Monthly Archive: January, 2020

အသင်းကြီးတွေရဲ့ အာရုံကို ဖမ်းစားလာပြီဖြစ်သည့် ဝုဗ်ကြယ်ပွင့် အဒါမာထရာအိုရေး

ယခုရာသီမှာ ဝုဗ်လ်အသင်းနဲ့အတူ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတဲ့ လာမာစီယာအကယ်ဒမီထွက် တိုက်စစ်မှူး အဒါမာ ထရာအိုရေးကို လီဗာပူးလ်၊ မန်စီးတီးနဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်နဲ့အတူ အတိုးအရုန်းကောင်းတဲ့ ထရာအိုရေးဟာ ဝုဗ်လ်အသင်းကို ၂၀၁၈-၁၉ ရာသီမှာ စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဝုဗ်လ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ကျော်ကစားခဲ့ပြီး ၅ ဂိုးသာ သွင်းယူထားပေမယ့် မန်ချက်စတာစီးတီးကို သူ့ရဲ့ဂိုးတွေကြောင့် အနိုင်ယူခဲ့တာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ထရာအိုရေးဟာ နာမည်ကြီးလာတာဖြစ်ပါတယ်။ ထရာအိုရေးရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၄ ခုနှစ်မှာ ဘာစီလိုနာရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာမှာ သူ့ရဲ့ ကစားသမားဘဝကိုစတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ မှ ၂၀၁၅ အထိ ဘာစီလိုနာအသင်းမှာ ဖြတ်သန်းခဲ့ပြီးနောက် ပွဲထွက်ခွင့် အာမခံချက်မရှိသည့်အတွက် ၂၀၁၅-၁၆ ရာသီမှာ အင်္ဂလန်ကလပ် အက်စ်တွန်ဗီလာအသင်းကို...

ရိုင်နီယာကို ယူရိုသန်း ၃၀ နဲ့ ရီးရဲလ်မက်ဒရစ်ထံ ရောင်းထုတ်လိုက်တာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေကို အပြစ်တင်ဝေဖန်သွားခဲ့သည့် ဖလာမင်ဂိုနည်းပြ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးလ်ထိပ်တန်းအသင်းကြီးဖြစ်သည့် ဖလာမင်ဂိုမှ လူငယ်ကစားသမား ရိုင်နီယာဂျေဆူးကို ယူရိုသန်း ၃၀ နှင့်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ ရိုင်နီယာဟာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ရေရှည်မှာ ထွန်းတောက်လာနိုင်သည့် ကြယ်ပွင့်ကစာသမားအဖြစ် သတ်မှတ်ထားခံထားရတာဖြစ်ပါတယ်။ ထို့အပြင် ရိုင်နီယာနဲ့ ဖလာမင်ဂိုတို့ရဲ့ သဘောတူညီချက်အရ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၃၅သန်းထိ တန်ကြေးရှိသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းကတော့ ယူရိုသန်း ၃၀ နဲ့သာ ပေးချေပြီး ခေါ်ယူသွားခဲ့ပါတယ်။ ရိုင်နီယာရဲ့ ခြေစွမ်းဟာ ဒီထက်မက တန်ကြေးရှိသော်လည်း ယခုလို ယူရိုသန်း ၃၀ ဖြင့်ရောင်းချလိုက်သည့်အတွက် ဖလာမင်ဂိုနည်းပြ ဂျော့ချ်ဂျေဆူးက စိတ်ပျက်နေသည့်အပြင် အပြောင်းအရွှေ့ကိစ္စကိုလည်း ပေါ်တင်ဝေဖန်သွားခဲ့ပါတယ်။ “ရိုင်နီယာကိုဗျာ ယူရိုသန်း ၃၀ လောက်နဲ့ ခင်ဗျားရောင်းထုတ်လို့မရဘူးလေ။ ဖလာမင်ဂိုဟာ ခုထိသူတို့ရဲ့ ကစားသမားတစ်ယောက်ကို ဘယ်လောက်တန်ကြေးရှိတယ်ဆိုတာ လုံးဝနားမလည်သေးပါဘူး။ ဖလာမင်ဂိုမှာ အသက် ၁၇ နှစ်တစ်ယောက်၊ ၁၈...

