြီး MESSAGE ပေးခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် လူငယ်ကစားသမားတွေ အသုံးပြုနေတဲ့ အသင်းတစ်သင်းဖြစ်နေပါတယ်။ အဆိုပါ လူငယ်တွေကို အသုံးပြုခဲ့တာ နည်းပြကြီး ဆာအဲလက်ဖာဂူဆန် လက်ထက်ကတည်းကဆိုရင် မှားမယ်မထင်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်တွင် ရလဒ်တွေ အထူးကောင်းမွန်ခြင်း မရှိပေမယ့် ရေရှည်အစီအစဉ်ဖြင့် အသင်းကို တည်ဆောက်နေတာကို ဖာဂူဆန်ကိုယ်တိုင် နားလည်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်အသင်းမှ အသက် ၂၁ နှစ်အရွယ် ဝမ်ဘစ်ဆာကာအား ပေါင်၅၀ သန်းဖြင့် ဝယ်ယူထားသလို အသက် ၂၂ နှစ်အရွယ် ဒန်နီရယ်ဂျိမ်းစ်အား ခေါ်ယူထားပါတယ်။ အထူးသဖြင့် ယူနိုက်တက်အသင်း၏ ပွဲထွက်လူစာရင်းတွင် ရက်စ်ဖို့ဒ်၊ တိုမီနေး တိုလို အကယ်ဒမီမှ လူငယ်ကစားသမားတွေ ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့သလို ဂရင်းဝုဒ်၊ ဝီလီယံ၊ တို့အပြင် ကစားသမားအချို့ဟာ ရံဖန်ရံခါ အသင်းမှာ နေရာရနေပါတယ်။ ဂန္ဓဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ...

မာတစ်ဟာ မော်ရင်ဟိုနဲ့ ပူးပေါင်းမယ်ဆိုတာ ရယ်စရာလို့ ပြောခဲ့တဲ့ ဆိုးလ်ရှား

ဆားဘီးယား အသင်းခေါင်းဆောင် ကွင်းလယ်လူ နီမန်ဂျာမာတစ်ဟာ နည်းပြဆိုးလ်ရှားလက်ထက် မန်ချက်စတာ ယူနိုက်တက်အသင်းတွင် ယခုနှစ်ရာသီအတွင်း ပွဲထွက်ခွင့်များလည်း ပျောက်ဆုံးနေခဲသလို အသက် လက်ရှိအချိန်တွင် ဒဏ်ရာရရှိနေပြီး မည်သည့်ဒဏ်ရာ ရရှိထားသည်ကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဘက်မှ တိတိကျကျ ကြေငြာချက် ထုတ်ပြန်ထားခြင်း မရှိပါဘူး။ မာတစ်ဟာ ယခုနှစ်ဘောလုံးရာသီတွင် မန်ချကစတာ ယူနိုက်တက်အတွက် ၅ပွဲခန့်သာ ကစားထားပါတယ်။ ပရီးမီးယးလိဂ် ပြိုင်ပွဲတွင် ၂ ပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး လူစားဝင် ကစားသမားအဖြစ် ၁ ပွဲသာ ရရှိထားသလို ယူရိုပါလိဂ် ပြိုင်ပွဲတွင် ၂ ပွဲထိ ပွဲကစားခွင့် ရရှိထားပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကွင်းလယ်တွင် လူငယ်ကြယ်ပွင့် တိုမီနေး၊ ဖရက် တို့ ပွဲထွက်ခွင့် ရရှိနေသလို အတွဲအဖက်မိမိ ကစားနေကြပါတယ်။ ပြင်သစ်သားကွင်းလယ်လူ ပေါလ်ပေါ့ဘာ ပြန်လည်ပါဝင်လာပါက မာတစ်အတွက်...

