Monthly Archive: November, 2019

အိမ်ကွင်းမှာ ရှုံးလို့ ကောင်းနေဆဲဖြစ်တဲ့ လမ်းပတ်ရဲ့ ချယ်လ်ဆီး (ချယ်လ်ဆီး ဝ-၁ ဝက်စ်ဟမ်း)

စနေနေ့ညရဲ့ အစောဆုံး ပွဲစဉ်တွေအဖြစ် မန်ချက်စတာ စီးတီးအသင်းဟာ အဝေးကွင်းမှာ နယူးကာဆယ်ကို ၂-၂ သရေကြခဲ့တာ အမှတ်ပေးဇယား နောက်တစ်ဆင့်တက်ရေး မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်တဲ့ ဖရန့်လမ်းပတ်ဟာ ဒီနေ့ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ၅ နေရာအထိ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ လမ်းပတ်ဟာ အသင်းခေါင်းဆောင် အက်ပီလီကွီတာ၊ ဝီလီယံ၊ ကန်တေ၊ ခရစ်တန်ဆန် နှင့် ဒဏ်ရာပြဿနာ ရှိနေတဲ့ အေဗရာဟမ်တို့ကို ချန်လှပ်ကာ ဂိုး ကီပါ၊ ရီစီဂျိမ်းစ်၊ တိုမိုရီ၊ ဇူးမား၊ အီမာဆန်၊ ဂျော်ဂိင်ညို၊ ကိုဗာဆစ်၊ ပတ်ထရို၊ မေဆန်မောင့်၊ ပူလီဆစ်၊ ဂျီရော့ တို့ကို အသုံးပြုကာ ၄-၂-၃-၁ ဖြင့် ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည် ဝက်စ်ဟမ်းအသင်းကတော့ ဂိုးသမားနေရာမှာ ဒေးဗစ်မာတင်၊ ခရစ်ဝဲလ်၊ ဘယ်ဘူနာ၊ အိုဘိုနာ၊ ဖရီဒစ်စ်၊ ဆွန်းဂလက်စ်၊...

မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်ဆီ လွဲပြောင်းပေးလိုက်ပါပြီလို့ ဆိုလိုက်တဲ့ လီဗာပူးလ်ကစားသမားဟောင်း

ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် အင်္ဂလန်ကစားသမားဟောင်း ဂျိုကိုးလ်က နယူးကာဆယ် ၂-၂ မန်ချက်စတာစီးတီးပွဲအပြီးမှာတော့ စီးတီးဟာ ယခုနှစ် ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်းထံ လွဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ ခံစစ်လိုအပ်ချက်များရှိနေသည့် မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာတော့ နောဝစ်ချ်၊ ဝုဗ် နှင့် လီဗာပူးလ်အသင်းတို့ကိုရှုံးနိမ့်ခဲ့သည့်အပြင် ယခုညမှာလည်း နယူးကာဆယ်အသင်းကို ထပ်မံသရေကျခဲသည့် အတွက်အတော်လေးအထိနာခဲ့ရပါတယ်။ ဒီလိုသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် မန်စီးတီး နှင့် လီဗာပူးလ်တို့ ၂ သင်းကြား အမှတ်ကွာဟမှုဟာ အတော်လေးကြီးမားသွားခဲ့ပြီး လီဗာပူးလ်သာ ယခုညဘရိုက်တန်နှင့် ပွဲကို အနိုင်ရခဲ့ပါက အမှတ်ကွာဟချက် ၁၁ မှတ်လောက်အထိဖြစ်သွားမှာဖြစ်ပါတယ်။ ၃၈ ပွဲကစားရသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဟာ ယခုအချိန်မှာ ပွဲစဉ် ၁၄ ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး ရာသီဝက်နီးနီး ဖြတ်သန်းခဲ့ရပြီဖြစ်သလို၊ မန်စီးတီးအနေဖြင့် ယခုနှစ်ပရီးမီးယားလိဂ်ဖလားကို ရနိုင်ဖို့လည်း အခွင့်အရေးနည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လုံးဝရှုံးပွဲမရှိသေးသည့် အသင်းတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့အတွက်လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။...