လမ်းပတ်ကိုင်တွယ်သည့် ချယ်လ်ဆီး၏ ပထမအကျော့မှ ခြေစွမ်းအား ပြန်လည်သုံးသပ်ကြည့်ခြင်း

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ မတင်ခင်က ချယ်လ်ဆီးအတွက် ကျွန်တော်တို့ တော်တာ်လေး စိုးရိမ်ခဲ့တယ်။ အရှုံးကို ရင်မဆိုင်ရဲသော ဆာရီက စတန်းဖို့ဒ်ဘရစ်မှ ထွက်ခွာခဲ့သလို ကြယ်ပွင့် ဟာဇက်က ရည်မှန်းချက်ရှိရာ အဖြူရောင်ကြယ်စင်စုဆီ ခရီးထွက်သွားခဲ့လို ရာသိမစတင်ခင် ရင်ဘက်က ဟက်ကော့ကြီး ကျန်ခဲ့သည်။ အပြာရောင်ခြင်္သေ့တပ်မ‌တော်ကြီးကို ဦးဆောင်ဖို့ ဖရန့်လမ်းပတ်ဟာ နည်းပြဘဝဖြင့် အိမ်ကို တစ်ကျော့ပြန်လာခဲ့တယ်။ ဘယ်ဂျီယံရဲ့စိန်တစ်ပွင့်ရဲ့ နေရာမှာ ကပ္ပတိန်အမေရိက ပူလီဆစ်ကို အစားထိုးခဲ့တယ်။ လမ်းပတ်ဟာ ယိုယွင်းနေတဲ့ အင်ဂျင်တစ်လုံးကို စပါယ်ရာပစ္စည်းနဲ့ အစားထိုးခွင့် မရှိတာကြောင့် အသင်းမှာရှိတဲ့ မေဆွန်မောက်၊ အေဗရာဟမ်တို့လို ကစားသမားတွေနဲ့ အသင်းကို အစားထိုး ပြင်ဆင်ခဲ့တယ်။ ချယ်လ်ဆီးဟာ ပရီးမီယားလိဂ် စတင်အဖွင့်မှာ ကံဆိုးမှုတွေနဲ့ ကြုံတွေခဲ့ရတယ်။ ‌ကလေးမျက်နှာနဲ့ လူသတ်သမားလို့ တင်စားခဲ့ကြတဲ့ အိုလေဂန်းနား ဆိုးလ်ရှား၏ သရဲနီအသင်းနဲ့ တွေ့ဆုံခဲ့ကာ အဝေးကွင်းမှာ ၄-၀ ဆိုသော...

ဂျိမ်းစ်မက်ဒီဆင်ကို မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းဟာ လက်စတာစီးတီးအတွက်တော့ သောကရောက်စရာ ဘာအကြောင်းမှမရှိပါဘူး #အီလီအော့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ဖန်တီးရှင် တစ်နေရာအတွက် လက်စတာစီးတီးအသင်း၏ ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်ကို လင်ဂတ်နဲ့ အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း အင်္ဂလိပ်သတင်းစာများ က ဖော်ပြထားကြပါတယ်။ဒီလိုသတင်းတွေထွက်နေတဲ့အပေါ်မှာတော့ လက်စတာစီးတီးအနေဖြင့် ဘာမှသောကရောက်နေစရာအကြောင်းမရှိကြောင်း မြေခွေးတို့၏ကစားသမားဟောင်း မတ်အီလီအော့ဒ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။ ပြီးခဲ့သည့်ရာသီကတည်းက လက်စတာစီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည်မြင့် ကွင်းလယ်ကစားသမားစာရင်းထဲမှာ ပါဝင်နေပါတယ်။ ယခုရာသီမှာလည်း လက်စတာစီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀) မှာ (၁၉) ပွဲလောက်ထိ ပွဲထွက်ခွင့်ရရှိထားသည့်အပြင် သွင်းဂိုး (၆) ဂိုးနှင့် ဂိုးဖန်တီးမှု (၃) ကြိမ်ကို ပြု လုပ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့မှာ လက်စတာစီးတီးအသင်းမှ နောက်ခံလူ ဟယ်ရီမက်ဂွဲယားကို ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူခဲ့သလို လက်ရှိအချိန်မှာလည်း မက်ဒီဆင်ကို ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း + လင်ဂတ်ဖြင့် ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ “ဟုတ်ပါတယ်၊...