စာချုပ်သစ်ကြောင့် လုပ်ခလစာ ဒုတိယအများဆုံး ဖြစ်လာတဲ့ မော်ရင်ဟို

တော်တင်ဟမ်အသင်းဟာ အာဂျင်တီးနားသား နည်းပြ ပိုချက်တီနိုအား အံအားသင့်စရာကောင်းအောင် ထုတ်ပယ်လိုက်ပြီးနောက် နည်းပြလောကနဲ့ ၁၁ လကြာ ဝေးကွာနေတဲ့ ပေါ်တူဂီသား ဟိုဆေးမော်ရင်ညိုအား ခန့်အပ်ခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ်ရှိ ပေါ်တူဂီသား နည်းပြဟာ မြောက်လန်ဒန်ကလပ် တော်တင်ဟမ်အသင်းနဲ့ ၃ နှစ်ခွစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မော်ရင်ညိုဟာ တော့တင်ဟမ်အသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် လုပ်ခလစာ အများဆုံး နည်းပြ စာရင်းတွင် ဒုတိယနေရာမှ ပါဝင်လာခဲ့ပါတယ်။ Daily Mail သတင်းစာ၏ ဖော်ပြချက်ရ ဟိုဆေးမော်ရင်ညို၏ လုပ်ခလစာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ရရှိခဲ့သော လုပ်ခလစာအတိုင်း တော့တင်ဟမ်အသင်းဘက်မှ ပေးချေမယ်လို့ သိရပါတယ်။ မော်ရင်ညိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းတွင် တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းအထိ ရှိနေခဲ့ပါတယ်။ တော်တင်ဟမ်နည်းပြဟောင်း ပိုချက်တီဟာ ပေါင် ၇.၅ သန်းသာ...

တော့တင်ဟမ်နည်းပြဖြစ်လာခဲ့ပြီးနောက် ယူနိုက်တက်အကြီးအကဲထံမှ ဂုဏ်ပြု မက်ဆေ့ချ်လက်ခံရရှိခဲ့သည့် မော်ရင်ဟို

စပါးစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့သူ ဟိုဆေးမော်ရင်ဟိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အောင်မြင်မှုကြီးမားတဲ့နည်းပြတစ်ယောက်ဖြစ်တဲ့အပြင် ပုံရိပ်ကောင်းတွေရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ကိုင်တွယ်ဖူးတဲ့အသင်းတိုင်းကို အနည်းဆုံး ဖလား ၁ လုံးရအောင် ရယူပေးနိုင်သည့်အရည်အချင်းများပိုင်ဆိုင်ထားတာကြောင့် စပါယ်ရှယ်ဝမ်းလို့ နာမည်ကြီးနေတာဖြစ်ပါတယ်။ စပါးစ်အသင်းနည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကြီးအကဲ ဝုဒ်ဝက်ဒ်က “Congratulations” ဆိုတဲ့ ဂုဏ်ပြုမက်ဆေ့ချ်ပို့ပြီး ဂုဏ်ပြုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို မော်ရင်ဟိုနည်းပြခဲ့စဉ်က ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်ခဲ့သော်လည်း ယူရိုပါလိဂ်ဖလား ၊ EFL ဖလား နှင့် ကွန်မြူ နတီဒိုင်းတို့ကိုဆွတ်ခူးပေးခဲ့ပါတယ်။ သို့ သော် ၂၀၁၈ ဒီဇင်ဘာလအတွင်း မန်ချက်စတာယူနိုက်တက်ဟာ ရလဒ်များဆိုးရွားနေပြီး လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် သိပ်မကြာခင်မှာပဲ အိုးထရက်ဖို့ဒ်နဲ့ လမ်းခွဲခဲ့ရပါတယ်။ ယူနိုက်တက် နဲ့ လမ်းခွဲခဲ့ရပေမယ့် မော်ရင်ဟိုဟာ အသင်းဟောင်းအပေါ်မှာ သံယောဇဉ်ရှိပြီး သူလိုသမျှ ဖြည့်ဆည်းပေးခဲ့တဲ့ ဝုဒ်ဝက်ဒ်ကို ကောင်းကောင်းချီးကျူ းသွားခဲ့ပါတယ်။ “ကျွန်တော့်ဆီကို အရင်အသင်းဟောင်းက...

