Monthly Archive: June, 2020

မီဆွတ်အိုဇေးလ်ဟာ ကမ္ဘာပေါ်က အညံ့ဆုံး ကစားသမားတစ်ယောက်ဖြစ်ပါတယ်လို့ ပေါလ်မာဆင်စွပ်စွဲ

အာဆင်နယ်အသင်းကွင်းလယ်ဖန်တီးရှင် မီဆွတ်အိုဇေးလ်ဟာ သူ့ခြေထဲမှာ ဘောလုံးမရှိခဲ့ဘူးဆိုရင် ကမ္ဘာ့အညံ့ဆုံး ကစားသမားတစ်ယောက်ဖြစ်ပါလိမ့်မယ်လို့ ပေါလ်မာဆင်က စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။ အိုဇေးလ်ဟာ ဘောလုံးပွဲတွေပြန်လည်စတင်ချိန်မှာတော့ အာတီတာရဲ့ လူစာရင်းထဲမှာ ပါဝင်ခဲ့ခြင်းမရှိသလို၊ ကစားခဲ့တဲ့ (၄) ပွဲစလုံးမှာလည်း တစ်မိနစ်မှ ကစားခွင့်မရခဲ့ပါဘူး။ ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်မှာ နောက်ကျောဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည့်အတွက် လာမည်နောဝစ်ချ်စီးတီးနှင့်ပွဲကိုလည်း ဆက်လက်လွဲချော်ဖို့ရှိတယ်လို့ အာတီတာက အရိပ်အမြွက်ပြောခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းကိုရောက်လာခဲ့ပြီး နှစ်အနည်းငယ်အတွင်း အသင်းအတွက် များစွာအကျိုးပြုခဲ့သော်လည်း လက်ရှိအချိန်မှာတော့ အသင်းရဲ့ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရပါပြီ။ “အိုဇေးလ်က သာမန်အသင်းတစ်သင်းမှာတော့ ကောင်းစွာ ကစားနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် အောင်မြင်မှုရနိုင်တဲ့ အသင်းမှာ ကစားရင်တော့ ပွဲကို လွှမ်းမိုးနိုင်လိမ့်မယ်။ ဒီ အာဆင်နယ်အသင်းမှာတော့ ကစားနိုင်မှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ အသက် ၃၀ ရောက်မှ ကစားဟန်ကို မပြောင်းလဲနိုင်လို့ပါ။ အာဆင်နယ်ကလည်း သူ့အတွက်နဲ့ ကစားပုံကို ပြောင်းလဲမှာမဟုတ်ဘူး ”...

နောဝစ်ချ်စီးတီးနှင့်ပွဲမှာ ဒေးဗစ်လုဇ် ပြန်ပါလာဖို့ မျှော်လင့်နေသည့် #အာဆင်နယ်

အာဆင်နယ် နောက်ခံလူ ဒေးဗစ်လုဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဒူးထိခိုက်မိတဲ့အတွက်ကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။ ဒီကာလဟာ အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသက်တမျှအရေးကြီးနေပြီဖြစ်တာကြောင့် ဒေးဗစ်လုဇ် ဒဏ်ရာရတာဟာ အသင်းအတွက် အတော်လေး ထိခိုက်နစ်နာစေပါတယ်။ အမှားများစွာ ကျူးလွန်ထားပေမဲ့ ဒေးဗစ်လုဇ်ဟာ အာဆင်နယ်အသင်းရဲ့ ကစားကွက်အတွက် အလွန်အရေးပါတဲ့ ဝါရင့်ကစားသမားတစ်ဦးအဖြစ် အာတီတာက ယုံကြည်ထားဆဲဖြစ်ပါတယ်။ နောက်ဆုံးအချိန်ထိ ဒေးဗစ်လုဇ်ရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးသလို၊ နက်ဖန် ကစားမဲ့ နောဝစ်ချ်စီးတီးနှင့် ပွဲစဉ်ကိုလည်း လွဲချော်ဖို့ ရာခိုင်နှုန်းများနေပါတယ်။ ဒဏ်ရာက မနေ့ကအထိ နာကျင်နေဆဲဖြစ်သည့်အတွက်ကြောင့် ယနေ့နံနက်မှာတော့ ဒူးကို scan ဖတ်ကာ စစ်ဆေးမှုခံယူထားဆဲဖြစ်ပါတယ်။ စစ်ဆေးချက်အဖြေကိုတော့ လက်ရှိအချိန်ထိ မသိရသေးတာကြောင့် အာတီတာကိုယ်တိုင်လည်း တိတိကျကျ အဖြေတစ်ခုကို မပေးနိုင်သေးပါဘူး။ “သူ့ဒဏ်ရာဘယ်လောက်ထိပြင်းထန်သွားလဲ ကျွန်တော်တို့လည်း မသိဘူး။ ရှက်ဖီးပွဲနောက်နေ့အထိ သူ့ဒဏ်ရာက နာကျင်နေဆဲပါ။ သူက သာမာန်ကစားသမားတစ်ယောက်မဟုတ်ပါဘူး။...