ရှာခါအနေနဲ့ အသင်းခေါင်းဆောင် နောက်ထပ်တစ်ကြိမ် ပြန်ဖြစ်မဖြစ်ကို အဖြေသွားခဲ့သည့် အာတီတာ

အာဆင်နယ်အသင်းကွင်းလယ်လူ ရှာခါဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ အသင်းပရိသတ်များနဲ့ ပြသာနာဖြစ်ပွားခဲ့ခြင်းကြောင့် အသင်းခေါင်းဆောင်ရာထူးကို တိုက်စစ်မှူ း အူဘာမီယန်းထံလွဲပြောင်းပေးခဲ့ရပါတယ်။ အဆိုပါပြသာနာကြောင့်ပင် ဆွစ်ဇာလန်ကွင်းလယ်လူဟာ အာဆင်နယ်အသင်းကနေထွက်ခွာပြီး အသင်းပြောင်းဖို့အတွက် စိတ်ကူးထားပါတယ်။ ဒါပေမယ့် အူနိုင်းအမ်မရီထွက်သွားပြီးနောက်ပိုင်း အာတီတာရောက်လာစဉ်မှာတော့ ရှာခါဟာ အသင်း၏ အရေးပါသည့် ကစားသမားတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် အသင်းပြောင်းရွှေ့တာမျိုးကို မမြင်ချင်ကြောင်း နည်းပြသစ် အာတီတာကိုယ်တိုင် ဖွင့်ဟဝန်ခံထားပါတယ်။ အာတီတာနည်းဗျူ ဟာအရ ရှာခါဟာ ကွင်းလယ်တွင်း အရေးပါသည့် ကွင်းလယ်ကစားသမားဖြစ်လာခဲ့ပြီး တော်ရိုင်းယားနှင့် တွဲဖက်ကာ နဂိုရှာခါ၏ ခြေစွမ်းကောင်းများကို ထုတ်ဖော်ပြသထားပါတယ်။ ဒီလိုခြေစွမ်းကောင်းတွေပြသထားတဲ့ ကွင်းလယ်လူရှာခါကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်မလားဆိုတဲ့ မေးခွန်းကိုတော့ လိဒ်ယူနိုက်တက် နှင့် FA ဖလားပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ football london မှသတင်းထောက် တစ်ဦးက မေးမြန်းခဲ့ရာမှာတော့ အာတီတာက “မပြောတက်ပါဘူး။ အချိန်က အဖြေပေးသွားပါလိမ့်မယ်။...

ဘာစီလိုနာ တိုက်စစ်မှူးကို လီဗာပူး၊ မန်ယူ၊ ချယ်လ်ဆီး တို့ ခေါ်ယူရန် စိတ်ဝင်စားနေ

၂၀၁၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်က ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုရပ်ရှားဒေါ့မွန်အသင်းထံမှ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ပြင်သစ်သား တိုက်စစ်မှူး ဒမ်ဘီလီအား ပေါင် ၁၂၀ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ ဒမ်ဘီလီဟာ မကြာခဏ ဒဏ်ရာရရှိနေသူတစ်‌ယောက် ဖြစ်သလို ထင်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပြင်သစ်သား တိုက်စစ်မှူးအား ကမ်းလှမ်းလာခဲ့ပါက ပေါင် ၈၅ သန်းဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။ ကတ်တလန့်အသင်းရဲ့ တိုက်စစ်မှူးကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများ ဖြစ်ကြသော မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် အဆိုပါ ပရီးမီးယားလိဂ် ထိပ်သီး ၃ သင်းဟာ ဒေါ့မွန်အသင်း၏ အင်္ဂလန်ကြယ်ပွင့် ‌ဂျော်ဒန်ဆန်ချိုကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်နေကြပြီး ဒမ်လီလီဟာ ဒုတိယဦးစားပေး ပစ်မှတ်အဖြစ်သာ...

