Monthly Archive: December, 2019

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ကို အကြံပေးခဲ့သည့် တင်ရှားဝုဒ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ လောက်သုံးစွဲပြီး နောက်တန်းနှင့် တောင်ပံတိုက်စစ်အတွက် အင်အားဖြည့်တင်းခဲ့သော်လည်း ကွင်းလယ်အတွက် လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်အသင်းဟာ ကစားသမားသစ်များ ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကို လို ကစားသမားမျိုး ခေါ်ယူသင့်တယ်လို့ တော်တင်ဟမ်အသင်း၏ ကစားသမားဟောင်း တင်ရှားဝုဒ်မှ အကြံပေးခဲ့ပါတယ်။ ” မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ အဖြေတစ်ခု ရှာနေပါတယ်။ သူ့တို့အသင်းရဲ့ ကစားပုံဟာ သက်သောင့်သက်သာ အဆင်ပြေအောင် ကစားထားနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ သူတို့အသင်းဟာ ဘောလုံးပေးပိုတဲ့နေရာမှာ မာယာကြွယ်တဲ့ ဘယ်ကိုပေးမယ်ဆိုတာ ခန့်မှန်းလို့ မရတဲ့ ကစားသမားမျိုး လိုအပ်နေတာ တွေ့ရပါတယ်။ ထက်ပြောရမယ်ဆိုရင် သူတို့အသင်းဟာ အစ္စကို လို ကစားသမားမျိုးကို ရှာဖွေနေတာပါ” ” မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးအနေနဲ့ ဒီလို ကစားသမားကို စွဲဆောင်ပြီး...

ဝု​ဗ်ဗာတန်ကို အနိုင်ရသည့် ပွဲစဥ်မှ အ​ရေးပါတဲ့ ကစားသမား ၄​ယောက်ကို ချီးကျူးခဲ့တဲ့ ဂျာဂျင်က​လော့ပ်

မနေ့ညက အန်ဖီးလ်တွင် ကစားခဲ့သော ဝုဗ်အသင်းနဲ့ ပွဲစဉ်အား လီဗာပူးအသင်းဟာ အနိုင်ရရှိခဲ့ပါတယ်။ ဝုဗ်ဗာတန်အသင်းကို အနိုင်ရပြီးနောက် ကြိုးကြာနီတို့ဟာ ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲအား ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သလို အမှတ်​ပေးဇယား ဒုတိယ​နေရာမှ အနီးကပ်ဆုံး ပြိုင်ဘက်လက်စတာစီးတီး ကိုလည်း ရာသီ တဝက် ကုန်ဆုံးချိန်မှာ ရမှတ် (၁၃)မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ မာနေးရဲ့ တလုံးသော အနိုင်ဂိုးနဲ့ ရမှတ် သုံးမှတ် ရရှိခဲ့ပြီး အဆိုပါ ပွဲအပြီးမှာ​တော့ လီဗာပူးနည်းပြဖြစ်သူ ဂျာဂျင်ကလော့ပ်ဟာ အသင်းရဲ့ ကစားသမား ၄​ယောက်အား ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ဂျာဂျင်က​လော့ပ်က မီနာ၊ ကီတာ၊ လယ်လာနာ၊ ဝိုက်နယ်ဒန်း တို့ရဲ့ ကွင်းလယ်ကစားပုံ စွမ်းဆောင်ရည်ကို ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။ ” ကျွန်​တော်အသင်းရဲ့ ဒုတိယပိုင်းကစားပုံနဲ့ ပက်သတ်ပြီး အားရ​ကျေနပ်ခြင်း...

ကဲ အာဆင်နယ်အသင်းအတွက် သတင်းကောင်းတစ်ခုပါလာပါပြီ !!!!

