Category: Serie A

ငွေပမာဏများစွာ သုံးစွဲပြီး အရာမထင်တဲ့ ကွန်တီကို ဝေဖန်ခဲ့သည့် ကာပယ်လို

အင်္ဂလန် အသင်းနည်းပြဟောင်း ကာပယ်လိုဟာ ကစားသမားသစ်တွေခေါ်ယူတဲ့နေရာမှာ ပေါင်သန်း ၁၅၀ ကျော်သုံးစွဲပြီး စီးရီးအေ ဖလားကို စိန်မခေါ်နိုင်တဲ့ အင်တာမီလန်နည်းပြ ကွန်တီကို ဝေဖန်သွားခဲ့ပါတယ်။ ကာပယ်လိုဟာ အီတလီရဲ့ ပုံရိပ်ကြီးမားတဲ့ နည်းပြဖြစ်ခဲ့ဖူးသလို၊ လက်ရှိအချိန်မှာလည်း ဘောလုံးဝေဖန်သုံးသပ်ရေးအလုပ်ကို အီတလီမှာပင်လုပ်ကိုင်လျက်ရှိပါတယ်။ “အကယ်၍များ ကွန်တီသာ ဒီအသင်းမှာ ဆက်ရှိနေအုံးမယ်ဆိုရင် အင်တာမီလန်ကိုတော့ မေးစရာလေးတွေရှိလာပြီ။ အခုသူတို့ အသင်းက ယူရိုပါလိဂ်မှာရောက်နေတယ်။ ဒီဖလားသာ ရခဲ့မယ်ဆိုရင်တော့ ခံသာပါလိမ့်မယ်။ ပေါင်သန်း ၁၅၀ ကျော်သုံးစွဲလိုက်တော့ သူ့အပေါ်မှာ အများကြီးမျှော်လင့်ခဲ့တာ” လို့ ကာပယ်လိုက Radio Rai သို့ ပြောခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ ဗီရိုနာ အသင်းကို သရေကျခဲ့ပြီးနောက် ထိပ်ဆုံးမှ ဂျူဗင်တပ်စ်နှင့် ၁၁ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပြီး ဖလားမျှော်လင့်ချက်တွေလည်း မှေးမှိန်သွားခဲ့ပါတယ်။ ဒီလောက် ငွေများစွာသုံးစွဲခဲ့သော်လည်း ကွန်တီဟာ ယခင်နည်းပြဟောင်း စပယ်လက်တီလက်ထက်က ရလဒ်နှင့် ထူးခြားအောင်...

ဇလာတန်က ယူရိုပါလိဂ်မှာ ကစားမဲ့ လူမျိုးမဟုတ်ဘူး #အီဗရာမိုဗစ်ချ်

အေစီမီလန်အသင်းမှာ အဌားဖြင့် ကစားနေသည့် တိုက်စစ်မှူး အီဗရာမိုဗစ်ချ်က လက်ရှိအသင်းအနေအထားဖြင့် ချန်ပီယံလိဂ်မဝင်နိုင်ခဲ့လျှင် အသင်းမှ ထွက်သွားဖို့ အလားအလာရှိနေပါတယ်။ အသက် ၃၈ နှစ်အရွယ် ဇလာတန်အီဗရာမိုဗစ်ချ်ဟာ အေစီမီလန်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်း ၆ ဂိုးအထိသွင်းယူထားပြီးဖြစ်သလို၊ သူ့ကြောင့်လည်း အေစီမီလန်အသင်းဟာ နောက်ပိုင်းမှာ ရလဒ်တွေကောင်းမွန်လာခဲ့ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးကို တဖြည်းဖြည်းချဉ်းကပ်လာနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ရိုးမားနှင့် နာပိုလီတို့နောက် (၂) မှတ်အကွာဖြင့် အမှတ်ပေးဇယား အဆင့် (၇) နေရာမှာရပ်တည်လျက်ရှိပြီး ဥရောပဝင်ခွင့်တစ်နေရာအတွက် ဖိအားပေးနေပါတယ်။ ဇာလာတန်ကတော့ ယူရိုပါလိဂ်မှာ ကစားချင်ပဲ ချန်ပီယံလိဂ်မှာ ကစားချင်သည့်အတွက်ကြောင့် မီလန်အနေဖြင့် နောက်နှစ်မှာ ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့ပါက ထွက်သွားမဲ့အနေအထားမှာရှိပါတယ်။ “အီဗရာက အောင်မြင်မှုတစ်ခုခုလိုချင်လို့ ဘောလုံးကန်နေတာ။ မဟုတ်ရင် အိမ်မှာပဲ သာသာယာယာနေမှာပေါ့။ လူတွေက ကျွန်တော့်ကို ပြောကြတယ်။ အမေရိကန်မှာ ကစားပြီးရင် အနားယူလိုက်တော့တဲ့။ လွယ်လွယ်လေးပြောလိုက်တာနော်။ ဒါပေမယ့်...

