Monthly Archive: March, 2020

ဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်မှုဒဏ်ကိုခံနိုင်ဖို့အတွက် တောင့်တင်းခိုင်မာတဲ့ငွေကြေးတစ်ရပ်လိုအပ်သည်ဟု ဟော့ဖန်ဟိမ် ဥက္ကဌ ပြော

တကမ္ဘာလုံးကို တပ်လှန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံအသီးသီးမှ ပညာရှင်များဟာ ကာကွယ်ဆေးကို ဖော်ဆောင်လျက်ရှိပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် အလွှာမျိုးစုံက လူတန်းစားအသီးသီးဟာ အလုပ်ပျက်အကိုင်ပျက်၊ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြပြီး အားလုံးဟာ ကျီလန့်စာစားဖြစ်နေကြပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းအများစုဟာ ရပ်ဆိုင်းခဲ့ရပြီး ဘဏ္ဍာရေးပိုင်းအကျပ်အတည်းတွေကို မကြာခင်မှာ ရင်ဆိုင်လာရဖို့ရှိနေပါတယ်။ ဗိုင်းရပ်စ်တိုက်ခိုက်ခံထားရတဲ့ နိုင်ငံကြီးတွေမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအများစုဟာ ရပ်တန့်သွားကြပြီဖြစ်သလို၊ စက်ရုံအလုပ်ရုံတွေကိုလည်း ပိတ်ထားရပါတယ်။ ဗိုင်းရပ်စ်ရဲ့ ဂယက်ရိုက်ခတ်မှုဟာ စီးပွားရေလောကကိုသာမက ဘောလုံးလောကကို အတော်လေး ကမောက်ကမဖြစ်စေပြီး ဘောလုံးပွဲတွေ ရပ်နားရတဲ့အထိကို ဆိုးရွားစေခဲ့ပါတယ်။ ဘောလုံးသမားတွေကိုယ်တိုင်လည်း ဗိုင်းရပ်စ်ကူးစက်မှုကို ခံထားရပြီး အသက်မသေအောင် မနည်းကုသမှုခံယူနေရပါတယ်။ ဂျာမန်ကလပ် ဟော့ဖန်ဟိမ်၏ ဥက္ကဌ ဟော့ပ်က ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖော်ဆောင်ဖို့ ကြိုးစားလျက်ရှိပြီး လက်ရှိအချိန်မှာ ဆေးအတွက် လိုအပ်တဲ့ စမ်းသပ်မှုတွေကို လုပ်နေပါတယ်။ ဒီလိုလုပ်ဖို့အတွက် ငွေကြေးလိုအပ်ချက်ရှိသလို၊ နောက်ကနေထောက်ပံ့ပေးဖို့...

ချယ်လ်ဆီးအသင်းကနေထွက်လာခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲကို ထုတ်ဖော်ပြောလာခဲ့သည့် ဒေးဗစ်လုဇ်

အသက် ၃၂ နှစ်အရွယ်ရှိ ဝါရင့်နောက်ခံလူ ဒေးဗစ်လုဇ်ဟာ ယခုရာသီအစက မြို့ခံပြိုင်ဘက်အာဆင်နယ်အသင်းကို ပေါင် ၈ သန်းနဲ့အတူပြောင်းရွှေ့လာခဲ့ပါတယ်။ ဒေးဗစ်လုဇ်ရဲ့ ကစားသမားဘဝအချိန်အများစုဟာ ချယ်လ်ဆီးအသင်းမှာသာ ကုန်ဆုံးခဲ့တာဖြစ်ပြီး ချယ်လ်ဆီးကြောင့်ပင် ဘောလုံးလောကမှာ ဒေးဗစ်လုဇ်ဆိုသည့် နာမည်တစ်လုံးထွန်းတောက်လာခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဒေးဗစ်လုဇ်ကို ၂၀၁၁ တွင် ပေါ်တူဂီကလပ် ဘင်ဖီကာမှ ယူရို ၂၅ သန်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ မှ ၂၀၁၄ အထိ ၃ ရာသီကြာကျင်လည်ခဲ့ပြီးနောက် ဒေးဗစ်လုဇ်ကို ပြင်သစ်ထိပ်သီးကလပ် PSG မှ ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူခဲ့ပါတယ်။ PSG အသင်းနှင့်အတူ ပြည်တွင်းလိဂ်မှာ အောင်မြင်မှုများစွာရရှိခဲ့ပြီးနောက် နဂိုကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းကို ၂၀၁၆ ခုနှစ်မှာပေါင် ၃၄ သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းမှာ (၂) ကြိမ်တိုင်တိုင်ကစားခဲ့စဉ်ကာလအတွင်း ဒေးဗစ်လုဇ်ဟာ ချန်ပီယံလိဂ် ဖလား (၁)ကြိမ်၊...