ဘွန်ဒက်လီဂါကလပ် RB လပ်ဇစ် အသင်းဟာ သူတို့ အားထားရတဲ့ နောက်ခံလူ အူပါမီကာနိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ သင့်တော်တဲ့ ဈေးတစ်ခုရရင်ရောင်းထုတ်သွားမယ်လို့ အင်္ဂလိပ်သတင်းစာတစ်ခုက ဖော်ပြထားပါတယ်။ လောလောဆယ် လပ်ဇစ်အသင်းဟာ အူပါမီကာနိုနေရာကို အစားထိုးဖို့အတွက် ခိုင်မာတဲ့အစားထိုးမှုတစ်ခုပြုလုပ်ဖို့အတွက် ကြိုးစားနေပါတယ်။ အူပါမီကာနိုကို စပါးစ်၊ အာဆင်နယ် နဲ့ မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပြီး မျက်စိကျနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ စိတ်ဝင်စားနေတာအတော်ကြာနေပြီဖြစ်ပြီး ဈေးကြီးလို့ လက်ရှောင်နေတဲ့သဘောဖြစ်နေတာပါ။ လပ်ဇစ်ကလည်း သူတို့ခံစစ်မှူ း အတွက် ယူရိုသန်း ၄၀ လောက်ရရင်ကို ရောင်းထုတ်ဖို့အတွက် အသင့်ဖြစ်နေပါပြီ။ ကစားသမားဝယ်ယူရာမှာ စီစစ်လွန်းတဲ့ အာဆင်နယ်အသင်းအတွက် အူပါမီကာနိုရဲ့ ပြောင်းရွှေ့ကြေးဟာ အတော်လေး များလွန်းတဲ့ပမာဏဖြစ်ပါတယ်။ တဖက်ကိုကြည့်ပြင်ရင်လည်း အာဆင်နယ်အသင်းရဲ့ ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ ဟိုးလ်ဒင်းနဲ့ ချိန်ဘာတို့ဟာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒေးဗစ်လုဇ်၊ ဆိုကရာတစ်၊ မူစတာဖီ နဲ့ မာဗရိုပါနို့စ်တို့သာ ဒေါင်ဒေါင်မြည် ကစားနိုင်ပါတယ်။...

နောက်ရာသီအတွက် မန်ချက်စတာစီးတီးကို ပြင်ဆင်နေပြီဆိုသည့် ဂွာဒီယိုလာ

ဒီရာသီဟာ ပတ်အတွက်တော့ မန်ချက်စတာစီးတီးအသင်းနဲ့ ၄ ရာသီမြောက်ဖြတ်သန်းတာဖြစ်ပါတယ်။ ရောက်လာတဲ့ ၁ ရာသီကလွဲလို့ ကျန်တဲ့ ၂ ရာသီဆက်မှာ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ထားတဲ့ ဂွာဒီယိုလာဟာ ၃ ရာသီဆက် အမှတ်ပေးဖလားကို သိမ်းပိုက်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် ဝုဗ်လ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ လုံးဝစွန့်လွှတ်လိုက်ရပါပြီ။ ဂွာဒီယိုလာရဲ့ နည်းပြသက်တမ်းတစ်လျှောက်မှာလည်း ဒီရာသီဟာ အဆိုးရွားဆုံးရာသီတစ်ခုအဖြစ် စံချိန်တင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီကတည်းက ခြေစွမ်းထက်နေတဲ့ လီဗာပူးလ်ကတော့ ဒီရာသီဖလားကို သိမ်းပိုက်ဖို့အတွက် 80% လောက်ကိုသေချာနေပါပြီ။ နောက်တန်းဖြည့်တင်းဖို့ ပျက်ကွက်ခဲ့တဲ့ အကျိုးဆက်ကို ကောင်းကောင်းခံလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့် လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားတော့မှာဖြစ်ကြောင်း ဂွာဒီယိုလာကိုယ်တိုင် ဝန်ခံပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ကို ဒီရာသီမှာ နောက်ကောက်ချဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူးလို့ ပြောခဲ့ပါတယ်။ “မဖြစ်နိုင်တော့ဘူး၊ ဒီအကြောင်းကိုတော့ လုံးဝမစဉ်းစားပါနဲ့တော့” လို့ လီဗာပူးလ်ကို နောက်ကောက်ချဖို့ မဖြစ်နိုင်တော့တဲ့အကြောင်းကို ပတ်ကိုယ်တိုင် ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။ “လီဗာပူးလ်ဆိုတာက ကိန်းဂဏန်းအချက်အလက်တွေနဲ့ ပြည့်နေတဲ့အသင်းတစ်သင်းပါ၊...