နောက် ၃-၄ ရာသီအတွင်းမှာပင် ချယ်လ်ဆီးဟာ လီဗာပူးလ်ကို ယှဉ်နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့သည့် #ပေါလ်မာဆင်

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းဟာ လာမည့်ရာသီအနည်းငယ်အတွင်း လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို ကောင်းကောင်းယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။ ခြင်္သေ့ပြာတွေဟာ ဘောလုံးပွဲတွေ ပြန်လည်စတင်ကတည်းက ကစားခဲ့တဲ့ (၄) ပွဲစလုံးကို အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်သေချာဖို့ ကြိုးပမ်းနေပါတယ်။ ထို့အတူ ရာသီမကုန်ခင်မှာပင် ဂျာမန်ထိပ်သီးကြယ်ပွင့်ကစားသမား တီမိုဝါနာကို ပေါင် ၅၃ သန်းဖြင့် ခေါ်ယူပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်။ Sky Sports ရုပ်သံတင်ဆက်သူ ပေါလ်မာဆင်က ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းနှင့်တကွ လုပ်ဆောင်ချက်များကို အားရကျေနပ်ပြီး လာမည့်ရာသီတွေမှာ နာမည်ကြီးကစားသမားတွေကြောင့် ဒီထက်ပိုပြီးတိုးတက်လာလိမ့်မည်ဟု ယုံကြည်ထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၂-၁ ဖြင့်အနိုင်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ရမှတ်ကွာဟမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ “ဒီနိုင်ပွဲဟာ ကြီးမားလွန်းတယ်ဗျ၊ ဘာလို့ဆိုတော့ လူတိုင်းက ရမှတ်ကွာဟမှုကို ချောင်းနေကြတာ။ ချယ်လ်ဆီးက အခုကစပြီး ရာသီသိမ်းသည်အထိ ကန်လို့ကောင်းတဲ့ပွဲတွေကြီးပဲကျန်တော့တယ်။...

လိဂ်အသီးသီးမှ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဟာကီမီဟာ လွန်ခဲ့သော (၃) နာရီက မီလန်မြို့ကို ရောက်ရှိလာပြီဖြစ်ပြီး အင်တာမီလန်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စအပြီးသတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း Sky Sport ဂျာနယ်လစ် ဒီမာဇီယိုက အတည်ပြုခဲ့ပါတယ်။ ဟာကီမီကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးနောက် ကွန်တီဟာအသင်းအတွက် ဘယ်နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ကွန်တီရဲ့ ပစ်မှတ်ထဲမှာတော့ ချယ်လ်ဆီးနောက်ခံလူ မားကို့စ် အလွန်ဆို ၊ အီမာဆင် နှင့် ဘာစီလိုနာ နောက်ခံလူ ဂျူနီယာဖာပိုတို့ပါဝင်နေပါတယ်။ ကွန်တီဟာ ချယ်လ်ဆီးကစားသမားများနှင့် လက်တွဲခဲ့ဖူးတာကြောင့် ၎င်းတို့ကိုသာ ဦးစားပေးခေါ်ယူချင်ပါတယ်။ ဇီဒန်းရဲ့ ယုံကြည်မှုကိုရရှိထားတဲ့ တောင်ပံကစားသမား လူးကပ်စ်ဗက်ကွက်စ်ကို ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်စပါးစ်အသင်းက စိတ်ဝင်စားနေပါတယ်။ ၂၀၂၁ မှာ စာချုပ်သက်တမ်းပြည့်တော့မည့် ဗက်ကွက်စ်ကို စပါးစ်အသင်းက ယူရို ၁၆သန်းပေးချေပြီး ကမ်းလှမ်းဖို့ ပြင်နေပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ အနည်းဆုံး ယူရို ၂၅ သန်းဝန်းကျင်ရမှသာ လက်လွှတ်သွားဖွယ်ရှိတယ်လို့...

