Monthly Archive: January, 2020

ဆောင်းရာသီအပြောင်းအရွှေ့မှာ မျက်နှာသစ်ကစားသမား ၁ ယောက် သို့မဟုတ် ၂ ယောက်လောက်မြင်တွေ့ရဖွယ်ရှိကြောင်း ဝန်ခံခဲ့သည့် ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုဆောင်းရာသီအပြောင်းအရွှေ့အတွင်း ကစားသမားသစ်များခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အာဆင်နယ်နှင့် ပွဲပြီးမှာ ဖွင့်ဟပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း၏ ယခုရာသီပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက်ဖြစ်ပြီး အာဆင်နယ်အသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးချိန်မှာတော့ အသင်းအတွက် လိုအပ်နေသည့် ကစားအင်အားကိုဖြည့်တင်းဖို့အတွက် ဆိုးလ်ရှားက စဉ်းစားလာခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အဓိကလိုအပ်ချက်ရှိနေသည့်နေရာကတော့ ကွင်းလယ်ဖြစ်ပြီး အဓိကကြုံတွေ့နေရသည့်ပြသာနာများကတော့ ဒဏ်ရာပြသာနာများဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဒဏ်ရာကြောင့် တရှောင်ရှောင်ဖြစ်နေပြီး အရေးကြီးတဲ့ပွဲစဉ်များကို လွဲချော်ခဲ့သလို၊ ၎င်း နေရာကို ဝင်ရောက်ကစားနေသည့် တော်မီနေးဟာလည်း ဒဏ်ရာပြသာနာရှိနေသည့်အတွက် ကွင်းလယ်ရဲ့ လိုအပ်ချက်ဟာ အတော်လေး မြင့်မားနေပါတယ်။ အာဆင်နယ်ပွဲအပြီးမှာတော့ “ကောင်းပြီ။ ကျွန်တော်တို့ရဲ့ လူစာရင်းကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ပြီးတော့ နောက်ထပ် တစ်ယောက် သို့မဟုတ် နှစ်ယောက် ထပ်ပေါင်းထည့်ဖို့ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ တိုးတက်ဖို့ကိုရည်ရွယ်ပြီး အသင်းကို တည်ဆောက်နေတာပါ။ ကျွန်တော်တို့အတွက် ဘယ်အရာက ကွက်တိဖြစ်ပြီးတော့ ခေါ်လို့ရမလဲဆိုတာကိုလည်း စဉ်းစားနေပါတယ်” လို့...

ယူနိုက်တက်ပွဲအပြီးမှာ ကစားသမားများနှင့် တကွ အိမ်ကွင်းပရိသတ်များကို ကျေးဇူးတင်စကားဆိုခဲ့သည့် အာဆင်နယ်နည်းပြ အာတီတာ

ယနေ့နံနက်အစောပိုင်းမှာ အာဆင်နယ်အသင်းဟာ အိမ်ကွင်းအမ်းမရိတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ယူပြီး အာတီတာနည်းပြဘဝ ပထမဦးဆုံးနိုင်ပွဲကိုရှာဖွေ့တွေ့ရှိသွားခဲ့ပါတယ်။ ဒီပွဲဟာ အာတီတာအတွက်တော့ ၃ ပွဲမြောက်ဖြစ်ပြီး ပထမ ၂ ပွဲမှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အာဆင်နယ်အသင်းဟာ အာတီတာလက်ထက်မှာ ကစားပုံအတော်လေးတိုးတက်လာခဲ့သည့်အပြင် ကစားသမားများနှင့် ဆက်ဆံရေးဟာလည်း အကောင်းဆုံးအနေအထားဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်ခြေစွမ်းမပြနိုင်တဲ့ အိုဇေးလ်၊ ရှာခါ၊ တော်ရိုင်းယား၊ ဒေးဗစ်လုဇ်၊ မိတ်လန်းနိုင်းစ်အစရှိသည့် ကစားသမားများရဲ့ ကြိုးစားအားထုတ်မှုဟာ သိသာသည့်အပြင် အားရကျေနပ်စရာကောင်းပါတယ်။ ထို့အပြင် ဒီပွဲမှာ ကလပ်စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား နီကိုးပတ်ပေကိုယ်တိုင်လည်း ခြေစွမ်းပြကာ တစ်ဂိုးသွင်းယူပြီး ယူနိုက်တက်ဂိုးပေါက်ကို ထပ်မံခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အာတီတာရောက်လာပြီးနောက်ပိုင်း အပေါင်းလက္ခဏာဆောင်တဲ့ပြောင်းလဲမှုတွေ မြင်တွေ့နေရတာကြောင့် အာတီတာကိုယ်တိုင်လည်း အားပေးသည့် ပရိသတ်များနှင့် သူ၏နည်းဗျူ ဟာအတိုင်း လိုက်လံကစားပေးသည့် ကစားသမားများကို ကျေးဇူးတင်ကြောင်း ပွဲပြီးမှာဆိုသွားခဲ့ပါတယ်။...

