Monthly Archive: September, 2019

မန်ချက်စတာ ယူနိုက်တက်၏ ကမ်းလှမ်းချက်အား ဆန်ချို ဘက်မှ ပယ်ချခဲ့ကြောင်း ဒေါ့မွန်အသင်း တာဝန်ရှိသူပြောကြား

ပြီးခဲသည့် နွေရာသီဈေးကွက်အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်း၏ လှုပ်ရှားမှုတွေအတွင်း ကစားသမားအချို့ဟာ အသင်းကို ရောက်ရှိလာခဲ့ပေမယ့် တစ်ချို့သော ကစားသမားတွေဟာ အသင်းကို ရောက်လာဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ အဆိုပါ အဖြစ်အပျက်တွေဟာ ဇတ်လမ်းစီးရီးတစ်ပုဒ်လို အချိန်ကြာမြင့်စွာ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ပရိတ်သတ်တွေ စိတ်ဝင်စားအောင် လှုပ်ဆော်နိုင်ခဲ့ပါတယ်..။ မန်ချက်စတာ ယူနိုက်တက်အသင်း ဝယ်ယူဖို့ ကြိုးစားခဲ့သော ကစားသမားတွေထဲမှာ ဘိုရုရှားဒေါ့မွန်အသင်း၏ အင်္ဂလန်သား လူငယ်ကြယ်ပွင့် ဂျောဒန်ဆန်ချို ပါဝင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျော်ဒန်ဆန်ချိုအား အိုးထရက်ဖို့ဒ်သို့ ခေါ်ယူရန် တရားဝင်ကမ်းလှမ်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်..။ ” အခုချိန်မှာ ဆန်ချိုနဲ့ ယူနိုက်တက်အကြောင်း ပြောပြမယ်ဆိုရင် သတင်းမီဒီယာတွေထက်မှာ ခေါင်းကြီးသတင်းအနေဲ့ ပါဝင်လာမှာ အသေအချာပဲ” လို့ မိုက်ကယ်ဇော့မှ ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဒေါ့မွန်အားကစား ဒါရိုက်တာဟာ ဆန်ချိုအား ယူနိုက်တက်မှ ကမ်းလှမ်းခဲ့ပုံကို...

မန်ချက်စတာယူနိုက်တက်ပစ်မှတ်ကို ခေါ်ယူဖို့ ကြိုးပမ်းဖူးတဲ့အကြောင်းကို ဖွင့်ဟလာခဲ့တဲ့ အာဆင်ဝင်းဂါး

ဝါရင့်နည်းပြကြီး အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းမှာ ရှိစဉ်က မန်ချက်စတာစီးတီးရဲ့ လူငယ်ကစားသမားဟောင်း ဂျေဒန်ဆန်ချိုကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဆန်ချိုဟာ နောက်ဆုံးကစားခဲ့တဲ့ ကိုဆိုဗိုနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ မန်ချက်စတာစီးတီး အကယ်ဒမီက ပေါ်ထွက်လာခဲ့တဲ့ ဆန်ချိုဟာ ၂၀၁၇ ခုနှစ်မှာ မန်စီးတီးက တပတ်လျှင်လုပ်ခလစာ ပေါင် ၃၅၀၀၀ ဖြင့် ဆက်နေရန် စာချုပ်သစ်ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ကာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ မန်ချက်စတာစီးတီးမှာ ဆက်နေခဲ့ရင် ဒီလောက်နာမည်ကြီးလာဖို့ မသေချာပေမယ့် ဂျာမန်မြေမှာတော့ အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး ဥရောပရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့မှာလည်း မန်စီးတီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သော်လည်း ဒေါ့မွန်အသင်းက ငြင်းပယ်ခဲ့ပါတယ်။ ရွက်ပုန်းသီး လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ရာမှာ နာမည်ကြီးတဲ့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးဟာ...