ကိုဗစ်-၁၉ ကြောင့် အပြောင်းအရွှေ့ဈေးကွက်ဟာ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာကို ရှင်းပြခဲ့သည့် #ကလော့ပ်

၂၀၁၉ ဒီဇင်ဘာလမှာ စတင်ပြီး တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ အခြေတည်ခဲ့တဲ့ ဝူဟန်ဗိုင်းရပ်စ် (ဝါ) ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၁၅ နိုင်ငံကို ကူးစက်ပျံနှံ့ခဲ့သည့်အပြင် သူ့ကြောင့်လည်း လူပေါင်း ၅၀၈၆၃၇ ယောက် ဇီဝိန်ကြွေခဲ့ရပါတယ်။ ဒီကပ်ဆိုးကနေ လွတ်မြောက်လာခဲ့သူ လူပေါင်း ၅.၆ သန်းကျော်ရှိပေမယ့်် လက်ရှိအချိန်ထိ ကုသမှုခံယူနေရသူ ၄.၂ သန်းကျော် ရှိပါသေးတယ်။ ယနေ့စာရင်းအရ ကိုဗစ်-၁၉ အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ၊ သူ့နောက်မှာတော့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ နှင့် UK တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။   ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးအများစု ရပ်တန့်သွားရသည့်အပြင် ဘဏ္ဍာရေးအကျပ်အတည်းကို အနည်းနှင့်အများကြုံတွေ့ရပါတယ်။ ပရိသတ်ကို အမှီသဟဲပြုပြီး ရပ်တည်နေရတဲ့ ဘောလုံးလောကသည်လည်း ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်ကုန်ပါတယ်။...

အသင်း မပြောင်းခင် နောက်ဆုံးအချိန်ထိ ဘာစီလိုနာအသင်းအတွက် အရာအားလုံးပေးဆပ်သွားမည်ဟု ကတိပြုခဲ့သည့် #အာသာ

ယမန်နေ့ညက ဂျူဗင်တပ်စ် အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အာသာမယ်လိုကို ယူရိုသန်း ၇၂ + အပိုကြေး ယူရို ၁၀ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ဂျူဗင်တပ်စ်ကွင်းလယ်လူ ပီဂျာနစ်ကို ဘာစီလိုနာအသင်းက ယူရိုသန်း ၆၀ + အပိုကြေး ယူရို ၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ တနည်းအားဖြင့် ဒီကစားသမားအလဲအထပ်ဟာ အောင်မြင်သွားခဲ့ပြီလို့ ဆိုရမှာပါ။ နှစ်ယောက်စလုံးဟာ ယခုအချိန်မှာ လက်ရှိကလပ်တွေနဲ့ ရာသီကုန်သည်အထိ ခရီးဆက်ဖို့ရှိကာ ရာသီသိမ်းမှသာ သက်ဆိုင်ရာကလပ်တွေကို ပြောင်းမှာဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူ အာသာမယ်လိုဟာ ဘာစီလိုနာအသင်းမှာ ရေရှည်ဆက်ကစားဖို့ ရည်ရွယ်ထားသော်လည်း ငွေကြေးလိုအပ်ချက်အရ ဘာစီလိုနာရဲ့ အသုံးတော်ခံဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၁၉-၂၀ ရာသီမှာ အစကတည်းက ကစားသမားဒဏ်ရာပြသာနာများနဲ့အတူ ရလဒ်များကမောက်ကမဖြစ်ခဲ့ရသလို၊ ယခုအချိန်မှာလည်း ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နှင့် ၂ မှတ်ကွာအနေအထားဖြင့် နောက်မှလိုက်ပြီး ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေရပါတယ်။ အသင်းမပြောင်းချင်တဲ့...