နယူးကာဆယ်အတွက်သာမက လီဗာပူးလ်အသင်းအတွက်ပါ သူရဲကောင်းဖြစ်ခဲ့ရတဲ့ ဂျွန်ဂျို ရှယ်ဗေး

နယူးကာဆယ်အသင်းဟာ ယခုတပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်း စိန့်ဂျိမ်းပတ်မှာ လက်ခံကစားရတာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဧည့်သည့် မန်စီးတီးအသင်းဟာ ဦးဆောင်ဂိုးများစတင်သွင်းယူနိုင်ခဲ့ပေမယ့် နယူးကာဆယ်အသင်းရဲ့ နောက်ကျချေပဂိုးများကြောင့် သရေကျခဲ့ရပြီး ထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ၁၁ မှတ် (ဘရိုက်တန် နှင့်အနိုင် ၃မှတ်ရ) ကွာအနေအထားကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအတွက် သရေတစ်မှတ်ရနိုင်မယ့် ချေပဂိုးကိုတော့ လီဗာပူးလ်အသင်းကစားသမားဟောင်း နယူးကာဆယ်ကွင်းလယ်လူ ဂျွန်ဂျု ိရှယ်ဗေးမှ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ရှယ်ဗေးဟာ လီဗာပူးလ်အသင်းတွင် ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အတွင်း ကစားခဲ့ဖူးပါတယ်။ ထို ၃ နှစ်အတွင်း လီဗာပူးလ်အသင်းနှင့် ပြိုင်ပွဲစုံ ၄၇ ပွဲလောက်ကစားခွင့်ရရှိခဲ့ပေမယ့် ခြေစွမ်းကောင်းများပြသနိုင်ခြင်းမရှိသည့်အတွက် ၂၀၁၃ မှာတော့ ဆွမ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ထိုမှတဆင့် နယူးကာဆယ်ကို ၂၀၁၆ မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကို ရောက်ရောက်ချင်းမှာလည်း လီဗာပူးလ်အသင်းမှာ ကစားစဉ်က ကြုံတွေ့ခဲ့ရသည့် ခြေစွမ်းတည်ငြိမ်မှုမရှိသည့် ပြသာနာများနှင့်...

ရိုဒရီဂွတ်စ် + ပေါင်သန်း ၇၀ ဖြင့် အာဆင်နယ်ကြယ်ပွင့်ကို ကမ်းလှမ်းဖို့ စီစဉ်ထားသည့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းကို လာမည့်အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မျက်စိကျလျက်ရှိပြီး ရိုဒီဂွတ်စ် + ပေါင်သန်း ၇၀ ဖြင့် ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း စပိန်နိုင်ငံထုတ် El Desmarque သတင်းစာက ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ရိုဒီရီဂွတ်စ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးထွက်တောက်ခဲ့သည့် ကြယ်ပွင့်ဖြစ်ခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာချိန်မှစ၍ ပုံမှန်ခြေစွမ်းကောင်းများပျောက်ဆုံးပြီး အဌားထွက်ကစားခဲ့ရပါတယ်။ နည်းပြအပြောင်းအလဲများရှိခဲ့သော်လည်း ရိုဒီရီဂွတ်စ်ရဲ့ အနေအထားဟာ ပြောင်းလဲမလာပဲ အဌားဖြင့် ကစားရင်းသာ အချိန်ဖြုန်းခဲ့ရပါတယ်။ လက်ရှိရာသီမှာတော့ ရိုဒီရီဂွတ်စ်ဟာ ဘိုင်ယန်မြူ းနစ်မှ အဌားကစားပြီး ပြန်ရောက်လာခဲ့သော်လည်း ဒဏ်ရာပြဿ နာ များနှင့် ရင်ဆိုင်နေပြီး ပွဲထွက်ခွင့်များလွဲချော်နေပါတယ်။ အသက် ၃၀ အရွယ်ရှိသည့် အာဆင်နယ်တိုက်စစ်မှူ း အူဘာမီယန်းဟာ အာဆင်နယ်အသင်းကို ၂၀၁၈ ဒီဇင်ဘာအပြောင်းအရွှေ့မှာ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးများစွာသွင်းယူကာ...

အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့ ဘယ်တော့မှ နီးစပ်မှုမရှိခဲ့ကြောင်း ဝန်ခံသွားခဲ့ပြီး ပရီးမီးယားလိဂ် သဘောကျကြောင်း ဖွင့်ဟခဲ့သည့် ဟိုဆေးမော်ရင်ဟို

လွန်ခဲ့သည့် တပတ်က လန်ဒန်ကလပ် တော့တင်ဟမ်၏ နည်းပြသစ်ဖြစ်လာသူ မော်ရင်ဟိုဟာ စပါးအသင်းနှင့်မကိုင်တွယ်မှီ အာဆင်နယ်အသင်းနှင့် သတင်းကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သော်လည်း ထိုသတင်းများဟာ လုံးဝမှန်ကန်မှုမရှိကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ထို့အပြင် မော်ရင်ဟို၏ အေးဂျင့်ဖြစ်သူ နှင့် ကိုယ်စားလှယ်အဖွဲ့သည်လည်း အာဆင်နယ်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှုမရှိခဲ့ကြောင်း အတည်အလင်း ပြောပြသွားခဲ့ပါတယ်။ ၂၀၁၈ ဒီဇင်ဘာလမှာ မန်ချက်စတာယူနိုက်တက် နှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြဘဝမှ ခေတ္တအနားယူလျက်ရှိသည့် မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကို တတိယအကြိမ်မြောက်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာ ပိုင်ဆိုင်ထားသည့် ဝါရင့်နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ရလဒ်ပိုင်းများဆိုးရွားလျက်ရှိသည့် နည်းပြ အူနိုင်းအမ်မရီကို အချိန်ပေး၍စောင့်ကြည့်ခဲ့သော်လည်း ဘယ်လိုမှရလဒ်ပြန်မကောင်းလာသည့်အတွက် ယမန်နေ့က အပြီးထုတ်ပယ်လိုက်ပါတယ်။ အူနိုင်းအမ်မရီနေရာကို အစားထိုးဖို့အတွက် မော်ရင်ဟို အတော်လေးရေပန်းစားခဲ့တာဖြစ်ပြီး မော်ရင်ဟိုကိုယ်တိုင်လည်း အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ ထို့အပြင် အာဆင်နယ်ရဲ့ အကြီးအကဲဖြစ်သူ ရာအူးဆန်ဟီလီနှင့် ညစာအတူစားခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး သေချာပေါက် အာဆင်နယ်နည်းပြဖြစ်လာမည်ဟု မီဒီယာများက ခန့်မှန်းရေးသားခဲ့ကြသည်။...

ဗလင်စီယာနဲ့ ပွဲစဉ်ဟာ ယခုနှစ်ရာသီရဲ့ အကြီးမားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်နေတယ်ဆိုတဲ့ အေဗရာဟမ်

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ညမှာတော့ ဥရောပချန်ပီယံလိဂ် အုပ်စုအဆင့် အုပ်စု(H) မှ ပွဲစဉ် ၄ ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ နည်းပြလမ်းပတ်ရဲ့ အသင်းဟာ စပိန်မြေမှာ ဗလင်စီယာအသင်းနဲ့ ဒီနေ့ည ၁၂:၂၅ မိနစ် အချိန်တွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပထမ‌အကျော့အဖြစ် ကစားခဲ့သော အိမ်ကွင်းပွဲစဉ်တွင် ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ကွင်းလယ်လူ ရော့ညာကလေဟာ ပင်နယ်တီလွဲချော်ပြီး ၀-၁ ရလဒ်ဖြင့် ရူံးနိမ့်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီန့ညမှာ ပထမအကျော့မှ ရူံးကြွေးပြန်ဆပ်ဖို့ လိုအပ်နေသလို နောက်တစ်ဆင့်တက်ရောက်ဖို့အတွက် ဒီနေ့ညပွဲစဉ်အား မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူးဖြစ်တဲ့ တန်မီအေဗရာဟမ်ဟာ ဗလင်စီယာအသင်းနဲ့ ကစားမည့် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို နည်းပြ ဖရန့်လမ်းပတ်နဲ့အတူ တက်ရောက်ခဲ့ပြီး ဒီနေ့ည ပွဲစဉ်ဟာ “ယခုနှစ်ရာသီရဲ့ အကြီးမားဆုံး” ပွဲစဉ်တစ်ပွဲ ဖြစ်နေတယ်လို့...