ဆာလတ်ချ် နဲ့ ဒီဘရိုင်းတို့ ချယ်လ်ဆီးမှာ ဘာကြောင့် အောင်မြင်မှုမရခဲ့လဲဆိုတာကိုရှင်းပြခဲ့သည့် ဂျွန်တယ်ရီ

လီဗာပူးလ် နှင့် မန်စီးတီးအသင်းတို့တွင် ခြေစွမ်းပြပြီး ကမ္ဘာ့အဆင်မှီကစားသမားများဖြစ်လာခဲ့ကြသည့် မိုဟာမက်ဆာလတ်ချ် နှင့် ကီဗင်ဒီဘရိုင်းတို့ဟာ တချိန်က ချယ်လ်ဆီးကစားသမားဖြစ်ခဲ့ဖူးပြီး လောက်လောက်လားလားအောင်မြင်မှုမရရှိပဲ စတမ်းဖို့ဒ်ဘရစ်ချ်ကို ကျောခိုင်းစွန့်ခွာခဲ့ရတာဖြစ်ပါတယ်။ ဆာလတ်ချ်ဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ပေမယ့် ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် ဖီအိုရင်တီးနား နှင့် ရိုးမားအသင်းတို့တွင် အဌားသွားရောက်ကစားခဲ့ပြီး ၂၀၁၇ မှာတော့ ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။ ထို့နည်းတူစွာ ကီဗင်ဒီဘရိုင်းဟာလည်း ချယ်လ်ဆီးအသင်းမှ ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အထိ အမည်ခံကစားခဲပေမယ့် အဆိုပါ နှစ်နှစ် အတွင်းမှာ ဂျာမန်ကလပ်များဆီ အဌားဖြင့်သွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကစားသမား (၂) ဦးစလုံးဟာ သက်ဆိုင်ရာကလပ်အသီးသီးမှာ ဆရာကြီးတွေဖြစ်နေပါပြီ။ ချယ်လ်ဆီးအသင်းကို ၂၀၁၃ ခုနှစ်မှာ တကျော့ပြန်ရောက်ရှိလာခဲ့သည့် မော်ရင်ဟို ဆာလတ်ချ် နှင့် ဒီဘရိုင်းတို့ရဲ့ ခြေစွမ်းကို...

ပြိုင်ဘက်ခံစစ်ကစားသမားတွေကို သတိပေးစကားဆိုသွားခဲ့သည့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူ း ရက်ရှ်ဖို့ဒ်

လတ်တလောမှ ဂိုးပေါက်တွေ့နေပြီး ခြေမှန်နေသည့် မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူ း မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အကောင်းဆုံးပုံစံတစ်ခုကို ရရှိနေပြီဖြစ်သောကြောင့် ပြိုင်ဘက်ခံစစ်ကစားသမားများအနေဖြင့် သတိထားရမည်ဖြစ်ကြောင်း ကြုံ းဝါးပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲများတွင်လည်း ဂိုးများသွင်းယူခဲ့သလို၊ နောက်ဆုံးကစားခဲ့သည့် ကလပ်အသင်းနှင့် နိုင်ငံအသင်း (၁၀) ပွဲမှာ (၉) ဂိုးလောက်ထိသွင်းယူထားပြီးဖြစ်ပါတယ်။ ဒီလိုမျိုးဂိုးတွေသွင်းယူနိုင်သည့်အတွက် ပျော်ရွှင်နေသည့်အပြင် ဒီထက်ပိုပြီအသက်ကြီးလာခဲ့ပါက ပိုကောင်းလာမည်ဟု ယုံကြည်ကြောင်း ရက်ရှ်ဖို့ဒ်က ဖွင်ဟခဲ့ပါတယ်။ “အခုလက်ရှိ အတွေ့အကြုံတွေကို အသုံးချပြီးတော့ အနာဂတ်မှာ ဒီထက်ပိုကောင်းလာအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်အသက် ၂၅၊ ၂၆၊ ၂၇ လောက်ရောက်သွားပြီဆိုရင် ကျွန်တော်ဟာ အကောင်းဆုံးပုံစံနဲ့ ဘောလုံးကို ကစားနေမယ်ဆိုတာကို ကျွန်တော်သိနေပါတယ်။ ကျွန်တော့်လည်း အဲ့ဒီအချိန်လေးတွေကို စောင့်ဆိုင်းနေပါတယ်။ ကျွန်တော်လည်း အတက်နိုင်ဆုံး တိုးတက်လာအောင်ကြိုးစားနေပါတယ်” လို့ ESPN...