ကစားသမားထက် အေးဂျင့်က တန်ခိုးထွားတယ်ဆိုတာကို ပြခဲ့တဲ့ ဟာလန်းရဲ့ အပြောင်းအရွှေ့

ယမန်နေ့ညက ဥရောပတခွင်မှာ နာမည်ကြီးနေတဲ့ နော်ဝေးချာတိတ်လေး ဟာလန်းဟာ မန်ချက်စတာယူနိုက်တက်၊ ဂျူ ဗင်တပ်စ် အစရှိတဲ့အင်အားကြီးအသင်းတွေကို ကျော်လွန်ပြီး ဒေ့ါမွန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီသတင်းဟာ ယူနိုက်တက်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက်တော့ အတော်လေးစိတ်မကောင်းစရာသတင်းတစ်ခုဖြစ်သလို၊ အားလုံးအံ့အားသင့်ခဲ့ရတဲ့ သတင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ အားလုံးရဲ့အတွေးမှာ ဟာလန်းဟာ မန်ချက်စတာ ဒါမှမဟုတ် တူရင်ကို ရောက်မယ်လို့ ခန့်မှန်းထားကြတာပါ။ မန်ချက်စတာယူနိုက်တက်ဟာ ဟာလန်းကို ဂျူဗင်တပ်စ်ထက်စာရင်ပိုပြီး လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ လူကာကူကို ရောင်းထုတ်လိုက်ရတယ်၊ ခြေစွမ်းမပြနိုင်တဲ့ ဆန်းချက်ဇ်ကို လစာတဝက်နီးပါးလောက်စိုက်ထုတ်ပြီး အင်တာမီလန်ကို ပို့လွှတ်လိုက်ရတယ်။ ဒီတော့ အသင်းရဲ့ တိုက်စစ်အတွက် လူငယ်လေးတွေဖြစ်ကြတဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာရှယ် တို့ဟာ အတော်လေးရုန်းကန်ပြီးတော့ ပခုံးထမ်းထားရတယ်။ ဂျူ ဗင်တပ်စ်ကိုကြည့်ရင် ဟာလန်းကို လောလောကြီး လိုအပ်တဲ့အနေအထားမှာ မရှိနေပါဘူး။ လူငယ်ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့အပြင် ရော်နယ်လ်ဒိုမရှိတော့တဲ့နောက်ပိုင်းကို တွေးမျှော်ပြီး ခေါ်ယူဖို့အတွက်...

ဂွမ်ဒူဇီကို ဆွဲလိုက်တာက အဝါကဒ်ပေးဖို့ မလိုဘူးဆိုတဲ့ ဂျော်ဂျင်ညို

၂၀၁၉ ခုနှစ်ကို နှုတ်ဆက်ပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့လန်ဒန် ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက အိမ်ရှင်အာဆင်နယ် အသင်းကို ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ပထမပိုင်း တစ်ပိုင်းလုံး ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ မှန်ကန်သော လူစားလဲခြင်းတွေကြောင့် ဂျော်ဂျင်ညို ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပြီး ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်း ပွဲအစ၁၃ မိနစ်မှာ အူဘာမီယန်း၏ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၈၃ မိနစ် အရောက်မှာ မေဆင်မောင့်ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို အာဆင်နယ်ဂိုးသမား လီနို ထွက်ပုတ်ရာ မှာ မထိခဲ့ပဲ ကျလာတဲ့ ဘောလုံးကို ဂျော်ဂျင်ဟိုက ပြေးပိတ်သွင်းပြီး ချေပဂိုးသွင်းပေးခဲ့ပါတယ်။ ၈၃ မိနစ် အရောက်မှာ တန်ပြန်တိုက်စစ်မှ ဝီလီယံ အေဗရာဟမ် အတွဲအဖက်မှ အေဘရာဟန်က အနိုင်ဂိုးထပ်မံ သွင်းယူခဲ့လို့ ချယ်လ်ဆီးအသင်း အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲစဉ်ဟာ...