ကျွန်တော်သာ မီလန်ကို စောစောစီးစီးရောက်ခဲ့မယ်ဆိုရင် စကူဒက်တိုဖလားတောင် သိမ်းပိုက်နိုင်တယ် #ဇလာတန်

ယမန်နေ့ညက ကစားခဲ့တဲ့ အေစီမီလန် Vs ဂျူဗင်တပ်စ်တို့ပွဲစဉ်မှာ အေစီမီလန်အသင်းဟာ နောက်ပိုင်းသွင်းဂိုးများနဲ့အတူ အိမ်ကွင်း ဆန်စီရိုမှာ (၄-၂) ရလဒ်ဖြင့် ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာတော့ ဦးဆောင်ဂိုးကို ဂျူဗင်တပ်စ်အသင်းက ပွဲချိန် ၄၇ မိနစ်မှာ ကွင်းလယ်လူ ရာဘီယော့စ်က စတင်သွင်းယူခဲ့တာဖြစ်ပြီး နောက်ထပ် ၆ မိနစ်အကြာမှာတော့ ဂျူဗင်ကြယ်ပွင့် ရော်နယ်လ်ဒိုက သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ရဲ့ ဦးဆောင်ဂိုးတွေဟာ ကြာရှည်မခံခဲ့ပဲ ရော်နယ်လ်ဒိုသွင်းဂိုးအပြီး ၉ မိနစ်အကြာမှာတော့ ဇလာတန်က ပင်နယ်တီက တဆင့် ပြန်လည်ချေပဂိုးရယူခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပင် အေစီမီလန်အသင်းဟာ ပွဲချိန် ၆၆ မိနစ် နှင့် ၆၇ မိနစ်တို့မှာ ဆက်တိုက် သွင်းဂိုးများကို ပြန်လည်ရယူခဲ့ပြီး ပွဲကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ မိနစ် ၈၀ ရောက်ချိန်မှာတော့ အေစီမီလန်အသင်းအတွက် တိုက်စစ်မှူး ရီဘစ်က နောက်ဆုံးသွင်းဂိုးကိုသွင်းယူပြီး အနိုင် (၃)...

အီမာဆင်ထက် ဘိုင်ယန်မြူးနစ် ကစားသမားကိုသာ ခေါ်ယူဖို့ စိတ်အားထက်သန်သည့် #အင်တာမီလန်