လိုင်ယွန်အသင်းရဲ့ ယူရိုသန်း ၇၀တန် ကစားသမားကို ခေါ်ယူဖို့ PSG ၊ မန်စီးတီးတို့နှင့်အပြိုင်စိတ်ဝင်စားနေသည့် ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ လာမည့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး အသင်းမှာရှိတဲ့ ကစားသမားတချို့ကိုရောင်းထုတ်ကာ ကစားသမားသစ်များဖြင့် ခရီးဆက်ဖို့ရှိနေပါတယ်။ ရောင်းထုတ်ခံရဖို့ နာမည်ကြီးနေတဲ့ ကစားသမားတွေကတော့ ကွင်းလယ်လူ ပီဂျာနစ်၊ ရာဘီယော့စ်၊ ဘာနာဒက်ချီတို့ဖြစ်ပြီး ၎င်းတို့ရဲ့နေရာမှာ လေဗာကူဆင်က ဟားဗက်စ် နှင့် လိုင်ယွန်အသင်းမှ ယူရိုသန်း ၇၀ တန် ကွင်းလယ်လူ ဟောင်ဆန်အော်ဝါတို့နှင့် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ လိုင်ယွန်ကွင်းလယ်လူ အော်ဝါကို ဥရောပအင်အားကြီးကလပ်များဖြစ်သည့် PSG နှင့် မန်ချက်စတာစီးတီးတို့က ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ပြီးခဲ့သည့်နှစ်ကတည်းက အော်ဝါကို စိတ်ဝင်စားနေတာဖြစ်ပြီး ဒေးဗစ်ဆေးလ်ဗားနေရာကို အစားထိုးဖို့ မျက်စိကျနေတာပါ။ အသက် ၂၁ နှစ် အော်ဝါကို ထူးချွန်သည့် ကစားသမားဟု ဂွာဒီယိုလာကိုယ်တိုင် ထုတ်ဖော်ချီးကျူးထားတာဖြစ်ပြီး ဘောလုံးပညာရည်ပြည့်ဝသည့် ကစားသမားဖြစ်သည်ဟု ပြောထားပါတယ်။ မန်စီးတီးစိတ်ဝင်စားနေတဲ့ အော်ဝါကို ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုများပြုလုပ်လျက်ရှိသလို၊ လိုင်ယွန်ဥက္ကဌ အော်လပ်စ်ကိုယ်တိုင်လည်း...

Official : တရုတ်ပြည်မှာကျင်းပမည့် ၂၀၂၁ ကမ္ဘာ့တိုက်ကြီးများဖလားကို တရားဝင်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း FIFA မှ ထုတ်ပြန်ကြေငြာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ချစ်တဲ့ ဘောလုံးပွဲတွေ အားလုံးရပ်နားလိုက်ရပြီဖြစ်သလို၊ နိုင်ငံတကာပွဲစဉ်တွေအားလုံးကိုလည်း ကမောက်ကမတွေဖြစ်ပြီး အချိန်ဇယားတွေပြန်ဆွဲလိုက်ရပြီ။ ၂၀၂၀ ဇွန်လအတွင်းမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲကိုလည်း ၂၀၂၁ သို့ ပြောင်းရွှေ့လိုက်သလို၊ လက်ရှိမှာလည်း ကမ္ဘာ့တိုက်ကြီးများဖလားကို ၂၀၂၁ သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှတရားဝင်ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။ ဖီဖာဥက္ကဌ ဂျီယမ်နီအင်ဖန်စတီနိုမှ “ဘောလုံးလောကကြီး ကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ ဟန်ချက်ညီတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေနေပါတယ်” လို့ ဆိုခဲ့ပါတယ်။ မနက်ဖြန်မှာ ကျင်းပမည့် ဗျူရိုကောင်စီညီလာခံမှာအတွက် အင်ဖန်စတီနိုမှ ပြင်ဆင်လျက်ရှိပြီး တိကျတဲ့ဆုံးဖြတ်ချက်တွေ ချသွားဖို့ရှိနေပါတယ်။ “တစ်ကမ္ဘာလုံးဟာ မခန့်မှန်းနိုင်တဲ့ ကျန်းမာရေးစိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရသလို၊ တစ်ကမ္ဘာလုံးရဲ့ စုစည်းတုံ့ပြန်နိုင်စွမ်းတွေ လိုအပ်နေပါတယ်။ ပူးပေါင်းဆောင်ရွက်ချင်း၊ ရိုင်းပင်းကူညီချင်း နှင့် နားလည်မှုရှိဖို့ဆိုတဲ့အချက်တွေ လိုအပ်ပါတယ်။ မူဝါဒရေးဆွဲသူဘက်ကလည်း ဒီလိုအရေးကြီးတဲ့ ကာလတစ်ခုမှာ မှန်ကန်တဲ့ နည်းလမ်းတွေ၊ ချမှတ်နိုင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။...

ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ တိုက်တွန်းသွားခဲ့သည့် ဘာဘာတော့ဗ်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဘာဘာတော့ဗ်က အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို အသင်းမှာ ဆက်ရှိနေဖို့တိုက်တွန်းသွားခဲ့ပြီး ကစားသမားသစ် ဖာနန်ဒက်စ်နှင့် တွဲကစားတာကို မြင်ချင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၂၀၁၉ ဒီဇင်ဘာလ ၂၇ ရက်နေ့ကတည်းက အနားယူနေရတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်ကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါ့အပြင် ဒဏ်ရာကြောင့် တရာသီလုံးမှာ ပြိုင်ပွဲစုံပွဲပေါင်း (၃၉) ပွဲအထိ လွဲချော်ခဲ့ရပြီး အသင်းပြောင်းဖို့လည်း နာမည်ကြီးနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့နောက်ပိုင်း အခြေအနေကောင်းလာခဲ့သည့်အပြင် ဆိုးလ်ရှားခေါ်ယူခဲ့သည့် ကစားသမားသစ် (၂)ယောက်ကလည်း အတော်လေးခြေစွမ်းပြထားတာကိုတွေ့ရပါတယ်။ ပေါ်တူဂီမှ ပြောင်းရွှေ့လာခဲ့သည့် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ခြေစွမ်းကောင်းများပြသနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်၏ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ထို့အပြင် တိုက်စစ်မှူး အီဂါလိုဟာ ဂိုးသွင်းခြေတွေ့နေပြီး ပွဲထွက်ကစားခွင့်ရတဲ့ (၃) ပွဲမှာ (၄) ဂိုးအထိသွင်းယူထားပြီးဖြစ်ပါတယ်။ ပြန်လည်တိုးတက်လာတဲ့ ယူနိုက်တက်မှာ ပေါ့ဂ်ဘာနှင့် ဖာနန်ဒက်စ်တို့၏...

လက်ရှိရာသီ လာလီဂါပြိုင်ပွဲအဆုံးမသတ်ပဲ အမှတ်ပေးဖလားကိုင်မြှောက်ဖို့ မစဉ်းစားနဲ့လို့ သတိပေးလိုက်တဲ့ စပိန်FA ဥက္ကဌ

စပိန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လူးဝစ်ရူဘယ်လပ်စ်က လက်ရှိရာသီ စပိန်ဘောလုံးပွဲစဉ်များဟာ ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား၍ ဇာတ်သိမ်းဖို့ အာမမခံနိုင်သော်လည်း လာလီဂါဖလားကိုတော့ ပွဲစဉ်တွေ အားလုံးပြီးဆုံးသွားမှသာ ကိုင်မြှောက်ခွင့်ပေးမည်ဟု အတိအလင်းပြောကြားခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲများဟာ Covid -19 ကြောင့် ပြီးခဲသည့် တစ်ပတ်ကစ၍ နောက်လ ၁၁ ရက်နေ့အထိ ပွဲစဉ်များကို ခေတ္တရပ်နားထားရပါတယ်။ လက်ရှိမှာတော့ လာလီဂါအမှတ်ပေးဇယားကို ဘာစီလိုနာအသင်းမှး ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်ကို ၂ မှတ်ဖြတ်ကာ ဦးဆောင်လျက်ရှိပါတယ်။ ရမှတ်ကွာဟမှုကျဉ်းမြောင်းသည့်အပြင် ကစားဖို့ပွဲစဉ်ဟာလည်း (၁၁) ပွဲလောက်ကျန်ရှိနေသည့်အတွက်ကြောင့် ထိပ်ဆုံးက အသင်းကို ဖလားပေးပြီး ပြိုင်ပွဲကို ရပ်နားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ UEFA အပါအဝင် ဥရောပနိုင်ငံအသီးသီးမှ အကြီးအကဲများဟာ COVID -19 ကြောင့် အကျပ်ရိုက်နေပြီး မည်သို့မည်ပုံဆက်လက်ဆောင်ရွက်မည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ နောက်ဆုံးမှာတော့ UEFA အဖွဲ့ဝင် ၅၅...