EPL နောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ပြီး အိမ်ကွင်းမှာ (၃) မှတ်အပြည့်ယူသွားခဲ့သည့် အာဆင်နယ် (Highlight)

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ နှစ်သစ်ကူး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ် Vs မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်မှာတော့ အိမ်ရှင် အာဆင်နယ်အသင်းဟာ နီကိုးပတ်ပေ၊ ဆိုကရာတစ်တို့၏သွင်းဂိုးများနဲ့အတူ အိမ်ကွင်း အမ်းမရိတ်စတေဒီယမ်မှာ (၃) မှတ်အပြည့်ရယူသွားခဲ့ပြီး နှစ်သစ်ကို အနိုင်ရလဒ်နဲ့အတူ ကြိုဆိုသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်အသင်းဟာ (၄-၂-၃-၁) ကစားကွက်ကို အခြေခံကာ ဂိုးသမား – လီနို၊ နောက်တန်း- မိတ်လန်နိုင်းစ်၊ ဆိုကရာတစ်၊ ဒေးဗစ်လုဇ် နှင့် ကိုလာစီနက် ၊ ကွင်းလယ် ၂ ယောက်နေရာမှာတော့ တော်ရိုင်းယား နှင့် ချယ်လ်ဆီးပွဲက အဖျားဝေဒနာကြောင့် လွဲချော်ခဲ့သည့် ရှာခါ ၊ တိုက်စစ်အတွက် နီကိုးပတ်ပေ၊ အိုဇေးလ်၊ အူဘာမီယန်းနှင့် လာကာဇတ်ကို အထောင်ထားကာ မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း အာဆင်နယ်နည်းတူ (၄-၂-၃-၁) ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ဂိုးသမား- ဒီဂီယာ၊ နောက်တန်း –...

ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်လ်နဲ့ သာ ကစားဖို့ ရက်ရှ်ဖို့ဒ်ကို သတိပေးလိုက်သည့် ရော်ဘင်ဗန်ပါစီ

နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းခြေတွေ့လာပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေသွင်းယူပေးတဲ့ ယူနိုက်တက် တိုက်စစ်မှူ း မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ကိုယ်ပုံစံနဲ့ ကိုယ်ကစားဖို့ စီနီယာကစားသမားကြီး ရော်ဘင်ဗန်ပါစီက နှစ်သစ်မှာ သတိပေးစကားဆိုခဲ့ပါတယ်။ လတ်တလောခြေစွမ်းများကြောင့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကပင် ရက်ရှ်ဖို့ဒ်ဟာ အလားအလာကောင်းများပိုင်ဆိုင်ထားပြီး အနာဂတ်မှာ အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ဒါ့အပြင် ဘလွန်ဒီအော့ဖ် ၅ ဆုရှင် ရော်နယ်လ်ဒိုနှင့် နှိုင်းယှဉ်ပြီး ရက်ရှ်ဖို့ဒ်ကို ချီးကျူ းမြှောက်ပင့်ပြောဆိုနေတာကြောင့် ဗန်ပါစီကတော့ ရော်နယ်လ်ဒို စတိုင်လ်ကို ပုံတူကူးမချဖို့ သတိပေးလိုက်ရပါတယ်။ လူငယ်ကစားသမားတစ်ယောက်အနေဖြင့် ထင်ပေါ်ကျော်ကြားသည့် နာမည်ကြီး ကစားသမားတစ်ယောက်ရဲ့ ကစားဟန်၊ စိတ်ဓာတ်တို့ကို အတုယူအားကျသည်မှာ မှန်ကန်သော်လည်း ချွတ်စွပ်ကူးချပြီး လိုက်တုနေခြင်းဟာ ရေရှည်မှာ အောင်မြင်ဖို့ အလားအလာနည်းတယ်လို့ ဗန်ပါစီက ဆိုပါတယ်။ “နာမည်ကြီး ကစားသမားတွေလိုဖြစ်ချင်လို့ သူတို့လို လိုက်ပြီး ကစားတဲ့ ကစားသမားတော်တော်များများကို ကျွန်တော်တွေ့ဖူးပါတယ်။...