၂၀၁၉ ကို အနိုင်နဲ့ နှုတ်ဆက်ခဲ့တဲ့ ကြိုးကြာများ (လီဗာပူး ၁-၀ ဝုဗ်ဗာတန် ပွဲပြီးသုံးသပ်ချက် နှင့် Highlight)

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ၂၀၁၉ ခုနှစ်ကို နှုတ်ဆက်ပွဲစဉ်အဖြစ် အိမ်ကွင်းအန်ဖီးလ်မှာ ဝုဗ်ဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒါ့အပြင် မှတ်တမ်းမှတ်ရာတွေ စုံလင်တဲ့ပွဲတစ်ပွဲလို့ ဆိုရမှာဖြစ်ပြီး ဗန်ဒိုက် ပွဲ ၁၀၀၊ မာနေး ၁၅၀၊ ဟန်ဒါဆင် ပွဲ ၃၅၀ တို့နဲ့အတူ အိမ်ကွင်း ပွဲ ၅၀ ဆက်တိုက်ရှုံးပွဲမရှိဆိုတဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့တဲ့ ပွဲစ‌ဉ်တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့ပ်ဟာ ဒီပွဲစဉ်မှာတော့ ၄-၃-၃ လူစာရင်းကို အသုံးပြုခဲ့ပြီး ပွဲထွက်လူစာရင်းမှာ နောက်ခံလူ မာတစ်၊ လိုဗရန် တို့ ဒဏ်ကာကြောင့် ဝင်ရောက်ကစားနိုင်ခြင်း မရှိသေးလို့ ဂိုးမက်ဇ် ဝင်ရောက်ကစားခဲ့ပြီး ကွင်းလယ်မှာ လာလယ်နာ၊ ဟန်ဒါဆန်၊ ဝိုက်နယ်ဒန်းကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဆာလက်၊ မာနေး၊ ဖာမီနို တို့ အစုံအလင်နဲ့ ပွဲထွက်လူစာရင်းကို...

လန်ဒန်ကို အပြာရောင်တွေ ကြီးစိုးခဲ့တဲ့ညတစ်ည (အာဆင်နယ် ၁-၂ ချယ်လ်ဆီး ပွဲပြီးသုံးသပ်ချက် Highlight)

ဒီပွဲစဉ်ဟာ ၂၀၁၉ ကို နှုတ်ဆက်မယ့် ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သလို တနင်္ဂနွေ့နေ့ညရဲ့ ပွဲကြီးပွဲကောင်း BIG Match ပါပဲ။ လန်ဒန်ဒါဘီ ပြိုင်ပွဲဖြစ်သလို အမှတ်လိုနေတဲ့ အသင်းနှစ်သင်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် နည်းပြအတွေ့အကြုံ နည်းပါးတဲ့ နည်းပြနှစ်ယောက်ရဲ့ အားပြိုင်မှုလို့ ဆိုရမှာဖြစ်ပြီး အာတီတာဟာ အနာဂတ်ရဲ့ နည်းပြတစ်ဦးလို ချီးကျူးစရာဖြစ်ပြီး ဂွာဒီယိုလာထံမှ ပညာတွေ အမှန်တကယ် ရရှိခဲ့ပုံပါပဲ။ ဒီပွဲစဉ်ဟာ ထူးခြားစွာဖြင့် အပိုင်း ၂ပိုင်း ခွဲထားသလိုမျိုး ဖြစ်နေခဲ့တယ်။ တစ်ပိုင်းက အာဆင်နယ်က ဦးဆောက်ခဲ့ပြီး နောက်တစ်ပိုင်းက ချယ်လ်ဆီးက ဦးဆောင်ကစားသွားခဲ့ပါတယ်။ ဂန်းနားတို့ဟာ ပွဲစတာနဲ့ အိုဇေး၊ လာကာဇက်၊ အူဘာမီယန်း တို့ တွဲလုံးကနေ ချယ်လ်ဆီးအသင်းကို အကောင်းမွန်ဆုံး ဖိအားပေးနိုင်ခဲ့တယ်။ ပထမပိုင်း မိနစ် ၃၀ အတွင်း ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းဟာ တန်းတက်အသင်းပဲ ရှိပါတယ်။...