အသင်းရဲ့ ဝါရင့်ကွင်းလယ်လူကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေသည့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာခင်အချိန်အတွင်း အသင်းနှင့် စာချုပ်သက်တမ်းပြည့်တော့မည့် ဝါရင့်ကွင်းလယ်လူ နီမန်ဂျာမာတစ်ကို တစ်နှစ်သက်တမ်းထပ်တိုးဖို့အတွက် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတစ်ဟာ ယူနိုက်တက်နှင့် ၄ လသာ စာချုပ်ကျန်ရှိတော့ပြီး အိုးထရက်ဖို့ဒ်က ထွက်ခွာဖို့ နာမည်ကြီးနေတာဖြစ်ပါတယ်။ ရာသီအစောပိုင်းကာလက မာတစ်ဟာ မကြာခဏ ဒဏ်ရာပြသာနာများနှင့် ရင်ဆိုင်ခဲရသည့်အတွက် ပွဲထွက်ခွင့်များပျောက်ဆုံးကာ အရံခုံမှာ အချိန်ဖြုန်းခဲ့ရပါတယ်။ ပထမရာသီဝက်ကုန်ခါနီးမှာတော့ ယူနိုက်တက်ရဲ့ ဒဏ်ရာရလူစာရင်းဟာ များပြားလာသည့်အတွက်ကြောင့် မာတစ်ဟာ ပုံမှန်ကစားခွင့်ပြန်လည်ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘရာဇီးသာ ဖရက်ဒ်နှင့် ကွင်းလယ်မှာ အတွဲမိပြီး ခြေစွမ်းပြကစားနိုင်တာကြောင့် ယူနိုက်တက်ဟာ မာတစ်ကို သက်တမ်းတစ်နှစ်ထပ်တိုးဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြဆိုးလ်ရှားကိုယ်တိုင်လည်း ယခုလအစောပိုင်းကာလက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မာတစ်ကို စာချုပ်သက်တမ်းတိုးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ “သူဒီမှာဆက်နေဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ ။ ဆက်နေမှာတော့ ၁၀၀ ရာခိုင်နှုန်းစလုံးသေချာပါတယ်”လို့ ပြောထားသည့်အတွက် မကြာခင်အချိန်အတွင်းသတင်းကောင်းကြားရဖို့ ရှိနေပါတယ်။...

ကျွန်တော်ရော၊ ကျွန်တော့်မိသားစုပါ နေကောင်းသလို၊ အိမ်သာသုံးစက္ကူတွေလည်း အများကြီးဝယ်ထားပါတယ် #ခရူးစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီခရူးစ်ဟာ COVID -19 အန္တရာယ်ကြောင့် ဘယ်မှမသွားရဲ့နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိပါတယ်။ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်ဟာ တော်တော်လေးကြီးထွားလျက်ရှိပြီး တနေ့ထက် တနေ့ သေဆုံးသူဦးရေမှာလည်း တိုးပွားလျက်ရှိပါတယ်။ ဘောလုံးပွဲများကိုလည်း ပြီးခဲ့သည့် တပတ်ကတည်းက ရပ်နားထားရသည့်အပြင် ဧပြီလ ၄ ရက်နေ့နောက်ပိုင်းမှ ပြန်လည်ကစားဖို့ စီစဉ်ထားပါတယ်။ ဗိုင်းရပ်စ်၏အန္တရာယ်ကြောင့် တချို့နိုင်ငံများမှာ စားသောက်ကုန်၊ လက်ဆေးရည် နှင့် အိမ်သာသုံးစက္ကူများကို အလုအယက်ဝယ်နေကြသလို၊ ကုန်ကြမ်းများပြတ်လပ်လျက်ရှိပါတယ်။လတ်တလောမှာတော့ တိုနီခရူးစ်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုလုံးဝမရှိပဲ နေအိမ်မှာပဲ မိသားစုကို အချိန်ပေး၍ ပျော်ပျော်ရွှင်ရွှင်နေနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ရော၊ ကျွန်တော့်မိသားစုပါ အားလုံးအခြေအနေကောင်းပါတယ်။ ကျွန်တော်မှာလည်း ဘာရောဂါလက္ခဏာမှမရှိပါဘူး။ ပျင်းလည်းမပျင်းပါဘူးဗျာ။ ကလေး ၃ ယောက်ရှိတဲ့အိမ်ဆိုတော့ ခင်ဗျားတွေးကြည့်လိုက်လေ၊ အိမ်က လုံးဝပျင်းစရာကိုမရှိပါဘူး။ အရေးကြီးတာက ကျွန်တော်တို့မိသားစု ကျန်းကျန်းမာမာရှိဖို့ဖြစ်သလို၊ နောက်တချက်က အိမ်သာသုံးစက္ကူတွေလည်း အများကြီးဝယ်ထားပါတယ်” လို့ ပြောပါတယ်။...