၂၀၂၀ ကို သရေရလဒ်နဲ့ စတင်ဖွင့်လှစ်ခဲ့သည့် လမ်းပတ်ရဲ့ ချယ်လ်ဆီး (ဘရိုက်တန် ၁-၁ ချယ်လ်ဆီး ပွဲပြီးသုံးသပ်ချက်)

၂၀၂၀ ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဒီနေ့ည မြန်မာစံတော်ချိန် ၇ နာရီထိုး အချိန်မှာ ဘရိုက်တန်နှင့် ချယ်လ်ဆီးအသင်းတို့ဟာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဘရိုက်တန်အသင်းဟာ သူတို့ရဲ့ ပုံမှန်လူစာရင်းအတိုင်း ပွဲထွက်ခဲ့သလို ချယ်လ်ဆီးအသင်းဟာ အလွန်ဆို မပါဝင်နိုင်တဲ့ ဘယ်နောက်ခံလူနေရာ အသင်းခေါင်းဆောင် အက်ပီလီကွီတာကို ကစားစေပြီး ဒဏ်ရာမှ ပြန်လည်သက်သာလာတဲ့ ရီစီဂျိမ်းစ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒါ့အပြင် ဖရန့်လမ်းပတ်ဟာ ကွင်းလယ်လူ ကိုဗာဆစ်ကို အနားပေးကာ ဂျော်ဂျင်ညို-ကန်တေ တွဲကစားစေခဲ့ပြီး တိုက်စစ်မှာ ဒဏ်ရာမှ ပြန်လည်သက်သာလာတဲ့ ပူလီဆစ်ကို မေဆွန်မောက်၊ ဝီလီယံ၊ အေဗရာဟမ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပွဲစတင်ကတည်းက တစ်ချိန်လုံး ဖိအားပေးကစားခဲ့ပြီး ပူလီဆစ်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်မွှေနှောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ဂိုးကန်သွင်းချက်တွေ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ပထမပိုင်းအတွင်း ချယ်လ်ဆီးအသင်း စောစောစီးစီး...

အင်တာမီလန်မှာ ကစားဖို့က သူ့ရဲ့ အိပ်မက်တစ်ခုပါပဲလို့ ထုတ်ပြောခဲ့သည့် လူကာကူ

အီတလီမြေကို နင်းပြီးကတည်းက နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို ပြောင်းလဲသွားတဲ့ ယူနိုက်တက်တိုက်စစ်မှူ း လူကာကူဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက်ကို ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။ တချိန်က ယူနိုက်တက်ပရိသတ်များရဲ့ အချစ်တော်တစ်ယောက်ဖြစ်ခဲ့ဖူးသလို၊ တလွဲဖြစ်တိုင်း ဝိုင်းဟားခံခဲ့ရတဲ့ လူကာကူဟာ အခုဆိုရင် အီတလီစီးရီးအေရဲ့ ယခုရာသီ ဒုတိယမြောက်သွင်းဂိုးအများဆုံး တိုက်စစ်မှူ းတစ်ယောက်ဖြစ်နေပါပြီ။ ပြိုင်ပွဲစုံ ၂၂ ပွဲကစားပြီးချိန်မှာတော့ လူကာကူရဲ့ အင်တာမီလန်အသင်းအတွက် သွင်းဂိုးဟာ ၁၄ ဂိုးလောက်ထိရှိသွားပြီဖြစ်သလို အင်တာမီလန်အသင်းရဲ့ ဂိုးသွင်းစက်လို့တောင် တင်စားရမလို ဖြစ်နေပါပြီ။ ဒါတင်မကသေးပါဘူး ၊ နိုင်ငံ လက်ရွှေးစင်အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယမ်အသင်းရဲ့ ဘောလုံးသမိုင်းတစ်လျှောက်မှာလည်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။ ကွန်တီရဲ့ နည်းဗျူ ဟာမှာ အခရာကျတဲ့ လူကာကူဟာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကို ကလပ်စံချိန်တင်ကြေးတစ်ခုနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပေးရတဲ့ဈေးနဲ့တန်အောင်လည်း သူ့ဘက်က ထိုက်ထိုက်တန်တန် ခြေစွမ်းပြထားပါတယ်။ အင်တာမီလန်အသင်းကိုပြောင်းရွှေ့ဖို့ကို လူကာကူကိုယ်တိုင်ရွှေးချယ်ခဲ့တာဖြစ်ပြီး သူ့ကို...