အသင်းသားများအား အနိုင်ရလိုစိတ်ကို ဆေးစွဲသလို စွဲနေတာ မြင်ချင်တယ်ဟု အာတီတာ သတိပေး

အာဆင်နယ်အသင်းဟာ နည်းပြအာတီတာ ကို ခန့်အပ်ပြီးနောက် ကစားကွက်ပိုင်း၊ စိတ်‌ဓါတ်ပိုင်း သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ အာတီတာဟာ ဘုန်းမောက်ကို သရေကျ၊ ချယ်လ်ဆီးကို ရှုံးနိမ့်ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အာတီတာ၏ လက်ထက်မှာ အိုဇေးလ်ကို ပြန်လည်အသုံးပြုခဲ့သလိုကစားသမား‌များ၏ အနိုင်ရလိုစိတ်ကို မြင်တွေ့နေခဲ့ရပြီး သူ၏ အသင်းသားများအား အနိုင်ရလဒ်အပေါ် ဆေးစွဲသလို စွဲနေတာ မြင်ချင်တယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ ” ကျွန်တော်အာဆင်နယ်အသင်းကို ၂၀၁၁ ခုနှစ်က ရောက်ရှိလာခဲ့တယ်။ အာဆင်နယ်ကို ရောက်လာခဲ့စဉ်က ကျွန်‌တော်တို့ဟာ ပရီးမီးယားလိဂ် ဆုဖလားရဖို့အတွက် ကြိုးစားပြီး တိုက်ပွဲဝင်နေခဲ့ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ကျွန်‌တော်တို့ အသင်းဟာ အမှတ်ပေးချန်ပီယံဆုကို ရရှိဖို့ နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်နိုင်တဲ့ အဆင့်မျိုးမှာ ရှိမနေခဲ့ပါဘူး။ ဒါကြောင့် ရှုံးထွက်ဖလားပြိုင်ပွဲတွေက ကျွန်‌ေတာ်တို့အတွက် တော်တော်လေး အရေးပါလာခဲ့တယ်” ” အာဆင်နယ်အသင်းဟာ သမိုင်းကြောင်း...

အသင်းကြီးများစိတ်ဝင်စားနေသည့် အတ္တလန်တာကွင်းလယ်လူကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူသွားခဲ့သည့် ဂျူ ဗင်တပ်စ်

အီတလီစီးရီးအေ အင်အားကြီးကလပ် ဂျူ ဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက် နှင့် အာဆင်နယ်တို့စိတ်ဝင်စားနေသည့် အတ္တလန်တာကွင်းလယ်လူ ဒီဂျန် ကူလူဆက်ဗ်စကီးကို ယူရို ၃၅ သန်း + အပိုဆုကြေးငွေ ယူရို ၉ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး ပါးမားအသင်းကို ရာသီအကုန်ထိ အဌားပြန်လည်ချထားခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်ဆွီဒင်ကစားသမားဟာ ယမန်နေ့ညက တူရင်ကလပ်မှာ ဆေးစစ်မှုခံယူခဲ့ပြီး အောင်မြင်စွာ အဆုံးသတ်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။ ကလပ်အသင်း၏ တရားဝင်ထုတ်ပြန်ကြေငြာချက်အရ ဂျူ ဗင်တပ်စ်အသင်းဟာ ကူလူဆက်ဗ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း + အပိုဆုကြေးငွေ ယူရို ၉ သန်းကို ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ “ဂျူ ဗင်တပ်စ်အသင်းဟာ အတ္တလန်တာအသင်းရဲ့ ကစားသမား ဒီဂျန်ကူလူဆက်ဗ်စကီးကို ယူရို ၃၅ သန်းဝန်းကျင်ဖြင့် ၅ နှစ်စာချုပ်နှင့်အတူ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါပြီ။ စာချုပ်ကာလအတွင်းမှာ...