Social Media ပေါ်မှ စကားလုံးတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူးဆိုတဲ့ ဂျေစီလင်ဂတ်

မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်တဲ့ ဂျေစီလင်ဂတ်ဟာ ယခုနှစ်ရာသီတွင် ခြေစွမ်းကောင်းများ ပျောက်ဆုံးနေပါတယ်။ နည်းပြဆိုးလ်ရှား၏ လက်ထက်တွင် ဂျေစီလင်ဂတ်ဟာ ပွဲထွက်ခွင့်များ ပျောက်ဆုံးနေပြီး ယခုနှစ် ဘောလုံးရာသီအတွင်း ဂိုးဖန်တီးမှု၊ သွင်းဂိုးများ ရရှိထားခြင်း မရှိသေးပါဘူး။ မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကွင်းလယ်လူ ဂျေစီလင်ဂတ်၏ ကိုယ်ပိုင်အဝတ်အစား အမှတ်တံဆိပ်ဖြစ်သော JLingz ဟာ ပထမနှစ်မှာပဲ ပေါင် ၂၀၀၀၀၀ ကျော် အရူံးပေါ်ခဲ့ပါတယ်။ ဒါ့အပြင် လင်ဂတ်နဲ့ ပက်သက်ပြီး မန်ချက်စတာ ယူနိုက်တက်ကစားဟောင်းဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ ပေါအင့် တို့မှ အဝတ်အထည်ထက် ကွင်းအတွင်း ခြေစွမ်းကောင်းဖို့သာ ဂရုစိုက်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ United Podcast နဲ့ တွေဆုံရာတွင် မိမိအနေဖြင့် Social Media ပေါ်မှ သူ့အား ဝေဖန်သူချက်တွေအား ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ လင်ဂတ်မှ ပြောပြခဲ့ပါတယ်။ ”...

အူနိုင်းအမ်မရီရဲ့ အားနည်းချက်တစ်ခုကို ထုတ်ဖော်ပြောပြခဲ့သည့် ဂျူ လီယန်ဒရက်စ်လာ

အသက် ၂၆ နှစ်အရွယ် ဂျာမန်ကစားသမား ဒရက်စ်လာဟာ PSG အသင်းကို ၂၀၁၇ ခုနှစ်မှာပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိ ၂ နှစ်အတွင်း ပွဲပေါင်း (၈၃) ပွဲကစားကာ ဂိုးပေါင်း (၁၁) ဂိုးသွင်းယူပေးထားပါတယ်။ လက်ရှိအာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ PSG အသင်းကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒရက်စ်လာ နှင့်လည်း လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။ စပိန်လူမျိုး နည်းပြ အူနိုင်းအမ်မရီဟာ ဘာသာစကားအခက်အခဲကြောင့် အာဆင်နယ်အသင်းမှာ တိုင်ပတ်နေတာဖြစ်ပြီး အင်္ဂလိပ်စကားကို မနည်းပြောနေရတာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားများကိုယ်တိုင် အူနိုင်းအမ်မရီရဲ့ အင်္ဂလိပ်စကားပြောကြောင့် အူကြောင်ကြောင်ဖြစ်ခဲ့ရပြီး တခါတရံမှာ လက်ထောက်နည်းပြ ယွန်းဘတ်က အကူအညီပေးခဲ့ရပါတယ်။ အူနိုင်းအမ်မရီဟာ PSG အသင်းမှာ နည်းပြကတည်းက ဘာသာစကားအခက်အခဲရှိနေခဲ့တာဖြစ်ပြီး ဂျာမန်ကစားသမား ဒရက်စ်လာကတော့ အူနိုင်းအမ်မရီနဲ့ ဆက်ဆံရေးအကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ “PSG မှာ မကစားခင်က ကျွန်တော်ဆို သူနဲ့ တခါမှ...