“ကျွန်တော်ဟာ ဒရော့ဘာလက်သစ် ဖြစ်ချင်ပါတယ်” #အေဗရာဟမ်

ချယ်လ်ဆီးအသင်း တိုက်စစ်မှုး တန်မီအေဗရာဟမ်ဟာ သူ့ရဲ့ Idol ကစားသမားဖြစ်တဲ့ ချယ်လိဆီးဂန္ဓဝင် ကစားသမားကြီး ဒီဒီယာဒရော့ဘာ၏ ကစားပုံအား စောင့်ကြည့်လေ့လာကာ ကြီးပြင်းလာခဲ့ပါတယ်။ အေဗရာဟန်ဟာ လက်ရှိအချိန်တွင် အပြာရောင်တို့အတွက် ပွဲထွက်ခွင့်ရနေသည့် တိုက်စစ်မှုးတစ်ဦးဖြစ်ပြီး ဒရော့ဘာ ကစားခဲ့သည့် အထောင်တိုက်စစ်မှုးနေရာမှာ ကစားနေခြင်းဖြစ်ကာ အိုင်ဗရီကို့စ်သား တိုက်စစ်မှုးကြီး၏ ကစားပုံအား အတုခိုးထားတယ်လို့ ကစားသမားကိုယ်တိုင်မှ ဝန်ခံထားပါတယ်..။ အသက် ၂၁နှစ်အရွယ်ရှိ တန်မီအေဗရာဟန်ဟာ ချယ်လ်ဆီးလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသော ကစားသမားဖြစ်ပြီး အပြာရောင်တို့အတွက် အရည်အသွေးမြင့် လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ” ကျွန်တော်ဟာ ကလေးဘဝက ဒီဒီယာ၏ ကစားပုံကို စောင့်ကြည့်ရင်း အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ပါတယ်။ သူ့ကိုကြည့်ပြီး ပါရမီရှိတဲ့ တိုက်စစ်မှုးတစ်ယောက်ဖြစ်ဖို ကြီးပြင်းလာခဲ့တယ်၊ ကျွန်တော် ဒီဒီယာလို ဂိုးသွင်းယူဖို့ အမြဲတမ်းဆာလောင်နေတဲ့ သူ့လိုမျိုး စိတ်ဓာတ်ကို အမြဲတမ်းရှိနေချင်တယ်” လို့ Mirror သို့...

ဒီဘရိုင်းဟာ အလွန်ကြောက်ဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ချီးကျူးသွားခဲ့သည့် စကော့တလန်ကွင်းလယ်လူ

ဘယ်လ်ဂျီယမ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စကော့တလန် နဲ့ ပွဲစဉ်မှာ ၄ ဂိုးပြတ်အနိုင်ရပြီး အုပ်စုဇယားကို ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူ ဒီဘရိုင်းဟာ အပြောင်မြောက်ဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၃) ကြိမ်ပြုလုပ်ကာ (၁) ဂိုးသွင်းယူခဲ့ပါတယ်။ စကော့တလန် ကွင်းလယ်လူ ခရစ္စတင်းက ဒီဘရိုင်းရဲ့ ခြေစွမ်းကို လက်ခုပ်တီးကာ ချီးကျူးသွားခဲ့ပြီး၊ ဒီဘရိုင်းရဲ့ ခြေစွမ်းတွေကို သိနိုင်ဖို့အတွက် ဗီဒီယိုတွေကြည့်ပြီး လေ့လာခဲ့ရကြောင်း ဖွင့်ဟလိုက်ပါတယ်။ “သူက အရမ်းကြောက်ဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ပါပဲ။ ခင်ဗျားလည်း ဒီပွဲမှာ မြင်လိုက်တယ်မလား ” လို့ ပွဲအပြီးမှာ ခရစ္စတင်းက ပြောလိုက်ပါတယ်။ “သူလိုကစားသမားကောင်း တစ်ယောက်နဲ့ ရင်ဆိုင်ကစားခွင့်ရတဲ့အတွက် ကျွန်တော်ကတော့ ပျော်မိပါတယ်။ သူနဲ့ ကျွန်တော်နဲ့ က ကစားတဲ့နေရာချင်းဆင်တူပါတယ်။ အရေးကြီးဆုံးက သူ့ကို နည်းပြက ဘယ်လိုနေရာမှာထားသုံးမယ်ဆိုတာကို အရင်ဆုံး ကြည့်ရပါတယ်” ” ပြီးတော့...