အသင်းနဲ့ ဟန်ချက်ညီစွာ လိုက်ပါကစားနိုင်ပေမယ့် စီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိသည့် အာတီတာ

ရီးရဲလ်မက်ဒရစ်မှ အာဆင်နယ်အသင်းမှာ အဌားဖြင့် လာရောက်ကစားလျက်ရှိသည့် စပိန်ကွင်းလယ်လူ စီဘယ်လော့စ်ဟာ လန်ဒန်မြေမှာ ခြေစွမ်းကောင်းတချို့ပြသထားနိုင်သော်လည်း အပြီးသတ်ခေါ်ယူသွားဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ စီဘယ်လော့စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နောက်ကျသွင်းဂိုးကို သွင်းယူပြီးခဲ့ပြီး အာဆင်နယ်အသင်းကို နောက်တဆင့်တက်လှမ်းနိုင်အောင်ကူညီပေးခဲ့ပါတယ်။ စီဘယ်လော့စ်ဟာ ယခင်နည်းပြဟောင်း အူနိုင်းအမ်မရီရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိ နည်းပြ အာတီတာကတော့ သူ့ကို သိပ်ပြီး သဘောတွေ့ပုံမရပါဘူး။ သူကိုယ်တိုင်လည်း ရာသီကုန်ရင် ဘယ်လိုဆက်လုပ်ရမှန်းမသိသေးတဲ့ စီဘယ်လော့စ်ဟာ အာဆင်နယ်အသင်းအတွက် ယခုရာသီမှာ ပြိုင်ပွဲစုံ စုစုပေါင်း (၂၅) ပွဲကစားပေးခဲ့ပြီး (၁) ဂိုးသွင်းယူကာ (၂) ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းဟာ စီဘယ်လော့စ်ကို ဌားရမ်းဖို့အတွက် ပေါင် ၃.၅သန်း အသုံးပြုခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကိုပေးချေခဲ့ပါတယ်။ ယခင်နည်းပြအူနိုင်းအမ်မရီလက်ထက်မှာတော့ စီဘယ်လော့စ်ဟာ ကစားချိန် များများစားစားရရှိခဲ့သော်လည်း အာတီတာကိုင်တွယ်စဉ်ကစလို့ ပွဲထွက်ချိန်နည်းပါးလာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ...

ရာထူးထိုင်ခုံ ခပ်လှုပ်လှုပ်ဖြစ်လာပြီဖြစ်သည့် ဘာစီလိုနာနည်းပြ #ဆက်တီယန်

စပိန်လာလီဂါဟာ ယခုနှစ်မှာ ချန်ပီယံဆုအတွက် အတော်လေး ပြိုင်ဆိုင်မှုပြင်းထန်တာကို တွေ့ရပါတယ်။ ပွဲပြီးဖို့ (၆) ပွဲလောက်အလိုမှာတင် ထိပ်ဆုံး (၂) သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အမှတ်ကွာဟချက်ဟာ (၂) မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ (၂) မှတ်တိတိကွာဟသွားခဲ့ပြီး ချန်ပီယံဆုကို ထိန်းထားဖို့ ခက်ခဲလာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း ပွဲကျပ်တွေဆက်တိုက်ကစားထားရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ယနေ့ညမှာလည်း အေတီကိုမက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အေတီကိုနဲ့ပွဲသာ မတော်တဆ အရေးနိမ့်ခဲ့မယ်ဆိုပါက နည်းပြဆက်တီယန်ဟာ ရာထူးမှ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီပွဲရလဒ်ဟာ ဆက်တီယန်အတွက်တော့ အတော်လေး အရေးပါတယ်လို့ ဆိုရမှာဖြစ်ပြီး ဖိအားတွေလည်း များနေလောက်ပါပြီ။ ဆက်တီယန်ဟာ ဘာကာကစားသမားတွေနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာမှာ ကွဲလွဲချက်များရှိနေပြီး အချေအတင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဘာကာကြယ်ပွင့် မက်ဆီ နဲ့...

