Monthly Archive: October, 2019

လင်ဂတ်ပြန်ကစားနိုင်လို့ ပျော်ရွှင်နေတဲ့ ဆိုးလ်ရှား

ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်ဟာ အောက်တိုဘာလ ၃ ရက်နေ့ AZ အယ်ခမာ နဲ့ ပွဲအပြီးမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့သည့်အတွက် အနားယူနေရပြီး အခုချိန်မှာ ပြန်လည်သက်သာလာပြီဖြစ်သည့်အတွက် အသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီဖြစ်ပါတယ်။ ဒီရာသီမှာ ဒဏ်ရာများကြောင့် ခြေစွမ်းအပြည့်အဝမပြနိုင်သည့် လင်ဂတ်အနေဖြင့် ယခုအချိန်မှာ ကွဲပြားခြားနားသည့် ပုံစံဖြင့်ပြန်လာမှာဖြစ်ကြောင်း ဆိုးလ်ရှားမှ ပြောခဲ့ပါတယ်။ ဒါပေမယ့် လင်ဂတ်ကို ပါတီဇန်နဲ့ ပွဲမှာ ချက်ချင်းပွဲထုတ်အုံးမှာမဟုတ်ပဲ လာမည့် ပရီးမီးယားလိဂ်ပွဲမှသာ ကစားနိုင်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ “ပုံစံကောင်းတွေနဲ့ ပြန်လာနိုင်မှာဖြစ်လို့ ဝမ်းသာမိပါတယ်။ သူကအမြဲတမ်း လေ့ကျင့်ရေးကွင်းမှာဆို တက်တက်ကြွကြွရှိနေပြီးတော့ ကျွန်တော်ကိုယ်တိုင်တောင် ဘယ်အချိန်သူ့ကို ပွဲထွက်ခွင့်ပေးရမလဲ မသိတော့ဘူး။ မကစားရတဲ့အချိန်မှာတောင် ကစားဖို့အတွက် ဆန္ဒပြင်းပြနေတာ။ သူ့ကို အပြုံးတွေနဲ့ မြင်လိုက်ရတာကို ဝမ်းသာနေတာ။ ဒဏ်ရာမရခင် အချိန်ကတည်းက ဂျက်ဆီရဲ့ အကြောင်းကို ကျွန်တော်သိပြီးသားပါ။ အခုဆိုရင် သူပြန်လာပြီဆိုတော့ မျှော်လင့်လို့ ရပြီ။...

ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရသည့် ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးပမ်းနေသည့် ပရီးမီးယားလိဂ် ကလပ်များ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုဟာ လက်ရှိအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရဖို့အတွက် ရုန်းကန်နေရပါတယ်။ သို့အတွက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာမည့် အစီအစဉ်အား အစ္စကို က လက်ခံလိုက်ပြီဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြထားပါတယ်။ စပိန်ကွင်းလယ်လူ အစ္စကိုဟာ လက်ရှိရာသီမှာ အသင်းနှင့်အတူ မိနစ် ၁၇၀ လောက်သာ ကစားခွင့်ရရှိထားပြီး ပုံမှန်ပွဲထွက်ခွင့်တစ်နေရာအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ စပိန်သတင်းစာ AS ၏ ဖော်ပြချက်အရ အစ္စကိုမှာ လာမည့် ဇန်နဝါရီတွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရှိရပြီး သူ့ကို ခေါ်ယူဖို့အတွက် မန်စီးတီး နှင့် အာဆင်နယ်အသင်းတို့က စိတ်ဝင်စားလျက်ရှိနေပါတယ်။ အာဆင်နယ်အသင်းမှာ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ဟာ ခြေစွမ်းကျဆင်းလျက်ရှိပြီး ပွဲကစားခွင့်လည်းပျောက်ဆုံးနေသည့်အတွက် ဆောင်းရာသီအပြောင်းအရွှေ့တွင် ထွက်ခွာခွင့်ပေးဖွယ်ရှိသည့်အတွက် ကွင်းလယ်ဖန်တီးရှင်တစ်နေရာကို အစ္စကိုအား ပစ်မှတ်ထားလျက်ရှိသည်။ မက်ဒရစ်ဟာ လာမည့် ဆောင်းရာသီမှာ စပါးစ်အသင်း၏ ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့...

ဘာကြောင့် လီဗာပူးလ်အသင်းအတွက် တိုက်စစ်မှူး တစ်ယောက်လိုအပ်သလဲဆိုတာကို ထောက်ပြခဲ့သည့် ဟယ်ရီကီးဝဲလ်

လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း ဟယ်ရီကီးဝဲလ်က ဂျိုးကြာနီတို့အနေဖြင့် နောက်ထပ် တိုက်စစ်မှူး တစ်ယောက်လောက် ထပ်ခေါ်ဖို့ လိုအပ်သေးကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။ ထို့အပြင် ဂျာဂင်ကလော့ပ်အနေဖြင့် အေတီကို တိုက်စစ်မှူးဟောင်း (လက်ရှိ ဘာစီလိုနာတိုက်စစ်မှူး) အန်တိုနီ ဂရစ်ဇ်မန်းကို ဘာစီလိုနာသို့ မပြောင်းရွှေ့ခင်က ရအောင် ပစ်မှတ်ထားခေါ်ယူသင့်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ ဂျန့်ကို ၄-၁ ဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီးမှာတော့ ကီးဝဲလ်က “ကျွန်တော့်စိတ်ထင် သူတို့ကတော့ နောက်ထပ် တိုက်စစ်မှူး တစ်ယောက်လောက်လိုအပ်နေတယ်။ ဒီစကားကို ပြောရတာလည်း ရူးနေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဘာလို့ဆိုတော့ လက်ရှိ ကစားနေတဲ့ သုံးယောက်စလုံးက အမိုက်စားတွေကြီးပဲလေ။ လိုအပ်တယ်လို့ ဘာလို့ ပြောလဲဆိုတော့ လက်ရှိသုံးယောက်ရဲ့ အရည်အချင်းကို စစ်ဆေးဖို့အတွက်ပါပဲ။ အော်ရီဂီကိုတော့ ကျွန်တော်ဘာမှ မပြောလိုပါဘူး။ သူက ကစားသမားကောင်းတစ်ယောက်ဖြစ်သော်လည်း သူ့အတွက် သူလုပ်သလိုဖြစ်နေတယ်။ အရေးကြီးတဲ့ ဂိုးတချို့ကို သွင်းယူခဲ့ပြီး အမိုက်စား...