ပေါ့ဂ်ဘာအတွက်ဆိုရင် မက်ဒရစ်ဘက်က အမြဲတမ်းတံခါးဖွင့်ပြီး ကြိုဆိုသင့်တယ်လို့ ပြောလိုက်တဲ့ ရာမို့စ်

ရီးရဲလ်မက်ဒရစ် ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ယူနိုက်တက်ကွင်းလယ် ပေါ့ဂ်ဘာကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး၊ မဝေးသောအနာဂတ်မှာ အတူလက်တွဲသွားဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဂ်ဘာ နဲ့ သူ၏ အေးဂျင့် ရိုင်အိုလာတို့က အပြောင်းအရွှေ့ကာလအတွင်းမှာ အတွေ့အကြုံသစ်တွေကို ရင်ဆိုင်လိုသည့်အတွက် အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကတော့ ပေါ့ဂ်ဘာကို ရောင်းချမယ့် ကိစ္စကို လုံးဝပယ်ချခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းလာခဲ့တဲ့ ပေါ့ဂ်ဘာကို မက်ဒရစ်က ဂျိမ်းစ်ရိုဒရီဂွတ်စ် + ပေါင် ၂၇.၆ သန်းနဲ့ ကမ်းလှမ်းခဲ့သော်လည်း ယူနိုက်တက်က ငြင်းခဲ့ပါတယ်။ “ရီးရဲလ်မက်ဒရစ်က ပေါ့ဂ်ဘာလို ကစားသမားကောင်းတွေအတွက် အမြဲတမ်း တံခါးဖွင့်ထားသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ပေါ့ဂ်ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါပဲ။ သူကိုယ်တိုင်လည်း ဂျူဗင်တပ်စ်မှာ လုပ်ပြခဲ့သလို၊ မန်ချက်စတာယူနိုက်တက်မှာလည်း...

ဘာနေဗျူးမှာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ဖို့ မျှော်လင့်ထားတဲ့ ဂျိမ်းရိုဒရီဂွတ်စ်

ကိုလံဘီယာကြယ်ပွင့် ဂျိမ်းစ်ရီဒရိုဂွက်ဟာ ယခုနှစ်ရာသီအား လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းတွင် အရေးကြီးသော အဓိက ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ဂျိမ်းစ်အား ပြီးခဲ့သော နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်း မြို့ခံပြိုင်ဘက် အသက်လက်တီကို မက်ဒရစ်နှင့် စီးရီးအေကလပ် နာပိုလီ အသင်းတို့မှ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကိုလံဘီယာကြယ်ပွင့်ဟာ ဘာနေဗျူးမှ ထွက်ခွာဖို့ နာမည်ကြီးခဲ့ပေမယ့် အသင်းမှာပဲ ဆက်လက်ရှိနေခဲ့ပါတယ်..။ ဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ပွဲကစားခွင့် မရရှိပဲ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေရပါတယ်။ မြူးနရ်မြို့မှာ ၂နှစ်ကြာ အငှားထွက်ကာ ဖြတ်သန်းလာပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပေမယ့် ဘေယန်မြူးနစ် အသင်းအတွက် ၂၀ ပွဲကစား ၇ဂိုးသွင်း ၃ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယခုနှစ်မှာတော့ ကိုလံဘီယာကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ်ဟာ စပိန်မြို့တော်မှာ...

မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့မည့်သတင်းများအား ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့သည့် ဘရာဇီးလ်ကစားသမား