စာချုပ်သက်တမ်းပြည့်ပြီဖြစ်သောကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာတော့မည့် လူငယ်ကစားသမား အိန်ဂျယ်ဂိုမက်စ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အလားအလာရှိတဲ့ လူငယ်ကစားသမား အိန်ဂျယ်ဂိုမက်စ်ဟာ အသင်းနှင့် စာချုပ်သက်တမ်းပြည့်ပြီဖြစ်သည့်အတွက်ကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာတော့မည်ဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂိုမက်စ်ကို စာချုပ်သက်တမ်းမကုန်ခင်ကတည်းက သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ကစားသမားဘက်က လက်မခံတာကြောင့် လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှာတော့ အိန်ဂျယ်ဂိုမက်စ်ဟာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်းပြည့်တာကြောင့် ၁၄ နှစ်ကြာ ဖြတ်သန်းလာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာတော့မှာပါ။ ဂိုမက်စ်ဟာ အသက် ၆ နှစ်ကတည်းက မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီကိုရောက်လာခဲ့တာဖြစ်သလို၊ ၂၀၁၇ ခုနှစ်ကတည်း ယူနိုက်တက် လူငယ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။ ပြီးခဲ့တပတ်က ဆိုးလ်ရှားဟာ ဂိုမက်စ်ကို စာချုပ်သက်တမ်းထပ်တိုးဖို့ မျှော်လင့်ထားသော်လည်း လက်တွေ့မှာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ရပါတယ်။ ဂိုမက်စ်နဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “ရိုးရိုးသားသားပြောရရင် မနေ့ညကရော၊ ဒီကနေ့မနက်ရောအထိ ဒီသတင်းနဲ့ပတ်သတ်ပြီး တစုံတရာမကြားမိဘူး။ ကြည့်ရတာ အဆင်မပြေဘူးနဲ့တူပါတယ်။ အဖြေကတော့...

ဒေးဗစ်လုဇ်ကို သက်တမ်းတိုးခဲ့တဲ့ အာဆင်နယ်ဒါရိုက်တာ အီဒူးရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့သည့် ဂျိုကိုးလ်

ချယ်လ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က အမှားများတဲ့ အာဆင်နယ်အသင်းနောက်ခံလူ ဒေးဗစ်လုဇ်နဲ့ တပွဲမှမကစားရသေးတဲ့ နောက်ခံလူ ဆီဒရစ် ဆောရက်စ်ကို သက်တမ်းတိုးခဲ့သည့် အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာ အီဒူး၏ လုပ်ရပ်ကို ဝေဖန်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့သည့်တပတ်က ဒေးဗစ်လုဇ် အပါအဝင် အသင်းမှာလက်ရှိကစားနေတဲ့ အဌားကစားသမားများဖြစ်သည့် စီဘယ်လော့စ်၊ ဆောရက်စ် နှင့် ပါဘလို မာရီတို့ကို အဌားသက်တမ်းတိုးသူတိုး၊ အပြီးသတ်ဝယ်သူကို ဝယ်ပြီး အပြောင်းအရွှေ့ကာလမရောက်ခင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် အာဆင်နယ်ပရိသတ်အများစု၏ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ဂျိုကိုးလ်ကိုယ်တိုင်လည်း အာဆင်နယ်နည်းပြ အာတီတာကို သနားမိကြောင်း ပြောခဲ့ပါတယ်။ ထို့အပြင် ဒါရိုက်တာအီဒူးရဲ့ လုပ်ရပ်တွေအပေါ်မှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး၊ ဘာကြောင့် ဒီလိုလုပ်လဲဆိုတာကို ဂျိုကိုးလ်က သိချင်နေပါတယ်။ “ဒါတွေအားလုံးလုပ်လိုက်တဲ့အချိန်မှာ ကျွန်တော် အသနားဆုံး လူတစ်ယောက်ပဲရှိတယ်။ သူကတော့ မီခေးလ်အာတီတာပါ။ သူ့ကိုကြည့်ရတာ ထိပ်တန်းနည်းပြတစ်ယောက် ပုံစံဖြစ်နေပေမယ့်၊ အခုလုပ်တဲ့ပုံစံက စနစ်တစ်ခုကို အသက်သွင်းပြောင်းလဲဖို့ ကြိုးစားနေပုံပဲ။...