အာဆင်နယ်အသင်းမှ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေသည့် နောက်ခံလူ (၃) ဦး

အာဆင်နယ်အသင်းဟာ နောက်တန်း ဒဏ်ရာပြသာနာအများအပြားနဲ့ ကြုံတွေ့နေရပါတယ်။ အာဆင်နယ်အသင်းကို နှစ်စဉ်နှစ်တိုင်း ဒုက္ခပေးနေတာလည်း ဒဏ်ရာပြသာနာတစ်ခုဖြစ်ပြီး အဆိုပါ ပြသာနာကြောင့် အာဆင်နယ်အသင်းဟာ ယခုလိုဆောင်းရာသီပွဲကျပ်ကာလမှာ ရမှတ်တော်တော်များများဆုံးရှုံးခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ကယ်လန်ချိမ်ဘာဟာ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် ချိန်ဘာဟာ လက်ကျန်ရာသီဝက်တစ်ခုလုံးကို အနားယူရတော့မယ်လို့ အတည်ပြု ဆေးစစ်ချက် ထွက်လာပါတယ်။ လက်ရှိအာဆင်နယ်အသင်းမှာ နောက်ခံလူတွေဖြစ်ကြတဲ့ တယ်နေး၊ ဘယ်လာရင် နှင့် ချိန်ဘာတို့ဟာ ဒဏ်ရာပြသာနာများနှင့်ရင်ဆိုင်နေရပြီး ရော့်ဘ်ဟိုးဒင်းမှ ဒဏ်ရာမှ ပြန်လည်သက်သာလာသော်လည်း ကြံ့ခိုင်မှုမပြည့်ဝသည့်အတွက်ကြောင့် အချိန်တစ်ခုရောက်မှ ပြန်လည်ကစားပေးနိုင်ဖွယ်ရှိပါတယ်။ ယခုရာသီရဲ့ အာဆင်နယ်အသင်းခံစစ်ဟာ အတော်လေးယိုယွင်းနေပြီး ပေးဂိုး ၃၀လောက်ထိ ခွင့်ပြုထားရတာကြောင့် ကြီး (၆) ကြီးစာရင်းမှာ အင်အားအနည်းဆုံးနောက်တန်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ယိုယွင်းနေတဲ့ နောက်တန်းကို ပြန်လည်ပြုပြင်ဖို့အတွက် အာတီတာဟာ အသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုထားပြီး ဒီအပြောင်းအရွှေ့ကာလမှ...

အေဗရာဟမ်ဟာ နောက်ထပ်ဂိုးတွေ အများကြီး သွင်းယူလိမ့်မည်ဟု အလန်ရှီးယား ချီးကျူး

အသက် ၂၂ နှစ်အရွယ်ရှိ ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး တန်မီအေဗရာဟမ်ဟာ ပြီး‌ခဲ့သော ဘောလုံးရာသီက ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာ အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီတွင် ချယ်လ်ဆီးစီနီယာအသင်းကြီးနဲ့ ပြန်လည်ပူးပေါင်း နိုင်ခဲ့သလို ဝါရင့်တိုက်စစ်မှူးတွေနဲ့အပြိုင် ပရီးမီးယားလိဂ်တွင် တောက်ပစွာ ကစားခဲ့ပြီး လိဂ်ဂိုး ၁၂ ဂိုးထိ ရရှိထားပါတယ်။ ဒါ့အပြင် နည်းပြလမ်းပတ်ဟာ ဂျီရူး၊ ဘတ်ချူဝါရီ တို့ကို ကျော်လွန်ပြီး အင်္ဂလန်သား ကြယ်ပွင့်အား ပထမ ဦးစားပေးအဖြစ် ယုံကြည်မှုကို ရရှိနေခဲ့သလို ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၄)ဂိုးထိ ရှိနေပြီး အသင်းရဲ့ ထိပ်တန်း တိုက်စစ်မှူးအဖြစ် ရပ်တည်နေပါတယ်။ အင်္ဂလန်အသင်းနှင့် နယူးကာဆယ် အသင်းတို့၏ ဂန္ဓဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားဟာ အေဗရာဟမ်နဲ့ ပက်သက်ပြီး ချီးကျူးခဲ့ပါတယ်။ ရှီးယားက အေဗရာဟန်၏ ပရိတ်သတ်‌တစ်ယောက်...