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်းမှာ ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ကလပ်ကော်စတာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းဖို့အတွက် ကြိုးစားနေတယ်ဆိုပြီး သတင်းတွေတက်လာခဲ့သလို၊ တချို့သတင်းတွေမှာလည်း ညှို့နှိုင်းမှုတွေ ဆောင်ရွက်နေပြီလို့ ဖော်ပြခဲ့ကြပါတယ်။ ဒီထွက်ပေါ်လာတဲ့ သတင်းတွေအပေါ်မှာတော့ ကာယံကံရှင်ဖြစ်တဲ့ ဒေါက်ကလပ်ကော်စတာက လုံးဝမဟုတ်မှန်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုသွားခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာ ဒေါက်ကလပ်ကော်စတာကို ဂျူဗင်တပ်စ်အသင်းဆီရောက်အောင် ကူညီပေးခဲ့တဲ့ ဂျီယိုဗန်နီ ဘရန်ချီနီဆိုသည့် ပုဂ္ဂိုလ်က မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့သည့်နွေရာသီအတွင်း ကော်စတာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုခိုင်ခိုင်မာမာရှိခဲ့ကြောင်းဆိုခဲ့ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ရဲ့ စကားတွေအပေါ်မှာတော့ ဘရာဇီးလ်တောင်ပံကစားသမားဟာ ပြန်လည်ချေပခဲ့ပြီး၊ ဂျူဗင်တပ်စ်အသင်းအပေါ်မှာ သစ္စာရှိရှိဖြင့် သွေးချွေးပေးဆပ်သွားမှာဖြစ်ကြောင်း ယခုလိုပြောခဲ့ပါတယ်။ “ဒီကနေ့ ထွက်နေတဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေ နဲ့ ပတ်သတ်ပြီး တခုမှမဟုတ်ကြောင်း ကျွန်တော်ပြောချင်ပါတယ်။ တချို့ ဆိုရင် ကျွန်တော်က အသင်းပြောင်းဖို့အတွက် တခြားကလပ်တွေနဲ့ ညှို့နှိုင်းဆွေးနွေးမှုတွေတောင် လုပ်နေပြီလို့ ပြောကြတယ်။ ဒါတွေအားလုံးကို ငြင်းပယ်ချင်ပါတယ်။...

ဂျာမနီအသင်းနှင့် ပတ်သတ်ပြီး ဝန်ခံမှုတစ်ခုပြုလုပ်သွားခဲ့သည့် ဒေါ့မွန်ကြယ်ပွင့်ကစားသမား

ဂျာမနီအသင်းဟာ ယမန်နေ့ညမှာတော့ ယူရို ခြေစစ်ပွဲစဉ်မှာ မြောက်အိုင်ယာလန်အသင်းကို လူငယ်ကစားသမားများ၏ ခြေစွမ်းပြမှုကြောင့် ၂ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ မြောက်အိုင်ယာလန်အသင်းအတွက်တော့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ပထမဦးဆုံး ရှုံးပွဲကို ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။ ဂျာမန်နဲ့အတွက် သွင်းဂိုးများကိုတော့ လူငယ်ကစားသမားများဖြစ်သည့် ဟယ်စတန်ဘတ်ခ် နှင့် တိုက်စစ်မှူး ဂနာဘရီတို့ကို သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ဂျာမန်အသင်းရဲ့ ဝါရင့်ကစားသမား မာကိုရူးစ်က “ပထမပိုင်းမှာတော့ ဒီပွဲဟာ သာမာန်ပွဲတစ်ပွဲလိုပါပဲ။ သူတို့ဘက်ကလည်း အခွင့်အရေးကောင်းတွေရခဲ့တယ်။ ကျွန်တော်သိလိုက်တာက အနားယူပြီးလို့ ဒုတိယပိုင်းပြန်စချိန်မှာ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေရခဲ့ပါတယ်။ ဒါဟာ သူတို့ဘက်က ပထမပိုင်းမှာ အင်တိုက်အားတိုက် ကစားခဲ့တဲ့အတွက် ပင်ပန်းသွားတာကြောင်လည်းဖြစ်နိုင်ပါတယ်” “နယ်သာလန်ကို အရေးနိမ့်ခဲ့တဲ့ အရှုံးကို ဒီပွဲမှာ ပြန်လည်ကုစားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းမှာတော့ ကြီးမားတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် သင်ယူစရာတွေ အများကြီးရှိပါသေးတယ်။ ကံမကောင်းတာက ဟော်လန်နဲ့ ကစားတဲ့ ပွဲမျိုးဟာ ကျွန်တော်တို့အတွက်တော့...