ဖရက်-မာတစ် အတွဲနဲ့ Clean sheet ရယူနိုင်ခဲ့တဲ့အတွက် ကျေနပ်နေတဲ့ ဆိုးလရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်ပိုင်းက အိမ်ရှင် ဘန်လေအသင်း၏ တာ့ဖ် မူး ကွင်းမှာ ဝ-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ကို အနိုင်ဖြင့် နှုတ်ဆက်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာတော့ ယူနိုက်တက် အတွက် မာရှယ်နဲ့ ရပ်က်ဖို့ဒ် တို့မှ တစ်ဂိုးစီ သွင်းယူ ပေးနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်း လက်စတာ နဲ့ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပေးဂိုးမဲ့ Clean Sheet ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ယူနိုက်တက်အသင်း၏ ကွင်းလယ်လူစာရင်းတွင် နယူးကယဆယ်နဲ့ ပွဲစဉ်မှ ဒဏ်ရာရရှိခဲ့သော လူငယ်ကြယ်ပွင့် တိုမီနေး ပါဝင်နိုင်ခြင်း မရှိတာကြောင့် ပေါ့ဘာကို ချန်လှပ်ကာ ဖရက်၊ မာတစ် တို့အတွဲကို အသုံးပြခဲ့ပါတယ်။ ဖရက်၊ မာတစ်တို့ ကွင်းလယ်အတွဲဟာ ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် အားရကျေနပ်...

အဲရစ်ဆင်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့်သာ ခေါ်ယူလိုနေသည့် မန်ချက်စတာ ယူနိုက်တက်

အသက်(၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒိန်းမတ်သားကွင်းလယ်လူ ခရစ်စတန် အဲရစ်ဆင်ဟာ ပြီးခဲ့သည့်ရာသီက တော့တင်ဟမ်အသင်း၏ အသင်းခေါင်းဆောင်စာရင်းတွင် ပါဝင်ခဲ့ရသည်အထိ အသင်းပေါ် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့သော နွေရာသီဈေးကွက်အတွင်း ဒိန်းမတ်ကွင်းလယ်လူဟာ အသင်းမှ ထွက်ခွာဖို့ နာမည်ကြီးခဲ့ပါတယ်။ အဲရစ်ဆင်ကိုယ်တိုင်ကလည်း အသင်းမှ ထွက်ခွာဖို့ ပြုလုပ်နေကြောင်း ဝန်ခံခဲ့ပါသေးတယ်။ နည်းပြဟောင်း ပိုချက်တီနိုဟာ အသင်းအတွက် ပေးဆပ်ချင်စိတ် မရှိသော ကစားသမားကို အသုံးပြုလိုခြင်း မရှိတော့ပဲ မရှိသုံး သုံးကာ မကြာခန ဆိုသလို အရန်ခုံပေါ်မှာ ထိုင်နေခဲ့ရတာကို မြင်တွေ့လာရပါတယ်။ ဒိန်းမတ်သား အဲရစ်ဆင်ဟာ တော်တင်ဟမ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိသလို ဆောင်းရာသီဈေးကွက်အတွင်း ရောင်းချနိုင်ခြင်း မရှိပါက လာမည့်နွေရာသီဈေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြးဖြင့် ထွက်ခွာရပါမယ်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အား ရီးရဲလ်မက်ဒရစ်အသင်းမှ ဇန်နဝါရီဈေးကွက်အတွင်း ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းမှ လာမည့်နွေရာသီတွင်...