ကွင်းလယ်လူ ပီဂျာနစ်ကို ရောင်းပြီး ကြယ်ပွင့်ကစားသမားဖြင့် အစားထိုးဖို့ ပြင်ဆင်နေသည့် #ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ပီဂျာနစ်ကို လာမည့်နွေရာသီမှာ PSG အသင်းထံကို ရောင်းချဖို့ပြင်ဆင်နေကြောင်း နိုင်ငံခြားသတင်းများက ဖော်ပြထားပါတယ်။ အီတလီထုတ် La Gazzetta dello Sport၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့သည့်အပတ်က အင်တာမီလန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပီဂျာနစ်ကို ချန်လှပ်ထားခဲ့ပြီးနောက်ပိုင်း ရောင်းထုတ်ဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။ ပီဂျာနစ်ဟာ ၂၀၁၆ နွေရာသီမှာ ရိုးမားအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ဂျူဗီကွင်းလယ်မှာ အရေးပါသည့် ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ လက်ရှိရာသီမှာတော့ ရုန်းကန်နေရသည့်ခြေစွမ်းများကြောင့်ဂျူဗီဟာ ပီဂျာနစ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေတာပါ။ ပီဂျာနစ်ကို ရောင်းထုတ်ပြီးနောက်ပိုင်း ဂျူဗင်တပ်စ်ဟာ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား ကိုင်းဟာဗက်စ်ကို ယူရိုသန်း ၈၀ ဖြင့် ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် ၂၀ အရွယ် ကိုင်းဟာဗက်စ်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်ကြယ်ပွင့်စာရင်းထဲမှာ ပါဝင်နေပြီး အသင်းကြီးအများစုက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။...

အသင်းမှ ချမှတ်ထားသည့် စည်းကမ်းကို ချိုးဖောက်သည့်အတွက်ကြောင့် ပေါင် ၁ သိန်း ၆ သောင်း ဒဏ်တပ်ခံရတော့မည့် မေဆွန်မောင့်

ချယ်လ်ဆီးကွင်းလယ်လူ မေဆွန်မောင့်ဟာ ယမန်နေ့ညက ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ် နှင့်အတူ လန်ဒန်မြို့ထဲက ပန်းခြံတစ်ခုမှာ တဖက် ၅ ယောက်စီကစားခဲ့တဲ့ပွဲကို သွားရောက်ကစားခဲ့ပါတယ်။ သူတို့ကစားနေတာကို မျက်မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တစ်ဦးက ဓာတ်ပုံနဲ့အတူ ဖောက်သည်ချခဲ့ပြီး လူမှုကွန်ယက်မှာ တင်ထားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဖော် အိုဒွိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတယ်လို့ ကြေငြာခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းက ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးကို အနားပေးထားပြီး ကိုယ့်အိမ်မှာ သီးခြားနေဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချယ်လ်ဆီးအသင်းဟာ လေ့ကျင့်ရေးကွင်းကိုလည်း ပိတ်ထားခဲ့ပြီး ကစားသမားအားလုံးကိုလည်း လေ့ကျင့်ခန်းလုပ်ဖို့ ညွှန်ကြားထားပါတယ်။ အသင်းမှချမှတ်ထားသည့် ညွှန်ကြားချက်ကို ချိုးဖောက်ခဲ့တဲ့ မေဆွန်မောက်ကို ချယ်လ်ဆီးအသင်းမှ နှစ်ပတ်စာ လုပ်ခလစာကို ဒဏ်ကြေးတပ်မယ်လို့ သိရပါတယ်။ မေဆွန်မောင့်ဟာ ချယ်လ်ဆီးအသင်းမှာ တပတ်ကို လုပ်ခစာ ပေါင် ၈ သောင်းအထိ ခံစားခွင့်ရရှိထားပြီး လစာကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်နှင့် မေဆွန်မောင့်တို့ဟာ ငယ်သူငယ်ချင်းများဖြစ်ကြပြီး ချယ်လ်ဆီးလူငယ်အသင်းမှာ...