လီဗာပူးလ် နဲ့ အပြောင်းအရွှေ့ပျက်ပြယ်ရတဲ့ အကြောင်းရင်းကို ပြန်ပြောင်းပြောဆိုခဲ့သည့် ဖာကီယာ

လိုင်ယွန်ကွင်းလယ်လူဟောင်း ဖာကီယာဟာ ပြီးခဲ့သည့် နွေရာသီက လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့အနီးစပ်ဆုံးဖြစ်ခဲ့သော်လည်း ဒူးဒဏ်ရာပြသာနာရှိနေသည့်အတွက် လီဗာပူးလ်အသင်းက လက်လျော့ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဖာကီယာဟာ လီဗာပူးလ်အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပြန်ပြောင်းပြောပြခဲ့သလို၊ အများသိထားတဲ့ ဆေးကျခဲ့သည် ဆိုသည့် သတင်းများဟာ အလိမ်အညာတွေဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဖာကီယာကို ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe က သီးသန့်အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါအင်တာဗျူးမှာတော့ ဒူးဒဏ်ရာနှင့် ပတ်သတ်ပြီး မည်သည့် အမှားအယွင်းမှမရှိထားသည့်အပြင် လီဗာပူးလ်အသင်းက မခေါ်ချင်သည့်အတွက် လီဆယ်ပြောခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။ “လီဆယ်ပြောတဲ့ သတင်းတွေက အများကြီး ပေါ်ထွက်လာခဲ့သလို၊ ဒီသတင်းတွေဟာ ကျွန်တော့်အပေါ်မှာ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော့်မိသားစုတွေကိုလည်း ဒီအကြောင်းတွေပြောတယ်။ ဒါတွေက ကျွန်တော့်မိသားစုဝင်အတွက်ရော၊ ကျွန်တော့်အတွက်ပါ နာကျင်စေခဲ့ပါတယ်။ ခင်ဗျားတို့သိထားတဲ့ သတင်းတွေအားလုံးဟာ အမှားတွေကြီးပါပဲ” “လုံးဝမမှန်ကန်ပါဘူး။ ကျွန်တော်ဒူးက အကောင်းကြီးပါ။ အဲ့ဒီတုန်းက ကျွန်တော်ကိုယ်တိုင် ပြင်သစ် ထရိန်နင်စင်တာက ဆေးအဖွဲ့နဲ့ ဆေးစစ်ခဲ့တာပါ။ ဒူးနဲ့...

နယ်သာလန်ကစားဖော်တွေကို ဒီထက်ပိုပြီး အာရုံစိုက်ပေးဖို့ တောင်းဆိုသွားခဲ့တဲ့ ဗန်ဒိုက်

နယ်သာလန်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ဂျာမနီ၊ မြောက်အိုင်ယာလန်၊ ဘီလာရုစ်၊ အက်စ်တိုးနီးယားအသင်းတို့နဲ့ အုပ်စု (ဂ)မှာ တစ်အုပ်စုတည်းကျရောက်နေပြီး ခြေစစ်ပွဲ ၄ ပွဲကစားပြီးချိန်မှာတော့ ၃ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ဖြင့် အဆင့် (၃) နေရာမှာရပ်တည်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲ ၂ ပွဲစလုံးမှာလည်း ဂျာမနီအသင်းကို ၄-၂ ရလဒ် နဲ့အနိုင်ရခဲ့သလို၊ အက်စ်တိုးနီးယားကိုလည်း ထိုနည်းတူစွာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ဥရောပအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေးရရှိထားသည့် နယ်သာလန်အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ဟာ လက်ရှိရလဒ်များကို ကျေနပ်အားရခြင်းမရှိသေးပဲ၊ ဒီထက်ပိုပြီး အာရုံစိုက်ပေးဖို့ အသင်းဖော်တွေကို တောင်းဆိုသွားခဲ့ပါတယ်။ ခြေစစ်ပွဲအောင်မြင်ဖို့အတွက် လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးသည့်အတွက် ယခုလို အားစိုက်ဖို့ တောင်းဆိုလိုက်တာပါ။ “ကျွန်တော်တို့ဟာ အလွန်ကောင်းတဲ့ ခြေစွမ်းတွေနဲ့ ၂ ပွဲစလုံးကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။...