အင်တာမီလန်အသင်းဟာ ညာနောက်ခံလူနေရာအတွက် ရီးရဲလ်မက်ဒရစ် ကစားသမား ဟာကီမီကို ခေါ်ယူခဲ့ပြီးနောက် လိုအပ်နေတဲ့ ဘယ်နောက်ခံလူအတွက် ဈေးကွက်အတွင်းရှာဖွေလျက်ရှိပါတယ်။ ကြားရသည့်သတင်းများအရ ကွန်တီဟာ ၎င်း နှင့်လက်တွဲခဲ့ဖူးသည့် ချယ်လ်ဆီးအသင်းမှ အီမာဆင်၊ အလွန်ဆို ကို စိတ်ဝင်စားနေပါတယ်။ ထို့အတူ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘားကလည်း ကွန်တီရဲ့ အပြောင်းအရွှေ့ရေဒါထဲမှာပါဝင်နေပြီး ၎င်း နဲ့ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သတင်းများပေါ်ထွက်လာခဲ့ပါတယ်။ အီတလီ အားကစားမီဒီယာတစ်ခုဖြစ်သည့် SportMediaset မှ အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးကစားသမား အီမာဆင်ထက် အလာဘားကိုသာ ခေါ်ယူဖို့ ဦးစားပေးထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။ အင်တာမီလန်အသင်း၏ အကြီးအကဲများဖြစ်သည့် ဘတ်ပီမာရော့တာ နှင့် ပိုင်ရိုအော်ဆီလီယိုတို့က သြစတြီးယားသား အလာဘား နှင့်အတူ အလာဘားဖခင်၊ အေးဂျင့်တို့နှင့် ကိုရိုနာဗိုင်းရပ်စ် Lockdown ကာလအတွင်း (၂) ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၈) နှစ်အရွယ် အလာဘားဟာ...

မီခီတာရမ်ကို လက်လွှတ်လိုက်ရပေမယ့် ကလွိုက်ဗက်ကို ပြန်မရခဲ့တဲ့ #အာဆင်နယ်

ရိုးမားမှာ အဌားဖြင့် သွားရောက်ကစားနေတဲ့ အာဆင်နယ်ကစားသမား မီခီတာရမ်ဟာ ရိုးမားအသင်းနှင့် ရာသီကုန်သည်အထိ သက်တမ်းတိုစာချုပ်ထပ်မံချုပ်ဆိုခဲ့သော်လည်း ရာသီကုန်ခဲ့ပါက အီတလီမြေကိုသာ အပြီးသတ်ပြောင်းရွှေ့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပြီးခဲ့သည့်တပတ်က ရိုးမားအသင်းဟာ မီခီတာရမ်ကို ၂၀၁၉-၂၀ ရာသီကုန်အထိ စာချုပ်သက်တမ်းထပ်တိုးနိုင်ခဲ့ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ အာဆင်နယ်ကို ပြန်သွားဖို့ စိတ်ကူးမရှိတဲ့ မီခီတာရမ်ဟာ အီတလီမြေမှာ အောင်မြင်မှုများရှာဖွေသွားဖို့ဆန္ဒရှိနေပြီး အပြီးသတ်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ရိုးမားအသင်းမှာ ကစားရတဲ့အတွက် အဆင်ပြေသည်ဆိုတဲ့အကြောင်းကို ယခုလို မီခီတာရမ်က ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်ကတော့ အရမ်းပျော်နေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ ရာသီကုန်သည်အထိ အဌားသက်တမ်းထပ်တိုးဖို့ သဘောတူညီမှုရခဲ့သလို၊ နောက်ရာသီမှာ ဆက်နေဖို့အတွက် ယာယီသဘောတူညီမှုရယူခဲ့ပါတယ်။ ဒီအတွက်ကြောင့် ကျေနပ်အားရမိပါတယ်။ ဒီမှာနေရတာ ဘာကြောင့်ပျော်လဲဆိုတော့ ကျွန်တော့်အတွက် မရသေးတဲ့ အောင်မြင်မှုတွေကို ရယူသွားချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရှေ့ဆက်လျှောက်ဖို့ ကြိုးစားနေပါတယ်။ ဘောလုံးပွဲတွေ ပြန်စချိန်မှာ အမြင့်ဆုံးပုံစံနဲ့အတူ ပြန်လည်နိုးထပြီးတော့ နောက်ထပ်ဘာတွေ လုပ်နိုင်မလဲဆိုတာကို...