ကဲ ချိန်ပြန်ပြီ တစ်ယောက်!!! ပေါ်တူဂီလူငယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေသည့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်အင်အားကိုဖြည့်တင်းဖို့အတွက် ဘင်ဖီကာအသင်းတွင် ကစားနေသည့် အသက် (၂၀) အရွယ် ပေါ်တူဂီလူငယ်ကစားသမား ဂတ်ဆွန်ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်းသိရပါတယ်။ ဒီသတင်းကိုတော့ ပေါ်တူဂီအခြေစိုက်သတင်းစာများက အကျယ်တဝင့်ဖော်ပြထားတာဖြစ်ပြီး ကစားသမား၏အေးဂျင့်ဟာ အပြောင်းအရွှေ့ကိစ္စအတွက် အင်္ဂလန်ကိုတောင်ရောက်နေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဂတ်ဆွန်ဖာနန်ဒက်စ်ဟာ ၂၀၁၈ ခုနှစ်မှာ စီရော်နယ်လ်ဒို၏ ပေါ်တူဂီအသင်းကြီးတွင် စတင်ရွှေးချယ်ခံရတာဖြစ်ပြီး ၂ ပွဲသာ ကစားခွင့်ရရှိထားပါတယ်။ ဖာနန်ဒက်စ်ဟာ ခြေစွမ်းခြေစရှိသည့် ကစားသမားတစ်ယောက်ဖြစ်သော်လည်း ဘင်ဖီကာအသင်းတွင် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ဒီပြောင်းရွှေ့မှာ အသင်းပြောင်းဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ မကြာခဏဒဏ်ရာပြသာနာများ ကြုံတွေ့နေရသည့်အတွက် ဆိုးလ်ရှားဟာ လိုအပ်တဲ့ ကွင်းလယ်အတွက် ဖာနန်ဒက်စ်ကို မျှော်လင့်နေပါတယ်။ ဖာနန်ဒက်စ်ရဲ့ ကစားပေါက်ဟာ Box To Box ဖြစ်ပြီး ပေါ့ဂ်ဘာ၏ နေရာကိုအစားထိုးဝင်ရောက်နိုင်သည့်အတွက် ဒီအပြောင်းအရွှေ့ဟာ ရင်ခုန်စရာကောင်းပါတယ်။ ဘင်ဖီကာဟာ ဖာနန်ဒက်စ်ကို ယခုဆောင်းရာသီမှာ အဌားဖြစ်သာ...

လီဗာပူးလ်အသင်း၏ ရှေ့ဆက်ရမည့် ဒုတိယရာသီဝက်ကို ကြိုတင်တွေးတောကြည့်ခြင်း

၁၉၈၉-၉၀ နောက်ပိုင်း အမှတ်ပေးဖလားနဲ့ ဝေးကွာနေတဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာတော့ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေသလို၊ 80% လောက် သေချာနေပါပြီ။ ဒီရာသီမှာ သူတို့အသင်းကို စိန်ခေါ်နိုင်တဲ့ ပရီးမီးယားလိဂ်အသင်းဆိုတာ မရှိသလောက်ဖြစ်သွားပါပြီ။ အင်အားတောင့်တင်းပါတယ်ဆိုတဲ့ မန်ချက်စတာစီးတီးအသင်းကို အန်ဖီးလ်မှာ ဂိုးပြတ်အနိုင်ယူလိုက်တာက သက်သေတစ်ခုပါပဲ။ ဂျာဂင်ကလော့ပ်ရောက်ကတည်းက Revolution လုပ်လာတဲ့ လီဗာပူးလ်အသင်းဟာ အခုဆိုရင် ပြီးပြည့်စုံတဲ့အသင်းတစ်သင်းအဖြစ်ရပ်တည်နေပါပြီ။ ယခင်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာလက်ထက်မှာ ကစားသမားပေါင်းမြောက်များစွာကို ခေါ်ယူခဲ့ပေမယ့် ခေါ်တဲ့ ကစားသမားတိုင်းက ပြန်ရှင်းထုတ်ရတာများခဲ့သလို၊ ငွေသုံးပြီး အရာမထင်တဲ့အခြေအနေတွေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဂျာဂင်ကလော့ပ်လက်ထက်မှာတော့ ခေါ်ယူတဲ့ ကစားသမားတိုင်းက ရွှေဖြစ်သလို၊ ပေးရတဲ့ကြေးတန်အောင် ထိုက်ထိုက်တန်တန်ခြေစွမ်းပြနေတာကို အားလုံးမြင်တွေ့ရမှာပါ။ အခုဆိုရင် ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဟာ ပထမရာသီဝက်ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီအချိန်မှာ လီဗာပူးလ်အသင်းဟာ Club World Cup သွားကန်ခဲ့ရလို့ ဝက်စ်ဟမ်းနဲ့ တပွဲကန်ဖို့ ကျန်နေသေးပေမယ့် ဒုတိယနေရာက လက်စတာစီးတီးအသင်းကို ၁၃...