အဲရစ်ဆင်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ပြင်ဆင်လာတဲ့ ဂျူဗင်တပ်

အသက်(၂၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒိန်းမတ်သားဘကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့သည့်ရာသီက တော့တင်ဟမ်အသင်း၏ အသင်းခေါင်းဆောင်စာရင်းတွင် ပါဝင်ခဲ့ရသည်အထိ အသင်းပေါ် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့သော နွေရာသီဈေးကွက်အတွင်း ကစားသမားဟာ အသင်းမှ ထွက်ခွာဖို့ နာမည်ကြီးခဲ့ပါတယ်။ အဲရစ်ဆင်ကိုယ်တိုင်ကလည်း အသင်းမှ ထွက်ခွာဖို့ ပြုလုပ်နေကြောင်း ဝန်ခံခဲ့ပါသေးတယ်။ နည်းပြဟောင်း ပိုချက်တီနိုဟာ အသင်းအတွက် ပေးဆပ်ချင်စိတ် မရှိသော ကစားသမားကို အသုံးပြုလိုခြင်း မရှိတော့ပဲ မရှိသုံး သုံးကာ မကြာခဏ ဆိုသလို အရန်ခုံပေါ်မှာ ထိုင်နေခဲ့ရတာကို မြင်တွေ့လာရပါတယ်။ ဒိန်းမတ်သား အဲရစ်ဆင်ဟာ တော်တင်ဟမ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိသလို ဆောင်းရာသီဈေးကွက်အတွင်း ရောင်းချနိုင်ခြင်း မရှိပါက လာမည့်နွေရာသီဈေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြးဖြင့် ထွက်ခွာရပါမယ်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အား စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နှင့် အီတလီထိပ်သီး ဂျူဗင်တပ် အသင်းတို့မှ ခေါ်ယူရန် ပစ်မှတ်ထားနေကြပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ...

ဆိုးလ်ရှားဟာ ဖာဂူဆန်နဲ့ ဆင်တူတယ်လို့ ချီးကျူးလိုက်တဲ့ ဗလင်စီယာ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ထွက်ခွာပြီး အသင်းရဲ့ ပုံရိပ်တွေ၊ ချန်ပီယံဆုတွေဟာ တစ်ဖြည်းဖြည်း ကျဆင်းနေပါတယ်။ ယူနိုက်တက်တို့ဟာ အသင်းကို ဦးဆောင်ထိန်းချုပ်နိုင်ဖို့ ဒေးဗစ်မိုယက်စ်၊ လူးဝစ်ဗန်ဂေါလ်၊ ဟိုဆေးမော်ရင်ဟို၊ လက်ရှိနည်းပြ အိုလေဂန်းနား ဆိုးလ်ရှားတို့အထိ ပရီးမီးယားလိဂ် ဆုဖလားနဲ့ ဝေး‌ကွာနေရဆဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း၏ စွယ်စုံရ ကစားသမားဟု ခေါ်ဆိုရမည့် ဗလင်စီယာဟာ ဝါရင့်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ လက်တွဲခဲ့သလို လက်ရှိနည်းပြ ဆိုးလ်ရှားအထိ လက်တွဲခဲ့ဖူးပါတယ်။ ဗလင်စီယာဟာ သူလက်တွဲခဲ့ဖူးသည့် နည်းပြများထဲတွင် လက်ရှိအသင်းအား ကိုင်တွယ်နေသည့် နော်ဝေသားနည်းပြ ဆိုးလ်ရှား၏ လုပ်ရပ်ဟာ ဖာဂူဆန်နဲ့ ဆင်တူတယ်လို့ ပြောကြားခဲ့ပါတယ်။ ” ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေကို ရခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး နည်းပြတစ်ယောက်အဖြစ် လက်ရှိအချိန်မှာ ကစားသမားတွေနဲ့အတူ အောင်မြင်မှုတွေရဖို့ ဘယ်လိုပုံစံနဲ့ စွမ်းဆောင်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်”...