ဟာကီမီကို ခေါ်ယူဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်နေပြီဖြစ်သည့် အင်တာမီလန် (ဒီမာဇီယို)

အင်တာမီလန်အသင်းဟာ ဒေါ့မွန်၌အဌားကစားလျက်ရှိသည့် ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဟာကီမီကို ခေါ်ယူဖို့အတွက် ထဲထဲဝင်ဝင်ဆွေးနွေးညှိ့နှိုင်းနေပြီဖြစ်ကြောင်း သိရပါတယ်။ ဟာကီမီဟာ ယခုရာသီအကုန်မှာ ဒေါ့မွန်အသင်းနှင့်စာချုပ်သက်တမ်းပြည့်ပြီဖြစ်သောကြောင့် စပိန်မြေကို ပြန်ဖို့ရှိနေပါတယ်။ ဒေါ့မွန်အသင်းအပြင် တခြားဥရောပအင်အားကြီးကလပ်များက ဟာကီမီကို ခေါ်ယူဖို့ မျက်စိကျနေသော်လည်း ကွန်တီရဲ့ အင်တာမီလန်အသင်းက လက်ဦးမှုရယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ဟာကီမီကို ယူရိုသန်း ၄၀ ဖြင့် ကမ်းလှမ်းထားတယ်လို့ နာမည်ကြီးဂျာနယ်လစ် ဒီမာဇီယိုက ဖော်ပြထားပါတယ်။ ဟာကီမီဟာ ခြေစွမ်းခြေစရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်သော်လည်း ရီးရဲလ်မက်ဒရစ် အသင်း၌ နေရာရဖို့ မလွယ်တဲ့အတွက်ကြောင့် အသင်းပြောင်းဖို့ အကြောင်းဖန်လာပါတယ်။ ပြီးခဲသည့် မတ်လအတွင်း ထွက်ပေါ်လာသည့်သတင်းများအရ ရီးရဲလ်မက်ဒရစ်ဘက်မှ ပုံမှန်ပွဲထွက်ခွင့် အာမခံချက်မပေးနိုင်သည့်အတွက်ကြောင့် သူကိုယ်တိုင် အေးဂျင့်ကိုအသင်းသစ်ရှာခိုင်းခဲ့တယ်လို့ သတင်းများပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒေါ့မွန်အသင်း၌ ဆန်ချိုနှင့် တွဲဖက်ပြီး ခြေစွမ်းပြနေတဲ့ ဟာကီမီဟာ ဒေါ့မွန်အသင်းနှင့် ကစားသည့် (၂) ရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း (၇၂)...

ယခုတပတ်အတွင်းမှာပင် ဂျူဗင်တပ်စ်နှင့် ဆေးစစ်မှုခံယူတော့မည်ဟု သတင်းများထွက်ပေါ်လာသည့် #အာသာမယ်လို

အာသာမယ်လိုရဲ့ ဂျူဗင်တပ်စ်အပြောင်းအရွှေ့ဟာ အထမြောက်ဖို့ အတော်လေးနီးစပ်လာပြီဆိုလို့ ဆိုရမှာပါ။ ဘာစီလိုနာနဲ့ ပီဂျာနစ်တို့ရဲ့ အပြောင်းအရွှေ့ကတော့ ဆက်လက်ဆွေးနွေးညှိ့နှိုင်းနေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကတည်းက စတင်ခဲ့တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ အာသာမယ်လို သုံးပွင်ဆိုင်ဇာတ်လမ်းဟာ နောက်ဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ကတ်တလန်မြေကိုရောက်တာမကြာသေးတဲ့ အာသာ တစ်ယောက်တော့ အီတလီမြေမှာ နောက်ထပ်စွန့်စားခန်းတစ်ခုကို ဖွင့်ရတော့မှာပါ။ အာသာမယ်လိုဟာ ဘာစီလိုနာအသင်းနဲ့ အတူ ကာလကြာရှည်စွာဖြတ်သန်းဖို့ ရည်မှန်းထားသော်လည်း နောက်ဆုံးမှာတော့ သူ့ကို လိုလိုလားလားရှိတဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ အကြောင်းဖန်လာပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အာသာကို ဘာစီလိုနာမှာရတဲ့ လစာထက် ပိုပေးပြီး တစ်နှစ်ကို ယူရို (၅) သန်း + အပိုဆုကြေငွေးပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ တူရင်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက (၅) နှစ် သက်တမ်းစာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ တဖက်မှာလည်း ဂျူဗင်တပ်စ်ကွင်းလယ်လူ ပီဂျာနစ်ဟာ ဘာစီလိုနာကို (၅) နှစ်စာချုပ်ဖြင့် တစ်နှစ်လျှင် လုပ်ခလစာ...

စီးရီးအေချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားမည့် ကွန်တီရဲ့အင်တာမီလန်

အင်တာမီလန်အသင်းဟာ လက်ရှိအီတလီစီးရီးအေပွဲစဉ်(၂၆)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားတဲ့ အီတလီစီးရီးအေပြိုင်ပွဲကို ပြန်လည်စတင်ယှဉ်ပြိုင်ကစားနေပြီဖြစ်ပြီး လက်ရှိမှာ ပွဲစဉ်(၂၇)ရဲ့ ပွဲစဉ်တွေယှဉ်ပြိုင်ကစားဖို့ရှိနေတာပါ။ လက်ရှိပွဲစဉ်(၂၇)ထိရောက်ရှိလာချိန်မှာ အဆင့် (၁)နေရာမှာ ဂျူဗင်တပ်အသင်းက ရမှတ်(၆၆)မှတ်နဲ့ရှိနေပြီး လာဇီယိုက တစ်ပွဲလျော့(၆၂)မှတ်နဲ့ အဆင့်(၂)နေ ရာ၊ အင်တာမီလန်ကလည်း တစ်ပွဲလျော့(၅၇)မှတ်နဲ့ အဆင့်(၃)နေရာတွေမှာ အသီးသီးရပ်တည်နေခဲ့တာဖြစ်ပါ တယ်။ ရပ်တည်မှုအရ အင်တာမီလန်ဟာ အဆင့်(၂)နေရာက လာဇီယိုနဲ့ (၅)မှတ်၊ အဆင့်(၁)နေရာကနေ ချန်ပီ ယံဆုအတွက်တစ်ပြေးနေတဲ့ ဂျူဗင်တပ်တို့နဲ့ (၉)မှတ်ကွာဟနေပေမယ့် လက်ကျန်ပွဲစဉ်တွေမှာ အမှားအယွင်း ကင်းကင်းနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းက ဂျူဗင်တပ်ကိုဖိအားပေးနိုင်ဖို့ကြိုးပမ်းမှာဖြစ်တယ်လို့ဖော်ပြမှုတွေအရ သိရပါတယ်။ အင်တာမီလန်နည်းပြ ကွန်တီကလည်း ရာသီပြီးဆုံးချိန်ထိ စီးရီးအေချန်ပီယံဆုကို ဖိအားပေးနိုင်ဖို့ ကြိုးစားမှာဖြစ်တာကြောင့် အသင်းအနေနဲ့ အမှားအယွင်းရှိုလို့မရကြောင်း ပြောထားခဲ့ပါတယ်။ ဒါ့အပြင်ကွန်တီ ဟာ ဆက်ဆူအိူလူအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ နိုင်ပွဲရရှိဖို့မျှော်လင့်ထားပြီး အမှတ်ပေးဇယားထိပ်ပိုင်း က(၂)သင်းကို ဖိအားပေးမယ့်မျှော်လင့်ကို နောက်ဆုံးအချိန်ထိ...

ဘာစီလိုနာကို ချစ်ပေမယ့် အသင်းပြောင်းရတော့မည့် ကွင်းလယ်လူ အာသာမယ်လို

ဘရာဇီးလ်ကွင်းလယ်လူ အာသာမယ်လိုဟာ ဘာစီလိုနာအသင်းမှာ ကာလကြာရှည်စွာကစားဖို့ ထုတ်ဖော်ပြောကြားထားသော်လည်း ရာသီအကုန်မှာတော့ စိတ်မကောင်းစွာနဲ့ အသင်းပြောင်းဖို့ အကြောင်းဖန်လာပါပြီ။ ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်အသင်းက အလိုရှိနေတဲ့ အာသာကို ပေါင် ၇၂.၅ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပါပြီ။ အာသာဟာ ယခင်ကတည်းက နှစ်သင်းစလုံးကို အသင်းမပြောင်းဖို့ ပြောထားပြီးဖြစ်သော်လည်း ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့အတွက် ငွေလိုတာကြောင့် ရောင်းထုတ်လိုက်တယ်လို့ ယူဆလို့ရပါတယ်။ Sky Sports ၏ အဆိုအရ ဂျူဗင်တပ်စ်နည်းပြ ဆာရီဟာ နာပိုလီနှင့် ချယ်လ်ဆီးမှာ ကိုင်တွယ်စဉ်က အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အသုံးပြုသကဲ့သို့ အာသာ ကိုလည်း ယခုဂျူဗင်တပ်စ်မှာ ထိုပုံစဉ်အတိုင်း အသုံးပြုသွားဖို့ ဆန္ဒရှိနေပါတယ်။ အာသာဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဘာစီလိုနာအသင်းမှာ ရသော လစာထက် ပို၍ရလိမ့်မယ်လို့ သိရပြီး တစ်နှစ်ကို ပေါင် ၄.၅ သန်းလောက် ရရှိမည်ဟု သိရပါတယ်။...

ယူရိုပါလိဂ်မှာ ဆန်းချက်စ်နဲ့ မော့ဆက်ကို လက်လွတ်ရမယ့် #အင်တာမီလန်

ဆန်းချက်စ်နဲ့ ဗစ်တာမော့ဆက်တို့ဟာ အင်တာမီလန်အသင်းထံကို ယူနိုက်တက်အသင်းနှင့် ချယ်ဆီးအသင်း တို့မှ အငှားစာချုပ်နဲ့လာရောက်ကစားနေသူတွေဖြစ်ပါတယ်။ ဆန်းချက်စ်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရသူဖြစ်တာကြောင့် အင်တာမီလန် အသင်းထံအငှားလာရောက်ကစားနေရသူဖြစ်ပြီး မော့ဆက်ကလည်း ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိတဲ့အခြေအနေကြောင့် အငှားလာရောက်ကစားနေရတာပါ။ အင်တာမီလန်အသင်းဟာ ဒီကစားသမား(၂)ဦးကို အီတလီပြည်တွင်းပွဲစဉ်တွေမှာ အသုံးပြုခွင့်ရရှိထားပေမယ့် ဖော်ပြမှုတွေအရ ဥရောပပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာတော့ ထည့်သွင်းအသုံးပြုခွင့်မရှိဘူးလို့ သိရပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို လာမယ့်သြဂုတ် လအတွင်းမှာ ပြန်လည်ကျင်းပသွားမှာဖြစ်ပြီး (၁၆)သင်းရှုံးထွက်အဆင့်ကိုယှဉ်ပြိုင်ကစားရမယ့် အင်တာမီလန် အသင်းအနေနဲ့ ဆန်းချက်စ်နဲ့ မော့ဆက်ကို အသုံးပြုခွင့်မရှိပဲ လက်လွတ်ရမှာဖြစ်ပါတယ်။ ပြည်ပမီဒီယာတစ်ခု ရဲ့ဖော်ပြမှုအရတော့ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ သူတို့အသင်းမှအငှားသွားရောက်ကစားနေတဲ့ ကစားသမား(၂)ဦးကို ယူရိုပါလိဂ်မှာပါဝင်ကစားခွင့်မပြုထားတာကြောင့် အင်တာမီလန်ဟာ အသုံးပြုခွင့်မရှိ တာပါ။ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကိုတက်ရောက်ဖို့ အခြေအနေကောင်းနေပြီး ပြိုင်ပွဲတစ်ခုတည်းမှာယှဉ်ပြိုင်နေတဲ့ အင်တာမီလန်နဲ့ အခြားအဆင့်တစ်ခုမှာတွေ့ဆုံယှဉ်ပြိုင်ရနိုင်တာကြောင့် ဆန်းချက်စ်ကို ယူရိုပါလိဂ်မှာ ပါဝင်ကစားခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဖော်ပြမှုတွေအရ အင်တာမီလန်ရဲ့...